လာမည့် နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ရန်ကုန်တိုင်း အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများတွင် လေပြင်းတက်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကသတိပေး ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလအတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုငပြီး တစ်ကြိမ်မှာ မုန်တိုင်း ဖြစ်လာနိုင်ခြေရှိကြောင်း ဆိုထားပါတယ်။ လက်ရှိတွင် လေထုမငြိမ်မသက်မှုများ ဖြစ်နေပြီး
မုတ်သုန်ဆုတ်ခွာချိန် ဖြစ်သည့်အတွက် နိုင်ငံတွင်း နေရာအချို့တွင် မိုးတိမ်တောင်တွေ ဖြစ်ထွန်းကာ လေပြင်းတိုက်ခင်း၊ မိုး သည်းထန်စွာရွာခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။
ထို့အတူု မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မုတ်သန်အား ကောင်းနေသည့်အတွက် ရန်ကုန် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေ သတွေမှာ လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်နိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းပေးထားပါတယ်။
မိုးလေဝသ စေတနာရှင်မလေး စုစုစံ ခန့်မှန်းချက်အရ”ရခိုင်ရိုးမ အရှေ့သတိ။ တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်းတွေရဲ့အထက်လေစီး UAC upper air circulation conditions များသည် မြန်မာနိုင်ငံကို အရှေ့မှအေနောက်သို့လာရောက်မှာ ဖြစ်ပါတယ်။
ကမ္ဘာအမြင့်ပေ ၁၅၀၀၀၀မှ ၁၈၀၀၀၀အမြင့် လေဝဲလည်လာမယ့်လေထုသည် မြန်မာနိုင်ငံ ပဲခူးရိုးမပေါ်ရောက်ရှိလာတဲ့ အခါပေ၅၀၀၀အထိ စိုက်ဆင်းလာမှာဖြစ်ပြီး ရခိုင်ရိုးမနှင့်
ထိတွေ့ကာ အောက်တိုဘာလ ၁၂ရက် ၁၃ရက်တွေမှာ ရခိုင်ရိုးမအရှေ့ဖက်တောင်တန်းတွေပေါ်မှာ မိုးများစွာ ရွာသွန်းနိုင်သဖြင့် ဧရာဝ တီတိုင် းအနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်း
ပြည်ခရိုင် မ ကွေးတိုင်းအနောက်ပိုင်း သရက်ခရိုင်မင်းတုန်း မကွေးခရိုင် မင်းဘူးခရိုင် စကု ပွင့်ဖြူ ရွှေစက်တော်လပဒါန်းမံဇလီ ကံပြား ကန်ဇွန်းမ လောင်းရှည်စေတုတ္တရာ မုန်းဆည် မန်းဆည် ပြီးအုံပြီးဝဆည် ရင်းရှည်တမံ စလင်းတမံ လင်းဇင်းဆည် အိုက်းမဆည် စလင်း ရှောက်တော
ဆင်ဖြူကျွန်း ဆိပ်ဖြူ ဒေသတွေမှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ဧရာဝတီဖြစ် အနောက်ဖက်ပိုင်း ရခိုင်ရိုးမကို မြစ်ဖျားချောင်းဖျားခံတဲ့ မြစ်ချောက်းအနီး နေထိုင်ကြသူတွေ အထူးသတိထားရမှာဖြစ်သလို ရေထိမခံနိုင်တဲ့လုပ်ငန်း လုပ်ဆောင်နေသူများ ရိတ်သိမ်းနေကတဲ့
တောင်သူလယ်သမားများ ဆည်တမံ တာ ဝန်ခံ Engineers များ ပျက်စီးမှုမရှိစေရန် ကြိုတင်သိရှိ ပြင် ဆင်နိင်ရန် ရက်ကြိုတင်ပြီး ခန့်မှန်းပေးလိုက်ရတာ ဖြစ်ပါတယ်ရှင့်” ဆိုပြီး ကြိုတင်အသိပေး ထုတ်ပြန်ထားပါတယ်
Credit