zawgyi
Shoon (Cele Daily)
unicode
ကမ္ဘာ့အပျင်းထူပြိုင်ပွဲတွင် သေးထမပေါက်၊ရေထမသောက်ဘဲ နာရီ၆၀တိတိကို အိပ်ရာထဲလှဲနေနိုင်ခဲ့ပြီး ပထမဆုကို ဆွတ်ခူးရရှိခဲ့သည့်အမျိုးသား
လွန်ခဲ့သောရက်ပိုင်းက မွန်တီနီဂရိုးနိုင်ငံ Breznaရွာလေးတွင် အပျင်းထူပြိုင်ပွဲကို ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲတွင် မည်သူမဆိုလာရောက်ယှဉ်ပြိုင်နိုင်ပြီး အချိန်အကြာဆုံး အိပ်ရာထဲနေနိုင်သူကို ချန်ပီယံအဖြစ် သတ်မှတ်ပေးတာဖြစ်ပါတယ်။
လူအများအပြားလာရောက်ယှဉ်ပြိုက်ခဲ့ကြသော်လည်း အပေါ့သွားသည့်အချိန်မျိုးတွင် အိပ်ရာထဲကထတတ်ကြပြီး အမှတ်လျော့ခံခဲ့ကြရပါတယ်။
သို့သော်လည်း Zarko Pejanovic ဆိုသည့်အမျိုးသားကတော့ ပြိုင်ပွဲ၏နာမည်နှင့်လိုက်အောင် ကမ္ဘာ့အပြင်းထူဆုံးအမျိုးသားဟု ရည်ညွှန်းရမှာဖြစ်ပါတယ်။
အမျိုးသားဟာ နာရီပေါင်း၆၀တိတိ (၃ရက်နီးပါး)ကို အိပ်ရာထဲက တစ်စက်ကလေးမှ ထမထိုင်ခဲ့ဘူးဟုသိရပါတယ်။
အပေါ့ထသွားခြင်း ၊ရေသောက်ခြင်းမျိုးကိုပင် ပြုလုပ်လေ့မရှိဘဲ နေနိုင်ခဲ့သည့်အမျိုးသားကတော့ ချန်ပီယံနှင့်ထိုက်တန်လှပါတယ်။
Shoon (Cele Daily)