ၾကားသိရသမွ်

ပျောက်ဆုံးနေတဲ့ ဦးဇော်ဇော် ပြန်ပေါ်လာပါပြီ (ပုပ်လို့ ပြန်ပေါ်လာတာ များလား)

ပျောက်ဆုံးနေတဲ့ ဦးဇော်ဇော် ပြန်ပေါ်လာပါပြီ (ပုပ်လို့ ပြန်ပေါ်လာတာ များလား)

မင်းအောင်လှိုင်နှင့်အတူ လူမြင်ကွင်းကို ထွက်ပေါ်လာတဲ့ ဦးဇော်ဇော်ကို ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ တွေ့ရပါတယ်။

ဦးဇော်ဇော်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကတည်းကနေ လူမြင်ကွင်းကနေ ပျောက်ကွယ်နေခြင်းဖြစ်ပါတယ်။

တချို့ သတင်းများကတော့ ဦးဇော်ဇော် ဖမ်းဆီးခံထားရသည်ဟု ဆိုကြပေမယ့်လည်း ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ မအလနှင့်အတူ တွေ့ရခြင်းဖြစ်ပါတယ်။

ယနေ့ (ဒီဇင်ဘာ ၂၆ ရက်)နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်းကို မအလ သွားရောက် စစ်ဆေးရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုလည်း နံဘေးမှာ ရိုကျိုးတဲ့ ပုံစံအနေအထားနဲ့ မြင်တွေ့ရတာ ဖြစ်ပါတယ်။

unicode

ပျောက်ဆုံးနေတဲ့ ဦးဇော်ဇော် ပြန်ပေါ်လာပါပြီ (ပုပ်လို့ ပြန်ပေါ်လာတာ များလား)



