ၾကားသိရသမွ်

ဖခင်ရဲ့ ဆုံးမစကားအတိုင်း ဘဝကို ဖြတ်သန်းနေထိုင်နေတာမို့ စော်ကားခံခဲ့ရတာတွေ ဝဋ်ကြွေးလို့ မှတ်ယူပါတယ် ဆိုတဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းက ရုပ်ရှင်လောကမှာ အောင်မြင်မှု့သရဖူဆောင်းခဲ့တဲ့ ဝါရင့်မင်းသမီးကြီး တစ်ဦးဖြစ်တဲ့ ထက်ထက်မိုးဦး ကိုတော့ ကြော်ငြာဘုရင်မလို့လည်း လူသိများ ကျော်ကြား ခဲ့ပါသေးတယ်

သူမဟာ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့တာကြောင့် အကယ်ဒမီ ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီး တစ်လက်ပဲဖြစ်ပါတယ်နော်

ထက်ထက်မိုးဦးရဲ့ နာမည်ကြီးဇာတ်ကားများဖြစ်တဲ့ သမီးမိုက်၊ပန်းသခင် စတဲ့ ရုပ်ရှင်ကားကြီးတွေကတော့ ပရိသတ်တွေ မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဇာတ်ကား တွေပဲဖြစ်ပါတယ်

အခုလက်ရှိ မြန်မာပြည်ရဲ့အခြေအနေတွေအရ ထက်ထက် ဟာ ပြည်သူတွေနဲ့မပါဝင်ပဲ နှုတ်ဆိတ်နေတာခဲ့ကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်သံတွေလည်း ထွက်လာ နေခဲ့တာကို တွေ့မြင်ရသလို

ထက်ထက်ရဲ့ အမာခံ ပရိသတ်တွေကတော့ ထက်ထက်ဟာ ရောဂါအခံရှိတဲ့ အတွက် ကျန်းမာရေး အခြေအနေကြောင့် တိုင်းပြည်အရေးမှာ မပါဝင်နိုင်တာ ဖြစ်ကြောင်း ဖြေရှင်းပြောကြား ကြတာတွေကိုလည်း တွေ့မြင်ရပါတယ်

ယနေ့မှာတော့ ထက်ထက်မိုးဦးက သူမဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ ဆုံးမစကားနဲ့အညီ နေထိုင်ခဲ့တဲ့ အကြောင်းလေးတွေကို မှတ်မှတ်ရရ သတိတရနဲ့ ပရိသတ်တွေကို ပြောပြလိုက်ပါတယ်

”ဟိုလွန်ခဲ့တဲ့နှစ် ၁၀ နှစ်ကျော် ဒီလိုဆောင်းရာသီ မီးဖိုလေး ဘေးနား အဖေ ဆုံးမခဲ့ ဖူးတာလေး။ ခုချိန်မှာ အဖေမရှိတော့ ပေမယ့်လည်း အခုထိ ထက်ဘဝမှာ မှတ်သားထားတဲ့စကားလုံးလေးတွေ

တစ်ခါလိမ်ပြီး သွားရင် အကြိမ်ကြိမ် လိမ်ရလို့ အမှန်တွေ မေ့သွား တတ်တယ်။ ဒီလိုနဲ့ ကြာရင် အမှန်တွေက အမှားတွေ ဖြစ်သွားတတ်တယ်။ လူလူချင်း လိမ်လို့ရပေမယ့်

မေတ္တာကို လိမ်လို့မရဘူး မေတ္တာလိမ်မိရင် မေတ္တာဆူး ဆူးတတ်တယ်။ မစားဖူးဘဲ စားဖူးတယ် မပြောရဘူး မရောက်ဖူးဘဲ ရောက်ဖူးတယ်မပြော ရဘူး၊ မသိတာကို သိတယ်မလုပ်နဲ့

မရှိဘဲ ရှိတယ် မပြောနဲ့ မှန်သောစကားကို ချိုချိုသာသာ ပြောပါ အိုးနဲ့ဆန်တန်ရုံ ပေးထားတာ သူများပစ္စည်းကို မလိုချင် ရဘူး။ သူတပါးကို အားကျလို့ရတယ် မနာလိုမဖြစ်ရဘူး

