ၾကားသိရသမွ်

ပြန်မဆုံရင် ရန်ကုန် ဘယ်ဟုတ်တော့မလဲ ဆိုပြီးပြောလာတဲ့ ပန်ဆယ်လို

ပြန်မဆုံရင် ရန်ကုန် ဘယ်ဟုတ်တော့မလဲ ဆိုပြီးပြောလာတဲ့ ပန်ဆယ်လို

ရန်ကုန်ဟာ မှင်သေသေနဲ့ တော်လှန်နေတယ်။

သွားရင်းလာရင်း တော်လှန်တယ်။ ဘာမှမဖြစ်သလိုပဲ လောက်ကောင်တွေအပေါ် အညှာအတာမဲ့တယ်။

ခပ်အေးအေးနဲ့ အုပ်ချုပ်ရေးထောက်တိုင်တွေကို ရိုက်ချိုးတယ်။ စစ်ကားသာ ဘာဘီကျူးဖြစ်သွားတယ်။ ရန်ကုန်ဟာ အပြုံးမပျက်ပဲ။

ရန်ကုန်ဟာ သေသပ်လွန်းတယ်။ရန်ကုန်ရဲ့ မှင်သေသေအထာဟာ မှင်သက်စရာကောင်းလွန်း။

ရန်ကုန်ဟာ ရန်တွေကုန်တဲ့အထိ တိုက်နေမှာ။

ပြန်မဆုံရင် ရန်ကုန် ဘယ်ဟုတ်တော့မလဲ။
ရန်ကုန်မှာ ပြန်ဆုံကြမယ်…. ဒီမိုကရေစီ ပြန်ရောက်လာတဲ့အခါ။

Pencilo]








Pencilo