9.Sep.2021 မှ 15.Sep.2021 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်း မိသားစုအတွင်းရေးကိစ္စများ၊ မိသားစုအလုပ်ကိစ္စများ အရှုပ်အထွေးတွေရှိရင် ဖြေရှင်းနိုင် ပါလိမ့်မယ်။ပျောက်ဆုံးနေတဲ့ပစ္စည်းများ အထားမှားနေတဲ့ပစ္စည်းများမထင်မှတ်ဘဲပြန်တွေ့တတ်ပါတယ်။ အသိမ်း လွန်နေတဲ့ပစ္စည်းတွေပြန်တွေ့တတ်ပါတယ်။ အကြီးအကဲမိဘတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ အထူးသဖြင့်ဖခင်ရဲ့ ကျန်းမာရေးအားနည်းနေတတ်ပါတယ်။ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေလုပ်ကိုင်နေသူများသတိထားပါ။ အမှား အယွင်းလေးတွေဖြစ်ပြီးအဖမ်းအစီးခံရတတ်ပါတယ်။
အများနဲ့ တွဲပြီးလုပ်ကိုင်ခြင်းက ပိုမိုအကျိုးဖြစ်ထွန်းတတ်ပါ တယ်။ မိမိအကြံအစည် စိတ်ကူးထက် အခြားသူရဲ့အကြံဉာဏ်ကိုယူပြီးလုပ်တာကပိုမိုအောင်မြင်တတ်ပါတယ်။ အိမ်ခြံတခါးမလုံခြုံသူများသတိထားပါ။ သူခိုးခိုးခံရတတ်ပါတယ်။ လူထူထပ်တဲ့ နေရာတွေကိုသွားလာခြင်းတွေ ရှောင်လိုက်ပါ။ မိသားစုအတွက်စိုးရိမ်မကင်းဖြစ်ရတတ်ပါတယ်။ သားသမီးကျန်း မာရေးကိုဂရုစိုက်ပါ။ အချစ်ရေး ကိစ္စတွေမှာ အချို့က အရမ်းအဆင်ပြေပြီး အချို့က အဆိုးဆုံးအနေအထားဖြစ်တတ်ပါတယ်။
ကောင်းအား ဆိုးအား နှစ်မျိုးစလုံးကြုံရတတ်တယ်။ အိမ်ထောင်ရေးအဆင်ပြေမယ်။ မိမိအတွက်များစွာ အိမ်ထောင် ဘက်အကူအညီရ တတ်ပါတယ်။ ကျန်းမာရေးကတော့ အာရုံကြော၊ နှလုံးရောဂါတွေ ဂရုစိုက်လိုက်ပါ။အကျိုးပေးဂဏန်း 2/3/6 အထူးဟော အညံ့အဆိုးတွေများနေတတ်ပါတယ်။ယတြာ အရမ်းမွှေးသောပန်းများကို ဘုရားပူဇော်လိုက်ပါ။
တနင်္လာ
စိတ်ကူးအယူအဆများက လွတ်မြောက်ရာကိုအားပြုလုပ်နေမိတတ်ပါတယ်။ တစ်ခုခုကို စိတ်တိုင်းမကျဘဲ ဒီသောကတွေကြားက ပြေးထွက်ချင်နေတတ်ပါတယ်။ မထင်မှတ်ဘဲ အလုပ်က နယ်ပြောင်းရွှေ့ခံရတာ၊အလုပ်ပြုတ် တာ ဌာနပြောင်းတာတွေ ဖြစ်လေ့ရှိတဲ့ကာလပါပဲ။ မိတ်ဆွေကောင်းတွေရှိနေပေမဲ့ မိမိကိုအစစအရာရာကူညီပေးနိုင် သူကတစ်ယောက်စ နှစ်ယောက်စပဲရှိပါတယ်။ မိတ်ဆွေရင်းတွေရဲ့နာရေးသတင်းတွေကြားနေရတတ်ပါတယ်။
ကျန်းမာရေးကတော့ သိပ်အဆိုးကြီး မဖြစ်ပေမဲ့ အသွားအလာ အလှုပ်အရှားများလွန်းတာကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်း နယ်နေတတ်ပါတယ်။အလုပ်သစ်တွေ၊စီးပွားသစ်တွေရှိတဲ့အခါ အနှောက်အယှက်အတားအဆီးတွေရှိနေတတ်တာ တွေ့ရတယ်။ မိမိအဆင်ပြေသွားမှာကို မနာလိုတဲ့သူတွေရှိနေတာကိုမမေ့ပါနဲ့။ အခက်အခဲတွေရှိရင် သစ္စာတရားပြု ဆုတောင်းခြင်းဖြင့်ပြေလည်တတ်ပါတယ်။မိမိကိုအထင်သေးသူများတောင် လေးစားချစ်ခင်ခြင်းခံရတတ်ပါ တယ်။ တစ်ခုသတိထားရမှာကတော့အမွေမှုတွေစတင်ဖြစ်ပွားတတ်ပါတယ်။
