ေဗဒင္

၂၀၂၀ ခုႏွစ္အတြက္ ေန႔သားအလိုက္ (၁)ႏွစ္စာေဟာစာတမ္းႀကီး…

၂၀၂၀ ခုႏွစ္အတြက္ ေန႔သားအလိုက္ (၁)ႏွစ္စာေဟာစာတမ္းႀကီး

တနဂၤေႏြသားသမီးမ်ား

စီးပြား အရွိန္အဟုန္ျဖင့္ တိုးခ်ဲ႕သင့္။ လုပ္ငန္းစီးပြား လက္ရွိအေျခအေနထက္ မ်ားစြားျမင့္တက္လတၱံ့။ ကံေကာင္းအံ့ ။ လုပ္ငန္းသစ္မ်ား စတင္သင့္။ မင္းစိုးရာဇာ ကူညီ မစျခင္း ၊ မင္းစိုးရာဇာမ်ားႏွင့္ ပက္သက္ ရျခင္း ၊ အလုပ္တိုင္း ေနရာတိုင္းမွာ ရန္အတိုက္အခံ အၿပိဳင္အဆိုင္ မ်ားေပါမ်ားၿပီး

၎တို႔ အေပၚ ကံအသာစီး အႏိုင္ရရွိျခင္း၊ ဘုန္းတန္ခိုးႀကီးျခင္း၊ ၾသဇာအာဏာ ထက္ျမက္ျခင္း၊ အႀကံအစည္ ရည္႐ြယ္ခ်က္မ်ား ေအာင္ျမင္ျခင္း ၊ သူမ်ား ျပႆနာၾကားဝင္ ပါရတတ္ျခင္း ၊

မိတ္ေဆြရင္း လူရင္းမ်ား သစၥာေဖာက္ျခင္း ၊ စပ္တူရွယ္ယာ လုပ္ငန္းမ်ား စိတ္အေႏွာက္ယွက္ျဖစ္ရျခင္း ၊ အေႁခြအရံ ေပါမ်ားျခင္း ၊ မိမိကို ၾကည္ညိဳေလးစား ခ်စ္ခင္သူမ်ားေပါမ်ားျခင္း၊အပ်ိဳ၊လူပ်ိဳမ်ား လူလိမ္ခံ ရတတ္ျခင္း ၊ အဖိုးတန္ ပစၥည္းမ်ား လက္ေဆာင္ရျခင္း တို႔ ႀကဳံရလတၱံ့။

ေငြေရးေၾကးေရး – လြဲေခ်ာ္ၿပီးမွ ေအာင္ျမင္အံ့ ။ ရမလိုလိုျဖစ္ေနတဲ့ေငြေၾကးမ်ား ၾကန႔္ၾကာေနၿပီး ၊ မရဘူးဟု ထင္ရေသာ ေငြေၾကးမ်ား ျပန္လည္ ရရွိအံ့ ။ ေကာင္းမလိုလို ႏွင့္ညံ့ၿပီး ညံ့မလိုလိုႏွင့္ ေကာင္းအံ့။ ဝင္သေလာက္ ျပန္ထြက္ေနအံ့ ။ မထင္မွတ္တာေတြ ျဖစ္လာအံ့ ။ အလႉအတန္းမ်ား လုပ္ရအံ့ ။

အခ်စ္ေရး – ခ်စ္သူ၏ မာယာ ပရိယာယ္ ၾကားမွာ နစ္ေမ်ာ သြားတတ္။ သတိျပဳသင့္။ ေကာင္းမလိုလိုနဲ႔ ညံ့သြားတတ္။ ညံ့မလိုလိုနဲ႔ ေကာင္းသြားတတ္။ အေသးအဖြဲေလးကအစ ညႇိဳႏႈိင္းရ ခက္ေန တတ္။

အခ်စ္ေရး ကံေကာင္းသည္ဟု ယူဆ ႏိုင္ေသာ္လည္း မိန္းမလည္ ေယာက်ၤားရႈပ္ မ်ားႏွင့္ေတြ႕ရ တတ္ျခင္းကို သတိျပဳအံ့။ ခ်စ္သူ၏ ဖုံးကြယ္ဟန္ေဆာင္ လိမ္ညာျခင္းကို ခံရတတ္။

အိမ္ေထာင္ေရး – အျမင္ေတြအယူအဆေတြ မၾကာခဏကြဲလြဲအံ့။ ပြင့္လင္းျမင္သာမႈအားနည္းၿပီး ဖုံးကြယ္ဟန္ေဆာင္မႈေတြ မ်ားေနအံ့။ ညီအစ္ကိုေမာင္ႏွမကဲ့သို႔ခင္မင္ရသူမ်ား ၊ ေဆြမ်ိဳးသားခ်င္းမ်ားေၾကာင့္ လင္နဲ႔မယား အဆငမေျပျဖစ္တတ္။

ပညာေရး – မိမိရည္မွန္း ထားသည္ထက္ ပိုမိုေအာင္ျမင္ လတၱံ့။ ဆရာေကာင္း သမားေကာင္းေတြ႕ ရအံ့။ ပညာေရးႏွင့္ ပက္သက္ၿပီး အကူအညီေကာင္း အဆက္အသြယ္ ေကာင္း အပံ့ပိုးေကာင္းမ်ား ေပၚလာ လတၱံ့။ ပညာေရးႏွင့္ ပက္သက္ၿပီး မင္းစိုးရာဇာ အႀကီးအကဲ ၊ ဘာသာေရး ကိုင္းရႈိင္းသူ ကူညီ မစလတၱံ့။

က်န္းမာေရး – ဝမ္းဗိုက္ ၊အဖုအပိန႔္ ၊ မ်က္လုံး ႏွင့္ ပက္သက္ေသာ ေရာဂါ ေဝဒနာမ်ား သတိထားသင့္။ (တပ္အပ္ျဖစ္ မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

ယၾတာ။ ။ မည္သည့္ေန႔တြင္ မဆို မနက္ (၆)နာရီ(၅)မိနစ္ တိတိတြင္ ပန္းအဝါ (၅)ပြင့္ ေပါင္မုန႔္(၅)ခ်ပ္ ၊ သစ္သီး(၆)လုံး ၊ ကိတ္မုန႔္(၂)ခ်ပ္ ၊ ၊ ေသာက္ေတာ္ေရ (၅)ခြက္ ၊ ဖေယာင္းတိုင္ (၅) တိုင္ ၊

ကို မိမိေနအိမ္ ဘုရားတြင္ မၾကာခဏ လႉဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾက ေပ်ာက္ၿပီး အႀကံအစည္မ်ား ေအာင္ျမင္ လတၱံ့။

မိမိ အလို ရွိရာမ်ား ျဖစ္ခ်င္တာ မ်ားကို အတိအက် အသံထြတ္ၿပီး ဆုေတာင္းပါ ။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

တနလၤာသားသမီးမ်ား

လုပ္သမွ် ႀကံသမွ် ေအာင္ျမင္ ထေျမာက္လတၱံ့။ အႀကံအစည္ ရည္႐ြယ္ခ်က္ မ်ားကို ျမျန္မန္ဆန္ဆန္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ သင့္အံ့။ စီးပြား လုပ္ငန္းမ်ားကို အင္ႏွင့္အားႏွင့္ တိုးခ်ဲ႕သင့္ အံ့။

အခက္အခဲ အၾကပ္အတည္း မ်ားကို ျဖတ္ေက်ာ္ ႏိုင္စြမ္းရွိအံ့။ ျပႆနာမ်ားကို ေျဖရွင္းႏိုင္အံ့။ အမ်ိဳးသမီး တစ္ေယာက္၏ အကူအညီ ႀကီးႀကီးမားမား ရအံ့။ အလုပ္အေျပာင္းအလဲ ေနရာအေျပာင္းအလဲမ်ားႀကဳံရအံ့။

၎အေျပာင္းအလဲ မ်ားသည္ ေကာင္းေသာ အေျပာင္းအလဲမ်ား ျဖစ္လတၱံ့။ သက္ရွိသက္မဲ့ အားလုံးႏွင့္ ကံတရား၏ မ်က္ႏွာသာ ေပးျခင္းကို ခံရျခင္း ၊ စိတ္ခ်မ္းသာလို႔ ကိုယ္က်န္းမာျခင္း ၊

ကိုယ္ပိုင္ဟန္ ကိုယ္ပိုင္ဉာဏ္မ်ားျဖင့္ ေအာင္ျမင္ျခင္း ၊ မိတ္ေဆြရင္း လူရင္းမ်ားက သစၥာေဖာက္ျခင္း ၊ ေအာက္လက္ငယ္သား ဆန႔္က်င္ေတာ္လွန္ျခင္း ၊ ေဆြမ်ိဳးသားခ်င္းတို႔၏ ကူညီမစ ခံရျခင္း ၊

လူအမ်ား ပရိတ္သတ္ႏွင့္ လုပ္ေဆာင္ရေသာအလုပ္မ်ားတြင္ ႀကီးႀကီးက်ယ္က်ယ္ေအာင္ျမင္ျခင္း ၊ စုတ္ေရာ လာဘ္ေရာပြင့္ေနျခင္း ၊ ျပည္တြင္းျပည္ပခရီးကိစၥမ်ားေအာင္ျမင္ျခင္း ၊ နာမည္ဂုဏ္သတင္း ထင္ေပၚေက်ာေဇာျခင္း ၊ အေကာင္းေျပာခ်ီးမြမ္းခံရျခင္း ၊ တို႔ မုခ်ႀကဳံေတြ႕ရလတၱံ့။ ကံဇာတာပြင့္လန္းတိုးတက္အံ့။

ေငြေရးေၾကးေရး – မိမိရည္မွန္းထား သေလာက္ ေအာင္ျမင္အံ့ ။ စိတ္ပူၿပီးမွ ေအာင္ျမင္အံ့ ။ ဝင္သမွ်ေငြမ်ားလည္း စုမိေဆာင္းမိ ျဖစ္ၿပီး အဖတ္တင္ အံ့ ။

မိမိကိုယ္တိုင္ ကလည္း အသုံးအျဖဳန္း ဂ႐ုစိုက္သင့္။ ေဆြမ်ား မိတ္ေဆြမ်ားကိုလည္း ေငြေၾကးကိစၥမ်ား ကူညီပံ့ပိုးႏိုင္အံ့ ။ အလႉအတန္း ပရဟိတ မ်ားလည္း လုပ္ရအံ့ ။

အခ်စ္ေရး – အခ်စ္စစ္ အခ်စ္မွန္ ဖူးစာမွန္မ်ားႏွင့္ ဆုံေတြ႕ ရလတၱံ့။ မိမိကို တန္ဖိုးထား ဂ႐ုစိုက္ေသာ ခ်စ္သူႏွင့္ ဆုံေတြ႕ ရအံ့။ အလြန္ လိုက္ဖက္ေသာ စုံတြဲဟု ပတ္ဝန္းက်င္၏ အထင္ႀကီး အားက်ျခင္းကို ခံရလတၱံ့။

