ဗဟုသုတ

D-Day လို႔ေခၚရတဲ့ အေၾကာင္းအရင္းႏွင့္ ေရွ႕က ” D ” ဆိုတဲ့ စာလုံးရဲ႕ အဓိပၸာယ္

D-Day လို႔ေခၚရတဲ့ အေၾကာင္းအရင္းႏွင့္ ေရွ႕က ” D ” ဆိုတဲ့ စာလုံးရဲ႕ အဓိပၸာယ္

၁၉၄၄ ခုႏွစ္ဇြန္လ ၆ ရက္‌ေန႔ နံနက္တြင္ မဟာမိတ္တပ္ဖြဲ႕မ်ားဟာ ျပင္သစ္ႏိုင္ငံ ေနာ္မန္ဒီကမ္းေျခမ်ား‌ေပၚတြင္ ဂ်ာမန္ေတြကိုအႀကီးအက်ယ္ ေခ်မႈန္းခဲ့ၾကပါတယ္။

အဲ့ဒီက်ဴးေက်ာ္တိုက္ခိုက္မႈႀကီးကို D-Day လို႔လူသိမ်ားၾကေပမယ့္ ေရွ႕က ” D ” ရဲ႕အဓိပၸာယ္ကို မသိၾကတဲ့ သူေတြ ရွိပါတယ္။

လူအမ်ားစုကေတာ့ ” Day ” လို႔သာ သတ္မွတ္ၾကေပမယ့္ တခ်ိဳ႕ကေတာ့ ” Departure ” (သို႔) ” Decision ” (သို႔) ” Doomsday ” စသျဖင့္ အမ်ိဳးမ်ိဳး သတ္မွတ္ၾကပါတယ္။

အေမရိကန္စစ္တပ္ရဲ႕ အဆိုအရေတာ့ “ D-Day” ဟာ သီးျခားစစ္ေျမျပင္စစ္ဆင္ေရးမ်ားအတြက္ စတင္မည့္ရက္ကို ၫႊန္ျပရန္အသုံးျပဳေသာ စစ္တပ္ဒီဇိုင္းတစ္ခုျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး D-Day က “D” ဟာ ဘာကိုမွ မဆိုလိုပါဘူး၊ ျပကၡဒိန္တြင္ ေန႔တစ္ေန႔ကို သတ္မွတ္ရန္သုံးႏႈန္းတဲ့ အသုံးအႏႈန္းသာျဖစ္ပါတယ္။

စစ္တပ္ဟာ လုပ္ေဆာင္မႈစတင္မည့္ D-Day ေန႔အခ်ိန္ကို ရည္ၫႊန္းရန္ H-Hour ဆိုတဲ့ စကားလုံးကိုလည္း သုံးခဲ့ပါေသးတယ္။

ဒီစာတိုေတြဟာ စစ္ဆင္ေရးလုပ္ေဆာင္မယ့္ရက္မ်ားကို ရန္သူလက္ထဲသို႔ မက်ေရာက္ေစရန္ ကာကြယ္ေပးခဲ့ပါတယ္။ အဲ့အျပင္ တိုက္ခိုက္မႈစတင္မည့္ရက္ကို မဆုံးျဖတ္ရေသးတဲ့အခါမွာလည္း အသုံးဝင္ပါေသးတယ္။

စစ္ေရးစီစဥ္သူမ်ားဟာ D-Day (သို႔) H-Hour မတိုင္မီ ဒါမွမဟုတ္ အၿပီးမွာ ျဖစ္ပ်က္မယ့္ မည္သည့္ေန႔ရက္ကိုမဆို သတ္မွတ္ရန္ pluses ( + ) ႏွင့္ minuses ( – ) စနစ္ကိုသုံးပါတယ္။

ဥပမာအားျဖင့္ D+2 သည္ D-Day အၿပီးႏွစ္ရက္၊ H-1 သည္ H-Hour မတိုင္မီတစ္နာရီလို႔ ရည္ၫႊန္းပါတယ္။ ဒီအခ်က္မ်ားေၾကာင့္ သူတို႔ရဲ႕ စစ္ဆင္ေရးစတင္မည့္ရက္ကို မသိခဲ့ရင္ေတာင္ သူတို႔ရဲ႕လုပ္ငန္းမ်ားကို အခ်ိန္မွီထိေရာက္စြာ ျပဳလုပ္ႏိုင္ပါတယ္။

ဒီစာတိုမ်ားကို ပထမကမာၻစစ္မွာလည္း အသုံးျပဳခဲ့ပါေသးတယ္။ စက္တင္ဘာ ၁၉၁၈ ခုႏွစ္က အေမရိကန္ရဲ႕ အမိန႔္စာတစ္ခုအရ ” “ ပထမတပ္မေတာ္သည္ D-Day မွာ H-Hour တြင္ St. Mihiel ကိုေဘးလြတ္ရာသို႔ ကယ္ထုတ္ဖို႔ရည္႐ြယ္ခ်က္နဲ႔ တိုက္ခိုက္မည္ ” ဆိုၿပီး အမိန႔္စာထုတ္ျပန္ခဲ့ပါတယ္။

