ဗဟုသုတ

မြန်မာ့သေ နတ်နှင့် အမြောက်ရာဇဝင်

မြန်မာ့နိုင်ငံသို့ ၁၆ ရာစုဦး ဥရောပမှ သေနတ်များ ဝင်ရောက် မလာခင်ကပင် တရုတ်ပြည်ဘက်မှ ဝင်လာသော သေနတ်နှင့် အမြောက်ငယ်များကို မြန်မာတို့ ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်သည်။

၁၅ ရာစု ဝန်းကျင် ယူနန်ကို ဖြတ်သန်းလာသော ရှေးဟောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် မြန်မာနိုင်ငံ အထက်ပိုင်းသို့ လက်နက်များ ဝင်ရောက်လာနေပြီး အင်းဝနှင့် ပြည် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများအထိ သေနတ် အမျိုးမျိုးကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။

ဥရောပမှ သေနတ်များသည် ၁၆ ရာစု အလယ်ခန့် ဘုရင့်နောင်ခေတ်တွင်မှ မြန်မာဘုရင့် စစ်တပ်ကို စတင်ရောက်ရှိလာခြင်း ဖြစ်သည်။

သို့သော် ထိုသေနတ်များမှာ မြန်မာတို့၏ ရှေးရိုးစွဲ စစ်နည်းဗျူဟာများကို ပြောင်းလဲပစ်နိုင်စွမ်း မရှိခဲ့သလို သေနတ်များနှင့် ကိုက်ညီသော စစ်ဗျူဟာ အသစ်များကိုလည်း တီထွင်အသုံးပြုခဲ့ခြင်း မရှိခဲ့ပါ။

ရှေးရိုး စစ်လက်နက်များ ဖြစ်သောစစ်ဆင်များ၊ စစ်မြင်းများ၊ လှံတို လှံရှည်များ၊ ဓားများဖြင့် တိုက်ခိုက်ရာတွင် ပစ်ကူအနေနှင့်သာ သေနတ်များကို အသုံးပြုခဲ့သည်။

မြန်မာ ဘုရင့်တပ်မတော်တွင် သေနတ်ကိုင် တပ်ဖွဲ့များကို အထူးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းကြပြီး ပေါ်တူဂီနှင့် မွတ်ဆလင် ကြေးစား စစ်သားများ ပါဝင်သည်။

နောက်ပိုင်းမှသာ မြန်မာလူမျိုး သေနတ်ကိုင်တပ်များကို ဖွဲ့စည်းလာပြီး စစ်ဆင်များကိုလည်း အမြောက်တင် ဆင်အဖြစ် ပြောင်းလဲ ဖွဲ့စည်းလာကြသည်။

သေနတ် အသုံးပြုမှုသည် တဖြေးဖြေး ကျယ်ပြန့်လာရာ ၁၆ ရာစုအကုန် စစ်ပွဲများတွင် မြန်မာရဲမက် ၂၀ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်း အထိ သေနတ်များ ကိုင်ဆောင်ခဲ့ကြသည်။

၁၆၀၅ ခုနှစ် တပ်တော်ဝင် အမိန့်ပြန်တမ်း တစ်ခု အရ တပ်သား ၁၀၀၀ ပါ တပ်ဖွဲ့တစ်ဖွဲ့တွင် အကြပ် ၁၀၀ ဦး၊ အဆော် ၁၀ ဦး၊ အကဲ တစ်ဦး အဆင့်ဆင့် ကွပ်ကဲရန်နှင့် တပ်သားအားလုံးတွင် သေနတ်နှင့် အမြောက်ငယ်များ လုံလောက်စွာ ပါရှိရမည် ဖြစ်ကြောင်း ထို့အပြင် ဆင်ဖမ်းသမား၊ စည်တော် ရွှမ်းသူများ၊ ဗြဟ္မဏများလည်း ပါဝင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၇ ရာစု အစပိုင်းတွင် တပ်သား ၁၀၀၀ ပါ သာမန် တိုက်ခိုက်ရေး တပ်ဖွဲ့ တစ်ခုတွင် အမြောက်ငယ် ၁၀ လက်၊ သေနတ် အလက် ၁၀၀ နှင့် လေးအလက် ၃၀၀ ပါဝင်ကြောင်းတွေ့ရှိရသည်။