အခ်စ္ေရးႏွင့္ ပက္သက္သည့္ အႀကံအစည္ ရည္႐ြယ္မ်ား ေအာင္ျမင္လတၱံ့။ အပ်ိဳလူပ်ိဳမ်ား မ်က္ႏွာပြင့္လန္းၿပီး စိတ္ဝင္စား သူမ်ား ဝိုင္းဝိုင္းလည္ေနအံ့။

အိမ္ေထာင္ေရး – အိမ္ေထာင္ဖက္၏ အက်ိဳးျပဳျခင္းကို ရရွိအံ့။ စိတ္တူကိုယ္တူျဖင့္ ၾကည္ျဖဴေနအံ့။ ပတ္ဝန္းက်င္၏ ေသြးထိုးမႈကိုေတာ့ သတိထားပါ။

အိမ္ေထာင္ေရး ကံေကာင္းေန ေသာ္လည္း ကိုယ္က်င့္တရားကို အထူး ဂ႐ုစိုက္ထိန္းသိမ္းသင့္။ မိမိအိမ္ေထာင္ဖက္ အေပၚ သစၥာရွိပါ။ မိမိအိမ္ေထာင္ဖက္ကို တန္ဖိုးထားပါ။

ပညာေရး – မိမိရည္မွန္း ထားသည္ထက္ ပိုမိုေအာင္ျမင္ လတၱံ့။ နည္းနည္းႀကိဳးစားယုံမွ်ျဖင့္ မ်ားမ်ားေအာင္ျမင္ လတၱံ့။ ဆရာေကာင္း သမားေကာင္းေတြ႕အံ့။ ပညာေရးႏွင့္ပက္သက္ၿပီး အကူအညီေကာင္း အဆက္အသြယ္ ေကာင္းမ်ားေပၚလာလတၱံ့။

က်န္းမာေရး – ဝမ္းဗိုက္ ၊ ေလ ၊ လည္ပင္း ၊ ရင္ေဂါင္း ၊ လက္ ၊ ေရခ်ိဳးမွားျခင္း ႏွင့္ ပက္သက္ေသာေရာဂါ ေဝဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

ယၾတာ။ ။ မည္သည့္ေန႔တြင္ မဆို မနက္(၆)နာရီ(၇)မိနစ္ တိတိတြင္ ႏွင္းဆီ(၇)ပြင့္ ၊ သစ္သီး (၆) လုံး ၊ ဆြမ္းပူပူ (၃)ပြဲ ဆီ အစိမ္းဆမ္းပါ ၊ ေသာက္ေတာ္ေရ (၃)ခြက္ ၊ ဖေယာင္းတိုင္ (၇) တိုင္ ကို မိမိေနအိမ္ ဘုရားတြင္

မၾကာခဏ လႉဒါန္း ဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္ မ်ားေအာင္ျမင္ လတၱံ့။ မိမိ အလိုရွိ ရာမ်ား ျဖစ္ခ်င္တာမ်ားကို အတိအက် အသံထြတ္ ၿပီးဆုေတာင္းပါ ။ (အေၾကာင္း ရွိတိုင္း မၾကာခဏ ျပဳလုပ္ႏိုင္သည္)

အဂၤါသားသမီးမ်ား

ကံတရား၏ မ်က္ႏွာ သာေပးျခင္း ၊ အကူအညီ အပံ့အပိုးေပးျခင္းကို မခံရပဲ ၊ မိမိ၏ ကိုယ္ပိုင္ဉာဏ္ ကိုယ္ပိုင္ဟန္ ကိုယ္ပိုင္ အစြမ္းအစ မ်ားျဖင့္ ႀကီးပြားတိုးတက္ ေအာင္ျမင္ခ်မ္းသာမည့္ ႏွစ္ျဖစ္အံ့။

ဘဝတစ္ခုလုံး အတြက္ ႀကီးမားေသာ အေျပာင္းအလဲမ်ာ းႀကဳံေတြ႕ရလတၱံ့။ အမွန္ဘက္ကေန စကားေျပာျငင္းခုန္ရျခင္း၊ ေဆး႐ုံေဆးခန္း၊အမႈအခ်ဳပ္၊ေထာင္ဂတ္မ်ားႏွင့္ပက္သက္ရျခင္း၊အနားဝန္းက်င္တြင္ မီးလန႔္ေရွာ့ ျဖစ္ႀကဳံ ရတတ္ျခင္း ၊

သူမ်ားျပႆနာၾကားဝင္ ေခါင္းခံေျဖရွင္းေပး ရျခင္းတို႔ ႀကဳံရ လတၱံ့။ အလုပ္ေနရာ၊အိမ္ေနရာအေျပာင္းအလဲမ်ားႀကဳံရ လတၱံ့။ မိမိ၏ ဘဝ ခံယူခ်က္မ်ား ၊ အေတြးအေခၚအယူအဆမ်ား ၊ ကိုယ္က်င့္တရားမ်ား ၊ လုပ္နည္း လုပ္ဟန္မ်ားလည္း ေျပာင္းလဲအံ့။

စိတ္တိုလြယ္ ေဒါသထြက္လြယ္ ၊ စိတ္လိုက္မာန္ပါ ေျပာဆိုလုပ္ကိုင္တာေတြေရွာင္ပါ။ စိတ္ခံစားမႈကို အလိုမလိုက္ပဲ ဦးေႏွာက္ဉာဏ္ မ်ားမ်ား သုံးသင့္။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးပါ။

မထင္မွတ္ တာေတြျဖစ္ လာတတ္။ လူအား ၊ ဉာဏ္အား ၊ ဝီရိယအား စိုက္ထုတ္ၿပီး မ်ားမ်ား ႀကိဳးစားသင့္။ အလုပ္သစ္ လုပ္ရအံ့။ ေနရာထိုင္ခင္းျပဳျပင္ ရတတ္။ အသစ္ ရတတ္။အိုးပိုင္ အိမ္ပိုင္ မရွိေသးသူမ်ား အိုးပိုင္အိမ္ပိုင္ ရတတ္။ လူႀကီး အလုပ္ ေနရာထိုင္ခင္ အိမ္တြင္းေရးအတြက္ အနည္းငယ္ စိတ္ ပူ ရအံ့။

စိတ္ပူစရာ စိတ္အေႏွာက္အယွက္ျဖစ္ စရာမ်ား ၊ အတိုက္အခံ အခက္အခဲမ်ား ၊ မနာလို ရန္လုပ္သူမ်ားၾကားမွ မိမိ၏ အႀကံအစည္ ရည္႐ြယ္ ခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္မည့္ႏွစ္ျဖစ္ အံ့။ အခက္အခဲ စိန္ေခၚမႈမ်ားကို တည္ၿငိမ္စြာျဖင့္ ေက်ာ္ျဖတ္ အႏိုင္ယူသင့္။

ေငြေရးေၾကးေရး – အႀကီးအကဲကူညီမစျခင္းေၾကာင့္ေသာ္၎ ၊ စပ္တူရွယ္ယာလုပ္ငန္းမ်ားေၾကာင့္ေသာ္၎ ေငြေၾကးမ်ား ရရွိလတၱံ့။ ေငြအဝင္ နည္းၿပီး ဝင္သေလာက္ျပန္ထြက္ေနအံ့။

ေငြ မၿမဲအံ့။ ေငြေၾကး ကိစၥမ်ား စိတ္ပူ ထစ္ေငါ့ၿပီးမွ ေအာင္ျမင္အံ့။ ေငြရင္းႏွီးရေသာအလုပ္မ်ား သတိထားၿပီး လုပ္ပါ ။ အခ်စ္ေရး – ယခင္ကထက္ တအားလည္းေကာင္း လာႏိုင္သလို တအားလည္း ဆိုးသြားတတ္။ သတိ ထားသင့္။

အပ်ိဳလူပ်ိဳမ်ား အခ်စ္ေရးတြင္ မၾကာခဏ ဆိုသလို စကားေျပာျငင္း ခုန္ေျဖရွင္းရျခင္း ၊ ပူပ န္ေသာကေရာက္ ရျခင္း တို႔ႀကဳံ ရအံ့။ စိတ္ပူစရာမ်ား သဝန္တိုစရာ မ်ားလည္း ေရာေထြးေနအံ့။ ႀကီးမားေသာ အေျပာင္းအလဲမ်ာ းျဖစ္အံ့။

အိမ္ေထာင္ေရး – ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ ျဖစ္ေနလတၱံ့။ မၾကာခဏ အိပ္ယာခြဲအိပ္ေပးပါ။- မၾကာခဏ ဆိုသလို အေသးအဖြဲ ကိစၥေလးမွအစ ကေတာက္ကဆ ျဖစ္ရျခင္း တို႔ ႀကဳံေတြ႕ရလတၱံ့။ ေဘးပေယာဂမ်ား ဝင္လာတတ္။ ၾကားလူေႏွာက္ယွက္တတ္။ သတိထားသင့္။ ဆိုးဆိုးဝါးဝါး မရွိပါ။

ပညာေရး – မိမိရည္မွန္း ထားသေလာက္သာ ေအာင္ျမင္ ႏိုင္လတၱံ့။ ကံတရား၏ အကူအညီေပးျခင္း ၊ ေႏွာက္ယွက္ျခင္းကို မခံရပဲ မိမိရည္မွန္း ထားသေလာက္ ေအာင္ျမင္လတၱံ့။ စိတ္ပူစရာ အခ်ိဳ႕ရွိေသာ္လည္း ပညာေရး ရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေအာင္ လတၱံ့။

က်န္းမာေရး – ဆီး ၊ ေသြး ၊ အစာမွား ၊ ေဆးမွား ႏွင့္ ပက္သက္ေသာေရာဂါ ေဝဒနာမ်ား သတိထားသင့္။ (တပ္အပ္ျဖစ္ မည္ဟု မဆိုလိုပါ ။ သတိထား ရန္ျဖစ္သည္)

အထူးလိုက္နာရန္ … ေကာင္းေသာ အေျပာင္းအလဲ မ်ားျဖစ္ရန္ ဘာသာေရး ပိုလုပ္သင့္၊ေမတၱာစိတ္ေမြးသင့္၊ မၾကာခဏ အိပ္ယာေျပာင္း အိပ္သင့္။ ခရီးခဏခဏ ထြက္သင့္။

အခက္အခဲ ႀကီးႀကီးမားမားမ်ား ႀကဳံေတြ႕ရပါလွ်င္ …. တနလၤာေန႔ည ဝတ္အိပ္ထားေသာ အဝတ္ေဟာင္း တစ္စုံကို ေနာက္ေန႔မနက္ေစာ လမ္းတြင္ သြားစြန႔္ပါ။ (ငါ့မွာ ရွိေနတဲ့ မေကာင္းတဲ့ အခိုက္အညံ့ေတြ အားလုံး ပါသြားပါေစ လို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေရးအေၾကာင္းကိစၥ ေပၚလွ်င္ ထပ္လုပ္ပါ။

