တယ်လီနောမြန်မာကို M1 Group ဆီ ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်တဲ့ Telenor Group
နော်ဝေတယ်လီနောအုပ်စုဟာ မြန်မာနိုင်ငံတွင်းမှာ သူတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုတွေရဲ့၁၀၀% အပြည့်အဝကို M1 Group ကို ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီလို့ သိရပါတယ်။
Globe News Wireရဲ့ ဖော်ပြချက်အရ ဒေါ်လာသန်း ၅၀ ကို လက်ငင်းပေးချေရမှာဖြစ်ပြီး ကျန် ဒေါ်လာ ၅၅ သန်းကို၅ နှစ်အထိ အရစ်ကျပေးချေသွားရမယ်လို့လည်း သိရပါတယ်။

မူလကတော့ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းများဆက်လက်ဖော်ဆောင်နေမှု၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့မြန်မာပြည်သူတွေအတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေအပေါ် မူတည်ပြီး ဆက်လက်လုပ်ကိုင်နေဦးမယ်လို့
အလေးအနက်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ M1 Group ကို ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့တယ်လီကွန်းနယ်ပယ်တွေက ဖော်ပြခဲ့ကြပြီး တယ်လီနောအုပ်စုကလည်း အတည်ပြုခဲ့ပါတယ်။
M1 Group ကတော့ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ ရုံးချုပ်ဖွင့်လှစ်ထားပြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးတစ်ခုအဖြစ်ထင်ရှားပါတယ်။
၁၉၈၀ ပြည့်နှစ်ကျော်ကာလတွေမှာ Taha Mikati နဲ့ Najib Mikati ညီအကိုနှစ်ဦးကတည်ထောင်ခဲ့ကြပြီး Najib ကတော့ လက်ဘနွန်ဝန်ကြီးချုပ်အဖြစ် ၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၁ မှာတစ်ကြိမ်နဲ့ ၂ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။
တိုက်ကြီး ၃ တိုက်က နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ရုံးခွဲတွေဖွင့်လှစ်ထားပြီး ဝန်ထမ်းပေါင်း ၅၀၀၀ ကျော်အထိ ရှိတယ်လို့ဆိုပါတယ်။
၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှာတော့ လန်ဒန်စတော့အိတ်ချိန်း နဲ့ ဒူဘိုင်းတို့မှာ ဈေးကွက်တန်ဖိုး ၃.၃ ဘီလီယံအထိရှိခဲ့ပြီး အရှေ့အလယ်ပိုင်းရဲ့ အကြီးမားဆုံးကုမ္ပဏီတွေထဲကတစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့ကာ အင်အားကြီးထွားလာလာခဲ့ပါတယ်။
M1 Group ဟာ ဥရောပ၊ အမေရိက နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အိမ်ခြံမြေလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသလို၊Faconnable, Pepe ဂျင်းဘောင်းဘီ နဲ့ Hackett London တို့ အပါအဝင် အထည်အလိပ်အမှတ်တံဆိပ်များစွာကိုလည်းပိုင်ဆိုင်ထားပါတယ်။
မတူညီကွဲပြားတဲ့ စီးပွားရေးလုပ်ငန်းအများအပြားမှာလည်း ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နေတဲ့ကုမ္ပဏကြီးဖြစ်တယ်လို့ သိရပါတယ်။ တယ်လီနောမြန်မာကတော့ ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီးပြည်တွင်းတယ်လီကွန်းနယ်ပယ်မှာ ဈေးကွက်ဝေစုအများဆုံးရ အော်ပရေတာတစ်ခုအဖြစ် ရှိလာခဲ့ပါတယ်။
