26.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ တူစန်း၊ တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေ ကိုကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ ကူညီမဲ့သူတွေပေါများကြတယ်။
ဘဝမှာ ညီအကိုမောင်နှဆီက ဖြစ်စေ၊ ဦးလေးဘကြီးတွေဆီကဖြစ်စေ အထောက် အပံ့ရလွယ်တာမျိုးအထူးကြုံရတယ်။ မိဘအသွန်အသင် မကောင်းရင်တော့ ငါ့တစ်ဘို့ထဲ ကြည့်တဲ့အတ္တသမားဖြစ် သွားလိမ့်မယ်။
လူတွေကိုအကျိုးအမြတ်ကြည့်ပြီး ပေါင်းတဲ့သူဖြစ်သွားပါလိမ့်မယ်။ သတိထားရမှာကအိမ်ထောင်ကံ အားနည်းချက်ပါလာတဲ့သူတွေဖြစ်ပါတယ်။ ပေါ့ပေါ့နေပေါ့ပေါ့စားပြီး အထည်ကြီးပျက်လိုလူမျိုးတွေနဲ့ ဖူးစားဆုံရ တတ်ပြီး အိမ်ထောင်ရေးမအေးချမ်း နိုင် တာမျိုး ဖြစ်လွယ်ပါတယ်။ မွေးချိန်အရတော့ကွဟချက်ရှိနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၄၉) နာရီမှ မွန်းလွဲ(၁း၁၇)နာရီအတွင်း ကျရောက် နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ အနက်ရောင် နှင့် နီညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။ ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဓာတ်ဆားရည်အနည်းငယ်လောက်သောက်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အီကြာကွေး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
စိတ်ချမ်းသာစရာ၊စိတ်ချမ်းမြေ့စရာကိစ္စတွေကိုအထူးကြုံရ တတ်တယ်။ အချစ်ရေးစန်းပွင့် နေတာကြောင့် ချစ်သူနဲ့ အဆင်ပြေ တတ်ပါတယ်။ချစ်သူသစ်၊ရည်းစားသစ်လဲရ လွယ်ပါတယ်။ ဘာသာရေးကို အလေးထား လုပ်ကိုင်သူ တွေ ပိုမိုသိသာထင်ရှားစွာနဲ့ ကံမြင့်မားနေတာတွေ့ရပါလိမ့် မယ်။
အခက်အခဲတွေကိုကောင်းစွာကျော်လွှားနိုင်ပါ လိမ့်မယ်။ မိမိ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါ လိမ့်မယ်။ လုပ်ငန်းကြီးများ၊အရေးကြီးတဲ့စီးပွား ရေး များကို စတင် ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီးရှယ်ယာဝင်တာမျိုး ၊မိမိအလုပ်မှာ ပဲရင်းနှီးမြုပ် နှံတာ မျိုးတွေအထူးရှောင်ပါ။
တနင်္လာ
ကံကောင်းခြင်း၊အဆင်ပြေ ခြင်းတွေကိုလဲ တွေ့ရကြုံရ တတ်ပါတယ်။အိမ်တွင်းရေးအပူလေးတွေရှိနေ တတ် ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ချဲ့ထွင်လို့အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ ဆိုင်သစ်ဖွင့်ခြင်းများလဲ ဒီနေ့မှာစတင်နိုင်ပါ လိမ့်မယ်။ ကျန်းမာရေးကတော့ အလွန်ကောင်းနေတဲ့နေ့ပါ။
စပ်တူအလုပ်များ၊ရှယ်ယာအလုပ်များ စတင်လို့အလွန် ကောင်းမဲ့နေ့ပါပဲ။ အလုပ်တွေကြိုးစားပါလို့ပြောချင်ပါတယ်။ ကြိုးစားသ လောက်အသိအမှတ်ပြုခြင်းလဲခံနေရပါ လိမ့်မယ်။ အထက်လူကြီးတွေ မျက်စိကျနေတဲ့အတွက်မိမိဘက် ကကြိုးစားဖို့လိုပါတယ်။ကိုယ်ပိုင်လုပ်ငန်းများ မိတ်သစ်၊ဖောက်သည်အသစ်တွေ တိုးပါလိမ့်မယ်။
အင်္ဂါ
လုပ်ငန်းပြိုင်တွေရဲ့ခြေလှမ်းတွေကိုစောင့်ကြည့်ထားဖို့လိုအပ် ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲ စရာများနေပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အကုန် အကျလေးတွေများနေတတ်ပါတယ်။