ယၾတာ။ ။ မည့္သည့္ေန႔တြင္မဆို မနက္(၇)နာရီ(၁၀)မိနစ္တိတိတြင္ ႏွင္းဆီ(၇)ပြင့္၊ ယို(၄)ပြဲ ၊ ေသာက္ေတာ္ေရ (၄)ခြက္ ၊ ဖေယာင္းတိုင္ (၄) တိုင္ ေနအိမ္ဘုရားတြင္ လႉဒါန္းဆုေတာင္းျခင္းျဖင့္

တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ့။ မိမိ အလိုရွိရာမ်ား ျဖစ္ခ်င္တာမ်ားကို အတိအက် အသံထြတ္ၿပီးဆုေတာင္းပါ …။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

ဗုဒၶဟူးသမီးမ်ား

အတိုက္အခံ အခက္အခဲ မ်ားၾကားမွ အႀကံအစည္ ရည္႐ြယ္ခ်က္မ်ား ေအာင္ျမင္လတၱံ့။ အေပါင္းအသင္ းမွားတတ္။ စိတ္လိုက္မာန္ပါ ေျပာဆို လုပ္ကိုင္ ဆုံးျဖတ္ တာေတြ သတိျပဳပါ။

အဖက္ဖက္တြင္ အလြန္အမင္းလည္းေကာင္းႏိုင္သလို၊အလြန္အမင္းလည္းညံ့သြားလတၱံ့။ လူေရာစိတ္ပါ တည္ၿငိမ္စြာျဖင့္ လုပ္ငန္းေဆာင္တာရည္႐ြယ္ခ်က္မ်ားကို ႀကိဳးစားေဆာင္႐ြက္လွ်င္ ေအာင္ျမင္လတၱံ့။

လူႀကီးတစ္ေယာက္ႏွင့္ အဆင္မေျပျဖစ္တတ္။ ေအာက္လက္ငယ္သား ေ႐ႊ ရတနာအတြက္ စိတ္ညစ္ ရတတ္။ ဘာကိုမွ စိတ္တိုင္းမက် အားမရျဖစ္ေနအံ့။ အမ်ားႏွင့္တစ္ေယာက္အခန႔္မသင့္ျဖစ္အံ့။ စိတ္ပူစရာမ်ား စိတ္အေႏွာက္အယွက္ ျဖစ္စရာမ်ား တစ္ခုၿပီးတစ္ခုႀကဳံရအံ့။

အလုပ္ေနရာ၊အိမ္ေနရာ၊အေတြးအေခၚ အယူအဆ၊ ဘဝခံယူခ်က္မ်ား အေျပာင္းအလဲျဖစ္အံ့။ ဆန႔္က်င့္ဘက္ လိင္မ်ားထံမွ အကူအညီေကာင္းမ်ား ရလတၱံ့။ အလုပ္တိုင္း ေနရာတိုင္းမွာ အတိုက္အခံ အခက္အခဲမ်ား ႀကဳံရတတ္။ စိတ္ပင္ပန္း လူပင္ပန္းျဖစ္ ရအံ့။

အထူးလိုက္နာရန္။ ။ဘာသာေရးမ်ားမ်ားပိုလုပ္ပါ။ေမတၱာမ်ားမ်ားပို႔ပါ။သည္းခံစိတ္ေမြးပါ။စိတ္လိုက္မာန္ပါ တဇြတ္ထိုး ေျပာဆိုလုပ္ကိုင္ ဆုံးျဖတ္တာေတြ ကိုေရွာင္က်ဥ္ပါ။

ေငြေရးေၾကးေရး – ေငြေၾကး အခက္အခဲအၾကပ္အတည္းမ်ားမွ လြတ္ေျမာက္ဖို႔ ၊ ေငြေၾကးအႀကံအစည္မ်ားေအာင္ျမင္ဖို႔ အေျခအေနေကာင္း အခြင့္အလမ္းေကာင္း ၊ အဆက္အသြယ္ေကာင္းမ်ား ၊ အကူအညီေကာင္းမ်ားေပၚလာအံ့။

ဆုံးရႈံးမလိုျဖစ္ေနတဲ့ ေငြေၾကးမ်ား ျပန္လည္ရရွိအံ့။ ပ်က္မလိုျဖစ္ေနတဲ့ ေငြေၾကးကိစၥမ်ားေအာင္ျမင္အံ့။ ဆီလိုအေပါက္ရွာၿပီး ေငြဝင္ေနအံ့။ လက္ဖ်ားမွာ ေငြသီးေနအံ့။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္းလုပ္ကိုင္ေဆာင္႐ြက္သင့္။

အခ်စ္ေရး – ခ်စ္သူရွိၿပီးသူမ်ား အိမ္ေထာင္က်တတ္။ အပ်ိဳ၊လူပ်ိဳမ်ား မလြပ္လပ္သူမ်ားႏွင့္ၿငိစြန္းလြယ္တတ္သည့္အတြက္ သတိျပဳသင့္။ အခ်စ္ေရးကံေကာင္းေနေသာ္လည္း

ခ်စ္သူ၏ဟန္ေဆာင္ လိမ္ညာ ဖုံးကြယ္ျခင္းကို ခံရတတ္တဲ့အတြက္လည္း သတိထားသင့္။ အခ်စ္ေရးကံေကာင္းေနအံ့ ။ ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူအသစ္ရအံ့ ။

အိမ္ေထာင္ေရး – မိမိအိမ္ေထာင္ဖက္၏ အထင္ျမင္လြဲမွားျခင္းကိုခံရတတ္။ ဖုံးကြယ္ဟန္ေဆာင္မႈမ်ား ေရာေထြးေနအံ့ ။ ေဘးပေယာဂမ်ား ဝင္လာတတ္။ အိမ္ေထာင္ဘက္၏ ေကာင္းက်ိဳးေပးျခင္းကို ခံရအံ့။ စိတ္ညစ္စရာ အရႈပ္အရွင္းျပႆနာမ်ာ းႀကဳံ ရေတြတတ္။

ပညာေရး – ပညာေရးကံ တအားေကာင္းေနအံ့။ မိမိရည္မွန္းထားသည္ထက္ ပိုမိုေအာင္ျမင္အံ့။ ပညာေရးႏွင့္ ပက္သက္ၿပီး အကူအညီေကာင္း အဆက္အသြယ္ေကာင္းမ်ား အႀကံေကာင္း ဉာဏ္ေကာင္းမ်ားရအံ့။အေပါင္းအသင္းမွားျဖင္း ၊ ပ်င္းရိၿငီးေငြ႕ျခင္းကိုေတာ့ သတိထားသင့္။

က်န္းမာေရး – ေျခေထာက္ ၊ ခါး ၊ အာ႐ုံေၾကာ ၊ က်ီးေပါင္း ႏွင့္ ပက္သက္ေသာေရာဂါ ေဝဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္ (၅)နာရီ (၂၀)မိနစ္တိတိတြင္ အျဖဴေရာင္ပန္း(၂)ပြင့္ ၊ ပန္းအဝါ (၅)ပြင့္ ၊ အုန္းသီးပါေသာမုန႔္ (၆)ခု ၊ ေသာက္ေတာ္ေရ (၁)ခြက္ ၊ ဖေယာင္းတိုင္ (၁) တိုင္ ၊

ကို မိမိေနအိမ္ဘုရားတြင္ လႉဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ာ းေအာင္ျမင္လတၱံ့။ မိမိ အလို ရွိရာမ်ား ျဖစ္ခ်င္တာမ်ားကို အတိအက် အသံထြတ္ၿပီး ဆုေတာင္းပါ ။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

အထူးယၾတာ။ ။ အဂၤါေန႔ညဝတ္အိပ္ထားေသာ အဝတ္ေဟာင္းတစ္စုံကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန႔္ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလုံး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ။

ၾကာသပေတးသမီးမ်ား

ဘဝ တစ္ဆစ္ခ်ိဳးေျပာင္းလဲ ျမင့္တက္လတၱံ့။ အတိတ္ကံကို အေၾကာင္းျပဳၿပီးေငြ အစုလိုက္ အပုံလိုက္ ရျခင္း၊ ထီဆုႀကီးေပါက္ျခင္း၊ၿခံ၊ကား၊ေက်ာက္ ေကာင္းေသာဝင္ျခင္းတြင္ရွိလတၱံ့။

အခ်စ္ေရးေမတၱာေရး ကံေကာင္းျခင္း၊ မ်က္ႏွာပြင့္ စန္းပြင့္ျခင္း၊ေငြေၾကးဥစၥာပစၥည္းမ်ား စုေဆာင္ းတိုးပြားျခင္းတို႔ႀကဳံရ လတၱံ့။ စိတ္ကူး ဉာဏ္ေပၚ သေလာက္ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္ပါ။

အခ်ိန္မျဖဳန္းသင့္။ ရည္႐ြယ္ခ်က္ ရွိသမွ် ရဲရဲ လုပ္ပါ။ ဘာပဲလုပ္လုပ္ အတိုက္အခံ အခက္အခဲ စိတ္ပူစရာ စိတ္လႈပ္ရွားစရာ မ်ားႀကဳံေတြ႕ၿပီးမွ ေအာင္ျမင္ လတၱံ့။ မိမိမသိခဲ့ေသာ အတိတ္ကံ အေကာင္းအဆိုး ႏွစ္မ်ိဳးစလုံး၏ အက်ိဳးကို ေတြ႕ႀကဳံ ခံစား ရလတၱံ့။

ေငြေရးေၾကးေရး – အတိတ္ကံကို အေၾကာင္းျပဳ၍ ေငြေၾကးအစုလိုက္အပုံလိုက္ရအံ့။ ေငြေၾကးကံ အထူးေကာင္းေနအံ့။ ေငြေၾကး ကိစၥမ်ား မိမိ ရည္မွန္း ထားတာ ထက္ ပိုမိုေအာင္ျမင္အံ့။

မိမိရည္မွန္း ထားတာထက္ ပိုမိုစုေဆာင္းရအံ့။ တိုးပြားအံ့။ မလိုအပ္သည့္ေနရာမ်ားတြင္ ေငြေၾကးျဖဳန္းတီးမိတတ္တာကိုေတာ့ သိထားသင့္။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္း ေဆာင္႐ြက္သင့္။

အခ်စ္ေရး – အပ်ိဳလူပ်ိဳမ်ား အတိတ္ဘဝက ဆုေတာင္းရွိခဲ့ဖူးေသာ အခ်စ္ေဟာင္း အဆက္ေဟာင္းမ်ားႏွင့္ ျပန္လည္ ဆုံေတြ႕ရလတၱံ့။ ခ်စ္သူထံမွ အမွတ္တရ လက္ေဆာင္ တစ္ခု ႀကီးႀကီးမားမား ရအံ့။

မိမိကို စိတ္ဝင္စား ခ်စ္ႀကိဳက္ေန သူမ်ား အမ်ားအျပားေပၚလာ လတၱံ့။ ဝိုင္းဝိုင္းလည္ေနအံ့။ အလြန္အမင္း စိတ္လႈပ္ရွား ရင္ခုန္ေန ရအံ့။ စိတ္ေကာက္လိုက္ ျပန္တည့္ လိုက္ျဖင့္ ၾကည္ႏူးစရာမ်ား အတိၿပီးေန အံ့။