၁၆၃၅ ခုနှစ် တွင် မြန်မာဘုရင့်တပ်မတော်၏ ၁၄ – ၁၈ ရာခိုင်နှုန်းခန့်သာ သေနတ် အသုံးပြုရာမှ ၁၈၂၄ ခုနှစ် အရောက်တွင်၂၉ – ၈၉ ရာခိုင်နှုန်းအထိ အသုံးပြုလာကြသည်။

အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲတွင် မြန်မာဘုရင့် စစ်သည် ၆၀ ရာခိုင်နှုန်းမျှ သေနတ် အသုံးပြုခဲ့သည်။

သို့သော် မြန်မာဘုရင့် စစ်တပ်တွင် အမြောက်များထက် အမြောက်ပစ်ကျွမ်းကျင်သူများကို ပိုမို လိုအပ်ကြောင်း ဒတ်ချ်မှတ်တမ်း တစ်ခုတွင်ဖော်ပြထားသည်။

မြန်မာဘုရင်ထံတွင် သေနတ်နှင့် အမြောက်များစွာ ရှိသော်လည်း ကျွမ်းကျင်သော အမြောက်ပစ်သမား မရှိ၍ ဒီအတိုင်း သိမ်းထားနေရကြောင်းကိုလည်း ဖော်ပြထားသည်။

မြန်မာဘုရင်သည် တစ်ခါတစ်ရံ ဒတ်ချ်တို့ထံမှ အထူး လက်နက်များ မှာယူလေ့ ရှိသည်။

၁၆၆၆ ခုနှစ်တွင် ပြည်ဘုရင်က ဓားရှည် ၆ လက်နှင့် သေနတ် ၉ လက် မှာယူခဲ့သည်။

လိုချင်သော အတိုင်းအတာကို သစ်သားနှင့် ပုံစံတူ ပြုလုပ် မှာယူခဲ့ပြီး သေနတ်များအား ရွှေချပေးရန်လည်း မှာကြားခဲ့သည်။

၁၆၆၆ ခုနှစ် ဇွန်လ တွင်ဒန်ချ်ပိုင် အိန္ဒိယရှိ ပူလီကတ်ဒေသ လက်နက်စက်ရုံမှ အကောင်းဆုံး ဓားရှည် ၄ လက်နှင့် ဓားကောက်၂ လက် ပေးပို့ခဲ့သည်။ ပြောင်းတို သေနတ်များလည်း ပေးပို့ခဲ့သော်လည်း ရွှေချသည့်ကိရိယာများ မရှိသဖြင့် ရွှေချပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

သေချာသည်မှာ ၁၇ ရာစုတွင် ဥရောပမှ လက်နက် ခဲယမ်းများသည် မြန်မာဘုရင်နှင့် ခင်မင် ရင်းနှီးစေရန်အကောင်းဆုံး လက်ဆောင်များ ဖြစ်ခဲ့သည်။ မြန်မာတို့သည် မြို့ရိုးများကို စီးနင်းရာတွင် အသုံးပြုသောသစ်သား မျှော်စင်များတွင်လည်း အမြောက်များ တပ်ဆင်လေ့ ရှိကြောင်း တွေ့ရသည်။

ထို ပြင်သစ်တပ်စုမှာ ၁၇၅၉-၆၇ အတွင်း ယိုးဒယားတို့နှင့် လည်းကောင်း၊ ၁၇၆၆-၆၉ အတွင်း မန်ချူးတို့နှင့် လည်းကောင်း စစ်မက် ဖြစ်သွားသောအခါ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

 

၁၇၅၆ ခုနှစ်၊ ဇူလိုင်တွင် သန်လျင်ကို အလောင်းမင်းတရား သိမ်းသော် ပြင်သစ်သင်္ဘော နှစ်စီးကိုပါ ရသည်။ သင်္ဘောမှ အရာရှိများကို ကွပ်မျက်ကာ သင်္ဘောသားတို့အား မြန်မာတပ်သို့ ဝင်စေခဲ့သည်။

အဆိုပါ သင်္ဘောသားများ အနက်မှ တဦးဖြစ်သော Pierre de Milard မိလတ်သည် မြန်မာတပ်တွင် အမှုထမ်းခဲ့သည်။ ယိုးဒယား၊ တရုတ်တို့နှင့် ဖြစ်ပွားသည့် စစ်ပွဲတို့တွင် မြန်မာဘက်မှ ကူညီခဲ့သည်။

