ၾကားသိရသမွ်

ကြားခံမှ တဆင့် ဆက်သွယ်ပြီး မိခင်ဖြစ်သူ ခင်မြတ်မွန်အား တောင်းဆိုလာတဲ့ ရေမွန်ရဲ့ လိုလားချက် ဆန္ဒလေးတစ်ခု

ကြားခံမှ တဆင့် ဆက်သွယ်ပြီး မိခင်ဖြစ်သူ ခင်မြတ်မွန်အား တောင်းဆိုလာတဲ့ ရေမွန်ရဲ့ လိုလားချက် ဆန္ဒလေးတစ်ခု

အဆိုတော် ခင်မြတ်မွန်ကတော့ မထင်မှတ်ဘဲ စောလျင်စွာ ထွက်ခွာသွားသော သားဖြစ်သူရေမွန်ကို နေ့နေ့ညည သတိရစိတ်နဲ့ အသက်ရှင်နေရတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဖခင်မရှိပဲ ငယ်စဉ်ကတည်းက ဂရုတစိုက် မေတ္တာတွေအပြည့်ပေးခဲ့ရတဲ့ သားရေမွန် ကွယ်လွန်သွားပြီးတဲ့ နောက်မှာလည်း သတိရလွမ်းဆွတ်ကြောင်း တဖွဖွပြောတတ်တဲ့ ခင်မြတ်မွန်ဟာ …

ဒီကနေ့ ရေမွန်ကွယ်လွန်ခြင်း (၅) လပြည့်နေ့မှာ ရေမွန့်အတွက် ရည်စူးပြီး အလှူပြုလုပ်သွားမယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “ဒီနေ့ တွတ်ပီလေး ဆုံးပါးသွားတာ ၅လတင်းတင်း ပြည့်ပြီ။

ဒီလ 26 th ကလဲ တွတ်ပီ 33 နှစ်ပြည့်မွေးနေ့မို့ သူ့အတွက်ထူးထူးခြားခြားလေး ကုသိုလ်ကောင်းမှု ပြုဖို့ကြံရွယ်ထားတာ။သူကလည်း (တဆင့်ကြားခံနဲ့) နယ်အဖိုးအဖွားဆွေမျိုးများရဲ့ဇာတိမှာ လှူပေးဖို့ သေချာ မှာထားတယ်။

ဒါပေမဲ့ အခြေအနေတွေမကောင်းလို့ ရက်‌နဲနဲရွှေ့လိုက်ပါတယ်။(အိမ်ကဘုရားလည ဘုရားပါဘဲလို့ အကန်တွေပြောပြီး ဘလိန်း မလုပ်ကြနဲ့နော်! စဉ်းစားဆင်ခြင်တုံတရား ရှိပြီး နားလည်လို့ မသွားသေးတာ။

အသက်ကိုဉာဏ်နဲ့ စောင့်ရှောက်နေတာ(စိတ်ရင်းအတိုင်းဆို..အိမ်ဘုရားတင်မက နယ်မြို့‌လေးက မပြည့်စုံတဲ့ ဘုရားစေတီတွေ၊ နွမ်းပါးချို့တဲ့တဲ့ ကျောင်းတွေ၊သံဃာတွေကို တပိုင်တနိုင် လှူဒါန်းထောက်ပံ့ချင် စိတ်လေးနဲ့ သွားချင်တာပါ။”

“Post တစ်ချို့တွေမှာလို ဘုရားဖူးအကြောင်းပြဖလန်းဖလန်းထပြီးအပျော်ကျူးဖို့ အစီအစဉ်လုံးဝမရှိ! နကိုကလည်း အဲ့လို မနေခဲ့ဖူးပါ။ တွတ်ပီမရှိတော့ထဲက အပျော်ဆိုတာလဲ ကိုယ်နဲ့ မသက်ဆိုင်တော့ပါဘူး။

ဒါပေမဲ့. . သေသူကလည်း တောင်းဆိုထားတယ်။ သေသူတွေ မပြုလုပ်နိင်တော့တဲ့ ကုသိုလ်ကောင်းမှုတွေကို ဆက်လက်ရှင်သန် နေသူတွေက ရည်စူးပြီး လှူဒါန်းလုပ်ကိုင်ပေးရမှာလေ!

ဒါကြောင့်.ဘာလုပ်လုပ် အပြစ်မြင်တတ်တဲ့ အကန်စိတ်တစ်ခုထဲနဲ့ ကျေးဇူပြု၍ လာ blame မလုပ်ကြပါနဲ့နော်!လုပ်ရင်လည်း ဂရုမစိုက်ပါဘူး။ ကုသိုလ်ကြားထဲ ဒေါသမရောစွက်ချင်လို့ပါ ဒါကြောင့်.

ဒီနေ့တော့ နေအိမ်ဘုရားမှာဘဲ ဆွမ်း၊ပန်း၊ဆီမီး၊ ရေချမ်းကပ်လှူပြီး သူ့အတွက် ဆုတောင်းအမျှဝေပေးလိုက်ပါတယ်။ အားလုံးလည်း အမျှရကြ၍ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ” ဆိုပြီး ပြောလာပါတယ်။

ရေမွန့်မိခင်ကြီး အဆိုတော်ခင်မြတ်မွန် ကတော့ ကွယ်လွန်သွားပြီးတဲ့ ရေမွန်က တဆင့်ခံ ပြောသူမှတဆင့် အဘိုး၊ အဘွားတွေရဲ့ဇာတိမြို့မှာ အလှူလုပ်ဖို့ တောင်းဆိုထားမှုကြောင့် အလှူလေးတစ်ခု ပြုလုပ်ပေးဖို့ အစီအစဉ်ရှိကြောင်း ပြောလာတာပဲဖြစ်ပါတယ်နော်။

ပရိသတ်ကြီးလည်း အဆိုတော်ရေမွန် ကွယ်လွန်သွားတာ ငါးလပြည့်ပြီဆိုပေမယ့် မေ့နိုင်မှာ မဟုတ်သလို သူ့ရဲ့သီးချင်းတွေကိုလည်း ဖွင့်မြဲနားဆင်မြဲ ဖြစ်မယ် ထင်ပါတယ်နော်။

ပရိသတ်ပြည်သူ ချစ်တဲ့ ရေမွန်တစ်ယောက် ကောင်းရာသုဂတိဘုံဘဝမှာ ချမ်းသာစွာရှိပြီး နောက်နောင်ဘဝတွေမှာ အေးချမ်းသော တိုင်းပြည်မှာ သူချစ်သော အနုပညာများ ဆက်လက်ဖန်တီးနိုင်ပါစေကြောင်း ဆုတောင်းပေးအပ်ပါတယ်။

Zawgyi















Credit