လုပ်ငန်းခွင်အတွင်းကောင်းစွာစည်းရုံး သိမ်း သွင်း နိုင်ပါလိမ့်မယ်။ မိမိကိုအကျိုးတူပူးပေါင်းရန်လာရောက်ကမ်းလှမ်းခြင်းတွေကြုံရတတ်ပါတယ်။ စည်းစိမ်း ချမ်းသာနှင့်ဓနဥစ္စာတွေရရှိတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့မိမိကိုယ်တိုင်ကသံယောဇဉ်တွေကို ဖြတ်ချင် နေမိတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ သဘောစိတ်ကူးမတူတာတွေများနေတတ်ပါတယ်။ အကျိုးပေးဂဏန်း 3/4/0အထူးဟော ကံသင့်ပါတယ်။ယတြာ နွားနို့ဘုရားကပ်လှူလိုက်ပါ။
အင်္ဂါ
ဒီကာလမှာတော့ အလုပ်စီးပွားကံကောင်းနေတတ်ပါတယ်။ လုပ်သမျှစီးပွားရေးတွေက မိမိအမြင်ကျယ်လေ တိုးတတ်လေပါပဲ။ ဒီကာလမှာ ပါးပါးနပ်နပ်တွေးတောလုပ်ကိုင်တတ်ဖို့လိုပါတယ်။ အိုင်တီနဲ့ဆက်နွယ်သောအလုပ် များ၊မီးနဲ့ချက်ပြုတ်ရသော အလုပ်များ၊ စက်ပြင်အလုပ်များအဆင်ပြေတတ်ပါတယ်။ မိတ်ဆွေကောင်းတွေနဲ့တိုင်ပင် လုပ်လေအဆင်ပြေလေပါပဲ။တပည့်တွေ၊ကျေးဇူးရှိဖူးသူတွေ လာရောက်ကန်တော့တာ ထောက်ပံ့တာမျိုးကြုံရ တတ်ပါတယ်။
ရပ်ဝေးကချိတ်ဆက်ထားသောအလုပ်တွေက ပိုမိုအားကောင်းလာတတ်ပါတယ်။ အွန်လိုင်းအလုပ် များအဆင်ပြေတတ်ပါတယ်။ကျန်းမာရေးကတော့ ဒီကာလ အညောင်းမိတာများပြီး ဝမ်းချုပ်တာ၊ဇက်ကြောတတ် တာတွေဖြစ်ရတတ်ပါတယ်။ ရွှေနှင့်သတ္တုတူးဖော်ခြင်းများ အဆင်ပြေတိုးတတ်နိုင်ပါတယ်။ မိတ်ဆွေ ကောင်း တွေရဲ့အကူအညီရနိုင်သလို ဆရာသမားတွေဆီကအကြံကောင်းတွေရလာတတ်ပါတယ်။
အလုပ်သစ်၊ဆိုင် သစ် စီးပွား သစ်စတင်လို့ကောင်းပါတယ်။ စန်းအားနည်းနေချိန်မို့ အချစ်ရေးကိစ္စတွေမှာတော့ တတ်နိုင်သမျှကိုယ်က လျှော့ပါ။ တစ်ယောက်တစ်ခွန်းစကားများရာကနေ အပြီးပြတ်သည်အထိဖြစ်သွားနိုင်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အနည်းငယ်အားနည်းပါတယ်။ အိမ်ထောင်ဘက်ကအလုပ်များပြီးဂရုမစိုက်နိုင်တာကို မိမိကခွင့်လွှတ် ပေးဖို့လိုပါ တယ်။အကျိုးပေးဂဏန်း 1/5/8အထူးဟော အလုပ်စီးပွားထင်ရှားစွာတိုးတတ်မည်။ယတြာ အသက်ကြီးသူများကိုလိုအပ်တဲ့အားဆေးလှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီအပတ်ထဲမှာလုပ်သင့်တာတွေကိုပဲ ဦးစားပေးလုပ်ပါ။ မိမိစိတ်တိုင်းကျဘာမှလုပ်မရပါဘူး၊ မိမိကံအားနည်း နေချိန်မို့ မိမိအတွေးအခေါ်ကလဲ ချွတ်ချော်နေတတ်တာကိုတွေ့ရပါတယ်။ အလုပ်တွေနဲ့ပတ်သက်ပြီး ထင်သ လို မဖြစ်နိုင်သေးဘူး။ တတ်နိုင်သမျှအလုပ်အတွက် ရင်းနှီးမြုပ်နှံမှုတွေမလုပ်နဲ့အုံး။ အိမ်တွင်းရေးကိစ္စ၊အမွေ ကိစ္စတွေ မှာတော့ မိမိကဦးဆောင်ပြီးတော့ မဆောင်ရွက်ပါနဲ့။