အိမ္ေထာင္ေရး – တစ္ဦးနဲ႔တစ္ဦး နားလည္မႈ မွ်ေဝ ခံစားမႈ မ်ားျဖင့္ သာယာေနအံ့။ မယ္တစ္ထမ္း ေမာင္တစ္႐ြက္ျဖင့္ ေရွ႕သြားေနာက္လိုက္ ညီေနအံ့။ အိမ္ေထာင္ေရးသုခ ခံစားရအံ့။

စိတ္လႈပ္ရွား ရင္ခုန္ ၾကည္ႏူးမႈမ်ား ေရေထြးေနလတၱံ့။ မိမိအိမ္ေထာင္ဖက္၏ သဝန္တိုျခင္းကို ခံရအံ့။ အိမ္ေထာင္ဖက္ကို အေၾကာင္းျပဳ၍ ေငြေၾကးစီးပြား ဥစၥာမ်ား တိုးပြားလတၱံ့။ အိမ္ေထာင္ဖက္ထံမွ အကူအညီေကာင္း အႀကံေကာင္းဉာဏ္ေကာင္းမ်ား ရလတၱံ့။

ပညာေရး – ပညာေရးကံ တအားေကာင္းေနအံ့။ ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္အံ့။ နည္းနည္းူႀကိဳးစားလိုက္ယုံႏွင့္ မ်ားမ်ားေအာင္ျမင္ လတၱံ့။ ဆရာေကာင္း သမားေကာင္းေတြ႕ရအံ့။

က်န္းမာေရး – ဦးေခါင္း ၊ အာ႐ုံေၾကာ ၊ အဆုတ္ ၊ အစာအိမ္ ႏွင့္ ပက္သက္ေသာေရာဂါ ေဝဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

ယၾတာ။ ။ မည့္သည့္ေန႔တြင္ မဆို မနက္(၆)နာရီ (၃၂) မိနစ္တိတိတြင္ ဆြမ္းပူပူ(၃)ပန္းကန္ ဆီအစိမ္းဆမ္း ၊ သစ္သီး(၆)လုံး ၊ ကိတ္မုန႔္(၂)ခ်ပ္ ေသာက္ေတာ္ေရ (၂)ခြက္ ၊ ဖေယာင္းတိုင္ (၂) တိုင္ ၊

မိမိေနအိမ္ ဘုရားတြင္ လႉဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္ လတၱံ့။ မိမိအလိုရွိရာမ်ား ျဖစ္ခ်င္တာမ်ားကို အတိအက် အသံထြတ္ၿပီး ဆုေတာင္းပါ ။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

ေသာၾကာသားသမီးမ်ား

စိတ္ကူးအႀကံအစည္ ရည္႐ြယ္ခ်က္မ်ားကို စြန႔္စြန႔္စားစား ႀကိဳးစားေဆာင္႐ြက္လွ်င္ ေအာင္ျမင္လတၱံ့။ ေအာက္လက္ငယ္သား ေ႐ႊ ရတနာအတြက္ စိတ္ပူရအံ့။ က်န္းမာေရးခ်ဴျခာျခင္း၊

ေဆး႐ုံေဆးခန္းမ်ားႏွင့္ ပက္သက္ရျခင္း၊ ဘာမွန္းမသိ ေရာဂါရွာ မရပဲ တေရွာင္ေရွာင္ျဖစ္ျခင္း၊အစားမွာ းေဆးမွားျဖစ္ျခင္း၊ စကားေျပာျငင္း ခုန္ရျခင္း၊ ခိုက္ရန္ျဖစ္ပြား တတ္ျခင္း၊စကားေျပာကြၽံျခင္း လြန္ျခင္း ၊ စက္ပစၥည္း ၊ စာ႐ြက္စာတမ္း ၊စပ္တူရွယ္ယာကိစၥမ်ားႏွင့္ပက္သက္ၿပီး စိတ္ညစ္ ရတတ္ျခင္း တို႔ႀကဳံရအံ့။

ႀကီးမားေသာအေျပာင္းအလဲမ်ားျဖစ္လတၱံ့။ ကံ အလြန္အမင္းေကာင္းႏိုင္သလို ၊ ကံ အလြန္အမင္းလည္း ဆိုးလတၱံ့။ ၿငိမ္ၿငိမ္ေနလွ်င္ အလြန္အမင္းညံ့လတၱံ့။ လႈပ္ရွားလွ်င္ ကံအလြန္အမင္းေကာင္းလတၱံ့။ အိပ္ယာေျပာင္းအိပ္ျခင္း၊ခရီးထြက္ျခင္း စသည့္ လႈပ္လႈပ္ရွားရွားေနထိုင္ေဆာင္႐ြက္ပါက ကံေကာင္းလတၱံ့။

ေငြေရးေၾကးေရး – ေငြေတြဝင္ေနၿပီး အေႂကြးတင္ေနအံ့။ ေငြလိမ္ခံရတတ္။သတိထားသင့္။ ဝင္သမွ်ေငြမ်ား ျပန္ထြက္ၿပီး ေငြမၿမဲပဲျဖစ္ေနအံ့။ ေငြမဝင္ခင္ကပင္ သုံးစရာ ကုန္စရာမ်ားက ေစာင့္ႀကိဳေနအံ့။ ေငြအတြက္ အနည္းငယ္ စိတ္ပူရအံ့။ ရစရာေပးစရာေငြမ်ား ထစ္ေငါ့ၾကန႔္ၾကာ လြဲေခ်ာ္တတ္။

အခ်စ္ေရး – ခ်စ္ျခင္းေမတၱာမ်ား သံေယာဇဥ္မ်ားလည္း ေျပာင္းလဲသြားတတ္။ မတည္မၿငိမ္ျဖစ္အံ့။ ထိလြယ္ ရွလြယ္ျဖစ္အံ့။ ဆုပ္လည္းစူး စားလည္း႐ူးအေျခအေနမ်ားႀကဳံရအံ့။ အဆင္မသင့္လွ်င္ လမ္းခြဲျပတ္စဲ သြားရအံ့။

ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ျဖင့္ ဂဏာမၿငိမ္ျဖစ္ တတ္ျခင္း ၊ စိတ္အေျပာင္းအလဲျမန္ျခင္း ၊ ခ်စ္သူပါေျပာင္း သြားတတ္ျခင္း တို႔ႀကဳံရလတၱံ့။

အိမ္ေထာင္ေရး – အေကာင္းအဆိုးေရာေထြးေနလတၱံ့။ စိတ္ပူစရာမ်ား စိတ္အေႏွာက္အယွက္ျဖစ္စရာမ်ား ၾကည္ႏူး ရင္ခုန္စရာမ်ား ေရာေထြးေနအံ့။ မၾကာခဏ ဆိုသလို ခြဲခြာေနလွ်င္ အညံ့မ်ားေျပေပ်ာက္ၿပီး အိမ္ေထာင္ေရး သုခမ်ား ခံစား ရလတၱံ့။ မၾကာခဏ အိပ္ယာခြဲအိပ္ပါ။ေျပာင္းအိပ္ပါ။

ပညာေရး – ပညာေရးကံအလယ္အလတ္သာရွိအံ့။ မိမိရည္မွန္းထားသေလာက္သာ ေအာင္ျမင္အံ့။ ဝီရိယအား ၊ ဉာဏ္အား ၊ လူအားစိုက္ထုတ္ၿပီး ႀကိဳးစားသင့္။ အေပါင္းအသင္းမွားတတ္သည့္အတြက္ ဂ႐ိုစိုက္သင့္။

က်န္းမာေရး – နား ၊ႏွာေခါင္း ၊ ဒူး ၊ ကိုယ္ပူျခင္း ၊ ဖ်ားျခင္း ႏွင့္ ပက္သက္ေသာေရာဂါ ေဝဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

အခက္အခဲႀကီးႀကီး မားမားရွိလွ်င္ အထူးျပဳလုပ္ သင့္ေသာ ယၾတာ … ၾကာသပေတးေန႔ညဝတ္အိပ္ ထားေသာ အဝတ္ေဟာင္း တစ္စုံကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန႔္ပါ။

(ငါ့မွာ ရွိေနတဲ့ မေကာင္းတဲ့ အခိုက္အညံ့ေတြ အားလုံး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါ လုပ္ပါ။ အေရးအေၾကာင္း ကိစၥေပၚလွ်င္ ထပ္လုပ္ပါ။

ယၾတာ။ ။မည့္သည့္ေန႔တြင္ မဆို မနက္(၇)နာရီ (၄၀) မိနစ္တိတိတြင္ ယို(၄)ပြဲ ၊ ႏွင္းဆီ(၇)ပြင့္ ၊ ႏြားႏို႔(၃)ခြက္ ၊ ေသာက္ေတာ္ေရ (၃)ခြက္ ၊ ဖေယာင္းတိုင္ (၃) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္

လႉဒါန္း ဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ာ းေအာင္ျမင္လတၱံ့။ မိမိအလို ရွိရာမ်ား ျဖစ္ခ်င္တာ မ်ားကို အတိအက် အသံထြတ္ၿပီး ဆုေတာင္းပါ ။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ ႏိုင္သည္)

စေနသားသမီးမ်ား

စီးပြားတက္အံ့။ ဘဝတစ္ဆင့္ ခ်ိဳးေျပာင္းလဲျမင့္တက္ သြားအံ့။ နာမည္ဂုဏ္သတင္းေက်ာေဇာထင္ရွားအံ့။ အေကာင္းေျပာ ခ်ီးမြမ္း ခံရလတၱံ့။ တရားထူးအသိထူးရအံ့။ရာထူးတိုးလ စာတိုးျခင္း၊

အလုပ္ေနရာေကာင္း ရရွိျခင္း မ်ားႀကဳံလတၱံ့။ ကံတရာ သက္ရွိသက္မဲ့ အားလုံးတို႔၏ မ်က္ႏွာသာေပးျခင္း ခံရလတၱံ့။စိတ္ထဲမွာ ျဖတ္ခနဲ ေပၚလာလွ်င္ ဆတ္ခနဲ ထလုပ္ပါ။ ႀကီးပြားတိုးတက္ေအာင္ျမင္ ခ်မ္းသာမည့္ အခြင့္အလမ္းေကာင္း ၊

အေျခအေနေကာင္း ၊ အဆက္အသြယ္ေကာင္း ၊ အႀကံေကာင္း ဉာဏ္ေကာင္း ၊ မိတ္ေကာင္းေဆြေကာင္းမ်ား ရလတၱံ့။ ေကာင္းေသာ အႀကံအစည္ ရည္႐ြယ္ခ်က္မ်ာ းေအာင္ျမင္လတၱံ့။

