ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မကို လက်မလွတ်ပဲ ဆက်ချစ်နေမယ့်လူမျိုးကိုပဲ လိုချင်တယ်
ကျွန်မအတွက် သေရဲတဲ့လူလဲ မလိုချင်ဘူး သတ်ရဲ့တဲ့လူလဲ မလိုချင်ဘူး
သေရဲ သတ်ရဲတယ်ဆိုတာက အတ္တ ဒါမှမဟုတ်
ဒေါသ ကြီးတတ်တဲ့ လူတစ်ယောက်အဖြစ်ပဲ ကျွန်မတော့ မြင်တယ်..။
ထစ်ကနဲရှိ သေမယ် သတ်မယ်ဆိုတာချည်းပဲ ရှိလာတဲ့အခါ
ဘဝက ဘယ်မှာ ငြိမ်းချမ်းမလဲ သတ္တိရှိတယ်ဆိုတာ
သေရဲသတ်ရုံပဲလို့ မမြင်ဘူး
မှားတာတွေရှိလာတဲ့အခါ အမှန်ကို ပြင်ရဲတာလဲ သတ္တိပဲ..၊
ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မကို လက်မလွတ်ပဲ
ဆက်ချစ်နေမယ့်လူမျိုးကိုပဲ လိုချင်တယ်
ကျွန်မမှားသွားတဲ့အခါ အပြစ်တင်ပြောနေတတ်တဲ့
ပါးစပ်တစ်စုံထက် အမှားကို ထောက်ပြပြီး
အမှန်ပြင်ပေးတတ်တဲ့ နှုတ်ခမ်းတစ်စုံကို လိုချင်တယ်..။
ဘယ်သူတွေ ဘယ်လိုပဲ ပုတ်ခတ်နေပါစေ
ကျွန်မဘက်မှာ ရဲရဲတင်းတင်း ရပ်တည်ပေးရဲတဲ့
သရဲဘောမကြောင်တာမျိုး ဖြစ်စေချင်တယ်..။
ပြဿနာတစ်ခုခု ကြုံလာတဲ့အခါ ခေါင်းရှောင်တတ်တာထက်
ပြဿနာကို ရင်ဆိုင်ရဲတဲ့ လူမျိုးပဲ လိုချင်တယ်
ကျွန်မဘဝမှာ ကျွန်မအတွက် သေရဲတဲ့လူလဲ မလိုချင်ဘူး..။
ကျွန်မအတွက် သတ်ရဲတဲ့လူလိုမလိုချင်ဘူး
ဘာအခက်အခဲတွေပဲ ရှိလာရှိလာ ကျွန်မကို လက်တွဲမဖြုတ်တဲ့ လူမျိုးကိုပဲ လိုချင်တယ်..။
မိုက်ရူးရဲဆန်တဲ့ သတ္တိတွေ မလိုဘူး
ယောက်ျားပီသမှု တာဝန်သိတတ်မှု ပြီးတော့ လမ်းပြနိုင်မှုလေးတွေတော့ ရှိစေချင်တယ်..။
တစ်ခုခုဆို ဒေါသရှေ့တန်းတင်ပြီး ဆေးရုံ နဲ့ထောင်
နှစ်ပါးသွားနေရမယ့် မိန်းကလေးတစ်ယောက်တော့
ကျွန်မ မဖြစ်ချင်ဘူးလေ ဒါကြောင့် . . . . . ကျွန်မအတွက် သေရဲဖို့လဲ မလိုဘူး သတ်ရဲဖို့လဲ မလိုဘူး..။
သေတဖန်သက်တစ်ဆုံးထိ သစ္စာရှိရှိ ရဲရဲရင့်ရင့် ကျွန်မဘဝကို အကာအကွယ်ပေးနိုင်ရင် ရပြီ..။
သျှင်ယွန်း
Credit
ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ ကြၽန္မကို လက္မလြတ္ပဲ ဆက္ခ်စ္ေနမယ့္လူမ်ိဳးကိုပဲ လိုခ်င္တယ္
ကြၽန္မအတြက္ ေသရဲတဲ့လူလဲ မလိုခ်င္ဘူး သတ္ရဲ႕တဲ့လူလဲ မလိုခ်င္ဘူး
ေသရဲ သတ္ရဲတယ္ဆိုတာက အတၱ ဒါမွမဟုတ္
ေဒါသ ႀကီးတတ္တဲ့ လူတစ္ေယာက္အျဖစ္ပဲ ကြၽန္မေတာ့ ျမင္တယ္..။
ထစ္ကနဲရွိ ေသမယ္ သတ္မယ္ဆိုတာခ်ည္းပဲ ရွိလာတဲ့အခါ
ဘဝက ဘယ္မွာ ၿငိမ္းခ်မ္းမလဲ သတၱိရွိတယ္ဆိုတာ
ေသရဲသတ္႐ုံပဲလို႔ မျမင္ဘူး
မွားတာေတြရွိလာတဲ့အခါ အမွန္ကို ျပင္ရဲတာလဲ သတၱိပဲ..၊
ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ ကြၽန္မကို လက္မလြတ္ပဲ
ဆက္ခ်စ္ေနမယ့္လူမ်ိဳးကိုပဲ လိုခ်င္တယ္
ကြၽန္မမွားသြားတဲ့အခါ အျပစ္တင္ေျပာေနတတ္တဲ့
ပါးစပ္တစ္စုံထက္ အမွားကို ေထာက္ျပၿပီး
အမွန္ျပင္ေပးတတ္တဲ့ ႏႈတ္ခမ္းတစ္စုံကို လိုခ်င္တယ္..။
ဘယ္သူေတြ ဘယ္လိုပဲ ပုတ္ခတ္ေနပါေစ
ကြၽန္မဘက္မွာ ရဲရဲတင္းတင္း ရပ္တည္ေပးရဲတဲ့
သရဲေဘာမေၾကာင္တာမ်ိဳး ျဖစ္ေစခ်င္တယ္..။
ျပႆနာတစ္ခုခု ႀကဳံလာတဲ့အခါ ေခါင္းေရွာင္တတ္တာထက္
ျပႆနာကို ရင္ဆိုင္ရဲတဲ့ လူမ်ိဳးပဲ လိုခ်င္တယ္
ကြၽန္မဘဝမွာ ကြၽန္မအတြက္ ေသရဲတဲ့လူလဲ မလိုခ်င္ဘူး..။
ကြၽန္မအတြက္ သတ္ရဲတဲ့လူလိုမလိုခ်င္ဘူး
ဘာအခက္အခဲေတြပဲ ရွိလာရွိလာ ကြၽန္မကို လက္တြဲမျဖဳတ္တဲ့ လူမ်ိဳးကိုပဲ လိုခ်င္တယ္..။
မိုက္႐ူးရဲဆန္တဲ့ သတၱိေတြ မလိုဘူး
ေယာက္်ားပီသမႈ တာဝန္သိတတ္မႈ ၿပီးေတာ့ လမ္းျပႏိုင္မႈေလးေတြေတာ့ ရွိေစခ်င္တယ္..။
တစ္ခုခုဆို ေဒါသေရွ႕တန္းတင္ၿပီး ေဆး႐ုံ နဲ႔ေထာင္
ႏွစ္ပါးသြားေနရမယ့္ မိန္းကေလးတစ္ေယာက္ေတာ့
ကြၽန္မ မျဖစ္ခ်င္ဘူးေလ ဒါေၾကာင့္ . . . . . ကြၽန္မအတြက္ ေသရဲဖို႔လဲ မလိုဘူး သတ္ရဲဖို႔လဲ မလိုဘူး..။
ေသတဖန္သက္တစ္ဆုံးထိ သစၥာရွိရွိ ရဲရဲရင့္ရင့္ ကြၽန္မဘဝကို အကာအကြယ္ေပးႏိုင္ရင္ ရၿပီ..။
သွ်င္ယြန္း
Credit