ကျန်းမာရေးကောင်းနေနိုင်ပါတယ်။ကျန်းမာရေးအတွက် စိတ်ပူ ဖို့သိပ်မလိုသေးတဲ့ကာလပါပဲ။စကားအပြောအဆိုတော့ထိန်းပါ။ စကားနဲ့ပတ်သက်ပြီး နှုတ်ကျွံတော့နှုတ်မရဆိုတာ မျိုးတွေဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်သောခရီးတွေရက် ရွှေ့ပြီးမှအဆင်ပြေရတတ်ပါတယ်။ မိမိရဲ့ အကြွေး ဟောင်းတွေပြန်ဆပ်နိုင်ပါလိမ့်မယ်။ စက်ကားဝယ်ယူမယ်ဆိုအနာအဆာပါလာတတ်ပါတယ်။ သတိနဲ့ယှဉ် ပါ။ အောက်လက်ငယ်သားတွေကို ငွေကြေးနဲ့ပတ်သက်ပြီး ခိုင်းစေခြင်းကို သတိရှိပါ။
မိမိပိုင်ကားတွေ၊ ဆိုင်ကယ် တွေသူများကို ရင်းနှီးတယ်ဆိုပြီးမငှားလိုက်ပါနဲ့။အချစ်ရေးကိစ္စတွေမှာတော့ သင့်တော်ရုံကောင်းပါတယ်။ ချစ်သူ အခက်အခဲတွေ ရှိရင်တော့ မိမိကကူညီပေးလိုက်ပါ။အိမ်ထောင်ရေးမှာတော့ အနည်းငယ်စိတ်တိုင်းမကျစရာတွေ ဖြစ်ရတတ်ပါ တယ်။ အိမ်ထောင်ဘက်က အရာရာပျင်းရိနေလို့ မိမိအတွက်စိတ်ညစ်ရတတ်ပါတယ်။ အကျိုးပေးဂဏန်း 2/5/6 အထူးဟော စိတ်နဲ့လူနဲ့မကပ်ဖြစ်ရမည်။ယတြာ မိမိပတ်ဝန်းကျင်းကသူတွေကို အိတ်ဆောင်တရားစာအုပ်လေးတွေလှူလိုက်ပါ။
ကြာသပတေး
စိတ်ကူးကောင်း အယူအဆကောင်းတွေရှိပေမဲ့ လက်တွေ့အကောင်အထည်ဖော်လို့မရနိုင်သေးပါဘူး။ မိသားစုအရေး၊လူမှုရေးတွေမှာ တာဝန်တွေပိနေတတ်ပါတယ်။ မိမိစီးပွားအတွက် ကောင်းကောင်းလုပ်ဖို့အချိန်မရ တဲ့ကာလပါပဲ။ အောက်ခြေလူတန်းစားတွေအတွက် တတ်နိုင်သ၍အကူအညီတွေပေးခွင့်ရလာတတ်ပါတယ်။ ငွေက အဝင်များ အထွက်များဖြစ်နေတတ်ပါတယ်။ ကြွေးမြီးကိစ္စတွေတက်နိုင်သလောက်ရှောင်ပါ။
မလိုအပ်ဘဲ အဖိုးတန် ပစ္စည်းများမဝယ်သင့်တဲ့ကာလပါ။မထင်မှတ်ဘဲခရီးတိုတွေ သွားနေရတတ်ပါတယ်။ စုတ်ကိစ္စမရှုပ်ပါနဲ့။ ဒီကာလမှာ ပြဿနာဖြစ်ရတတ်လို့ပါပဲ။သတင်းအလုပ်၊ကိုယ်စားလှယ် အလုပ်များနှင့် အကျိုးဆောင်အလုပ်များ အခွင့်အလမ်း သစ်တွေရလာတတ်ပါတယ်။ စပ်တူကိစ္စအဆင်မပြေဖြစ်ရ တတ်ပါတယ်။ ရှေ့တိုးရခက်၊နောက်ဆုတ်ရခက် အနေ အထားမျိုးဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအညံ့များနေတာကိုသိသင့်ပါတယ်။
တစ်ခုခုအနေအထိုင်အစား အသောက် မဆင်ခြင်တာနဲ့ ရောဂါဝင်လာနိုင်မဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ အဆိုးမရှိပါ။ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေမဲ့ကာလတွေပါပဲ။ အချစ်ရေးကတော့ ကိုယ့်ထက်ငယ်သူနဲ့ ချစ်ကြိုက်နေသူဆို အနည်းငယ်စိတ်ညစ်ရတတ်ပါ တယ်။အသွားအလာကန့်သတ်ထားပေမဲ့ ဟိုလိုက်ပို့ခိုင်း ဒီလိုက်ပို့ခိုင်းလုပ်နေပါလိမ့်မယ်။အကျိုးပေးဂဏန်း 0/3/6 အထူးဟော စိတ်ညစ်စရာတွေများနေတတ်ပါတယ်။ယတြာ ဘုရားရှင်အားအလင်းတိုင်၃တိုင်ကပ်လှူပြီး သမ္ဗုဒ္ဓေဂါထာတော်ကိုသက်စေ့ရွတ်ပွားပါ။
သောကြာ