Crd
zawgyi
တယ္လီေနာျမန္မာကို M1 Group ဆီ ေဒၚလာ ၁၀၅ သန္းနဲ႔ ေရာင္းခ်လိုက္တဲ့ Telenor Group
ေနာ္ေဝတယ္လီေနာအုပ္စုဟာ ျမန္မာႏိုင္ငံတြင္းမွာ သူတို႔လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ မိုဘိုင္းလ္ဖုန္းဝန္ေဆာင္မႈေတြရဲ႕၁၀၀% အျပည့္အဝကို M1 Group ကို ေဒၚလာ ၁၀၅ သန္းနဲ႔ ေရာင္းခ်လိုက္ၿပီလို႔ သိရပါတယ္။
Globe News Wireရဲ႕ ေဖာ္ျပခ်က္အရ ေဒၚလာသန္း ၅၀ ကို လက္ငင္းေပးေခ်ရမွာျဖစ္ၿပီး က်န္ ေဒၚလာ ၅၅ သန္းကို၅ ႏွစ္အထိ အရစ္က်ေပးေခ်သြားရမယ္လို႔လည္း သိရပါတယ္။

မူလကေတာ့ တယ္လီေနာအေနနဲ႔ ျမန္မာႏိုင္ငံမွာ လုပ္ငန္းမ်ားဆက္လက္ေဖာ္ေဆာင္ေနမႈ၊ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈေတြနဲ႔ျမန္မာျပည္သူေတြအတြက္ အျပဳသေဘာေဆာင္တဲ့ ပံ့ပိုးကူညီမႈေတြအေပၚ မူတည္ၿပီး ဆက္လက္လုပ္ကိုင္ေနဦးမယ္လို႔
အေလးအနက္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုအခါမွာေတာ့ M1 Group ကို ေရာင္းခ်ဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီလို႔တယ္လီကြန္းနယ္ပယ္ေတြက ေဖာ္ျပခဲ့ၾကၿပီး တယ္လီေနာအုပ္စုကလည္း အတည္ျပဳခဲ့ပါတယ္။
M1 Group ကေတာ့ လက္ဘႏြန္ႏိုင္ငံ၊ ေဘ႐ြတ္ၿမိဳ႕မွာ ႐ုံးခ်ဳပ္ဖြင့္လွစ္ထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီႀကီးတစ္ခုအျဖစ္ထင္ရွားပါတယ္။
၁၉၈၀ ျပည့္ႏွစ္ေက်ာ္ကာလေတြမွာ Taha Mikati နဲ႔ Najib Mikati ညီအကိုႏွစ္ဦးကတည္ေထာင္ခဲ့ၾကၿပီး Najib ကေတာ့ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္အျဖစ္ ၂၀၀၅ ခုႏွစ္က တစ္ႀကိမ္၊ ၂၀၁၁ မွာတစ္ႀကိမ္နဲ႔ ၂ႀကိမ္တိုင္တိုင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။
တိုက္ႀကီး ၃ တိုက္က ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံမွာ ႐ုံးခြဲေတြဖြင့္လွစ္ထားၿပီး ဝန္ထမ္းေပါင္း ၅၀၀၀ ေက်ာ္အထိ ရွိတယ္လို႔ဆိုပါတယ္။
၂၀၀၅ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္ေန႔မွာေတာ့ လန္ဒန္စေတာ့အိတ္ခ်ိန္း နဲ႔ ဒူဘိုင္းတို႔မွာ ေဈးကြက္တန္ဖိုး ၃.၃ ဘီလီယံအထိရွိခဲ့ၿပီး အေရွ႕အလယ္ပိုင္းရဲ႕ အႀကီးမားဆုံးကုမၸဏီေတြထဲကတစ္ခုအျဖစ္ ရပ္တည္ႏိုင္လာခဲ့ကာ အင္အားႀကီးထြားလာလာခဲ့ပါတယ္။
M1 Group ဟာ ဥေရာပ၊ အေမရိက နဲ႔ အေရွ႕အလယ္ပိုင္းေဒသေတြမွာ အိမ္ၿခံေျမလုပ္ငန္းေတြကိုလည္း လုပ္ကိုင္ေနသလို၊Faconnable, Pepe ဂ်င္းေဘာင္းဘီ နဲ႔ Hackett London တို႔ အပါအဝင္ အထည္အလိပ္အမွတ္တံဆိပ္မ်ားစြာကိုလည္းပိုင္ဆိုင္ထားပါတယ္။
မတူညီကြဲျပားတဲ့ စီးပြားေရးလုပ္ငန္းအမ်ားအျပားမွာလည္း ရင္းႏွီးျမဳပ္ႏွံမႈေတြျပဳလုပ္ေနတဲ့ကုမၸဏႀကီးျဖစ္တယ္လို႔ သိရပါတယ္။ တယ္လီေနာျမန္မာကေတာ့ ၂၀၁၄ ခုႏွစ္မွာ စတင္ခဲ့ၿပီးျပည္တြင္းတယ္လီကြန္းနယ္ပယ္မွာ ေဈးကြက္ေဝစုအမ်ားဆုံးရ ေအာ္ပေရတာတစ္ခုအျဖစ္ ရွိလာခဲ့ပါတယ္။
Crd



