ၾကားသိရသမွ်

မြန်မာ့နွေဦးတော်လှန်ရေး အထိမ်းအမှတ်ဂုဏ်ပြုဘီယာကို ဂျပန်နိုင်ငံသားတစ်ဦးထုတ်လုပ်

မြန်မာလူငယ်တွေရဲ့ ရဲရင့်ပြတ်သားမှု ဇွဲသတ္တိတွေနဲ့ သွေးမအေး အားမလျော့မှုတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို လေးစားအံ့ဩစေခဲ့သလို အမေရိကန်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကတော့ အင်တိုက်အားတိုက်နဲ့ကို တတ်နိုင်တဲ့ဘက်ကနေ ဖေးမကူညီခဲ့တာ ဖြစ်ပါတယ်..။

​ဂျပန်နိုင်ငံရဲ့ ဘီယာပညာရှင်တစ်ဦးကလည်း မြန်မာ့နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် ဂျပန်မှာ နွေဦးတော်လှန်ရေးဘီယာ (Craft ဘီယာ) ကို ဂုဏ်ပြုထုတ်လုပ်ခဲ့ပါတယ်..။

Craft ဘီယာဆိုတာဟာ ဘီယာအနုပညာတစ်မျိုးဖြစ်ပြီး ဘီယာချက်သူ စိတ်ကြိုက် ဖန်တီး ထုတ်လုပ်ကာ အရသာကတော့ ချက်တဲ့သူရဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ကွာခြားပါတယ်..။

စီးပွါးဖြစ်ထုတ်လုပ်တာမျိုး မဟုတ်ဘဲ ကိုယ့်ဆိုင်တစ်ဆိုင်ထဲမှာပဲ ရနိုင်တဲ့ ဘီယာမျိုးဖြစ်ကာ ရာသီဥတုအပေါ်မူတည်ပြီး ပြောင်းလဲထုတ်ဝေလေ့ရှိသလို ရာသီပေါ် သီးနှံတွေနဲ့လည်း ဘီယာရောစပ်ဖောက်လုပ်ကြတယ်လို့ သိရပါတယ်..။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့စဉ်က ဒေသခံတွေနဲ့အတူ ဘီယာသောက်ခဲ့ကြပြီး မြန်မာတို့ရဲ့ နွေးထွေးမှုတွေကို ခံစားခဲ့ရသလို လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်လဲဆိုတာကို စဉ်းစားပြီးနောက် ဘီယာကို ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဖန်တီးသူ ဘီယာပညာရှင်က ပြောပြထားပါသေးတယ်..။

အခုလို မြန်မာ့နွေဦးကို ဂုဏ်ပြုထုတ်ဝေပေးတဲ့အတွက် ကျေးဇူးတင်ဖို့ ကောင်းတာကြောင့် ပြန်လည်အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ရဲ့ Page ( https://www.facebook.com/witchcraftmarket2019/ ) လေးကို Like လုပ်ပေးကြရအောင်နော်..။