ၾကားသိရသမွ်

ပြည်သူလူထုနဲ့အတူအမှန်တရားဘက်ကရပ်တည်ပြီး CDM ပြုလုပ်သွားတဲ့ ခွဲစိတ်ဆရာဝန်ဒေါက်တာမြဝတ်ရည်မှသမီးဦးလေးကို အောင်မြင်စွာမွေးဖွား




Credit

ပရိသတ်ကြီးရေ.. စကားပြောပွင့်လင်းပြီး မဟုတ်မခံတတ်သလို ချစ်စရာစိတ်ထားလေးတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆယ်လီတွေထဲမှာ ဒေါက်တာမြဝတ်ရည်ကလည်း အပါအဝင်ပါပဲ..။

ဒေါက်တာမြဝတ်ရည်ဟာဆိုရင် ခွဲစိတ်အထူးကု ဆရာဝန်ဘဝမှာ CDMပြုလုပ်ကာ ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ပြီး ဆန့်ကျင်​တော်လှန်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။ ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ ဒေါက်တာမြဝတ်ရည်ကို ပုဒ်မ ၅၀၅(က)နဲ့တရားဆွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ်။

ကိုယ်ဝန်ကြီးနဲ့ဝရမ်း​ကြောင့်တိမ်း​ရှောင်​တိမ်းနေရတဲ့ ​ဒေါက်တာမြဝတ်ရည်ဟာ ရင်​သွေးငယ်သမီး​လေးကို ​အောင်မြင်ဘေးကင်းစွာ ​​မွေးဖွားခဲ့ပြီဖြစ်ပါသည်။မိခင်​ရော ရင်​သွေးပါ ကျန်းမာ​ဘေးကင်းစွာရှိ​နေသည့်အတွက် ​ဒေါက်တာ့ ကို စိုးရိမ်၍ ချစ်မြတ်နိုးသူပရိတ်သတ်များ စိတ်ချမ်းသာစရာ သတင်းအ​နေဖြင့် တင်ဆက်​ပေးလိုက်ပါတယ်နော်။