ဗဟုသုတ

ႏုပ်ိဳမႈကို ခံစားရေစမယ့္ အိုမင္းမႈကိုေလၽွာ့ခ်ေပးေသာ ေလ့က်င့္ခန္း (၅) မ်ိဳး

ကာယပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရး တိုးတတ္ေကာင္းမြန္ေစဖို႔သာမကပဲ တတ္ႂကြတဲ့ လူေနမႈပုံစံရရွိဖို႔ အရမ္းလူႀကိဳက္မ်ားေနတဲ့ တ႐ုတ္နည္းပညာ Qigong ေလ့က်င့္ခန္းေတြကို မၽွေဝေပးလိုက္ပါတယ္။

၁။ အသက္ရႈေလ့က်င့္ခန္း

နည္းစနစ္ျဖင့္ အသက္ရႈျခင္းက သင့္ဘဝတစ္ေလၽွာက္လုံး အသက္ရွည္ရွည္နဲ႔ က်န္းမာေပ်ာ္ရြင္မႈကို ရရွိေစနိုင္ပါတယ္။

သင့္ႏွာေခါင္းမွတဆင့္ ျဖည္းျဖည္းခ်င္း အသက္ရႈပါ။ ၁-၂စကၠန္႔ေလာက္ ထိန္းထားပါ။

အဆုတ္ေတြထဲကို စြမ္းအင္အျပည့္အဝျဖည့္ဖို႔ ေနာက္ထပ္ နည္းနည္းရႈရွိုက္ပါ။

၁-၂စကၠန္႔ေလာက္ ထိန္းထားၿပီး သင့္ပါးစပ္မွတဆင့္ ရႈထုတ္ေပးပါ။ ေျဖးေျဖးႏွင့္ ၾကာၾကာရႈထုတ္ပါ။

ဒီအသက္ရႈနည္းစနစ္က ခႏၶာကိုယ္တစ္ခုလုံးကို မၽွတေစၿပီး အိုမင္းမႈျဖစ္စဥ္ကို သိသိသာသာ ေႏွးေကြးေစပါတယ္။

၂။ ေသြးပူေလ့က်င့္ခန္း

ေသြးပူေလ့က်င့္ခန္းက အရမ္းအေရးႀကီးပါတယ္။ ဒါက ျပင္ဆင္မႈေျခလွမ္းတစ္ခုျဖစ္ၿပီး ဘယ္ေတာ့မွ ေက်ာ္မသြားသင့္ပါဘူး။

သင့္ခႏၶာကိုယ္ကို လုံးဝေျဖေလၽွာ့ပါ။

သင့္ဒူးကို အနည္းငယ္ေကြးၿပီး ေျခေထာက္ႏွစ္ဘက္လုံးေပၚမွာ အေလးခ်ိန္ညီေအာင္ ရပ္ပါ။

သင့္လက္ေမာင္းေတြကို ေရွ႕ /ေနာက္လႊဲေပးပါ။

၃။ ေက်ာက္ကပ္ႏွင့္ ေနာက္ေက်ာကို အားေကာင္းေစတဲ့ ေလ့က်င့္ခန္း

ဒီေလ့က်င့္ခန္းက သင့္ေက်ာကုန္းကို သန္မာေစၿပီး ေက်ာက္ကပ္လုပ္ငန္းေဆာင္တာကို လႈံ႔ေဆာ္ေပးပါတယ္။

ေျခေထာက္ႏွစ္ဖက္ကို ပခုံးအက်ယ္အတိုင္း ေျဖာင့္ေျဖာင့္ရပ္ပါ။

သင့္ဒူးေတြကို မေကြးဘဲ ခႏၶာကိုယ္ကို အေရွ႕သို႔ ျဖည္းျဖည္းခ်င္း ကိုင္းခ်ပါ။

သင့္လက္ဖ်ားေလးေတြ ၾကမ္းျပင္နဲ႔ ထိေအာင္ ႀကိဳးစားပါ။ မွန္မွန္ကန္ကန္လုပ္မယ္ဆိုရင္ သင့္ခါးႂကြက္သားေတြ ဆန္႔သြားတဲ့ခံစားမႈကို ခံစားရပါမယ္။