စိတ္ႏွစ္ခြျဖစ္ စရာမ်ား ေ႐ြးခ်ယ္ ရခက္ေသာ အေျခအေနမ်ားႀကဳံရလတၱံ့။ လူႀကီးတစ္ေယာက္၏အကူအညီ ႀကီးႀကီးမားမား ရအံ့။ မိတ္ေဆြရင္း ဆရာရင္းမ်ားထံမွလည္း အကူအညီေကာင္းမ်ား ရအံ့။

ေငြေရးေၾကးေရး – ေနရာမ်ိဳးစုံက ပုံစံအမ်ိဳးမ်ိဳးႏွင့္ ေငြအဝင္ ၾကမ္းေနအံ့။ အဝင္လည္းၾကမ္း အထြက္လည္းၾကမ္း ျဖစ္ေနအံ့။ ဝင္သေလာက္ သုံးျဖဳန္း မိေနအံ့ ။ မလိုအပ္သည့္ေနရာမ်ားတြင္ မသုံးမိရန္ သတိျပဳ ပါ။ ေငြေၾကး ကိစၥမ်ား ရဲရဲတင္းတင္ းေဆာင္႐ြက္ပါ။ ေငြေၾကးကံ အင္မတန္ေ ကာင္းေနအံ့ ။ ေရစီးသလိုေငြ ဝင္ေနအံ့ ။

အခ်စ္ေရး – မိမိထက္အဆင့္အတန္းျမင့္မားသူ ခ်မ္းသာသူမ်ားႏွင့္ ဖူးစာဆုံ အိမ္ေထာင္က်လတၱံ့။ အပ်ိဳ၊လူပ်ိဳမ်ား မိမိကိုၾကင္နာတတ္သူ မိမိကို တန္ဖိုးထား သူမ်ားႏွင့္ ခ်စ္သူျဖစ္ရတတ္။ အခ်စ္ရဲ႕ခ်ိန္ၿမိန္တဲ့ အသီးအပြင့္ မ်ားကို ဆြတ္ယူ စားသုံးရအံ့။ ခ်စ္စိတ္ေတြ ငယ္ထိပ္ေရာက္ေနအံ့။ အခ်စ္ေရးမွာ ပန္းႏုေရာင္ေတြ လႊမ္းမိုးေနအံ့။

အိမ္ေထာင္ေရး – အိမ္ေထာင္ဖက္၏ ဂ႐ုစိုက္ျခင္း၊အလိုလိုက္ျခင္း၊ေကာင္းက်ိဳးျပဳျခင္းကို ခံရလတၱံ့။ မိမိ၏ လုပ္ငန္းေဆာင္တာ ရည္႐ြယ္ခ်က္ မ်ားအတြက္ အိမ္ေထာင္ဖက္ထံမွ အကူအညီေကာင္း အႀကံေကာင္း ဉာဏ္ကာင္းမ်ား ရလတၱံ့။အိမ္ေထာင္ဖက္ကို အေၾကာင္းျပဳ၍ စီးပြား တက္အံ့။ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္ရအံ့။

ပညာေရး – ပညာေရးကံ တအားေ ကာင္းေနအံ့။ ဆရာေကာင္း သမားေကာင္းမ်ားထံမွ အကူအညီေကာင္း အႀကံေကာင္း ဉာဏ္ေကာင္းမ်ား ရအံ့။ မိမိရည္မွန္းထားသည္ထက္ ပိုမိုေအာင္ျမင္အံ့။ ပညာေရး ရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္ လတၱံ့။

က်န္းမာေရး – ေသြးသား ၊ ေသြးခ်ိဳ ၊ သြား ႏွင့္ ပက္သက္ေသာေရာဂါ ေဝဒနာမ်ား သတိထားသင့္။ ေဆး႐ုံ ေဆးခန္းႏွင့္ ပက္သက္ ရတတ္။ (တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ ျဖစ္သည္)

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၅)နာရီ(၄)မိနစ္တိတိတြင္ အနီေရာင္ပန္း(၆)ပြင့္ ၊ အုန္းသီးပါေသာမုန႔္ (၆)ခု ၊ လက္ဖက္ရည္ (၄)ခြက္ ၊ ေသာက္ေတာ္ေရ (၄)ခြက္ ၊ ဖေယာင္းတိုင္ (၄) တိုင္ ၊

ကို မိမိေနအိမ္ဘုရားတြင္ လႉဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ာ းေအာင္ျမင္လတၱံ့။ မိမိအလို ရွိရာမ်ား ျဖစ္ခ်င္တာမ်ားကို အတိအက် အသံထြတ္ၿပီးဆုေတာင္းပါ ။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

အကြၽႏ္ုပ္၏ေကာင္းေသာ ေဟာခ်က္မ်ား ေသြးထြက္ေအာင္ မွန္ကန္၍ ၊ မေကာင္းေသာေဟာခ်က္မ်ား တက္တက္စင္ေအာင္ လြဲမွားပါေစ သတည္း။

မိတ္ေဆြတို႔၏ ေကာင္းက်ိဳးမ်ားကို အစဥ္လို လားေသာ

မင္းသိမ္းခိုင္ (ေ႐ႊရမ္းထူးလင္း)

Unicode

၂၀၂၀ ခုနှစ်အတွက် နေ့သားအလိုက် (၁)နှစ်စာဟောစာတမ်းကြီး

တနင်္ဂနွေသားသမီးများ

စီးပွား အရှိန်အဟုန်ဖြင့် တိုးချဲ့သင့်။ လုပ်ငန်းစီးပွား လက်ရှိအခြေအနေထက် များစွားမြင့်တက်လတ္တံ့။ ကံကောင်းအံ့ ။ လုပ်ငန်းသစ်များ စတင်သင့်။ မင်းစိုးရာဇာ ကူညီ မစခြင်း ၊ မင်းစိုးရာဇာများနှင့် ပက်သက် ရခြင်း ၊ အလုပ်တိုင်း နေရာတိုင်းမှာ ရန်အတိုက်အခံ အပြိုင်အဆိုင် များပေါများပြီး

၎င်းတို့ အပေါ် ကံအသာစီး အနိုင်ရရှိခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ သြဇာအာဏာ ထက်မြက်ခြင်း၊ အကြံအစည် ရည်ရွယ်ချက်များ အောင်မြင်ခြင်း ၊ သူများ ပြဿနာကြားဝင် ပါရတတ်ခြင်း ၊

မိတ်ဆွေရင်း လူရင်းများ သစ္စာဖောက်ခြင်း ၊ စပ်တူရှယ်ယာ လုပ်ငန်းများ စိတ်အနှောက်ယှက်ဖြစ်ရခြင်း ၊ အခြွေအရံ ပေါများခြင်း ၊ မိမိကို ကြည်ညိုလေးစား ချစ်ခင်သူများပေါများခြင်း၊အပျို၊လူပျိုများ လူလိမ်ခံ ရတတ်ခြင်း ၊ အဖိုးတန် ပစ္စည်းများ လက်ဆောင်ရခြင်း တို့ ကြုံရလတ္တံ့။

ငွေရေးကြေးရေး – လွဲချော်ပြီးမှ အောင်မြင်အံ့ ။ ရမလိုလိုဖြစ်နေတဲ့ငွေကြေးများ ကြန့်ကြာနေပြီး ၊ မရဘူးဟု ထင်ရသော ငွေကြေးများ ပြန်လည် ရရှိအံ့ ။ ကောင်းမလိုလို နှင့်ညံ့ပြီး ညံ့မလိုလိုနှင့် ကောင်းအံ့။ ဝင်သလောက် ပြန်ထွက်နေအံ့ ။ မထင်မှတ်တာတွေ ဖြစ်လာအံ့ ။ အလှူအတန်းများ လုပ်ရအံ့ ။

အချစ်ရေး – ချစ်သူ၏ မာယာ ပရိယာယ် ကြားမှာ နစ်မျော သွားတတ်။ သတိပြုသင့်။ ကောင်းမလိုလိုနဲ့ ညံ့သွားတတ်။ ညံ့မလိုလိုနဲ့ ကောင်းသွားတတ်။ အသေးအဖွဲလေးကအစ ညှိုနှိုင်းရ ခက်နေ တတ်။

အချစ်ရေး ကံကောင်းသည်ဟု ယူဆ နိုင်သော်လည်း မိန်းမလည် ယောင်္ကျားရှုပ် များနှင့်တွေ့ရ တတ်ခြင်းကို သတိပြုအံ့။ ချစ်သူ၏ ဖုံးကွယ်ဟန်ဆောင် လိမ်ညာခြင်းကို ခံရတတ်။

အိမ်ထောင်ရေး – အမြင်တွေအယူအဆတွေ မကြာခဏကွဲလွဲအံ့။ ပွင့်လင်းမြင်သာမှုအားနည်းပြီး ဖုံးကွယ်ဟန်ဆောင်မှုတွေ များနေအံ့။ ညီအစ်ကိုမောင်နှမကဲ့သို့ခင်မင်ရသူများ ၊ ဆွေမျိုးသားချင်းများကြောင့် လင်နဲ့မယား အဆငမပြေဖြစ်တတ်။

ပညာရေး – မိမိရည်မှန်း ထားသည်ထက် ပိုမိုအောင်မြင် လတ္တံ့။ ဆရာကောင်း သမားကောင်းတွေ့ ရအံ့။ ပညာရေးနှင့် ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ် ကောင်း အပံ့ပိုးကောင်းများ ပေါ်လာ လတ္တံ့။ ပညာရေးနှင့် ပက်သက်ပြီး မင်းစိုးရာဇာ အကြီးအကဲ ၊ ဘာသာရေး ကိုင်းရှိုင်းသူ ကူညီ မစလတ္တံ့။

ကျန်းမာရေး – ဝမ်းဗိုက် ၊အဖုအပိန့် ၊ မျက်လုံး နှင့် ပက်သက်သော ရောဂါ ဝေဒနာများ သတိထားသင့်။ (တပ်အပ်ဖြစ် မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။ မည်သည့်နေ့တွင် မဆို မနက် (၆)နာရီ(၅)မိနစ် တိတိတွင် ပန်းအဝါ (၅)ပွင့် ပေါင်မုန့်(၅)ချပ် ၊ သစ်သီး(၆)လုံး ၊ ကိတ်မုန့်(၂)ချပ် ၊ ၊ သောက်တော်ရေ (၅)ခွက် ၊ ဖယောင်းတိုင် (၅) တိုင် ၊

ကို မိမိနေအိမ် ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေ ပျောက်ပြီး အကြံအစည်များ အောင်မြင် လတ္တံ့။

မိမိ အလို ရှိရာများ ဖြစ်ချင်တာ များကို အတိအကျ အသံထွတ်ပြီး ဆုတောင်းပါ ။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

တနင်္လာသားသမီးများ

လုပ်သမျှ ကြံသမျှ အောင်မြင် ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ်ချက် များကို မြြန်မန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်ရွက် သင့်အံ့။ စီးပွား လုပ်ငန်းများကို အင်နှင့်အားနှင့် တိုးချဲ့သင့် အံ့။

