


Rain (For Ialinks)
Unicode
မွေးရာပါလက်နှစ်ဖက်မရှိပေမယ့် အိမ်မှုကိစ္စများလုပ်ကိုင်ကူရင်း websiteတစ်ခုကနေ တစ်လကို ဗီယက်နမ်ငွေသန်း၁၀၀ဝင်ငွေရှိသော အမျိုးသား

တရုတ်နိုင်ငံမှ အသက်၂၇နှစ်အရွယ် အမျိုးသားတစ်ဦးသည် မွေးကတည်းက လက်နှစ်ဖက်လုံး ပါမလာခဲ့၍ ပတ်ဝန်းကျင်မှ ကဲ့ရဲ့ပြောဆိုတာတွေရှိသော်လည်း အခြားသူများထက်ကို လစာကောင်းသည့်အလုပ်တစ်ခုအား ပိုင်ဆိုင်ထားသည်။

အမျိုးသားသည် မိခင်ဖြစ်သူနှင့်အတူ နေထိုင်ရင်း အိမ်မှုကိစ္စတွေကို လုပ်ကိုင်ကူကာ ထင်းခွဲခြင်း၊ထမင်းဟင်းချက်ပြုတ်ခြင်းနှင့် အခြားသောတစ်နေ့တာ လုပ်ဆောင်ချက်များကို မည်သူ့အကူအညီမှ မပါပဲ တစ်ယောက်တည်း လုပ်ဆောင်နိုင်ခဲ့သည်။
ထို့အပြင် အမျိုးသားသည် ထူးချွန်သောအရည်အချင်းကြောင့် အီလက်ထရွန်းနစ်Websiteတစ်ခုကနေ တစ်လကို ဗီယက်နမ်ငွေ သန်း၁၀၀ရရှိပြီး ရပ်ရွာထဲရှိအလုပ်သမားတွေထက် လစာမှာ နှစ်ဆလောက်ရရှိခဲ့သည်။

Rain (For Ialinks)