ထိုပြင်သစ်တပ်စုမှာ ၁၇၅၉ – ၆၇ အတွင်း ယိုးဒယားတို့နှင့်လည်းကောင်း၊ ၁၇၆၆ – ၆၉ အတွင်း မန်ချူးတို့နှင့် လည်းကောင်း စစ်မက် ဖြစ်သွားသောအခါ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အလောင်းမင်းတရား လက်ထက်တွင် ဗရင်ဂျီ ကုလားဖြူတပ်၌ စစ်ကြပ် အဖြစ် စခန့်သည်။ နောင်သော် တပ်မှူး၊ စစ်ဗိုလ် စသဖြင့် သူကောင်း ပြုခံရသည်။

ဆင်ဖြူရှင်မင်း လက်ထက်တွင် ပေတလူ Pierre de Milard မှာ သက်တော်စောင့် ကုလားဗိုလ် ရာထူးနှင့် တပယ်မြို့ကို စားရသည်။ ရာဇသာရဘွဲ့ နှင့် သီရိရာဇာ သူရကျော်ထင်ဘွဲ့ကိုလည်း ချီးမြှင့်ခံရသည်။

စဉ့်ကူးမင်း လက်ထက်တွင်လည်း သက်တော်စောင့် ကုလားဗိုလ်ဘွဲ့ကို ဆက်လက် ချီးမြှင့် ခံရသည်။ တပယ်မြို့ကို ရှေးကအတိုင်း စားစေသည်။

မူလ သီရိရာဇ သူရကျော်ထင်မှသည် နေမျိုးဘွဲ့ တိုးရာ နေမျိုး သီရိရာဇ သူရကျော်ထင် ဘွဲ့ကို ချီးမြှင့်ပြန်သည်။

သူတို့သည် အသက်အရွယ် ကြီးရင့်လာသောအခါ ပြင်သစ်စစ်သားများသည် ဘုန်းတော်ကြီး၏ ဝိညာဉ်ရေး အထောက်အပံ့ဖြင့် ရွှေဘိုရွာများအား အငြိမ်းစား ယူနိုင်ခဲ့သည်။

ယနေ့အချိန်အထိ အချို့သော ကက်သလစ် ကျေးရွာများသည် ဥရောပ မျိုးရိုးအချို့၏ အသိအမြင်တစ်ခု ကျန်ရှိနေသေးသည့် ဧရိယာတွင် ရှိနေဆဲ ဖြစ်သည်။

ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်တွင် ကနောင်မင်းသားကြီး၏ အစီအစဥ်ဖြင့်နိုင်ငံခြားသို့ ပညာတော်သင် လူငယ်များ စေလွှတ်ကာ ပြန်လည် ရောက်ရှိလာသောအခါ စက်ရုံများ တည်ဆောက် ထုတ်လုပ်ခဲ့သည် များကို တွေ့ရသည်။

ထိုထဲတွင် လက်နက်စက်ရုံများလည်း ပါဝင်သည်။ မင်းတုန်းမင်း လက်ထက် လက်နက်စက်ရုံများမှ မြန်မာလုပ် သေနတ်များ၊ အမြောက်များ အပြင်၊ ကနောင်မင်းသားကြီး၏ ကြီးကြပ်စီမံမှုဖြင့် ရေမြှုပ်ဗုံးကိုပါ စမ်းသပ်အောင်မြင်ခဲ့သည်။

မြန်မာ့သမိုင်းတွင် အမြောက်၊ စိန်ပြောင်းတို့ကို လူတိုင်း ကြားဖူးကြသော်လည်း မြတပူကို ကြားဖူးသူနည်းပါးသည်။

မြတပူမှာ မြန်မာ့ အမြောက်တစ်မျိုးပင် ဖြစ်သည်။ မြတပူနှင့် ပက်သတ်၍ အင်းဝနှင့် ဟံသာဝတီ စစ်ပွဲများတွင် စတင် သုံးစွဲခဲ့သည်ကို ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင် တွေ့ရသည်။

မြတပူသည် အမြောက်၊ စိန်ပြောင်းတို့နှင့် မတူဘဲ ပြောင်းပုံစံမှာ အခေါင်းပေါက် ဖြစ်သည်။ ပြောင်းထဲသို့ မီးရှူးကဲ့သို့ အတိုင်ကို ထည့်ကာ မီးစာကို မီးရှို့ ပစ်ခတ်ရသည်။