ကံကြမ္မာကအလင်းရောင်ပေးမဲ့ကာလပါပဲ။ မိမိက အခွင့်အရေးတွေရလာရင်အသုံးချတတ်ဖို့ပဲလိုပါတယ်။ မိမိလိုချင်နေတဲ့ အလှအပလက်ဆောင်တွေရလာတတ်ပါတယ်။ ငွေကံကောင်းပေမဲ့ ပေးရကမ်းရကိစ္စလေးတွေလဲ ရှိနေတတ်ပါတယ်။ မိမိကျွမ်းကျင်ရာ လိမ္မာရာကိစ္စတွေမှာ အားကုန်ထည့်ပြီးဆောင်ရွက်လိုက်ပါ။ အိမ်ထောင် ပရိဘောဂဝယ်ချင်တယ်ဆိုရင် ဒီကာလဝယ်ပါ။
ခရမ်းရောင် ဝတ်ဆင်ထားတဲ့မိတ်ဆွေတစ်ဦးအိမ်လာလည်ရင်တော့ ကံကောင်းတတ်တာမို့ ထီကံစမ်းလိုက်ပါ။ စပ်တူအလုပ်များကောင်းစွာလည်ပတ်နိုင်ပါလိမ့်မယ်။ ငွေကြေးရပိုင်ခွင့် တွေကြန့်ကြာနေတာမျိုးရှိရင်ရလာတတ်ပါတယ်။ အလှူအတန်းကိစ္စလေးတွေကြုံလာတတ်ပါတယ်။ ရောင်းချင်၊ ဝယ်ချင်တာ တွေရှိနေရင်တော့ မြန်မြန်ဝယ်၊မြန်မြန်ရောင်းတာအကောင်းဆုံးပါပဲ။ ကုန် ပစ္စည်းအသစ်များကို စတင် ဖြန့်ချီခြင်းတွေ၊ အွန်လိုင်းကနေကြေငြာခြင်းတွေစတင်သင့်တဲ့ကာလပါပဲ။
အလှူအတန်း အလုပ်များ၊ဘာသာရေး အလုပ် များလုပ်ခွင့်ကြုံရတတ်ပါတတ်ပါတယ်။သားသမီးနဲ့ပက်သက်ပြီးစိတ်ချမ်းမြေ့ရတတ် ပါတယ်။တန်ဖိုးရှိတဲ့ လက်ဆောင်တွေရလာတတ်ပါတယ်။ အချစ်ရေးကိစ္စ တွေမှာ ထင်သလောက်အဆင်မပြေနိုင်သေးပါ။ ချစ်သူနဲ့ စကားများပြဿနာတတ်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေး၊စီးပွားရေး အားနည်းမှုတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အကျိုးပေးဂဏန်း 1/4/7အထူးဟော ကံမြင့်မားနေမည်။ယတြာ အိမ်ရှေ့လာသောအလှူခံတွေမှာ တတ်နိုင်သလောက်လှူဒါန်းထည့်ဝင်လိုက်ပါ။
စနေ
ကံအဆိုးထက်အကောင်းများတဲ့ကာလပါပဲ။ ကျန်းမာရေးအတွက် စိတ်ရှုပ်စရာလေးတွေရှိနေတတ်ပါတယ်။ ငွေကံပွင့်နေတာတော့တွေ့ရပါတယ်။ ကုန်ကြွေးတွေ၊လုပ်အားခအကြွေးတွေရှိရင်ရလာ တတ်ပါတယ်။စိတ်ထဲ တစ်ခုခု ကြံစည်လုပ်ကိုင်ချင်တာမျိုးပေါ်လာရင် ထလုပ်ကြည့်ပါ။ အောင်မြင်တတ်ပါတယ်။ စန်းအားကောင်းနေနိုင် ပါတယ်။ ချစ်သူသစ်ရတတ်ပါတယ်။ လူသိမခံတဲ့ တိတ်တိတ်ပုန်း အချစ်ရေးမျိုးကြုံလာရတတ်ပါတယ်။
အိမ်ထောင် ရေးကိစ္စတွေမှာ အိမ်ထောင်ဘက်က အဝေးသွားတာ၊ အလုပ်ကိစ္စနဲ့ခရီးသွားတာမျိုးကြုံရတတ်ပါတယ်။ လိင်မတူ သူတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ကျန်းမာရေးအတွက်ရလဒ်ကောင်းတွေရလာတတ်ပါတယ်။အနာ ရောဂါ တွေရှိရင် ပျောက်ကင်းသွားတတ်ပါတယ်။ ချောပို့အလုပ်များ အော်ဒါများများရလိမ့်မယ်။ ဝန်ထမ်းများ ရာထူးတတ်၊လစားတိုးခြင်းတွေအထူးကြုံရတတ်ပါတယ် ။ သူတစ်ပါးရဲ့အပြစ်အနာအဆာတွေကိုခွင့်လွှတ်ပေးနေမိ တတ်ပါတယ်။
မိမိစိတ်ထဲ စိတ်ကောင်းဝင်နေတတ်ပါ တယ်။ ပျော်စရာတွေများများကြုံရလိမ့်မယ်။ ဆရာဟောင်း တွေနဲ့ပြန်လည်ဆုံဆည်းခွင့်ရလာတတ်ပါတယ်။ ဖခင် အတွက်စိတ်ပူပန်ရတတ်ပါတယ်။ လုပ်ငန်းနေရာအပြောင်း အရွှေ့တွေ မထင်မှတ်ဘဲ ကြုံရမည်။အကျိုးပေးဂဏန်း 1/5/9 အထူးဟော စိတ်ကြည်နူးချမ်းမြေ့ရတတ်ပါတယ်။ယတြာ ရှေ့ဟောင်းဘုရားတစ်ဆူဆူတွင် အဓိဋ္ဌာန်ပုတီးစိပ်ခြင်းတွေစတင်လိုက်ပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695//09 44 5555 695