ဒီအေနအထားအတိုင္း ၁၀ မိနစ္ေလာက္ေနၿပီး မူလအေနအထားသို႔ ျဖည္းညင္းစြာ ျပန္သြားပါ။

၆ႀကိမ္ျပန္လုပ္ပါ။

၄။ ေက်ာကိုေျဖာင့္မတ္ေစတဲ့ ေလ့က်င့္ခန္း

ဒီေလ့က်င့္ခန္းက သင့္ကိုယ္ဟန္အေနအထားကို မွန္ကန္ေစၿပီး အျမင္အာ႐ုံကို ၾကည္လင္ေစပါတယ္၊ ေက်ာကုန္းကို မတ္ၿပီး အားေကာင္းေစသလို ေသြးထဲမွာ ေအာက္ဆီဂ်င္လည္ပတ္မႈကို တိုးေစပါတယ္။

ေျဖာင့္မတ္စြာ မတ္တပ္ရပ္ၿပီး သင့္ေခါင္းကို ေနာက္သို႔ ေျဖးညင္းစြာ ေရြ႕လ်ားပါ။

ဒီအေနအထားအတိုင္း ၁၅စကၠန္႔ေနၿပီး အသက္ျပင္းျပင္းရႈပါ။

သင့္ေခါင္းကို မူလအေနအထားသို႔ ျဖည္းညင္းစြာ ျပန္သြားပါ။

၆ႀကိမ္ျပန္လုပ္ၿပီး ဒီေလ့က်င့္ခန္းကို တစ္ေန႔အႀကိမ္အနည္းငယ္လုပ္ပါ။

၅။ ေက်ာ့ဆန္႔ေလ့က်င့္ခန္း

ဒီေလ့က်င့္ခန္းကို “2 hands pushing the sky”လို႔ေခၚၿပီး အဆုတ္စြမ္းရည္ကို တိုးပြားေစပါတယ္။ သင့္ခႏၶာကိုယ္ကို စြမ္းအင္ေတြ ေပးစြမ္းၿပီး အသည္း၊ ေက်ာက္ကပ္၊ အစာအိမ္ႏွင့္ အူရဲ့လုပ္ငန္းေဆာင္တာမ်ားကို ပိုမိုေကာင္းမြန္ေစပါတယ္။

ခႏၶာကိုယ္ကို မတ္မတ္ရပ္ၿပီး သင့္ေရွ႕မွာ လက္ႏွစ္ဖက္ကို ယွက္ထားပါ။

အသက္ရႈသြင္းၿပီး သင့္လက္ႏွစ္ဘက္ကို ေခါင္းေပၚကိုေက်ာ္ၿပီး ျဖည္းျဖည္းခ်င္း ေျမႇာက္ပါ။

တခ်ိန္တည္းမွာ သင့္ေျခဖ်ားေတြကို ေထာက္ပါ။ အသက္ရႈထုတ္ၿပီး မူလအေနအထားသို႔ သင့္လက္ေတြကို ျဖည္းညင္းစြာ ေလၽွာ့ခ်ပါ။

ဒီေလ့က်င့္ခန္းကို ၆ႀကိမ္ျပန္လုပ္ေပးပါ။

unicode

ကာယပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတတ်ကောင်းမွန်စေဖို့သာမကပဲ တတ်ကြွတဲ့ လူနေမှုပုံစံရရှိဖို့ အရမ်းလူကြိုက်များနေတဲ့ တရုတ်နည်းပညာ Qigong လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ အသက်ရှုလေ့ကျင့်ခန်း

နည်းစနစ်ဖြင့် အသက်ရှုခြင်းက သင့်ဘဝတစ်လျှောက်လုံး အသက်ရှည်ရှည်နဲ့ ကျန်းမာပျော်ရွင်မှုကို ရရှိစေနိုင်ပါတယ်။

သင့်နှာခေါင်းမှတဆင့် ဖြည်းဖြည်းချင်း အသက်ရှုပါ။ ၁-၂စက္ကန့်လောက် ထိန်းထားပါ။

အဆုတ်တွေထဲကို စွမ်းအင်အပြည့်အဝဖြည့်ဖို့ နောက်ထပ် နည်းနည်းရှုရှိုက်ပါ။

၁-၂စက္ကန့်လောက် ထိန်းထားပြီး သင့်ပါးစပ်မှတဆင့် ရှုထုတ်ပေးပါ။ ဖြေးဖြေးနှင့် ကြာကြာရှုထုတ်ပါ။