ပစ်မှတ် မထိရောက်သော်လည်း ရန်သူ့ခံတပ်ကို တိုက်ခိုက်ရာတွင် ပစ်ကူအနေဖြင့် လည်းကောင်း၊ ၂ ဘက်ရင်ဆိုင် တိုက်ခိုက်ရာတွင် လည်းကောင်း ပစ်ခတ်နိုင်သည်။

ဘုရင့်နောင်လက်ထက် ယိုးဒယား – မြန်မာ စစ်ပွဲတွင်လည်း မြန်မာတို့ဘက်မှ မြတပူများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

Credit to original author

Zawgyi

ျမန္မာ့ေသနတ္ႏွင့္ အေျမာက္ရာဇဝင္

ျမန္မာ့ႏိုင္ငံသို႔ ၁၆ ရာစုဦး ဥေရာပမွ ေသနတ္မ်ား ဝင္ေရာက္မလာခင္ကပင္ တ႐ုတ္ျပည္ဘက္မွ ဝင္လာေသာ ေသနတ္ႏွင့္ အေျမာက္ငယ္မ်ားကို ျမန္မာတို႔ ကြၽမ္းက်င္စြာ အသုံးျပဳႏိုင္ေနၿပီျဖစ္သည္။

၁၅ ရာစု ဝန္းက်င္ ယူနန္ကို ျဖတ္သန္းလာေသာ ေရွးေဟာင္း ကုန္သြယ္ေရးလမ္းေၾကာင္းမွ တဆင့္ ျမန္မာႏိုင္ငံအထက္ပိုင္းသို႔ လက္နက္မ်ား ဝင္ေရာက္လာေနၿပီး အင္းဝႏွင့္ ျပည္ ျမန္မာႏိုင္ငံ ေအာက္ပိုင္းေဒသမ်ားအထိ ေသနတ္ အမ်ိဳးမ်ိဳးကို က်ယ္ျပန္႔စြာ အသုံးျပဳၾကသည္။

ဥေရာပမွ ေသနတ္မ်ားသည္ ၁၆ ရာစု အလယ္ခန္႔ ဘုရင့္ေနာင္ေခတ္တြင္မွ ျမန္မာဘုရင့္ စစ္တပ္ကို စတင္ေရာက္ရွိလာျခင္း ျဖစ္သည္။

သို႔ေသာ္ ထိုေသနတ္မ်ားမွာ ျမန္မာတို႔၏ ေရွး႐ိုးစြဲ စစ္နည္းဗ်ဴဟာမ်ားကို ေျပာင္းလဲပစ္ႏိုင္စြမ္း မရွိခဲ့သလို ေသနတ္မ်ားႏွင့္ ကိုက္ညီေသာ စစ္ဗ်ဴဟာ အသစ္မ်ားကိုလည္း တီထြင္အသုံးျပဳခဲ့ျခင္း မရွိခဲ့ပါ။

ေရွး႐ိုး စစ္လက္နက္မ်ား ျဖစ္ေသာစစ္ဆင္မ်ား၊ စစ္ျမင္းမ်ား၊ လွံတို လွံရွည္မ်ား၊ ဓားမ်ားျဖင့္ တိုက္ခိုက္ရာတြင္ ပစ္ကူအေနႏွင့္သာ ေသနတ္မ်ားကို အသုံးျပဳခဲ့သည္။

ျမန္မာ ဘုရင့္တပ္မေတာ္တြင္ ေသနတ္ကိုင္ တပ္ဖြဲ႕မ်ားကို အထူးတပ္ဖြဲ႕အျဖစ္ ဖြဲ႕စည္းၾကၿပီး ေပၚတူဂီႏွင့္ မြတ္ဆလင္ ေၾကးစား စစ္သားမ်ားပါဝင္သည္။

ေနာက္ပိုင္းမွသာ ျမန္မာလူမ်ိဳး ေသနတ္ကိုင္တပ္မ်ားကို ဖြဲ႕စည္းလာၿပီး စစ္ဆင္မ်ားကိုလည္း အေျမာက္တင္ဆင္အျဖစ္ ေျပာင္းလဲ ဖြဲ႕စည္းလာၾကသည္။