Zawgyi
9.Sep.2021 မွ 15.Sep.2021 အထိ တစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း
တနဂၤေႏြ
ဒီကာလအတြင္း မိသားစုအတြင္းေရးကိစၥမ်ား၊ မိသားစုအလုပ္ကိစၥမ်ား အရႈပ္အေထြးေတြရွိရင္ ေျဖရွင္းႏိုင္ ပါလိမ့္မယ္။ေပ်ာက္ဆုံးေနတဲ့ပစၥည္းမ်ား အထားမွားေနတဲ့ပစၥည္းမ်ားမထင္မွတ္ဘဲျပန္ေတြ႕တတ္ပါတယ္။ အသိမ္း လြန္ေနတဲ့ပစၥည္းေတြျပန္ေတြ႕တတ္ပါတယ္။ အႀကီးအကဲမိဘေတြရဲ႕က်န္းမာေရးကို ဂ႐ုစိုက္ပါ။ အထူးသျဖင့္ဖခင္ရဲ႕ က်န္းမာေရးအားနည္းေနတတ္ပါတယ္။ဥပေဒနဲ႔ မလြတ္ကင္းတဲ့ အလုပ္ေတြလုပ္ကိုင္ေနသူမ်ားသတိထားပါ။ အမွား အယြင္းေလးေတြျဖစ္ၿပီးအဖမ္းအစီးခံရတတ္ပါတယ္။
အမ်ားနဲ႔ တြဲၿပီးလုပ္ကိုင္ျခင္းက ပိုမိုအက်ိဳးျဖစ္ထြန္းတတ္ပါ တယ္။ မိမိအႀကံအစည္ စိတ္ကူးထက္ အျခားသူရဲ႕အႀကံဉာဏ္ကိုယူၿပီးလုပ္တာကပိုမိုေအာင္ျမင္တတ္ပါတယ္။ အိမ္ၿခံတခါးမလုံၿခဳံသူမ်ားသတိထားပါ။ သူခိုးခိုးခံရတတ္ပါတယ္။ လူထူထပ္တဲ့ ေနရာေတြကိုသြားလာျခင္းေတြ ေရွာင္လိုက္ပါ။ မိသားစုအတြက္စိုးရိမ္မကင္းျဖစ္ရတတ္ပါတယ္။ သားသမီးက်န္း မာေရးကိုဂ႐ုစိုက္ပါ။ အခ်စ္ေရး ကိစၥေတြမွာ အခ်ိဳ႕က အရမ္းအဆင္ေျပၿပီး အခ်ိဳ႕က အဆိုးဆုံးအေနအထားျဖစ္တတ္ပါတယ္။
ေကာင္းအား ဆိုးအား ႏွစ္မ်ိဳးစလုံးႀကဳံရတတ္တယ္။ အိမ္ေထာင္ေရးအဆင္ေျပမယ္။ မိမိအတြက္မ်ားစြာ အိမ္ေထာင္ ဘက္အကူအညီရ တတ္ပါတယ္။ က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ ႏွလုံးေရာဂါေတြ ဂ႐ုစိုက္လိုက္ပါ။အက်ိဳးေပးဂဏန္း 2/3/6 အထူးေဟာ အညံ့အဆိုးေတြမ်ားေနတတ္ပါတယ္။ယၾတာ အရမ္းေမႊးေသာပန္းမ်ားကို ဘုရားပူေဇာ္လိုက္ပါ။
တနလၤာ
စိတ္ကူးအယူအဆမ်ားက လြတ္ေျမာက္ရာကိုအားျပဳလုပ္ေနမိတတ္ပါတယ္။ တစ္ခုခုကို စိတ္တိုင္းမက်ဘဲ ဒီေသာကေတြၾကားက ေျပးထြက္ခ်င္ေနတတ္ပါတယ္။ မထင္မွတ္ဘဲ အလုပ္က နယ္ေျပာင္းေ႐ႊ႕ခံရတာ၊အလုပ္ျပဳတ္ တာ ဌာနေျပာင္းတာေတြ ျဖစ္ေလ့ရွိတဲ့ကာလပါပဲ။ မိတ္ေဆြေကာင္းေတြရွိေနေပမဲ့ မိမိကိုအစစအရာရာကူညီေပးႏိုင္ သူကတစ္ေယာက္စ ႏွစ္ေယာက္စပဲရွိပါတယ္။ မိတ္ေဆြရင္းေတြရဲ႕နာေရးသတင္းေတြၾကားေနရတတ္ပါတယ္။
က်န္းမာေရးကေတာ့ သိပ္အဆိုးႀကီး မျဖစ္ေပမဲ့ အသြားအလာ အလႈပ္အရွားမ်ားလြန္းတာေၾကာင့္ ခႏၶာကိုယ္ပင္ပန္းႏြမ္း နယ္ေနတတ္ပါတယ္။အလုပ္သစ္ေတြ၊စီးပြားသစ္ေတြရွိတဲ့အခါ အေႏွာက္အယွက္အတားအဆီးေတြရွိေနတတ္တာ ေတြ႕ရတယ္။ မိမိအဆင္ေျပသြားမွာကို မနာလိုတဲ့သူေတြရွိေနတာကိုမေမ့ပါနဲ႔။ အခက္အခဲေတြရွိရင္ သစၥာတရားျပဳ ဆုေတာင္းျခင္းျဖင့္ေျပလည္တတ္ပါတယ္။မိမိကိုအထင္ေသးသူမ်ားေတာင္ ေလးစားခ်စ္ခင္ျခင္းခံရတတ္ပါ တယ္။ တစ္ခုသတိထားရမွာကေတာ့အေမြမႈေတြစတင္ျဖစ္ပြားတတ္ပါတယ္။
