ကြားသိရသမျှ

နေကြာပန်းနဲ့ ယတြာချေမိတဲ့ ဆရာရဲ့အမှားကြောင့် ပြည်သူတွေ ပျော်ရမယ်လို့ပြောပြလာတဲ့ ဆရာတစ်ဦး

















Unicode

နေကြာပန်းနဲ့ ယတြာချေမိတဲ့ ဆရာရဲ့အမှားကြောင့် ပြည်သူတွေ ပျော်ရမယ်လို့ပြောပြလာတဲ့ ဆရာတစ်ဦး

ယတြာဆရာအမှား ကျေးဇူးပါ

ရှေးအခါ ပဝေသဏီ ကတည်းက မြန်မာတို့သည် ဥဒေါင်းကို နေ၏ ကိုယ်စားပြု ရုပ် အဖြစ် သတ်မှတ်ကြပြီး ၊ ယုံ သတ္တဝါကို လ၏ကိုယ်စားပြု .ရုပ်အဖြစ် သတ်မှတ်ခဲ့ကြပါသည် ။ ဥဒေါင်းသည် .နေဖြစ်ပြီး ၊ ယုံသည် လ ဖြစ်ပါသည် ။

သီတင်းကျွတ်လပြည့်နေ့တွင် …ရန်ကုန်မြို့ပေါ်ရှိ တန်ခိုးကြီး စေတီတော်တို့မှာ ဘုရားဖူးများဖြင့် စည်းကားနေသည်ကို တွေ့ရပါသည် ။

တချို့ အမျိုးသမီးများ ဝတ်ဆင်ထားသော ထဘီနှင့် အင်္ကျီတို့မှာ ….နေကြာပန်းပွင့် များဖြင့် အသွင် တမျိုးဆန်းနေပါသည် ။ မဆိုးပါ ။ mrtv ရုပ်သံ ကြေညာသူကိုလည်း နေကြာနှင့် မြင်လိုက်ရပါသည် ။

မြန်မာပြည်သားတို့ကတော့ နေကြာကို ယတြာပြုတယ်လို့ ပြောနေကြပါသည် ။

မအလ၏ ယတြာဆရာက …အနေကြာချင်လို့ နေကြာကို ကောက်ပြီး ယတြာချေသည်ဆိုလျှင် ၊ အမှားကြီးမှားသွားပြီလို့ ပြောချင်ပါသည်

နေကြာပန်းကို နေမျှော်ပန်းလို့ ခေါ်ကြတာရှိပါသည် ။ တနည်းအားဖြင့် …….ဒေါင်းကိုမျှော်သည့် ပန်း ၊ ဒေါင်းမျှော်ပန်းလို့ ခေါ်ရမှာ ဖြစ်ပါသည် ။

နေကြာပန်းကို လေ့လာကြည့်ကြပါ ။

နံက် နေထွက်ချိန်မှစပြီး …နေကြာပန်း၏မျက်နှာမှာ နေသွားရာနောက်ကို တကောက်ကောက် လိုက်၍ ကြည့်နေပါသည် ။ ညနေနေဝင်သောအခါ နေကြာ၏ မျက်နှာမှာ အနောက်ဘက် နေဝင်ရာ အရပ်မှာ …..ရှိနေပါသည် ။

တဖန်…နောက်တနေ့ …နေထွက်ချိန် ရောက်လျှင် နေကြာ၏မျက်နှာမှာ နေထွက်ရာ အရှေ့ဘက်ကို …ပြန်ရောက်နေပြီး ၊ ယခင်နေ့များ အတိုင်းလိုပဲ နေနောက်ကို တကောက်ကောက် လိုက်၍ လိုက်၍သာ ကြည့်နေပြန်ပါသည် ။

ထိုကဲ့သို့ ….နေနောက်ကို လိုက်၍ လိုက်၍ ကြည့်ရင်း ကြည့်ရင်းဖြင့် .နေကြာ၏ ဘဝ .ခြောက်သွေ့ ခြင်းဖြင့် ဇာတ်သိမ်း လိုက်ရပါတော့သည် ။

ထို့ကြောင့် နေကြာပန်းကို နေမျှော်ပန်း ၊ တနည်းအားဖြင့် ဥဒေါင်းမျှော်ပန်းလို့ ခေါ်ကြခြင်းဖြစ်ပါသည် ။ ဥဒေါင်က ..သူ့ကို ..သိလည်း မသိဘူး ၊ သိစရာ အကြောင်းလည်း မရှိဘူး ။ ဆိုင်လည်း မဆိုင်ပါဘူး ။

***နေကြာအကြောင်းကို ပြောဆိုကြသည့်ပုံပြင် များစွာတို့လည်း ရှိကြပါသည် ) ။

ဥဒေါင်းကို ကြည့်ရင်း ကြည့်ရင်း ခြောက်သွေ့သွားရသည့် နေကြာကိုမှ ယတြာချေပေးလိုက်သည် ဆိုတော့……….သည် တခါတော့ ……ယတြာဆရာကို ကျေးဇူး ကုဋေကုဋာ ပါပဲဗျာ ။

Crd:တင်ဦး၂၀-၁၀-၂၀၂၁#mscrd✍️