ေသနတ္ အသုံးျပဳမႈသည္ တေျဖးေျဖး က်ယ္ျပန္႔လာရာ ၁၆ ရာစုအကုန္ စစ္ပြဲမ်ားတြင္ ျမန္မာရဲမက္ ၂၀ ရာခိုင္ႏႈန္းမွ ၃၃ ရာခိုင္ႏႈန္း အထိ ေသနတ္မ်ား ကိုင္ေဆာင္ခဲ့ၾကသည္။

၁၆၀၅ ခုႏွစ္ တပ္ေတာ္ဝင္ အမိန္႔ျပန္တမ္း တစ္ခု အရ တပ္သား ၁၀၀၀ ပါ တပ္ဖြဲ႕တစ္ဖြဲ႕တြင္ အၾကပ္ ၁၀၀ ဦး၊ အေဆာ္ ၁၀ ဦး၊ အကဲ တစ္ဦး အဆင့္ဆင့္ ကြပ္ကဲရန္ႏွင့္ တပ္သားအားလုံးတြင္ ေသနတ္ႏွင့္အေျမာက္ငယ္မ်ား လုံေလာက္စြာ ပါရွိရမည္ ျဖစ္ေၾကာင္း ထို႔အျပင္ ဆင္ဖမ္းသမား၊ စည္ေတာ္႐ႊမ္းသူမ်ား၊ ျဗဟၼဏမ်ားလည္း ပါဝင္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

၁၇ ရာစု အစပိုင္းတြင္ တပ္သား ၁၀၀၀ ပါ သာမန္ တိုက္ခိုက္ေရးတပ္ဖြဲ႕ တစ္ခုတြင္ အေျမာက္ငယ္ ၁၀ လက္၊ ေသနတ္ အလက္ ၁၀၀ ႏွင့္ ေလးအလက္ ၃၀၀ ပါဝင္ေၾကာင္းေတြ႕ရွိရသည္။

၁၆၃၅ ခုႏွစ္ တြင္ ျမန္မာဘုရင့္တပ္မေတာ္၏ ၁၄-၁၈ ရာခိုင္ႏႈန္းခန္႔သာ ေသနတ္ အသုံးျပဳရာမွ ၁၈၂၄ ခုႏွစ္ အေရာက္တြင္၂၉-၈၉ ရာခိုင္ႏႈန္း

အထိ အသုံးျပဳလာၾကသည္။

အဂၤလိပ္ ျမန္မာ ပထမစစ္ပြဲတြင္ ျမန္မာဘုရင့္ စစ္သည္ ၆၀ ရာခိုင္ႏႈန္းမွ် ေသနတ္ အသုံးျပဳခဲ့သည္။

သို႔ေသာ္ ျမန္မာဘုရင့္ စစ္တပ္တြင္ အေျမာက္မ်ားထက္ အေျမာက္ပစ္ကြၽမ္းက်င္သူမ်ားကို ပိုမို လိုအပ္ေၾကာင္း ဒတ္ခ်္မွတ္တမ္း တစ္ခုတြင္ေဖာ္ျပထားသည္။

ျမန္မာဘုရင္ထံတြင္ ေသနတ္ႏွင့္ အေျမာက္မ်ားစြာ ရွိေသာ္လည္း ကြၽမ္းက်င္ေသာ အေျမာက္ပစ္သမားမရွိ၍ ဒီအတိုင္း သိမ္းထားေနရေၾကာင္းကိုလည္း ေဖာ္ျပထားသည္။

ျမန္မာဘုရင္သည္ တစ္ခါတစ္ရံ ဒတ္ခ်္တို႔ထံမွ အထူး လက္နက္မ်ား မွာယူေလ့ရွိသည္။ ၁၆၆၆ ခုႏွစ္တြင္ ျပည္ဘုရင္က ဓားရွည္ ၆ လက္ႏွင့္ ေသနတ္ ၉ လက္ မွာယူခဲ့သည္။ လိုခ်င္ေသာ အတိုင္းအတာကို သစ္သားႏွင့္ ပုံစံတူ ျပဳလုပ္ မွာယူခဲ့ၿပီး ေသနတ္မ်ားအား ေ႐ႊခ်ေပးရန္လည္း မွာၾကားခဲ့သည္။