လုပ္ငန္းခြင္အတြင္းေကာင္းစြာစည္း႐ုံး သိမ္း သြင္း ႏိုင္ပါလိမ့္မယ္။ မိမိကိုအက်ိဳးတူပူးေပါင္းရန္လာေရာက္ကမ္းလွမ္းျခင္းေတြႀကဳံရတတ္ပါတယ္။ စည္းစိမ္း ခ်မ္းသာႏွင့္ဓနဥစၥာေတြရရွိတတ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့မိမိကိုယ္တိုင္ကသံေယာဇဥ္ေတြကို ျဖတ္ခ်င္ ေနမိတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္နဲ႔ သေဘာစိတ္ကူးမတူတာေတြမ်ားေနတတ္ပါတယ္။ အက်ိဳးေပးဂဏန္း 3/4/0အထူးေဟာ ကံသင့္ပါတယ္။ယၾတာ ႏြားႏို႔ဘုရားကပ္လႉလိုက္ပါ။
အဂၤါ
ဒီကာလမွာေတာ့ အလုပ္စီးပြားကံေကာင္းေနတတ္ပါတယ္။ လုပ္သမွ်စီးပြားေရးေတြက မိမိအျမင္က်ယ္ေလ တိုးတတ္ေလပါပဲ။ ဒီကာလမွာ ပါးပါးနပ္နပ္ေတြးေတာလုပ္ကိုင္တတ္ဖို႔လိုပါတယ္။ အိုင္တီနဲ႔ဆက္ႏြယ္ေသာအလုပ္ မ်ား၊မီးနဲ႔ခ်က္ျပဳတ္ရေသာ အလုပ္မ်ား၊ စက္ျပင္အလုပ္မ်ားအဆင္ေျပတတ္ပါတယ္။ မိတ္ေဆြေကာင္းေတြနဲ႔တိုင္ပင္ လုပ္ေလအဆင္ေျပေလပါပဲ။တပည့္ေတြ၊ေက်းဇူးရွိဖူးသူေတြ လာေရာက္ကန္ေတာ့တာ ေထာက္ပံ့တာမ်ိဳးႀကဳံရ တတ္ပါတယ္။
ရပ္ေဝးကခ်ိတ္ဆက္ထားေသာအလုပ္ေတြက ပိုမိုအားေကာင္းလာတတ္ပါတယ္။ အြန္လိုင္းအလုပ္ မ်ားအဆင္ေျပတတ္ပါတယ္။က်န္းမာေရးကေတာ့ ဒီကာလ အေညာင္းမိတာမ်ားၿပီး ဝမ္းခ်ဳပ္တာ၊ဇက္ေၾကာတတ္ တာေတြျဖစ္ရတတ္ပါတယ္။ ေ႐ႊႏွင့္သတၱဳတူးေဖာ္ျခင္းမ်ား အဆင္ေျပတိုးတတ္ႏိုင္ပါတယ္။ မိတ္ေဆြ ေကာင္း ေတြရဲ႕အကူအညီရႏိုင္သလို ဆရာသမားေတြဆီကအႀကံေကာင္းေတြရလာတတ္ပါတယ္။
အလုပ္သစ္၊ဆိုင္ သစ္ စီးပြား သစ္စတင္လို႔ေကာင္းပါတယ္။ စန္းအားနည္းေနခ်ိန္မို႔ အခ်စ္ေရးကိစၥေတြမွာေတာ့ တတ္ႏိုင္သမွ်ကိုယ္က ေလွ်ာ့ပါ။ တစ္ေယာက္တစ္ခြန္းစကားမ်ားရာကေန အၿပီးျပတ္သည္အထိျဖစ္သြားႏိုင္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး အနည္းငယ္အားနည္းပါတယ္။ အိမ္ေထာင္ဘက္ကအလုပ္မ်ားၿပီးဂ႐ုမစိုက္ႏိုင္တာကို မိမိကခြင့္လႊတ္ ေပးဖို႔လိုပါ တယ္။အက်ိဳးေပးဂဏန္း 1/5/8အထူးေဟာ အလုပ္စီးပြားထင္ရွားစြာတိုးတတ္မည္။ယၾတာ အသက္ႀကီးသူမ်ားကိုလိုအပ္တဲ့အားေဆးလႉလိုက္ပါ။
ဗုဒၶဟူး/ရာဟု
ဒီအပတ္ထဲမွာလုပ္သင့္တာေတြကိုပဲ ဦးစားေပးလုပ္ပါ။ မိမိစိတ္တိုင္းက်ဘာမွလုပ္မရပါဘူး၊ မိမိကံအားနည္း ေနခ်ိန္မို႔ မိမိအေတြးအေခၚကလဲ ခြၽတ္ေခ်ာ္ေနတတ္တာကိုေတြ႕ရပါတယ္။ အလုပ္ေတြနဲ႔ပတ္သက္ၿပီး ထင္သ လို မျဖစ္ႏိုင္ေသးဘူး။ တတ္ႏိုင္သမွ်အလုပ္အတြက္ ရင္းႏွီးျမဳပ္ႏွံမႈေတြမလုပ္နဲ႔အုံး။ အိမ္တြင္းေရးကိစၥ၊အေမြ ကိစၥေတြ မွာေတာ့ မိမိကဦးေဆာင္ၿပီးေတာ့ မေဆာင္႐ြက္ပါနဲ႔။