တျခားႏိုင္ငံမ်ား‌တြင္လည္း ကိုယ္ပိုင္စာတို ရွိၾကပါတယ္။ အဲ့တာကေတာ့ ပထမကမာၻစစ္တြင္ ျပင္သစ္တို႔သည္ ကုတ္နံပါတ္ရက္စြဲ “ le Jour J” ကိုသုံးခဲ့သလို ၿဗိတိသွ်တို႔ဟာလည္း သူတို႔ရဲ႕ စစ္ဆင္ေရးစတင္ခ်ိန္ကို Z-Day ႏွင့္ Zero Hour ဟုေခၚေဝၚခဲ့ၾကပါတယ္။

D-Day လို့ခေါ်ရတဲ့ အကြောင်းအရင်းနှင့် ရှေ့က ” D ” ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပာယ်

၁၉၄၄ ခုနှစ်ဇွန်လ ၆ ရက်‌နေ့ နံနက်တွင် မဟာမိတ်တပ်ဖွဲ့များဟာ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေများ‌ပေါ်တွင် ဂျာမန်တွေကိုအကြီးအကျယ် ချေမှုန်းခဲ့ကြပါတယ်။ အဲ့ဒီကျူးကျော်တိုက်ခိုက်မှုကြီးကို D-Day လို့လူသိများကြပေမယ့် ရှေ့က ” D ” ရဲ့အဓိပ္ပာယ်ကို မသိကြတဲ့ သူတွေ ရှိပါတယ်။

လူအများစုကတော့ ” Day ” လို့သာ သတ်မှတ်ကြပေမယ့် တချို့ကတော့ ” Departure ” (သို့) ” Decision ” (သို့) ” Doomsday ” စသဖြင့် အမျိုးမျိုး သတ်မှတ်ကြပါတယ်။အမေရိကန်စစ်တပ်ရဲ့ အဆိုအရတော့ “ D-Day” ဟာ သီးခြားစစ်မြေပြင်စစ်ဆင်ရေးများအတွက် စတင်မည့်ရက်ကို ညွှန်ပြရန်အသုံးပြုသော စစ်တပ်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး D-Day က “D” ဟာ ဘာကိုမှ မဆိုလိုပါဘူး၊ ပြက္ခဒိန်တွင် နေ့တစ်နေ့ကို သတ်မှတ်ရန်သုံးနှုန်းတဲ့ အသုံးအနှုန်းသာဖြစ်ပါတယ်။

စစ်တပ်ဟာ လုပ်ဆောင်မှုစတင်မည့် D-Day နေ့အချိန်ကို ရည်ညွှန်းရန် H-Hour ဆိုတဲ့ စကားလုံးကိုလည်း သုံးခဲ့ပါသေးတယ်။

ဒီစာတိုတွေဟာ စစ်ဆင်ရေးလုပ်ဆောင်မယ့်ရက်များကို ရန်သူလက်ထဲသို့ မကျရောက်စေရန် ကာကွယ်ပေးခဲ့ပါတယ်။

အဲ့အပြင် တိုက်ခိုက်မှုစတင်မည့်ရက်ကို မဆုံးဖြတ်ရသေးတဲ့အခါမှာလည်း အသုံးဝင်ပါသေးတယ်။ စစ်ရေးစီစဉ်သူများဟာ D-Day (သို့) H-Hour မတိုင်မီ ဒါမှမဟုတ် အပြီးမှာ ဖြစ်ပျက်မယ့် မည်သည့်နေ့ရက်ကိုမဆို သတ်မှတ်ရန် pluses ( + ) နှင့် minuses ( – ) စနစ်ကိုသုံးပါတယ်။

ဥပမာအားဖြင့် D+2 သည် D-Day အပြီးနှစ်ရက်၊ H-1 သည် H-Hour မတိုင်မီတစ်နာရီလို့ ရည်ညွှန်းပါတယ်။ ဒီအချက်များကြောင့် သူတို့ရဲ့ စစ်ဆင်ရေးစတင်မည့်ရက်ကို မသိခဲ့ရင်တောင် သူတို့ရဲ့လုပ်ငန်းများကို အချိန်မှီထိရောက်စွာ ပြုလုပ်နိုင်ပါတယ်။

ဒီစာတိုများကို ပထမကမ္ဘာစစ်မှာလည်း အသုံးပြုခဲ့ပါသေးတယ်။ စက်တင်ဘာ ၁၉၁၈ ခုနှစ်က အမေရိကန်ရဲ့ အမိန့်စာတစ်ခုအရ ” “ ပထမတပ်မတော်သည် D-Day မှာ H-Hour တွင် St. Mihiel ကိုဘေးလွတ်ရာသို့ ကယ်ထုတ်ဖို့ရည်ရွယ်ချက်နဲ့ တိုက်ခိုက်မည် ” ဆိုပြီး အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။

တခြားနိုင်ငံများ‌တွင်လည်း ကိုယ်ပိုင်စာတို ရှိကြပါတယ်။ အဲ့တာကတော့ ပထမကမ္ဘာစစ်တွင် ပြင်သစ်တို့သည် ကုတ်နံပါတ်ရက်စွဲ “ le Jour J” ကိုသုံးခဲ့သလို ဗြိတိသျှတို့ဟာလည်း သူတို့ရဲ့ စစ်ဆင်ရေးစတင်ချိန်ကို Z-Day နှင့် Zero Hour ဟုခေါ်ဝေါ်ခဲ့ကြပါတယ်။

credit original writer