၁၆၆၆ ခုႏွစ္ ဇြန္လ တြင္ဒန္ခ်္ပိုင္ အိႏၵိယရွိ ပူလီကတ္ေဒသ လက္နက္စက္႐ုံမွ အေကာင္းဆုံး ဓားရွည္ ၄ လက္ႏွင့္ ဓားေကာက္၂ လက္ ေပးပို႔ခဲ့သည္။ ေျပာင္းတို ေသနတ္မ်ားလည္း ေပးပို႔ခဲ့ေသာ္လည္း ေ႐ႊခ်သည့္ကိရိယာမ်ား မရွိသျဖင့္ ေ႐ႊခ်ေပးႏိုင္ခဲ့ျခင္း မရွိခဲ့ေပ။

ေသခ်ာသည္မွာ ၁၇ ရာစုတြင္ ဥေရာပမွ လက္နက္ ခဲယမ္းမ်ားသည္ ျမန္မာဘုရင္ႏွင့္ ခင္မင္ ရင္းႏွီးေစရန္အေကာင္းဆုံး လက္ေဆာင္မ်ား ျဖစ္ခဲ့သည္။ ျမန္မာတို႔သည္ ၿမိဳ႕႐ိုးမ်ားကိုစီးနင္းရာတြင္ အသုံးျပဳေသာသစ္သား ေမွ်ာ္စင္မ်ားတြင္ လည္းအေျမာက္မ်ား တပ္ဆင္ေလ့ ရွိေၾကာင္းေတြ႕ရသည္။

ထို ျပင္သစ္တပ္စုမွာ ၁၇၅၉-၆၇ အတြင္း ယိုးဒယားတို႔ႏွင့္လည္းေကာင္း၊ ၁၇၆၆-၆၉ အတြင္း မန္ခ်ဴးတို႔ႏွင့္ လည္းေကာင္း စစ္မက္ျဖစ္သြားေသာအခါ အေရးပါေသာအခန္းက႑မွ ပါဝင္ခဲ့သည္။

၁၇၅၆ ခုႏွစ္၊ ဇူလိုင္တြင္ သန္လ်င္ကို အေလာင္းမင္းတရား သိမ္းေသာ္ ျပင္သစ္သေဘၤာ ႏွစ္စီးကိုပါ ရသည္။ သေဘၤာမွ အရာရွိမ်ားကို ကြပ္မ်က္ကာ သေဘၤာသားတို႔အား ျမန္မာတပ္သို႔ ဝင္ေစခဲ့သည္။

အဆိုပါ သေဘၤာသားမ်ား အနက္မွ တဦးျဖစ္ေသာ Pierre de Milard မိလတ္သည္ ျမန္မာတပ္တြင္ အမႈထမ္းခဲ့သည္။ ယိုးဒယား၊ တ႐ုတ္တို႔ႏွင့္ ျဖစ္ပြားသည့္ စစ္ပြဲတို႔တြင္ ျမန္မာဘက္မွ ကူခဲ့သည္။

ထိုျပင္သစ္တပ္စုမွာ ၁၇၅၉-၆၇ အတြင္း ယိုးဒယားတို႔ႏွင့္လည္းေကာင္း၊ ၁၇၆၆-၆၉ အတြင္း မန္ခ်ဴးတို႔ႏွင့္ လည္းေကာင္း စစ္မက္ျဖစ္သြားေသာအခါ အေရးပါေသာအခန္းက႑မွ ပါဝင္ခဲ့သည္။

အေလာင္းမင္းတရား လက္ထက္တြင္ ဗရင္ဂ်ီ ကုလားျဖဴတပ္၌ စစ္ၾကပ္ အျဖစ္ စခန႔္သည္။ ေနာင္ေသာ္ တပ္မႉး၊ စစ္ဗိုလ္ စသျဖင့္ သူေကာင္း ျပဳခံရသည္။

ဆင္ျဖဴရွင္မင္းbလက္ထက္တြင္ ေပတလူ Pierre de Milard မွာ သက္ေတာ္ေစာင့္ ကုလားဗိုလ္ ရာထူးႏွင့္ တပယ္ၿမိဳ႕ကို စားရသည္။ ရာဇသာရဘြဲ႕ ႏွင့္ သီရိရာဇာ သူရေက်ာ္ထင္ဘြဲ႕ကိုလည္း ခ်ီးျမႇင့္ခံရသည္။

စဥ့္ကူးမင္း လက္ထက္တြင္လည္း သက္ေတာ္ေစာင့္ ကုလားဗိုလ္ဘြဲ႕ကို ဆက္လက္ ခ်ီးျမႇင့္ ခံရသည္။ တပယ္ၿမိဳ႕ကို ေရွးကအတိုင္း စားေစသည္။