အခက်အခဲ အကြပ်အတည်း များကို ဖြတ်ကျော် နိုင်စွမ်းရှိအံ့။ ပြဿနာများကို ဖြေရှင်းနိုင်အံ့။ အမျိုးသမီး တစ်ယောက်၏ အကူအညီ ကြီးကြီးမားမား ရအံ့။ အလုပ်အပြောင်းအလဲ နေရာအပြောင်းအလဲများကြုံရအံ့။

၎င်းအပြောင်းအလဲ များသည် ကောင်းသော အပြောင်းအလဲများ ဖြစ်လတ္တံ့။ သက်ရှိသက်မဲ့ အားလုံးနှင့် ကံတရား၏ မျက်နှာသာ ပေးခြင်းကို ခံရခြင်း ၊ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာခြင်း ၊

ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဉာဏ်များဖြင့် အောင်မြင်ခြင်း ၊ မိတ်ဆွေရင်း လူရင်းများက သစ္စာဖောက်ခြင်း ၊ အောက်လက်ငယ်သား ဆန့်ကျင်တော်လှန်ခြင်း ၊ ဆွေမျိုးသားချင်းတို့၏ ကူညီမစ ခံရခြင်း ၊

လူအများ ပရိတ်သတ်နှင့် လုပ်ဆောင်ရသောအလုပ်များတွင် ကြီးကြီးကျယ်ကျယ်အောင်မြင်ခြင်း ၊ စုတ်ရော လာဘ်ရောပွင့်နေခြင်း ၊ ပြည်တွင်းပြည်ပခရီးကိစ္စများအောင်မြင်ခြင်း ၊ နာမည်ဂုဏ်သတင်း ထင်ပေါ်ကျောဇောခြင်း ၊ အကောင်းပြောချီးမွမ်းခံရခြင်း ၊ တို့ မုချကြုံတွေ့ရလတ္တံ့။ ကံဇာတာပွင့်လန်းတိုးတက်အံ့။

ငွေရေးကြေးရေး – မိမိရည်မှန်းထား သလောက် အောင်မြင်အံ့ ။ စိတ်ပူပြီးမှ အောင်မြင်အံ့ ။ ဝင်သမျှငွေများလည်း စုမိဆောင်းမိ ဖြစ်ပြီး အဖတ်တင် အံ့ ။

မိမိကိုယ်တိုင် ကလည်း အသုံးအဖြုန်း ဂရုစိုက်သင့်။ ဆွေများ မိတ်ဆွေများကိုလည်း ငွေကြေးကိစ္စများ ကူညီပံ့ပိုးနိုင်အံ့ ။ အလှူအတန်း ပရဟိတ များလည်း လုပ်ရအံ့ ။

အချစ်ရေး – အချစ်စစ် အချစ်မှန် ဖူးစာမှန်များနှင့် ဆုံတွေ့ ရလတ္တံ့။ မိမိကို တန်ဖိုးထား ဂရုစိုက်သော ချစ်သူနှင့် ဆုံတွေ့ ရအံ့။ အလွန် လိုက်ဖက်သော စုံတွဲဟု ပတ်ဝန်းကျင်၏ အထင်ကြီး အားကျခြင်းကို ခံရလတ္တံ့။

အချစ်ရေးနှင့် ပက်သက်သည့် အကြံအစည် ရည်ရွယ်များ အောင်မြင်လတ္တံ့။ အပျိုလူပျိုများ မျက်နှာပွင့်လန်းပြီး စိတ်ဝင်စား သူများ ဝိုင်းဝိုင်းလည်နေအံ့။

အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏ အကျိုးပြုခြင်းကို ရရှိအံ့။ စိတ်တူကိုယ်တူဖြင့် ကြည်ဖြူနေအံ့။ ပတ်ဝန်းကျင်၏ သွေးထိုးမှုကိုတော့ သတိထားပါ။

အိမ်ထောင်ရေး ကံကောင်းနေ သော်လည်း ကိုယ်ကျင့်တရားကို အထူး ဂရုစိုက်ထိန်းသိမ်းသင့်။ မိမိအိမ်ထောင်ဖက် အပေါ် သစ္စာရှိပါ။ မိမိအိမ်ထောင်ဖက်ကို တန်ဖိုးထားပါ။

ပညာရေး – မိမိရည်မှန်း ထားသည်ထက် ပိုမိုအောင်မြင် လတ္တံ့။ နည်းနည်းကြိုးစားယုံမျှဖြင့် များများအောင်မြင် လတ္တံ့။ ဆရာကောင်း သမားကောင်းတွေ့အံ့။ ပညာရေးနှင့်ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ် ကောင်းများပေါ်လာလတ္တံ့။

ကျန်းမာရေး – ဝမ်းဗိုက် ၊ လေ ၊ လည်ပင်း ၊ ရင်ဂေါင်း ၊ လက် ၊ ရေချိုးမှားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။ မည်သည့်နေ့တွင် မဆို မနက်(၆)နာရီ(၇)မိနစ် တိတိတွင် နှင်းဆီ(၇)ပွင့် ၊ သစ်သီး (၆) လုံး ၊ ဆွမ်းပူပူ (၃)ပွဲ ဆီ အစိမ်းဆမ်းပါ ၊ သောက်တော်ရေ (၃)ခွက် ၊ ဖယောင်းတိုင် (၇) တိုင် ကို မိမိနေအိမ် ဘုရားတွင်

မကြာခဏ လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည် များအောင်မြင် လတ္တံ့။ မိမိ အလိုရှိ ရာများ ဖြစ်ချင်တာများကို အတိအကျ အသံထွတ် ပြီးဆုတောင်းပါ ။ (အကြောင်း ရှိတိုင်း မကြာခဏ ပြုလုပ်နိုင်သည်)

အင်္ဂါသားသမီးများ

ကံတရား၏ မျက်နှာ သာပေးခြင်း ၊ အကူအညီ အပံ့အပိုးပေးခြင်းကို မခံရပဲ ၊ မိမိ၏ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် ကိုယ်ပိုင် အစွမ်းအစ များဖြင့် ကြီးပွားတိုးတက် အောင်မြင်ချမ်းသာမည့် နှစ်ဖြစ်အံ့။

ဘဝတစ်ခုလုံး အတွက် ကြီးမားသော အပြောင်းအလဲမျာ းကြုံတွေ့ရလတ္တံ့။ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရခြင်း၊ ဆေးရုံဆေးခန်း၊အမှုအချုပ်၊ထောင်ဂတ်များနှင့်ပက်သက်ရခြင်း၊အနားဝန်းကျင်တွင် မီးလန့်ရှော့ ဖြစ်ကြုံ ရတတ်ခြင်း ၊

သူများပြဿနာကြားဝင် ခေါင်းခံဖြေရှင်းပေး ရခြင်းတို့ ကြုံရ လတ္တံ့။ အလုပ်နေရာ၊အိမ်နေရာအပြောင်းအလဲများကြုံရ လတ္တံ့။ မိမိ၏ ဘဝ ခံယူချက်များ ၊ အတွေးအခေါ်အယူအဆများ ၊ ကိုယ်ကျင့်တရားများ ၊ လုပ်နည်း လုပ်ဟန်များလည်း ပြောင်းလဲအံ့။

စိတ်တိုလွယ် ဒေါသထွက်လွယ် ၊ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်တာတွေရှောင်ပါ။ စိတ်ခံစားမှုကို အလိုမလိုက်ပဲ ဦးနှောက်ဉာဏ် များများ သုံးသင့်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပါ။

မထင်မှတ် တာတွေဖြစ် လာတတ်။ လူအား ၊ ဉာဏ်အား ၊ ဝီရိယအား စိုက်ထုတ်ပြီး များများ ကြိုးစားသင့်။ အလုပ်သစ် လုပ်ရအံ့။ နေရာထိုင်ခင်းပြုပြင် ရတတ်။ အသစ် ရတတ်။အိုးပိုင် အိမ်ပိုင် မရှိသေးသူများ အိုးပိုင်အိမ်ပိုင် ရတတ်။ လူကြီး အလုပ် နေရာထိုင်ခင် အိမ်တွင်းရေးအတွက် အနည်းငယ် စိတ် ပူ ရအံ့။

စိတ်ပူစရာ စိတ်အနှောက်အယှက်ဖြစ် စရာများ ၊ အတိုက်အခံ အခက်အခဲများ ၊ မနာလို ရန်လုပ်သူများကြားမှ မိမိ၏ အကြံအစည် ရည်ရွယ် ချက်များ ပြည့်မြောက်အောင်မြင်မည့်နှစ်ဖြစ် အံ့။ အခက်အခဲ စိန်ခေါ်မှုများကို တည်ငြိမ်စွာဖြင့် ကျော်ဖြတ် အနိုင်ယူသင့်။

ငွေရေးကြေးရေး – အကြီးအကဲကူညီမစခြင်းကြောင့်သော်၎င်း ၊ စပ်တူရှယ်ယာလုပ်ငန်းများကြောင့်သော်၎င်း ငွေကြေးများ ရရှိလတ္တံ့။ ငွေအဝင် နည်းပြီး ဝင်သလောက်ပြန်ထွက်နေအံ့။

ငွေ မမြဲအံ့။ ငွေကြေး ကိစ္စများ စိတ်ပူ ထစ်ငေါ့ပြီးမှ အောင်မြင်အံ့။ ငွေရင်းနှီးရသောအလုပ်များ သတိထားပြီး လုပ်ပါ ။ အချစ်ရေး – ယခင်ကထက် တအားလည်းကောင်း လာနိုင်သလို တအားလည်း ဆိုးသွားတတ်။ သတိ ထားသင့်။

အပျိုလူပျိုများ အချစ်ရေးတွင် မကြာခဏ ဆိုသလို စကားပြောငြင်း ခုန်ဖြေရှင်းရခြင်း ၊ ပူပ န်သောကရောက် ရခြင်း တို့ကြုံ ရအံ့။ စိတ်ပူစရာများ သဝန်တိုစရာ များလည်း ရောထွေးနေအံ့။ ကြီးမားသော အပြောင်းအလဲမျာ းဖြစ်အံ့။

အိမ်ထောင်ရေး – ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပေးပါ။- မကြာခဏ ဆိုသလို အသေးအဖွဲ ကိစ္စလေးမှအစ ကတောက်ကဆ ဖြစ်ရခြင်း တို့ ကြုံတွေ့ရလတ္တံ့။ ဘေးပယောဂများ ဝင်လာတတ်။ ကြားလူနှောက်ယှက်တတ်။ သတိထားသင့်။ ဆိုးဆိုးဝါးဝါး မရှိပါ။

ပညာရေး – မိမိရည်မှန်း ထားသလောက်သာ အောင်မြင် နိုင်လတ္တံ့။ ကံတရား၏ အကူအညီပေးခြင်း ၊ နှောက်ယှက်ခြင်းကို မခံရပဲ မိမိရည်မှန်း ထားသလောက် အောင်မြင်လတ္တံ့။ စိတ်ပူစရာ အချို့ရှိသော်လည်း ပညာရေး ရည်မှန်းချက်များ ပြည့်မြောက်အောင် လတ္တံ့။