ဒီအသက်ရှုနည်းစနစ်က ခန္ဓာကိုယ်တစ်ခုလုံးကို မျှတစေပြီး အိုမင်းမှုဖြစ်စဉ်ကို သိသိသာသာ နှေးကွေးစေပါတယ်။

၂။ သွေးပူလေ့ကျင့်ခန်း

သွေးပူလေ့ကျင့်ခန်းက အရမ်းအရေးကြီးပါတယ်။ ဒါက ပြင်ဆင်မှုခြေလှမ်းတစ်ခုဖြစ်ပြီး ဘယ်တော့မှ ကျော်မသွားသင့်ပါဘူး။

သင့်ခန္ဓာကိုယ်ကို လုံးဝဖြေလျှော့ပါ။

သင့်ဒူးကို အနည်းငယ်ကွေးပြီး ခြေထောက်နှစ်ဘက်လုံးပေါ်မှာ အလေးချိန်ညီအောင် ရပ်ပါ။

သင့်လက်မောင်းတွေကို ရှေ့ /နောက်လွှဲပေးပါ။

၃။ ကျောက်ကပ်နှင့် နောက်ကျောကို အားကောင်းစေတဲ့ လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းက သင့်ကျောကုန်းကို သန်မာစေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာကို လှုံ့ဆော်ပေးပါတယ်။

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်း ဖြောင့်ဖြောင့်ရပ်ပါ။

သင့်ဒူးတွေကို မကွေးဘဲ ခန္ဓာကိုယ်ကို အရှေ့သို့ ဖြည်းဖြည်းချင်း ကိုင်းချပါ။

သင့်လက်ဖျားလေးတွေ ကြမ်းပြင်နဲ့ ထိအောင် ကြိုးစားပါ။ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် သင့်ခါးကြွက်သားတွေ ဆန့်သွားတဲ့ခံစားမှုကို ခံစားရပါမယ်။

ဒီအနေအထားအတိုင်း ၁၀ မိနစ်လောက်နေပြီး မူလအနေအထားသို့ ဖြည်းညင်းစွာ ပြန်သွားပါ။

၆ကြိမ်ပြန်လုပ်ပါ။

၄။ ကျောကိုဖြောင့်မတ်စေတဲ့ လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းက သင့်ကိုယ်ဟန်အနေအထားကို မှန်ကန်စေပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်၊ ကျောကုန်းကို မတ်ပြီး အားကောင်းစေသလို သွေးထဲမှာ အောက်ဆီဂျင်လည်ပတ်မှုကို တိုးစေပါတယ်။

ဖြောင့်မတ်စွာ မတ်တပ်ရပ်ပြီး သင့်ခေါင်းကို နောက်သို့ ဖြေးညင်းစွာ ရွေ့လျားပါ။

ဒီအနေအထားအတိုင်း ၁၅စက္ကန့်နေပြီး အသက်ပြင်းပြင်းရှုပါ။

သင့်ခေါင်းကို မူလအနေအထားသို့ ဖြည်းညင်းစွာ ပြန်သွားပါ။

၆ကြိမ်ပြန်လုပ်ပြီး ဒီလေ့ကျင့်ခန်းကို တစ်နေ့အကြိမ်အနည်းငယ်လုပ်ပါ။

၅။ ကျော့ဆန့်လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းကို “2 hands pushing the sky”လို့ခေါ်ပြီး အဆုတ်စွမ်းရည်ကို တိုးပွားစေပါတယ်။ သင့်ခန္ဓာကိုယ်ကို စွမ်းအင်တွေ ပေးစွမ်းပြီး အသည်း၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူရဲ့လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပါတယ်။

ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး သင့်ရှေ့မှာ လက်နှစ်ဖက်ကို ယှက်ထားပါ။

အသက်ရှုသွင်းပြီး သင့်လက်နှစ်ဘက်ကို ခေါင်းပေါ်ကိုကျော်ပြီး ဖြည်းဖြည်းချင်း မြှောက်ပါ။

တချိန်တည်းမှာ သင့်ခြေဖျားတွေကို ထောက်ပါ။ အသက်ရှုထုတ်ပြီး မူလအနေအထားသို့ သင့်လက်တွေကို ဖြည်းညင်းစွာ လျှော့ချပါ။

ဒီလေ့ကျင့်ခန်းကို ၆ကြိမ်ပြန်လုပ်ပေးပါ။