က်န္းမာေရးေကာင္းေနႏိုင္ပါတယ္။က်န္းမာေရးအတြက္ စိတ္ပူ ဖို႔သိပ္မလိုေသးတဲ့ကာလပါပဲ။စကားအေျပာအဆိုေတာ့ထိန္းပါ။ စကားနဲ႔ပတ္သက္ၿပီး ႏႈတ္ကြၽံေတာ့ႏႈတ္မရဆိုတာ မ်ိဳးေတြျဖစ္ရတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ေသာခရီးေတြရက္ ေ႐ႊ႕ၿပီးမွအဆင္ေျပရတတ္ပါတယ္။ မိမိရဲ႕ အေႂကြး ေဟာင္းေတြျပန္ဆပ္ႏိုင္ပါလိမ့္မယ္။ စက္ကားဝယ္ယူမယ္ဆိုအနာအဆာပါလာတတ္ပါတယ္။ သတိနဲ႔ယွဥ္ ပါ။ ေအာက္လက္ငယ္သားေတြကို ေငြေၾကးနဲ႔ပတ္သက္ၿပီး ခိုင္းေစျခင္းကို သတိရွိပါ။
မိမိပိုင္ကားေတြ၊ ဆိုင္ကယ္ ေတြသူမ်ားကို ရင္းႏွီးတယ္ဆိုၿပီးမငွားလိုက္ပါနဲ႔။အခ်စ္ေရးကိစၥေတြမွာေတာ့ သင့္ေတာ္႐ုံေကာင္းပါတယ္။ ခ်စ္သူ အခက္အခဲေတြ ရွိရင္ေတာ့ မိမိကကူညီေပးလိုက္ပါ။အိမ္ေထာင္ေရးမွာေတာ့ အနည္းငယ္စိတ္တိုင္းမက်စရာေတြ ျဖစ္ရတတ္ပါ တယ္။ အိမ္ေထာင္ဘက္က အရာရာပ်င္းရိေနလို႔ မိမိအတြက္စိတ္ညစ္ရတတ္ပါတယ္။ အက်ိဳးေပးဂဏန္း 2/5/6 အထူးေဟာ စိတ္နဲ႔လူနဲ႔မကပ္ျဖစ္ရမည္။ယၾတာ မိမိပတ္ဝန္းက်င္းကသူေတြကို အိတ္ေဆာင္တရားစာအုပ္ေလးေတြလႉလိုက္ပါ။
ၾကာသပေတး
စိတ္ကူးေကာင္း အယူအဆေကာင္းေတြရွိေပမဲ့ လက္ေတြ႕အေကာင္အထည္ေဖာ္လို႔မရႏိုင္ေသးပါဘူး။ မိသားစုအေရး၊လူမႈေရးေတြမွာ တာဝန္ေတြပိေနတတ္ပါတယ္။ မိမိစီးပြားအတြက္ ေကာင္းေကာင္းလုပ္ဖို႔အခ်ိန္မရ တဲ့ကာလပါပဲ။ ေအာက္ေျခလူတန္းစားေတြအတြက္ တတ္ႏိုင္သ၍အကူအညီေတြေပးခြင့္ရလာတတ္ပါတယ္။ ေငြက အဝင္မ်ား အထြက္မ်ားျဖစ္ေနတတ္ပါတယ္။ ေႂကြးၿမီးကိစၥေတြတက္ႏိုင္သေလာက္ေရွာင္ပါ။
မလိုအပ္ဘဲ အဖိုးတန္ ပစၥည္းမ်ားမဝယ္သင့္တဲ့ကာလပါ။မထင္မွတ္ဘဲခရီးတိုေတြ သြားေနရတတ္ပါတယ္။ စုတ္ကိစၥမရႈပ္ပါနဲ႔။ ဒီကာလမွာ ျပႆနာျဖစ္ရတတ္လို႔ပါပဲ။သတင္းအလုပ္၊ကိုယ္စားလွယ္ အလုပ္မ်ားႏွင့္ အက်ိဳးေဆာင္အလုပ္မ်ား အခြင့္အလမ္း သစ္ေတြရလာတတ္ပါတယ္။ စပ္တူကိစၥအဆင္မေျပျဖစ္ရ တတ္ပါတယ္။ ေရွ႕တိုးရခက္၊ေနာက္ဆုတ္ရခက္ အေန အထားမ်ိဳးျဖစ္ေနတတ္ပါတယ္။ က်န္းမာေရးအညံ့မ်ားေနတာကိုသိသင့္ပါတယ္။
တစ္ခုခုအေနအထိုင္အစား အေသာက္ မဆင္ျခင္တာနဲ႔ ေရာဂါဝင္လာႏိုင္မဲ့ကာလပါပဲ။ အိမ္ေထာင္ေရးကေတာ့ အဆိုးမရွိပါ။ကိုယ့္အလုပ္နဲ႔ကိုယ္ ရႈပ္ေနမဲ့ကာလေတြပါပဲ။ အခ်စ္ေရးကေတာ့ ကိုယ့္ထက္ငယ္သူနဲ႔ ခ်စ္ႀကိဳက္ေနသူဆို အနည္းငယ္စိတ္ညစ္ရတတ္ပါ တယ္။အသြားအလာကန႔္သတ္ထားေပမဲ့ ဟိုလိုက္ပို႔ခိုင္း ဒီလိုက္ပို႔ခိုင္းလုပ္ေနပါလိမ့္မယ္။အက်ိဳးေပးဂဏန္း 0/3/6 အထူးေဟာ စိတ္ညစ္စရာေတြမ်ားေနတတ္ပါတယ္။ယၾတာ ဘုရားရွင္အားအလင္းတိုင္၃တိုင္ကပ္လႉၿပီး သမၺဳေဒၶဂါထာေတာ္ကိုသက္ေစ့႐ြတ္ပြားပါ။
ေသာၾကာ
ကံၾကမၼာကအလင္းေရာင္ေပးမဲ့ကာလပါပဲ။ မိမိက အခြင့္အေရးေတြရလာရင္အသုံးခ်တတ္ဖို႔ပဲလိုပါတယ္။ မိမိလိုခ်င္ေနတဲ့ အလွအပလက္ေဆာင္ေတြရလာတတ္ပါတယ္။ ေငြကံေကာင္းေပမဲ့ ေပးရကမ္းရကိစၥေလးေတြလဲ ရွိေနတတ္ပါတယ္။ မိမိကြၽမ္းက်င္ရာ လိမၼာရာကိစၥေတြမွာ အားကုန္ထည့္ၿပီးေဆာင္႐ြက္လိုက္ပါ။ အိမ္ေထာင္ ပရိေဘာဂဝယ္ခ်င္တယ္ဆိုရင္ ဒီကာလဝယ္ပါ။
