ၾကားသိရသမွ်

နိုင်ငံတကာမှာ Mask ကို နှစ်ထပ်တပ်ဖို့အကြံပြုထားကြပါပြီ

အရင်ဆုံး Surgical Mask ကို Mask အရင်းနားလေးမှာထုံးပြီး တပ်ပါ။ ဘေးဘက်ကနေ ပိုးဝင်ပေါက်မရှိအောင်ပါ။ မဟပါစေနဲ့။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့ Mask ကို ထပ်အုပ်ပြီး တပ်ပေးပါ။ အဝတ် Mask ကတော့ ထုံးစရာမလိုပါဘူး။ အမျိုးအစားတူတဲ့ Mask 2ထပ် မတပ်ရပါ

Surgical Mask နှစ်ထပ် မရပါ။ အဝတ် Mask နှစ်ထပ်မရပါ။ အောက်ခြေက Surgical Mask ကို ထုံးပြီးတပ်ပါ။ ပြီးရင်အပေါ်က အဝတ် Mask ထပ်သုံးပါ။ဒီတစ်နည်းပဲ ရပါမယ်။KN 95 ပေါ်ဆိုရင်တော့ ဘာ Mask မှ မတပ်ရပါ။

ပုံမှန် တပ်နေကျလိုမျိုး Surgical Mask တခုထဲကို မထုံးဘဲ တပ်ရင်၅၆.၁ %ပဲ ကာကွယ်နိုင်ပါတယ်။ ထုံးပြီးတပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။ရိုးရိုး အဝတ် Mask တခုထဲ တပ်ရင်၅၁.၄ % ကာကွယ်နိုင်တယ်ပါတယ်။ ထုံးထားတဲ့ Surgical Mask ပေါ်အဝတ် Mask အုပ်ပြီး နှစ်ထပ်တပ်ရင် ၈၅.၄ % ကအထိ ကာကွယ်နိုင်လို့ပါ။

မလိုအပ်ရင်အိမ်အပြင်မထွက်တာ အကောင်းဆုံးပါ။ ထိုင်းမှာလည်း အခြေအနေတော်တော်ပြန်ဆိုးနေပါတယ်။ ဒီမှာလည်တော်တော်ကူးစက်နေပါပြီ။ သေဆုံးတွေလည်းများနေပါပြီ။

လူငယ်မို့ ကိုယ်ခံအားကောင်းတယ် ဖြစ်လည်းပြန်သက်သာမှာ မတွေးပါနဲ့။ ဒီဗီဇအသစ်ပိုးက ပိုမြန်ပါတယ်။ ကုဖို့မလွယ်ပါ။ကိုယ်က သယ်ဆောင်သူဖြစ်ပြီး ကိုယ့်ဆီကကူးမယ့် ကိုယ်ခံအားနည်းတဲ့ အဖိုးအဖွားတွေ၊ ကလေးတွေ၊ ငွေကြေးမတတ်နိုင်သူတွေ ရဲ့အသက်ကို ကိုယ်ကစပြီး ကယ်တင်ပေးပါ။ ဂရုစိုက်ကြပါ။ လက်ဆင့်ကမ်းပေးပါ။

Dr Tain Htet Yan

အရင္ဆုံး Surgical Mask ကို Mask အရင္းနားေလးမွာထုံးၿပီး တပ္ပါ။ ေဘးဘက္ကေန ပိုးဝင္ေပါက္မရွိေအာင္ပါ။ မဟပါေစနဲ႔။ အဲ့အေပၚမွာ အဝတ္နဲ႔ ခ်ဳပ္ထားတဲ့ Mask ကို ထပ္အုပ္ၿပီး တပ္ေပးပါ။ အဝတ္ Mask ကေတာ့ ထုံးစရာမလိုပါဘူး။ အမ်ိဳးအစားတူတဲ့ Mask 2ထပ္ မတပ္ရပါ

Surgical Mask ႏွစ္ထပ္ မရပါ။ အဝတ္ Mask ႏွစ္ထပ္မရပါ။ ေအာက္ေျခက Surgical Mask ကို ထုံးၿပီးတပ္ပါ။ ၿပီးရင္အေပၚက အဝတ္ Mask ထပ္သုံးပါ။ဒီတစ္နည္းပဲ ရပါမယ္။KN 95 ေပၚဆိုရင္ေတာ့ ဘာ Mask မွ မတပ္ရပါ။

ပုံမွန္ တပ္ေနက်လိုမ်ိဳး Surgical Mask တခုထဲကို မထုံးဘဲ တပ္ရင္၅၆.၁ %ပဲ ကာကြယ္ႏိုင္ပါတယ္။ ထုံးၿပီးတပ္ရင္ ၇၇ % ကာကြယ္ႏိုင္တယ္။႐ိုး႐ိုး အဝတ္ Mask တခုထဲ တပ္ရင္၅၁.၄ % ကာကြယ္ႏိုင္တယ္ပါတယ္။ ထုံးထားတဲ့ Surgical Mask ေပၚအဝတ္ Mask အုပ္ၿပီး ႏွစ္ထပ္တပ္ရင္ ၈၅.၄ % ကအထိ ကာကြယ္ႏိုင္လို႔ပါ။

မလိုအပ္ရင္အိမ္အျပင္မထြက္တာ အေကာင္းဆုံးပါ။ ထိုင္းမွာလည္း အေျခအေနေတာ္ေတာ္ျပန္ဆိုးေနပါတယ္။ ဒီမွာလည္ေတာ္ေတာ္ကူးစက္ေနပါၿပီ။ ေသဆုံးေတြလည္းမ်ားေနပါၿပီ။

လူငယ္မို႔ ကိုယ္ခံအားေကာင္းတယ္ ျဖစ္လည္းျပန္သက္သာမွာ မေတြးပါနဲ႔။ ဒီဗီဇအသစ္ပိုးက ပိုျမန္ပါတယ္။ ကုဖို႔မလြယ္ပါ။ကိုယ္က သယ္ေဆာင္သူျဖစ္ၿပီး ကိုယ့္ဆီကကူးမယ့္ ကိုယ္ခံအားနည္းတဲ့ အဖိုးအဖြားေတြ၊ ကေလးေတြ၊ ေငြေၾကးမတတ္ႏိုင္သူေတြ ရဲ႕အသက္ကို ကိုယ္ကစၿပီး ကယ္တင္ေပးပါ။ ဂ႐ုစိုက္ၾကပါ။ လက္ဆင့္ကမ္းေပးပါ။

Dr Tain Htet Yan