ဇွန်လ ၁၅ ရက်နေ့ကျင်းပတဲ့ FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ Credentials Committee ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေး ကော်မတီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက တင်ပြလာတဲ့ ကိုယ်စားလှယ်အဖွဲ့ ခန့်အပ်လွှာကို ပယ်ချလိုက်ပြီး မြန်မာပြည်ကိုယ်စားပြုတဲ့ မည်သည့်ကိုယ်စားလှယ်ကိုမျှ အသိအမှတ်မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အခုလို ဆုံးဖြတ်ချက်ချဖို့အတွက် FAO စစ်ဆေးရေးကော်မတီ အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ တခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ တို့ရဲ့ ဆုံးဖြတ်ချက်တွေကို သတိပြုလေ့လာခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ သူတို့ကော်မတီကို ဇွန်လ ၁၄ ရက်နေ့အထိ ကိုယ်စားလှယ်ခန့်အပ်ဖို့ တင်ပြလာတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၆၈ နိုင်ငံစာရင်းထဲမှာပါဝင်တဲ့ တခြားနိုင်ငံတွေကိုတော့ လက်ခံအသိအမှတ်ပြုလိုက်ကြောင်းလည်း FAO ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြုလက်ခံခြင်းမပြုဖို့ WHO နဲ့ ILO တို့က ဆုံးဖြတ်ခဲ့ပြီး ဖြစ်တဲ့အတွက် ဒါဟာ အာဏာသိမ်းစစ်ကောင်စီကို ကုလအဖွဲ့တခုရဲ့ နောက်ဆုံး ငြင်းပယ်မှုဖြစ်ပါတယ်။
————————–
ဇြန္လ ၁၅ ရက္ေန႔က်င္းပတဲ့ FAO ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ရဲ႕ Credentials Committee ကိုယ္စားလွယ္ခန႔္အပ္လႊာစစ္ေဆးေရး ေကာ္မတီက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ အာဏာသိမ္းစစ္ေကာင္စီက တင္ျပလာတဲ့ ကိုယ္စားလွယ္အဖြဲ႕ ခန႔္အပ္လႊာကို ပယ္ခ်လိုက္ၿပီး ျမန္မာျပည္ကိုယ္စားျပဳတဲ့ မည္သည့္ကိုယ္စားလွယ္ကိုမွ် အသိအမွတ္မျပဳဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
အခုလို ဆုံးျဖတ္ခ်က္ခ်ဖို႔အတြက္ FAO စစ္ေဆးေရးေကာ္မတီ အေနနဲ႔ ကုလသမဂၢအေထြေထြညီလာခံနဲ႔ တျခား ကုလသမဂၢအဖြဲ႕အစည္းေတြျဖစ္ၾကတဲ့ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕နဲ႔ ILO ႏိုင္ငံတကာအလုပ္သမားအဖြဲ႕ တို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြကို သတိျပဳေလ့လာခဲ့တယ္လို႔ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
တဆက္တည္းမွာပဲ သူတို႔ေကာ္မတီကို ဇြန္လ ၁၄ ရက္ေန႔အထိ ကိုယ္စားလွယ္ခန႔္အပ္ဖို႔ တင္ျပလာတဲ့ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံ ၁၆၈ ႏိုင္ငံစာရင္းထဲမွာပါဝင္တဲ့ တျခားႏိုင္ငံေတြကိုေတာ့ လက္ခံအသိအမွတ္ျပဳလိုက္ေၾကာင္းလည္း FAO ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ျမန္မာစစ္ေကာင္စီကိုယ္စားလွယ္အဖြဲ႕ကို အသိအမွတ္ျပဳလက္ခံျခင္းမျပဳဖို႔ WHO နဲ႔ ILO တို႔က ဆုံးျဖတ္ခဲ့ၿပီး ျဖစ္တဲ့အတြက္ ဒါဟာ အာဏာသိမ္းစစ္ေကာင္စီကို ကုလအဖြဲ႕တခုရဲ႕ ေနာက္ဆုံး ျငင္းပယ္မႈျဖစ္ပါတယ္။