ကျန်းမာရေး – ဆီး ၊ သွေး ၊ အစာမှား ၊ ဆေးမှား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။ (တပ်အပ်ဖြစ် မည်ဟု မဆိုလိုပါ ။ သတိထား ရန်ဖြစ်သည်)

အထူးလိုက်နာရန် … ကောင်းသော အပြောင်းအလဲ များဖြစ်ရန် ဘာသာရေး ပိုလုပ်သင့်၊မေတ္တာစိတ်မွေးသင့်၊ မကြာခဏ အိပ်ယာပြောင်း အိပ်သင့်။ ခရီးခဏခဏ ထွက်သင့်။

အခက်အခဲ ကြီးကြီးမားမားများ ကြုံတွေ့ရပါလျှင် …. တနင်္လာနေ့ည ဝတ်အိပ်ထားသော အဝတ်ဟောင်း တစ်စုံကို နောက်နေ့မနက်စော လမ်းတွင် သွားစွန့်ပါ။ (ငါ့မှာ ရှိနေတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေ အားလုံး ပါသွားပါစေ လို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စ ပေါ်လျှင် ထပ်လုပ်ပါ။

ယတြာ။ ။ မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ(၁၀)မိနစ်တိတိတွင် နှင်းဆီ(၇)ပွင့်၊ ယို(၄)ပွဲ ၊ သောက်တော်ရေ (၄)ခွက် ၊ ဖယောင်းတိုင် (၄) တိုင် နေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့်

တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ မိမိ အလိုရှိရာများ ဖြစ်ချင်တာများကို အတိအကျ အသံထွတ်ပြီးဆုတောင်းပါ …။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

ဗုဒ္ဓဟူးသမီးများ

အတိုက်အခံ အခက်အခဲ များကြားမှ အကြံအစည် ရည်ရွယ်ချက်များ အောင်မြင်လတ္တံ့။ အပေါင်းအသင် းမှားတတ်။ စိတ်လိုက်မာန်ပါ ပြောဆို လုပ်ကိုင် ဆုံးဖြတ် တာတွေ သတိပြုပါ။

အဖက်ဖက်တွင် အလွန်အမင်းလည်းကောင်းနိုင်သလို၊အလွန်အမင်းလည်းညံ့သွားလတ္တံ့။ လူရောစိတ်ပါ တည်ငြိမ်စွာဖြင့် လုပ်ငန်းဆောင်တာရည်ရွယ်ချက်များကို ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။

လူကြီးတစ်ယောက်နှင့် အဆင်မပြေဖြစ်တတ်။ အောက်လက်ငယ်သား ရွှေ ရတနာအတွက် စိတ်ညစ် ရတတ်။ ဘာကိုမှ စိတ်တိုင်းမကျ အားမရဖြစ်နေအံ့။ အများနှင့်တစ်ယောက်အခန့်မသင့်ဖြစ်အံ့။ စိတ်ပူစရာများ စိတ်အနှောက်အယှက် ဖြစ်စရာများ တစ်ခုပြီးတစ်ခုကြုံရအံ့။

အလုပ်နေရာ၊အိမ်နေရာ၊အတွေးအခေါ် အယူအဆ၊ ဘဝခံယူချက်များ အပြောင်းအလဲဖြစ်အံ့။ ဆန့်ကျင့်ဘက် လိင်များထံမှ အကူအညီကောင်းများ ရလတ္တံ့။ အလုပ်တိုင်း နေရာတိုင်းမှာ အတိုက်အခံ အခက်အခဲများ ကြုံရတတ်။ စိတ်ပင်ပန်း လူပင်ပန်းဖြစ် ရအံ့။

အထူးလိုက်နာရန်။ ။ဘာသာရေးများများပိုလုပ်ပါ။မေတ္တာများများပို့ပါ။သည်းခံစိတ်မွေးပါ။စိတ်လိုက်မာန်ပါ တဇွတ်ထိုး ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေ ကိုရှောင်ကျဉ်ပါ။

ငွေရေးကြေးရေး – ငွေကြေး အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်ဖို့ ၊ ငွေကြေးအကြံအစည်များအောင်မြင်ဖို့ အခြေအနေကောင်း အခွင့်အလမ်းကောင်း ၊ အဆက်အသွယ်ကောင်းများ ၊ အကူအညီကောင်းများပေါ်လာအံ့။

ဆုံးရှုံးမလိုဖြစ်နေတဲ့ ငွေကြေးများ ပြန်လည်ရရှိအံ့။ ပျက်မလိုဖြစ်နေတဲ့ ငွေကြေးကိစ္စများအောင်မြင်အံ့။ ဆီလိုအပေါက်ရှာပြီး ငွေဝင်နေအံ့။ လက်ဖျားမှာ ငွေသီးနေအံ့။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းလုပ်ကိုင်ဆောင်ရွက်သင့်။

အချစ်ရေး – ချစ်သူရှိပြီးသူများ အိမ်ထောင်ကျတတ်။ အပျို၊လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။ အချစ်ရေးကံကောင်းနေသော်လည်း

ချစ်သူ၏ဟန်ဆောင် လိမ်ညာ ဖုံးကွယ်ခြင်းကို ခံရတတ်တဲ့အတွက်လည်း သတိထားသင့်။ အချစ်ရေးကံကောင်းနေအံ့ ။ ချစ်သူမရှိသေးသူများ ချစ်သူအသစ်ရအံ့ ။

အိမ်ထောင်ရေး – မိမိအိမ်ထောင်ဖက်၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်။ ဖုံးကွယ်ဟန်ဆောင်မှုများ ရောထွေးနေအံ့ ။ ဘေးပယောဂများ ဝင်လာတတ်။ အိမ်ထောင်ဘက်၏ ကောင်းကျိုးပေးခြင်းကို ခံရအံ့။ စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာမျာ းကြုံ ရတွေတတ်။

ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။ မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။ ပညာရေးနှင့် ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်းများ အကြံကောင်း ဉာဏ်ကောင်းများရအံ့။အပေါင်းအသင်းမှားဖြင်း ၊ ပျင်းရိငြီးငွေ့ခြင်းကိုတော့ သတိထားသင့်။

ကျန်းမာရေး – ခြေထောက် ၊ ခါး ၊ အာရုံကြော ၊ ကျီးပေါင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက် (၅)နာရီ (၂၀)မိနစ်တိတိတွင် အဖြူရောင်ပန်း(၂)ပွင့် ၊ ပန်းအဝါ (၅)ပွင့် ၊ အုန်းသီးပါသောမုန့် (၆)ခု ၊ သောက်တော်ရေ (၁)ခွက် ၊ ဖယောင်းတိုင် (၁) တိုင် ၊

ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်မျာ းအောင်မြင်လတ္တံ့။ မိမိ အလို ရှိရာများ ဖြစ်ချင်တာများကို အတိအကျ အသံထွတ်ပြီး ဆုတောင်းပါ ။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

အထူးယတြာ။ ။ အင်္ဂါနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ကြာသပတေးသမီးများ

ဘဝ တစ်ဆစ်ချိုးပြောင်းလဲ မြင့်တက်လတ္တံ့။ အတိတ်ကံကို အကြောင်းပြုပြီးငွေ အစုလိုက် အပုံလိုက် ရခြင်း၊ ထီဆုကြီးပေါက်ခြင်း၊ခြံ၊ကား၊ကျောက် ကောင်းသောဝင်ခြင်းတွင်ရှိလတ္တံ့။

အချစ်ရေးမေတ္တာရေး ကံကောင်းခြင်း၊ မျက်နှာပွင့် စန်းပွင့်ခြင်း၊ငွေကြေးဥစ္စာပစ္စည်းများ စုဆောင် းတိုးပွားခြင်းတို့ကြုံရ လတ္တံ့။ စိတ်ကူး ဉာဏ်ပေါ် သလောက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပါ။

အချိန်မဖြုန်းသင့်။ ရည်ရွယ်ချက် ရှိသမျှ ရဲရဲ လုပ်ပါ။ ဘာပဲလုပ်လုပ် အတိုက်အခံ အခက်အခဲ စိတ်ပူစရာ စိတ်လှုပ်ရှားစရာ များကြုံတွေ့ပြီးမှ အောင်မြင် လတ္တံ့။ မိမိမသိခဲ့သော အတိတ်ကံ အကောင်းအဆိုး နှစ်မျိုးစလုံး၏ အကျိုးကို တွေ့ကြုံ ခံစား ရလတ္တံ့။

ငွေရေးကြေးရေး – အတိတ်ကံကို အကြောင်းပြု၍ ငွေကြေးအစုလိုက်အပုံလိုက်ရအံ့။ ငွေကြေးကံ အထူးကောင်းနေအံ့။ ငွေကြေး ကိစ္စများ မိမိ ရည်မှန်း ထားတာ ထက် ပိုမိုအောင်မြင်အံ့။

မိမိရည်မှန်း ထားတာထက် ပိုမိုစုဆောင်းရအံ့။ တိုးပွားအံ့။ မလိုအပ်သည့်နေရာများတွင် ငွေကြေးဖြုန်းတီးမိတတ်တာကိုတော့ သိထားသင့်။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်း ဆောင်ရွက်သင့်။

အချစ်ရေး – အပျိုလူပျိုများ အတိတ်ဘဝက ဆုတောင်းရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည် ဆုံတွေ့ရလတ္တံ့။ ချစ်သူထံမှ အမှတ်တရ လက်ဆောင် တစ်ခု ကြီးကြီးမားမား ရအံ့။

မိမိကို စိတ်ဝင်စား ချစ်ကြိုက်နေ သူများ အများအပြားပေါ်လာ လတ္တံ့။ ဝိုင်းဝိုင်းလည်နေအံ့။ အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်နေ ရအံ့။ စိတ်ကောက်လိုက် ပြန်တည့် လိုက်ဖြင့် ကြည်နူးစရာများ အတိပြီးနေ အံ့။

အိမ်ထောင်ရေး – တစ်ဦးနဲ့တစ်ဦး နားလည်မှု မျှဝေ ခံစားမှု များဖြင့် သာယာနေအံ့။ မယ်တစ်ထမ်း မောင်တစ်ရွက်ဖြင့် ရှေ့သွားနောက်လိုက် ညီနေအံ့။ အိမ်ထောင်ရေးသုခ ခံစားရအံ့။

စိတ်လှုပ်ရှား ရင်ခုန် ကြည်နူးမှုများ ရေထွေးနေလတ္တံ့။ မိမိအိမ်ထောင်ဖက်၏ သဝန်တိုခြင်းကို ခံရအံ့။ အိမ်ထောင်ဖက်ကို အကြောင်းပြု၍ ငွေကြေးစီးပွား ဥစ္စာများ တိုးပွားလတ္တံ့။ အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်းဉာဏ်ကောင်းများ ရလတ္တံ့။

ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။ ထူးထူးချွန်ချွန် အောင်မြင်အံ့။ နည်းနည်းူကြိုးစားလိုက်ယုံနှင့် များများအောင်မြင် လတ္တံ့။ ဆရာကောင်း သမားကောင်းတွေ့ရအံ့။

ကျန်းမာရေး – ဦးခေါင်း ၊ အာရုံကြော ၊ အဆုတ် ၊ အစာအိမ် နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။ မည့်သည့်နေ့တွင် မဆို မနက်(၆)နာရီ (၃၂) မိနစ်တိတိတွင် ဆွမ်းပူပူ(၃)ပန်းကန် ဆီအစိမ်းဆမ်း ၊ သစ်သီး(၆)လုံး ၊ ကိတ်မုန့်(၂)ချပ် သောက်တော်ရေ (၂)ခွက် ၊ ဖယောင်းတိုင် (၂) တိုင် ၊

မိမိနေအိမ် ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင် လတ္တံ့။ မိမိအလိုရှိရာများ ဖြစ်ချင်တာများကို အတိအကျ အသံထွတ်ပြီး ဆုတောင်းပါ ။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

သောကြာသားသမီးများ

စိတ်ကူးအကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့်စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အောက်လက်ငယ်သား ရွှေ ရတနာအတွက် စိတ်ပူရအံ့။ ကျန်းမာရေးချူခြာခြင်း၊

ဆေးရုံဆေးခန်းများနှင့် ပက်သက်ရခြင်း၊ ဘာမှန်းမသိ ရောဂါရှာ မရပဲ တရှောင်ရှောင်ဖြစ်ခြင်း၊အစားမှာ းဆေးမှားဖြစ်ခြင်း၊ စကားပြောငြင်း ခုန်ရခြင်း၊ ခိုက်ရန်ဖြစ်ပွား တတ်ခြင်း၊စကားပြောကျွံခြင်း လွန်ခြင်း ၊ စက်ပစ္စည်း ၊ စာရွက်စာတမ်း ၊စပ်တူရှယ်ယာကိစ္စများနှင့်ပက်သက်ပြီး စိတ်ညစ် ရတတ်ခြင်း တို့ကြုံရအံ့။

ကြီးမားသောအပြောင်းအလဲများဖြစ်လတ္တံ့။ ကံ အလွန်အမင်းကောင်းနိုင်သလို ၊ ကံ အလွန်အမင်းလည်း ဆိုးလတ္တံ့။ ငြိမ်ငြိမ်နေလျှင် အလွန်အမင်းညံ့လတ္တံ့။ လှုပ်ရှားလျှင် ကံအလွန်အမင်းကောင်းလတ္တံ့။ အိပ်ယာပြောင်းအိပ်ခြင်း၊ခရီးထွက်ခြင်း စသည့် လှုပ်လှုပ်ရှားရှားနေထိုင်ဆောင်ရွက်ပါက ကံကောင်းလတ္တံ့။

ငွေရေးကြေးရေး – ငွေတွေဝင်နေပြီး အကြွေးတင်နေအံ့။ ငွေလိမ်ခံရတတ်။သတိထားသင့်။ ဝင်သမျှငွေများ ပြန်ထွက်ပြီး ငွေမမြဲပဲဖြစ်နေအံ့။ ငွေမဝင်ခင်ကပင် သုံးစရာ ကုန်စရာများက စောင့်ကြိုနေအံ့။ ငွေအတွက် အနည်းငယ် စိတ်ပူရအံ့။ ရစရာပေးစရာငွေများ ထစ်ငေါ့ကြန့်ကြာ လွဲချော်တတ်။

အချစ်ရေး – ချစ်ခြင်းမေတ္တာများ သံယောဇဉ်များလည်း ပြောင်းလဲသွားတတ်။ မတည်မငြိမ်ဖြစ်အံ့။ ထိလွယ် ရှလွယ်ဖြစ်အံ့။ ဆုပ်လည်းစူး စားလည်းရူးအခြေအနေများကြုံရအံ့။ အဆင်မသင့်လျှင် လမ်းခွဲပြတ်စဲ သွားရအံ့။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ် တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်း သွားတတ်ခြင်း တို့ကြုံရလတ္တံ့။

အိမ်ထောင်ရေး – အကောင်းအဆိုးရောထွေးနေလတ္တံ့။ စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ ကြည်နူး ရင်ခုန်စရာများ ရောထွေးနေအံ့။ မကြာခဏ ဆိုသလို ခွဲခွာနေလျှင် အညံ့များပြေပျောက်ပြီး အိမ်ထောင်ရေး သုခများ ခံစား ရလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပါ။ပြောင်းအိပ်ပါ။

ပညာရေး – ပညာရေးကံအလယ်အလတ်သာရှိအံ့။ မိမိရည်မှန်းထားသလောက်သာ အောင်မြင်အံ့။ ဝီရိယအား ၊ ဉာဏ်အား ၊ လူအားစိုက်ထုတ်ပြီး ကြိုးစားသင့်။ အပေါင်းအသင်းမှားတတ်သည့်အတွက် ဂရိုစိုက်သင့်။

ကျန်းမာရေး – နား ၊နှာခေါင်း ၊ ဒူး ၊ ကိုယ်ပူခြင်း ၊ ဖျားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

အခက်အခဲကြီးကြီး မားမားရှိလျှင် အထူးပြုလုပ် သင့်သော ယတြာ … ကြာသပတေးနေ့ညဝတ်အိပ် ထားသော အဝတ်ဟောင်း တစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။

(ငါ့မှာ ရှိနေတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေ အားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါ လုပ်ပါ။ အရေးအကြောင်း ကိစ္စပေါ်လျှင် ထပ်လုပ်ပါ။

ယတြာ။ ။မည့်သည့်နေ့တွင် မဆို မနက်(၇)နာရီ (၄၀) မိနစ်တိတိတွင် ယို(၄)ပွဲ ၊ နှင်းဆီ(၇)ပွင့် ၊ နွားနို့(၃)ခွက် ၊ သောက်တော်ရေ (၃)ခွက် ၊ ဖယောင်းတိုင် (၃) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင်

လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်မျာ းအောင်မြင်လတ္တံ့။ မိမိအလို ရှိရာများ ဖြစ်ချင်တာ များကို အတိအကျ အသံထွတ်ပြီး ဆုတောင်းပါ ။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ် နိုင်သည်)

စနေသားသမီးများ

စီးပွားတက်အံ့။ ဘဝတစ်ဆင့် ချိုးပြောင်းလဲမြင့်တက် သွားအံ့။ နာမည်ဂုဏ်သတင်းကျောဇောထင်ရှားအံ့။ အကောင်းပြော ချီးမွမ်း ခံရလတ္တံ့။ တရားထူးအသိထူးရအံ့။ရာထူးတိုးလ စာတိုးခြင်း၊

အလုပ်နေရာကောင်း ရရှိခြင်း များကြုံလတ္တံ့။ ကံတရာ သက်ရှိသက်မဲ့ အားလုံးတို့၏ မျက်နှာသာပေးခြင်း ခံရလတ္တံ့။စိတ်ထဲမှာ ဖြတ်ခနဲ ပေါ်လာလျှင် ဆတ်ခနဲ ထလုပ်ပါ။ ကြီးပွားတိုးတက်အောင်မြင် ချမ်းသာမည့် အခွင့်အလမ်းကောင်း ၊

အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်း ၊ အကြံကောင်း ဉာဏ်ကောင်း ၊ မိတ်ကောင်းဆွေကောင်းများ ရလတ္တံ့။ ကောင်းသော အကြံအစည် ရည်ရွယ်ချက်မျာ းအောင်မြင်လတ္တံ့။

စိတ်နှစ်ခွဖြစ် စရာများ ရွေးချယ် ရခက်သော အခြေအနေများကြုံရလတ္တံ့။ လူကြီးတစ်ယောက်၏အကူအညီ ကြီးကြီးမားမား ရအံ့။ မိတ်ဆွေရင်း ဆရာရင်းများထံမှလည်း အကူအညီကောင်းများ ရအံ့။

ငွေရေးကြေးရေး – နေရာမျိုးစုံက ပုံစံအမျိုးမျိုးနှင့် ငွေအဝင် ကြမ်းနေအံ့။ အဝင်လည်းကြမ်း အထွက်လည်းကြမ်း ဖြစ်နေအံ့။ ဝင်သလောက် သုံးဖြုန်း မိနေအံ့ ။ မလိုအပ်သည့်နေရာများတွင် မသုံးမိရန် သတိပြု ပါ။ ငွေကြေး ကိစ္စများ ရဲရဲတင်းတင် းဆောင်ရွက်ပါ။ ငွေကြေးကံ အင်မတန်ေ ကာင်းနေအံ့ ။ ရေစီးသလိုငွေ ဝင်နေအံ့ ။

အချစ်ရေး – မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့။ အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကို တန်ဖိုးထား သူများနှင့် ချစ်သူဖြစ်ရတတ်။ အချစ်ရဲ့ချိန်မြိန်တဲ့ အသီးအပွင့် များကို ဆွတ်ယူ စားသုံးရအံ့။ ချစ်စိတ်တွေ ငယ်ထိပ်ရောက်နေအံ့။ အချစ်ရေးမှာ ပန်းနုရောင်တွေ လွှမ်းမိုးနေအံ့။

အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။ မိမိ၏ လုပ်ငန်းဆောင်တာ ရည်ရွယ်ချက် များအတွက် အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကာင်းများ ရလတ္တံ့။အိမ်ထောင်ဖက်ကို အကြောင်းပြု၍ စီးပွား တက်အံ့။ စိတ်ချမ်းသာ ပျော်ရွှင်ရအံ့။

ပညာရေး – ပညာရေးကံ တအားေ ကာင်းနေအံ့။ ဆရာကောင်း သမားကောင်းများထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကောင်းများ ရအံ့။ မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။ ပညာရေး ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင် လတ္တံ့။

ကျန်းမာရေး – သွေးသား ၊ သွေးချို ၊ သွား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။ ဆေးရုံ ဆေးခန်းနှင့် ပက်သက် ရတတ်။ (တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန် ဖြစ်သည်)

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၅)နာရီ(၄)မိနစ်တိတိတွင် အနီရောင်ပန်း(၆)ပွင့် ၊ အုန်းသီးပါသောမုန့် (၆)ခု ၊ လက်ဖက်ရည် (၄)ခွက် ၊ သောက်တော်ရေ (၄)ခွက် ၊ ဖယောင်းတိုင် (၄) တိုင် ၊

ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်မျာ းအောင်မြင်လတ္တံ့။ မိမိအလို ရှိရာများ ဖြစ်ချင်တာများကို အတိအကျ အသံထွတ်ပြီးဆုတောင်းပါ ။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

အကျွန်ုပ်၏ကောင်းသော ဟောချက်များ သွေးထွက်အောင် မှန်ကန်၍ ၊ မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေ သတည်း။

မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လို လားသော

မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)