ထက်အဖေက ဘွဲ့ရ မဟုတ်ခဲ့ပေမယ့် ထက်အပေါ် အမြဲ ဒါမျိုးပဲ ဆုံးမခဲ့တယ်။အဲဒီလို နေလွန်းတော့ တစ်ခါတစ်လေ အလိမ်ခံရတာ စော်ကားခံ ရတာတွေလည်း ကြုံရပါတယ်

ဒါပေမယ့် ထက်ကျေနပ်ပါတယ် မိဘစကား နားမထောင်လို့ မှားတာထက် မိဘ စကား နားထောင်ရင်းနဲ့ ခံရတာတွေက ဝဋ်ကြွေးလို့ တွေးပြီး အကောင်းမြင်စွာပဲ လက်ခံလိုက်တော့တယ်

ဘဝဆိုတာ အမြဲငိုနေတာမှ မဟုတ်တာနော် ငိုပြီး ပျော်ရမှာပဲလေ အဓိက လက်မလျှော့မိဖို့ပဲ မဟုတ်လား။”ဆိုပြီး သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေ လာတာပဲ ဖြစ်ပါတယ်နော်

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသမီးထက်ထက်မိုးဦး ကတော့ အဖေဖြစ်သူရဲ့ မှတ်သားဖွယ်ရာ ဆုံးမစကားလေးတွေနဲ့ မိဘစကားနားထောင်တဲ့ သမီးအလိမ္မာလေး ဖြစ်ကြောင်း ဖွင့်ချ ပြောပြလာတာပဲ ဖြစ်ပါတယ်နော်

အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ လိုလားတောင့်တမှုတွေ အမြန်ပြည့်ဝပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Crd#

Zawgyi

ပရိသတ္ႀကီးေရ တစ္ေခတ္တစ္ခါတုန္းက ရုပ္ရွင္ေလာကမွာ ေအာင္ျမင္မႈ႔သရဖူေဆာင္းခဲ့တဲ့ ဝါရင့္မင္းသမီးႀကီး တစ္ဦးျဖစ္တဲ့ ထက္ထက္မိုးဦး ကိုေတာ့ ေၾကာ္ျငာဘုရင္မလို႔လည္း လူသိမ်ား ေက်ာ္ၾကား ခဲ့ပါေသးတယ္

သူမဟာ က်ရာဇာတ္ရုပ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ သရုပ္ေဆာင္ခဲ့တာေၾကာင့္ အကယ္ဒမီ ေပါင္းမ်ားစြာကို ပိုင္ဆိုင္ထားတဲ့ ျမန္မာႏိုင္ငံရဲ့ နာမည္ႀကီး မင္းသမီး တစ္လက္ပဲျဖစ္ပါတယ္ေနာ္

ထက္ထက္မိုးဦးရဲ့ နာမည္ႀကီးဇာတ္ကားမ်ားျဖစ္တဲ့ သမီးမိုက္၊ပန္းသခင္ စတဲ့ ရုပ္ရွင္ကားႀကီးေတြကေတာ့ ပရိသတ္ေတြ မသိသူမရိွေလာက္ေအာင္ ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကား ေတြပဲျဖစ္ပါတယ္

အခုလက္ရိွ ျမန္မာျပည္ရဲ့အေျခအေနေတြအရ ထက္ထက္ ဟာ ျပည္သူေတြနဲ႔မပါဝင္ပဲ ႏႈတ္ဆိတ္ေနတာခဲ့ေၾကာင့္ ျပင္းျပင္းထန္ထန္ ေဝဖန္သံေတြလည္း ထြက္လာ ေနခဲ့တာကို ေတြ့ျမင္ရသလို

ထက္ထက္ရဲ့ အမာခံ ပရိသတ္ေတြကေတာ့ ထက္ထက္ဟာ ေရာဂါအခံရိွတဲ့ အတြက္ က်န္းမာေရး​ အေျခအေနေၾကာင့္ တိုင္းျပည္အေရးမွာ မပါဝင္ႏိုင္တာ ျဖစ္ေၾကာင္း ေျဖရွင္းေျပာၾကား ၾကတာေတြကိုလည္း ေတြ့ျမင္ရပါတယ္