မူလ သီရိရာဇ သူရေက်ာ္ထင္မွသည္ ေနမ်ိဳးဘြဲ႕ တိုးရာ ေနမ်ိဳး သီရိရာဇ သူရေက်ာ္ထင္ ဘြဲ႕ကို ခ်ီးျမႇင့္ျပန္သည္။

သူတို႔သည္ အသက္အ႐ြယ္ ႀကီးရင့္လာေသာအခါ ျပင္သစ္စစ္သားမ်ားသည္ ဘုန္းေတာ္ႀကီး၏ ဝိညာဥ္ေရး အေထာက္အပံ့ျဖင့္ ေ႐ႊဘို႐ြာမ်ားအား အၿငိမ္းစား ယူႏိုင္ခဲ့သည္။

ယေန႔အခ်ိန္အထိ အခ်ိဳ႕ေသာ ကက္သလစ္ ေက်း႐ြာမ်ားသည္ ဥေရာပ မ်ိဳး႐ိုးအခ်ိဳ႕၏ အသိအျမင္တစ္ခု က်န္ရွိေနေသးသည့္ ဧရိယာတြင္ ရွိေနဆဲ ျဖစ္သည္။

ကုန္းေဘာင္ေခတ္ မင္းတုန္းမင္းလက္ထက္တြင္ ကေနာင္မင္းသားႀကီး၏ အစီအစဥ္ျဖင့္ႏိုင္ငံျခားသို႔ ပညာေတာ္သင္ လူငယ္မ်ား ေစလႊတ္ကာ ျပန္လည္ ေရာက္ရွိလာေသာအခါ စက္႐ုံမ်ားတည္ေဆာက္ ထုတ္လုပ္ခဲ့သည္ မ်ားကို ေတြ႕ရသည္။

ထိုထဲတြင္ လက္နက္စက္႐ုံမ်ားလည္း ပါဝင္သည္။ မင္းတုန္းမင္းလက္ထက္ လက္နက္စက္႐ုံမ်ားမွ ျမန္မာလုပ္ ေသနတ္မ်ား၊ အေျမာက္မ်ားအျပင္၊ ကေနာင္မင္းသားႀကီး၏ ႀကီးၾကပ္စီမံမႈျဖင့္ ေရျမႇဳပ္ဗုံးကိုပါ စမ္းသပ္ေအာင္ျမင္ခဲ့သည္။

ျမန္မာ့သမိုင္းတြင္ အေျမာက္၊ စိန္ေျပာင္းတို႔ကို လူတိုင္း ၾကားဖူးၾကေသာ္လည္း ျမတပူကို ၾကားဖူးသူနည္းပါးသည္။

ျမတပူမွာ ျမန္မာ့ အေျမာက္တစ္မ်ိဳးပင္ ျဖစ္သည္။ ျမတပူႏွင့္ ပက္သတ္၍ အင္းဝႏွင့္ ဟံသာဝတီစစ္ပြဲမ်ားတြင္ စတင္ သုံးစြဲခဲ့သည္ကို ရာဇာဓိရာဇ္ အေရးေတာ္ပုံက်မ္းတြင္ ေတြ႕ရသည္။

ျမတပူသည္ အေျမာက္၊ စိန္ေျပာင္းတို႔ႏွင့္ မတူဘဲ ေျပာင္းပုံစံမွာ အေခါင္းေပါက္ ျဖစ္သည္။ ေျပာင္းထဲသို႔ မီးရႉးကဲ့သို႔ အတိုင္ကို ထည့္ကာ မီးစာကို မီးရႈိ႕ ပစ္ခတ္ရသည္။

ပစ္မွတ္ မထိေရာက္ေသာ္လည္း ရန္သူ႔ခံတပ္ကို တိုက္ခိုက္ရာတြင္ ပစ္ကူအေနျဖင့္ လည္းေကာင္း၊ ၂ ဘက္ရင္ဆိုင္ တိုက္ခိုက္ရာတြင္ လည္းေကာင္း ပစ္ခတ္ႏိုင္သည္။

ဘုရင့္ေနာင္လက္ထက္ ယိုးဒယား – ျမန္မာ စစ္ပြဲတြင္လည္း ျမန္မာတို႔ဘက္မွ ျမတပူမ်ားကို အသုံးျပဳခဲ့ေၾကာင္း ေတြ႕ရွိရသည္။

Credit to original author