ခရမ္းေရာင္ ဝတ္ဆင္ထားတဲ့မိတ္ေဆြတစ္ဦးအိမ္လာလည္ရင္ေတာ့ ကံေကာင္းတတ္တာမို႔ ထီကံစမ္းလိုက္ပါ။ စပ္တူအလုပ္မ်ားေကာင္းစြာလည္ပတ္ႏိုင္ပါလိမ့္မယ္။ ေငြေၾကးရပိုင္ခြင့္ ေတြၾကန႔္ၾကာေနတာမ်ိဳးရွိရင္ရလာတတ္ပါတယ္။ အလႉအတန္းကိစၥေလးေတြႀကဳံလာတတ္ပါတယ္။ ေရာင္းခ်င္၊ ဝယ္ခ်င္တာ ေတြရွိေနရင္ေတာ့ ျမန္ျမန္ဝယ္၊ျမန္ျမန္ေရာင္းတာအေကာင္းဆုံးပါပဲ။ ကုန္ ပစၥည္းအသစ္မ်ားကို စတင္ ျဖန႔္ခ်ီျခင္းေတြ၊ အြန္လိုင္းကေနေၾကျငာျခင္းေတြစတင္သင့္တဲ့ကာလပါပဲ။
အလႉအတန္း အလုပ္မ်ား၊ဘာသာေရး အလုပ္ မ်ားလုပ္ခြင့္ႀကဳံရတတ္ပါတတ္ပါတယ္။သားသမီးနဲ႔ပက္သက္ၿပီးစိတ္ခ်မ္းေျမ့ရတတ္ ပါတယ္။တန္ဖိုးရွိတဲ့ လက္ေဆာင္ေတြရလာတတ္ပါတယ္။ အခ်စ္ေရးကိစၥ ေတြမွာ ထင္သေလာက္အဆင္မေျပႏိုင္ေသးပါ။ ခ်စ္သူနဲ႔ စကားမ်ားျပႆနာတတ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ က်န္းမာေရး၊စီးပြားေရး အားနည္းမႈေတြေၾကာင့္စိတ္ညစ္ရတတ္ပါတယ္။ အက်ိဳးေပးဂဏန္း 1/4/7အထူးေဟာ ကံျမင့္မားေနမည္။ယၾတာ အိမ္ေရွ႕လာေသာအလႉခံေတြမွာ တတ္ႏိုင္သေလာက္လႉဒါန္းထည့္ဝင္လိုက္ပါ။
စေန
ကံအဆိုးထက္အေကာင္းမ်ားတဲ့ကာလပါပဲ။ က်န္းမာေရးအတြက္ စိတ္ရႈပ္စရာေလးေတြရွိေနတတ္ပါတယ္။ ေငြကံပြင့္ေနတာေတာ့ေတြ႕ရပါတယ္။ ကုန္ေႂကြးေတြ၊လုပ္အားခအေႂကြးေတြရွိရင္ရလာ တတ္ပါတယ္။စိတ္ထဲ တစ္ခုခု ႀကံစည္လုပ္ကိုင္ခ်င္တာမ်ိဳးေပၚလာရင္ ထလုပ္ၾကည့္ပါ။ ေအာင္ျမင္တတ္ပါတယ္။ စန္းအားေကာင္းေနႏိုင္ ပါတယ္။ ခ်စ္သူသစ္ရတတ္ပါတယ္။ လူသိမခံတဲ့ တိတ္တိတ္ပုန္း အခ်စ္ေရးမ်ိဳးႀကဳံလာရတတ္ပါတယ္။
အိမ္ေထာင္ ေရးကိစၥေတြမွာ အိမ္ေထာင္ဘက္က အေဝးသြားတာ၊ အလုပ္ကိစၥနဲ႔ခရီးသြားတာမ်ိဳးႀကဳံရတတ္ပါတယ္။ လိင္မတူ သူေတြရဲ႕အကူအညီေတြရလာတတ္ပါတယ္။က်န္းမာေရးအတြက္ရလဒ္ေကာင္းေတြရလာတတ္ပါတယ္။အနာ ေရာဂါ ေတြရွိရင္ ေပ်ာက္ကင္းသြားတတ္ပါတယ္။ ေခ်ာပို႔အလုပ္မ်ား ေအာ္ဒါမ်ားမ်ားရလိမ့္မယ္။ ဝန္ထမ္းမ်ား ရာထူးတတ္၊လစားတိုးျခင္းေတြအထူးႀကဳံရတတ္ပါတယ္ ။ သူတစ္ပါးရဲ႕အျပစ္အနာအဆာေတြကိုခြင့္လႊတ္ေပးေနမိ တတ္ပါတယ္။
မိမိစိတ္ထဲ စိတ္ေကာင္းဝင္ေနတတ္ပါ တယ္။ ေပ်ာ္စရာေတြမ်ားမ်ားႀကဳံရလိမ့္မယ္။ ဆရာေဟာင္း ေတြနဲ႔ျပန္လည္ဆုံဆည္းခြင့္ရလာတတ္ပါတယ္။ ဖခင္ အတြက္စိတ္ပူပန္ရတတ္ပါတယ္။ လုပ္ငန္းေနရာအေျပာင္း အေ႐ႊ႕ေတြ မထင္မွတ္ဘဲ ႀကဳံရမည္။အက်ိဳးေပးဂဏန္း 1/5/9 အထူးေဟာ စိတ္ၾကည္ႏူးခ်မ္းေျမ့ရတတ္ပါတယ္။ယၾတာ ေရွ႕ေဟာင္းဘုရားတစ္ဆူဆူတြင္ အဓိ႒ာန္ပုတီးစိပ္ျခင္းေတြစတင္လိုက္ပါ။
၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695//09 44 5555 695