အပျော် ဆိုပြီး လုပ်လိုက်တဲ့ကိစ္စတွေက အပျက်ဘက်ကိုရောက်သွားတတ်ပါ တယ်။ အပေါင်းအသင်းတွေကိုသတိထားပါ။ ပင်ပန်းရတာ၊စိတ်ညစ်ရတာတွေများနေတတ်ပါတယ်။ မိမိဖြစ် ချင်တာကတစ်မျိုး၊ဖြစ်နေတာကတစ်ခုဆိုတာမျိုး ကြုံရတတ်ပါတယ်။ ရန်အတိုက်အခိုက်တွေများနေတတ်ပါတယ်။ ဒါကြောင့်မိမိရဲ့အတွင်းရေးတွေမပေါက်ကြားပါ စေနဲ့။
ဗုဒ္ဓဟူး၊ရာဟု
သူတစ်ပါး ရဲ့အကူအညီတော့မရပေမဲ့ကိုယ်စွမ်းကိုယ်စ တွေကိုတော့အကောင်းဆုံးထုတ်သုံးနိုင်ပါလိမ့်မယ်။ အလုပ် နဲ့ ပတ်သက် ပြီး ခရီးကိစ္စတွေပေါ်လာတတ်ပါတယ်။ ဥပဒေနဲ့ပတ်သက်သောအလုပ်တွေ နှင့် စာချုပ်စာတန်း ချုပ်ဆိုခြင်း တွေအဆင်မပြေဖြစ်ရတတ်ပါတယ်။
ကျန်းမာရေးကိုပဲအထူးဂရုစိုက်ပါ။ အလုပ်တွေပင်ပန်းခြင်း ကြောင့်ပဲ ကိုယ်ပင်ပန်း ပြီးစိတ်နွမ်းပါလိမ့်မယ်။ လူမျိုးခြား၊ ဘာသာခြားတွေနဲ့ဆက်စပ်လုပ်ကိုင်သောအလုပ်များလဲ အညံ့များနေတတ်ပါတယ်။ ဒီနေ့ဟာကိုယ်ပိုင်စီးပွားရေး သမားများ အခက်အခဲတွေဖြေရှင်းနိုင်ပါလိမ့်မယ်။
ကြာသပတေး
ချစ်သူအပေါ်အမြင်မကြည်ဖြစ်နေမိတတ်ပါတယ်။ သွားချင်တဲ့ခရီးများအပျော်ခရီး များလဲသွားရတတ်ပါတယ်။ online shopများ ပိုမိုအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ချောင်းဆိုးနေတတ်ပါတယ်ဗျာ။
အလုပ်တွေများရတတ်ပါတယ်။ အိမ်ရှင်မတောင်မှ အိမ် တွင်းအလုပ်တွေပုံနေတတ်ပါတယ်။ ကံကောင်းတာ တစ်ခု က ဒီဇာတာရှင်အနေနဲ့ ဒီနေ့မှာအချိန်ကုန်မှန်းမသိကုန် သွားတတ်ပါတယ်။ အခက်အခဲလဲထူးထူးခြားခြား မတွေ့ ရပါဘူး။ ပျော်တတ်ပါးတတ် သောက်တတ်စားတတ်တဲ့ သူ ဆိုရင်တော့ အဲဒီအတွက်ငွေကုန်ရတာမျိုးတော့ ရှိနေပါ လိမ့်မယ်။
သောကြာ
မိမိမသိတဲ့ ကိစ္စကိုနားလည်သူတွေကိုမေးမြန်းပြီးမှဆောင် ရွက်ပါ။ လူလိမ်ခံရတတ်လို့ပါပဲ။ ပစ္စည်းတစ်ခုခု တစ် ပတ် ရစ်ဝယ် မယ်ဆိုရင်လဲ မိမိထက်သိတဲ့သူကိုခေါ်သွားစေ ချင်ပါတယ်။ ပညာစတင်သင်ယူခြင်း များ၊သင်တန်း စတတ်ခြင်း များအလွန်စတင်ဆောင်ရွက်လို့ကောင်းပါတယ်။
မိမိဖြစ်ချင်တာ၊လုပ်ချင်တာကိုဦးစားပေးပြီးလုပ်ပါ။ အဖျက်ဝင် တဲ့အတွက်သူများစကားနားမယောင်မိဖို့လိုပါတယ်။ အသီးအပွင့်တွေရကိုရဖို့ စတင်မြေတူးဆွစိုက်ပျိုး နေချိန်လို့ ခံ ယူထားပါ။ ဒီနေ့ဟာပင်ပန်းပေမဲ့ ရေရှည်အကျိုး ကျေးဇူးများမဲ့အခြေအနေတွေဖြစ်နေတတ်ပါတယ်။
စနေ
ကျန်းမာရေးကတော့ အညံ့မရှိသလောက်နည်းပါတယ်။ မင်္ဂလာစကားပြောခြင်း၊နားဖောက်ခြင်းတွေဆောင်ရွက်လို့ အထူးကောင်းပါတယ်။ အပြုံးလေးနဲ့နေနိုင်လေ ဒီနေ့ ကံကောင်းလေပါပဲ။ ဒီနေ့ မှာလူငယ်ဆန်ဆန် တွေးခေါ်လုပ် ကိုင်ရင်ပိုမိုအောင်မြင်တတ်ပါတယ်။
မိမိအတွက် လိုအပ်တဲ့အကြံဉာဏ်ကောင်းတွေကို ရရှိလာ တတ်ပါတယ်။ ချစ်သူခင်သူတွေဆီကအကူအညီတွေအများကြီးရ လာတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သော လုပ်ငန်းများ အထူးအဆင်ပြေပါလိမ့်မယ်။ ချစ်သူဆီကနေ တန်ဖိုးရှိ တဲ့လက်ဆောင်လေးတွေရလာတတ်ပါတယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)