ရွှေဈေး နှင့် ဒေါ်လာဈေး ဆက်တိုက်တက်နေ
ဧရာဝတီ၊ ဇူလိုင် ၁၈၊ ၂၀၂၂
ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာကို ထိန်းချုပ်ကန့်သတ်သော ညွှန်ကြားချက်များထွက်ပေါ်လာပြီးနောက် ယနေ့ ဈေးကွက်ဖွင့်ချိန်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းသည် ၁ ဒေါ်လာကို ကျပ် ၂၃၀၀ ကျော် နှင့် ရွှေဈေးနှုန်းသည် ၁ ကျပ်သားကို ကျပ် ၂၁ သိန်း ကျော်အထိ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာလျက်ရှိကြောင်း သိရသည်။
အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုကြောင့် ရန်ကုန်မြို့ရှိ ပြင်ပငွေလဲကောင်တာတချို့က ကောင်တာသို့ လူကိုယ်တိုင်လာရောက်မှသာ ယနေ့ ဈေးနှုန်းပြောကြားနိုင်မည်ဖြစ်သလို တချို့ကသည် ယနေ့အတွက် ဈေးနှုန်းမဖွင့်နိုင်သည်အထိ ဖြစ်နေလျက်ရှိကြောင်း ပြင်ပငွေလဲကောင်တာလုပ်ငန်း၂ ခုက ဧရာဝတီသို့ ပြောသည်။
“ဒေါ်လာကတော့ လိုသလောက်တော့ ဝယ်လို့ရမှာမဟုတ်ဘူး။ ဈေးကွက်ထဲမှာ ဈေးနှုန်းက အခုဆိုရင် ၂၃၀၀ ပတ်ချာလည်လောက်ရှိတယ် ” ဟု ရန်ကုန်မြို့ရှိ ငွေလဲကောင်တာလုပ်ငန်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ၁ ဒေါ်လာကို ကျပ် ၂၀၀၀ မှ ၂၁၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး ယခုတွင် ၁ ဒေါ်လာကို ကျပ် ၂၃၀၀ အထိ မြင့်တက်လာလျက်ရှိသလို ဈေးနှုန်းဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ ဈေးနှုန်းဆက်တိုက်မြင့်တက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင် ရွှေ ၁ ကျပ်သား လျှင် ကျပ် ၂,၀၆၀,၀၀၀ ( သိန်းနှစ်ဆယ်၊ ခြောက်သောင်း) ဝန်းကျင်သာ ရှိခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ စီးဆင်းမှုကို ထပ်မံတင်းကြပ်သည့် အနေဖြင့် ပြည်ပမှ ချေးငွေများ ပြန်လည်ပေးဆပ် ခြင်းကို ဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့သလို နိုင်ငံခြားကုမ္ပဏီများကိုလည်း ၁ ဒေါ်လာကို ကျပ် ၁၈၅၀ ဖြင့် ၁ ရက်အတွင်းလဲလှယ်ခိုင်းသည့် ညွှန်ကြားချက်မှ ကင်းလွတ်ခွင့်ပေးထားခြင်းကိုလည်း ပြန်လည် ရုတ်သိမ်းခဲ့သည်။