အနည်းဆုံးလူ(၆)ဦး သေဆုံးခဲ့တဲ့အထိ ဧရာမသဲမုန်တိုင်းကြီး တိုက်ခိုက်ခတ်ခဲ့တဲ့ Brazil နိုင်ငံက ထိပ်လန့်စရာ ဗီဒီယိုဖိုင်
ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ São Paulo ပြည်နယ်က Barretos မြို့နှင့် Cantanduva မြို့များမှာ ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ရက်သတ္တပတ်အတွင်း အင်အားပြင်း သဲမုန်တိုင်းများတိုက်ခတ်ခဲ့တယ်လို့ နိုင်ငံသတင်းများက ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ သဲမုန်တိုင်းဟာ တစ်နာရီလျှင်
ကီလိုမီတာ (၁၀၀) နှုန်းဖြင့် မိနစ် (၂၀) အကြာတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံးလူ (၆) ဦးသေဆုံးခဲ့ရပြီး ဒါဟာ နှစ်ပေါင်း (၉၀) အတွင်း အဆိုးရွားဆုံးသဲမုန်တိုင်းတိုက်ခတ်မှုဖြစ်တယ်လို့လည်း
ဆိုထားပါတယ်။ အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၆) ရက်နေ့ကလည်း သဲမုန်တိုင်း (၁)ကြိမ်ကျရောက်ခဲ့သလို ယခုတစ်ခါကတော့ လူသေမှုဖြစ်ပေါ်ခဲ့ပြီး သစ်ပင်များ၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပါတယ်။ နိုင်ငံသတင်းများရဲ့
ရုပ်သံဖိုင်တွေအရ São Paulo မြို့အနောက်မြောက်ဘက် Ilha Solteira ဘက်ကနေ တိုက်ခတ်လာတဲ့ သဲမုန်တိုင်းဟာ ပြည်နယ်အတွင်းရှိ အခြားမြို့များကိုဖုံးလွှမ်းစေခဲ့ပြီး ကောင်းကင်တစ်ခုလုံးဟာ လိမ္မော်ရောင်နှင့်အညိုရောင်တို့ကိုပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်တွေကတော့ သဲမုန်တိုင်းတိုက်ခတ်လာချိန် မြို့အတွင်းရှိ ဒေသခံများက ရိုက်ကူးထားခဲ့တာလို့ ဆိုပါတယ်။
Zawgyi
အနည္းဆုံးလူ(၆)ဦး ေသဆုံးခဲ့တဲ့အထိ ဧရာမသဲမုန္တိုင္းႀကီး တိုက္ခိုက္ခတ္ခဲ့တဲ့ Brazil နိုင္ငံက ထိပ္လန႔္စရာ ဗီဒီယိုဖိုင္
ဘရာဇီးလ္နိုင္ငံ အေရွ႕ေတာင္ပိုင္းရွိ São Paulo ျပည္နယ္က Barretos ၿမိဳ႕ႏွင့္ Cantanduva ၿမိဳ႕မ်ားမွာ ရာသီဥတုပူျပင္းေျခာက္ေသြ႕မႈေၾကာင့္ ရက္သတၱပတ္အတြင္း အင္အားျပင္း သဲမုန္တိုင္းမ်ားတိုက္ခတ္ခဲ့တယ္လို႔ နိုင္ငံသတင္းမ်ားက ေဖာ္ျပလာခဲ့ပါတယ္။ အဆိုပါ သဲမုန္တိုင္းဟာ တစ္နာရီလၽွင္
ကီလိုမီတာ (၁၀၀) ႏႈန္းျဖင့္ မိနစ္ (၂၀) အၾကာတိုက္ခတ္ခဲ့တာ ျဖစ္ပါတယ္။ သဲမုန္တိုင္းတိုက္ခတ္မႈေၾကာင့္ အနည္းဆုံးလူ (၆) ဦးေသဆုံးခဲ့ရၿပီး ဒါဟာ ႏွစ္ေပါင္း (၉၀) အတြင္း အဆိုးရြားဆုံးသဲမုန္တိုင္းတိုက္ခတ္မႈျဖစ္တယ္လို႔လည္း
ဆိုထားပါတယ္။ အလားတူ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၂၆) ရက္ေန႔ကလည္း သဲမုန္တိုင္း (၁)ႀကိမ္က်ေရာက္ခဲ့သလို ယခုတစ္ခါကေတာ့ လူေသမႈျဖစ္ေပၚခဲ့ၿပီး သစ္ပင္မ်ား၊ လူေနအိမ္မ်ား ထိခိုက္ပ်က္စီးခဲ့ပါတယ္။ နိုင္ငံသတင္းမ်ားရဲ့
႐ုပ္သံဖိုင္ေတြအရ São Paulo ၿမိဳ႕အေနာက္ေျမာက္ဘက္ Ilha Solteira ဘက္ကေန တိုက္ခတ္လာတဲ့ သဲမုန္တိုင္းဟာ ျပည္နယ္အတြင္းရွိ အျခားၿမိဳ႕မ်ားကိုဖုံးလႊမ္းေစခဲ့ၿပီး ေကာင္းကင္တစ္ခုလုံးဟာ လိေမၼာ္ေရာင္ႏွင့္အညိဳေရာင္တို႔ကိုေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္သံဖိုင္ေတြကေတာ့ သဲမုန္တိုင္းတိုက္ခတ္လာခ်ိန္ ၿမိဳ႕အတြင္းရွိ ေဒသခံမ်ားက ရိုက္ကူးထားခဲ့တာလို႔ ဆိုပါတယ္။