ေဗဒင္

တနလၤာသားသမီးမ်ားအတြက္ ( ၉ )လပိုင္း တစ္လစာေဟာစာတမ္း

တနင်္လာသားသမီးများအတွက် ( ၉ )လပိုင်း တစ်လစာဟောစာတမ်း

ဒီလအတွင်းမှာ စီစဉ်ထားခြင်း မရှိဘဲ ရုတ်တရက် ကောက်ကာငင်ကာနှင့် ခရီးသွားရတတ်ပါတယ်။ ကောင်းသောခရီး ဖြစ်မယ်။ ကိုယ်ရည်ရွယ်ထားတာတွေ ရည်မှန်းထားတာတွေ ဒီအချိန်မှာ လွယ်လင့်တကူ ဖြစ်မြောက် အောင်မြင်လိမ့်မည်။ ငွေတွေဘာတွေ ကျပျောက်တာလေးတော့ ဖြစ်တတ်ပါတယ်။

မိမိနှင့် ဝေးရပ်က အလုပ်အကိုင်နှင့် ပါတ်သက်ပြီး အဆက်အသွယ်လေးတွေ ရလာလိမ့်မယ်။ လုပ်ဖြစ်ပါက အောင်မြင်နိုင်သည်။ ဘာသာရေးကိစ္စ အဓိဋ္ဌာန်ကိစ္စ ပညာရေးကိစ္စများအတွက် ခရီးထွက်ရလိမ့်မည်။ ထူးခြားသော ဘာသာရေးနှင့် ပါတ်သက်သော ပုံတော်များ ရုပ်ပွားတော်များ ရရှိမည်။ မိတ်ရင်းဆွေရင်း ဆရာရင်း သမားရင်းတွေနဲ့ အဆင်မပြေ ဖြစ်တတ်ပါတယ်။

အမျိုးသားတွေ မိန်းမကိစ္စ နှင့် ဆက်နွယ်ရေး နာမည် ဂုဏ်သိက္ခာ ကျဆင်းတာ ၊ စွပ်စွဲပြောဆိုခံရတာ ကြုံရတတ်ပါတယ်။ ဂရုစိုက်ပါ။ အလုပ်အကိုင် နေရာထိုင်ခင်း အပြောင်းအရွေ့တွေ စီစဉ်ဆောင်ရွက်ရင် အောင်မြင်နိုင်တယ်။

တောင်အရပ်မှ လူမျိုးခြား ဘာသာခြား ကောင်းကျိုးပြုမည်။ သားသမီး အလိုရှိသူများ သားသမီး ဝင်ကိန်းရှိသည်။ ပျိုရွယ်သူများ အချစ်ရေး ကံကောင်းသည်။ ချစ်သူနှင့် အိမ်ထောင်ပြုရန်ကိစ္စ အဆင်ပြေမည်။ ကျန်းမာရေး ထူးထူးထွေထွေ ညံ့ခြင်း မရှိပါ။ ဗိုက်အောင့်ခြင်း အနည်းငယ် ဖြစ်တတ်သည်။

ထီဝါသနာပါသူများ ရှေ့ဆုံးမှ (၆၄)ပူးနေသော ဂဏန်းကို ထိုးသင့်ပါတယ်။ ယတြာအနေနှင့်ကတော့ ရှောက်သီးသုတ် ဆွမ်းတော်တင်ပါ။ ကိုယ်တိုင်လည်း စားပါ။ အုန်းနို့ခေါက်ဆွဲကို ပဲသွေးနှင့်ချက်ကာ လေးဆင့်ချိုင့်နှင့်ထည့်၍ အနီးအပါး လှူဒါန်းပါလေ….။

Zawgyi

တနလၤာသားသမီးမ်ားအတြက္ ( ၉ )လပိုင္း တစ္လစာေဟာစာတမ္း

ဒီလအတြင္းမွာ စီစဥ္ထားျခင္း မရွိဘဲ ႐ုတ္တရက္ ေကာက္ကာငင္ကာႏွင့္ ခရီးသြားရတတ္ပါတယ္။ ေကာင္းေသာခရီး ျဖစ္မယ္။ ကိုယ္ရည္႐ြယ္ထားတာေတြ ရည္မွန္းထားတာေတြ ဒီအခ်ိန္မွာ လြယ္လင့္တကူ ျဖစ္ေျမာက္ ေအာင္ျမင္လိမ့္မည္။ ေငြေတြဘာေတြ က်ေပ်ာက္တာေလးေတာ့ ျဖစ္တတ္ပါတယ္။

မိမိႏွင့္ ေဝးရပ္က အလုပ္အကိုင္ႏွင့္ ပါတ္သက္ၿပီး အဆက္အသြယ္ေလးေတြ ရလာလိမ့္မယ္။ လုပ္ျဖစ္ပါက ေအာင္ျမင္ႏိုင္သည္။ ဘာသာေရးကိစၥ အဓိ႒ာန္ကိစၥ ပညာေရးကိစၥမ်ားအတြက္ ခရီးထြက္ရလိမ့္မည္။ ထူးျခားေသာ ဘာသာေရးႏွင့္ ပါတ္သက္ေသာ ပုံေတာ္မ်ား ႐ုပ္ပြားေတာ္မ်ား ရရွိမည္။ မိတ္ရင္းေဆြရင္း ဆရာရင္း သမားရင္းေတြနဲ႔ အဆင္မေျပ ျဖစ္တတ္ပါတယ္။

အမ်ိဳးသားေတြ မိန္းမကိစၥ ႏွင့္ ဆက္ႏြယ္ေရး နာမည္ ဂုဏ္သိကၡာ က်ဆင္းတာ ၊ စြပ္စြဲေျပာဆိုခံရတာ ႀကဳံရတတ္ပါတယ္။ ဂ႐ုစိုက္ပါ။ အလုပ္အကိုင္ ေနရာထိုင္ခင္း အေျပာင္းအေ႐ြ႕ေတြ စီစဥ္ေဆာင္႐ြက္ရင္ ေအာင္ျမင္ႏိုင္တယ္။

ေတာင္အရပ္မွ လူမ်ိဳးျခား ဘာသာျခား ေကာင္းက်ိဳးျပဳမည္။ သားသမီး အလိုရွိသူမ်ား သားသမီး ဝင္ကိန္းရွိသည္။ ပ်ိဳ႐ြယ္သူမ်ား အခ်စ္ေရး ကံေကာင္းသည္။ ခ်စ္သူႏွင့္ အိမ္ေထာင္ျပဳရန္ကိစၥ အဆင္ေျပမည္။ က်န္းမာေရး ထူးထူးေထြေထြ ညံ့ျခင္း မရွိပါ။ ဗိုက္ေအာင့္ျခင္း အနည္းငယ္ ျဖစ္တတ္သည္။

ထီဝါသနာပါသူမ်ား ေရွ႕ဆုံးမွ (၆၄)ပူးေနေသာ ဂဏန္းကို ထိုးသင့္ပါတယ္။ ယၾတာအေနႏွင့္ကေတာ့ ေရွာက္သီးသုတ္ ဆြမ္းေတာ္တင္ပါ။ ကိုယ္တိုင္လည္း စားပါ။ အုန္းႏို႔ေခါက္ဆြဲကို ပဲေသြးႏွင့္ခ်က္ကာ ေလးဆင့္ခ်ိဳင့္ႏွင့္ထည့္၍ အနီးအပါး လႉဒါန္းပါေလ….။