ယေန့မွာေတာ့ ထက္ထက္မိုးဦးက သူမဟာ ငယ္စဥ္ကတည္းက ဖခင္ျဖစ္သူရဲ့ ဆံုးမစကားနဲ႔အညီ ေနထိုင္ခဲ့တဲ့ အေၾကာင္းေလးေတြကို မွတ္မွတ္ရရ သတိတရနဲ႔ ပရိသတ္ေတြကို ေျပာျပလိုက္ပါတယ္

”ဟိုလြန္ခဲ့တဲ့ႏွစ္ ၁၀ ႏွစ္ေက်ာ္ ဒီလိုေဆာင္းရာသီ မီးဖိုေလး ေဘးနား အေဖ ဆံုးမခဲ့ ဖူးတာေလး။ ခုခ်ိန္မွာ အေဖမရိွေတာ့ ေပမယ့္လည္း အခုထိ ထက္ဘဝမွာ မွတ္သားထားတဲ့စကားလံုးေလးေတြ

တစ္ခါလိမ္ၿပီး သြားရင္ အႀကိမ္ႀကိမ္ လိမ္ရလို႔ အမွန္ေတြ ေမ့သြား တတ္တယ္။ ဒီလိုနဲ႔ ၾကာရင္ အမွန္ေတြက အမွားေတြ ျဖစ္သြားတတ္တယ္။ လူလူခ်င္း လိမ္လို႔ရေပမယ့္

ေမတၲာကို လိမ္လို႔မရဘူး ေမတၲာလိမ္မိရင္ ေမတၲာဆူး ဆူးတတ္တယ္။ မစားဖူးဘဲ စားဖူးတယ္ မေျပာရဘူး မေရာက္ဖူးဘဲ ေရာက္ဖူးတယ္မေျပာ ရဘူး၊ မသိတာကို သိတယ္မလုပ္နဲ႔

မရိွဘဲ ရိွတယ္ မေျပာနဲ႔ မွန္ေသာစကားကို ခ်ိဳခ်ိဳသာသာ ေျပာပါ အိုးနဲ႔ဆန္တန္ရံု ေပးထားတာ သူမ်ားပစၥည္းကို မလိုခ်င္ ရဘူး။ သူတပါးကို အားက်လို႔ရတယ္ မနာလိုမျဖစ္ရဘူး

ထက္အေဖက ဘြဲ႔ရ မဟုတ္ခဲ့ေပမယ့္ ထက္အေပၚ အၿမဲ ဒါမ်ိဳးပဲ ဆံုးမခဲ့တယ္။အဲဒီလို ေနလြန္းေတာ့ တစ္ခါတစ္ေလ အလိမ္ခံရတာ ေစာ္ကားခံ ရတာေတြလည္း ႀကံဳရပါတယ္

ဒါေပမယ့္ ထက္ေက်နပ္ပါတယ္ မိဘစကား နားမေထာင္လို႔ မွားတာထက္ မိဘ စကား နားေထာင္ရင္းနဲ႔ ခံရတာေတြက ဝဋ္ေႂကြးလို႔ ေတြးၿပီး အေကာင္းျမင္စြာပဲ လက္ခံလိုက္ေတာ့တယ္

ဘဝဆိုတာ အၿမဲငိုေနတာမွ မဟုတ္တာေနာ္ ငိုၿပီး ေပ်ာ္ရမွာပဲေလ အဓိက လက္မေလ်ွာ့မိဖို႔ပဲ မဟုတ္လား။”ဆိုၿပီး သူမရဲ့လူမႈ႔ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားမ်ွေဝ လာတာပဲ ျဖစ္ပါတယ္ေနာ္

ပရိသတ္ႀကီးေရ ပရိသတ္အခ်စ္ေတာ္ မင္းသမီးထက္ထက္မိုးဦး ကေတာ့ အေဖျဖစ္သူရဲ့ မွတ္သားဖြယ္ရာ ဆံုးမစကားေလးေတြနဲ႔ မိဘစကားနားေထာင္တဲ့ သမီးအလိမၼာေလး ျဖစ္ေၾကာင္း ဖြင့္ခ် ေျပာျပလာတာပဲ ျဖစ္ပါတယ္ေနာ္

အခ်ိန္ေပးၿပီးဖတ္ရႈ႔ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။ လိုလားေတာင့္တမႈေတြ အျမန္ျပည့္ဝၿပီး သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ ေန့ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Crd#