ၾကားသိရသမွ်

Covid ဒဏ် အလူးအလဲခံစားခဲ့ရပြီး ကျန်းမာရေးပြန်ကောင်းလာတဲ့ လျှို့ဝှက်ချက်ကိုဝေမျှပေးလာတဲ့ ဘေဘီမောင် (ရုပ်သံ)

Covid ကူးစက်ခံရပြီး သေလုမျောပါး အလူးအလဲခံစားနေရတာတွေကို ရင်ဖွင့်ပြောပြလာတဲ့ ဘေဘီမောင်

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

မြန်မာပြည်မှာ Covid ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေမှာ စိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။

လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကျန်းမာရေးမကောင်းဖြစ်လို့ နေပါတယ်..။

ပြီးခဲ့တဲ့(၁၀)ရက်ကျော်ကတည်းက ဆိုးဝါးတဲ့ ရောဂါရဲ့ ဖိစီးမှုဒဏ်တွေကို သေလုမျောပါးအလူးအလဲခံစားခဲ့ရပြီး လက်ရှိမှာတော့ သက်သာလာပြီလို့ သိရပါတယ်..။

ရောဂါဖြစ်နေတဲ့အချိန်မှာ အရမ်းကြောက်ဖို့ကောင်းတာကြောင့်ပြည်သူတွေအားလုံးကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့ ဝေမျှပြောပြထားပါသေးတယ်..။

“နေမကောင်းတဲ့ ၁၁ ရက်မှာ Fb ကနေသတင်းမေးစိတ်ပူပေးကြတဲ့ ဆွေမျိုးမိတ်ဆွေများရဲ့မေတ္တာဓာတ်လေးတွေကြောင့်၁၂ရက်မြောက်နေ့မှာ ကျန်းမာသက်သာလာပါပြီရှင့်🙏🏻တော်တော်အလူးအလဲ သေခါနီးလွတ်မြောက်လာတာပါ အရမ်းကြောက်ဖို့ကောင်းပါတယ်

အားလုံးကိုလည်း အထူးဂရုစိုက်ဖို့လည်းပြောချင်ပါတယ်။

နောက်နေတွေမှာ ဘေဘီဖြတ်ကျော်လာခဲ့တဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းလေးမျှဝေပေးပါမယ်ရှင့်။

စာလေးတွေ တစ်ယောက်ချင်း reply မပြန်နိုင်တာ နားလည်ပေးပါနော်မန့်ထားတဲ့သူတွေအားလုံးရင်ထဲမှာ မှတ်ထားပါတယ်ရှင့်” ဆိုပြီးဘေဘီမောင်က ပြောပြထားပြီး ပရိသတ်တွေကလည်း စိတ်ပူစွာ အားပေးထားကြတာလည်း တွေ့ရပါတယ်..။

ရောဂါပြန့်ပွားမှုတွေ ဆိုးရွားနေပြီး တော်တော်များများကူးစက်ခံနေရတာကြောင့်အခုလိုအချိန်တွေမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်နော်..။

Credit

zawgyi

Covid ကူးစက္ခံရၿပီး ေသလုေမ်ာပါး အလူးအလဲခံစားေနရတာေတြကို ရင္ဖြင့္ေျပာျပလာတဲ့ ေဘဘီေမာင္

(႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္ရႈပါရန္)

ျမန္မာျပည္မွာ Covid ေရာဂါနဲ႔ ပတ္သက္ၿပီး ျပည္သူေတြမွာ စိုးရိမ္ေၾကာက္လန႔္ေနၾကရၿပီးတစ္ေန႔တစ္ျခား ကူးစက္ျဖစ္ပြားမႈေတြေၾကာင့္ ေသဆုံးသူေတြလည္း မ်ားျပားေနတာ ျဖစ္ပါတယ္..။

လူတန္းစားမေ႐ြး ေရာဂါကူးစက္ခံစားေနၾကရတဲ့ အခုလိုအခ်ိန္မွာ သ႐ုပ္ေဆာင္မင္းသမီးေခ်ာ ေဘဘီေမာင္ကလည္းၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက က်န္းမာေရးမေကာင္းျဖစ္လို႔ ေနပါတယ္..။

ၿပီးခဲ့တဲ့(၁၀)ရက္ေက်ာ္ကတည္းက ဆိုးဝါးတဲ့ ေရာဂါရဲ႕ ဖိစီးမႈဒဏ္ေတြကို ေသလုေမ်ာပါးအလူးအလဲခံစားခဲ့ရၿပီး လက္ရွိမွာေတာ့ သက္သာလာၿပီလို႔ သိရပါတယ္..။

ေရာဂါျဖစ္ေနတဲ့အခ်ိန္မွာ အရမ္းေၾကာက္ဖို႔ေကာင္းတာေၾကာင့္ျပည္သူေတြအားလုံးကိုလည္း က်န္းမာေရးဂ႐ုစိုက္ၾကဖို႔ ေဝမွ်ေျပာျပထားပါေသးတယ္..။

“ေနမေကာင္းတဲ့ ၁၁ ရက္မွာ Fb ကေနသတင္းေမးစိတ္ပူေပးၾကတဲ့ ေဆြမ်ိဳးမိတ္ေဆြမ်ားရဲ႕ေမတၱာဓာတ္ေလးေတြေၾကာင့္၁၂ရက္ေျမာက္ေန႔မွာ က်န္းမာသက္သာလာပါၿပီရွင့္🙏🏻ေတာ္ေတာ္အလူးအလဲ ေသခါနီးလြတ္ေျမာက္လာတာပါ အရမ္းေၾကာက္ဖို႔ေကာင္းပါတယ္

အားလုံးကိုလည္း အထူးဂ႐ုစိုက္ဖို႔လည္းေျပာခ်င္ပါတယ္။

ေနာက္ေနေတြမွာ ေဘဘီျဖတ္ေက်ာ္လာခဲ့တဲ့က်န္းမာေရးနဲ႔ပတ္သတ္တဲ့ အေၾကာင္းေလးမွ်ေဝေပးပါမယ္ရွင့္။

စာေလးေတြ တစ္ေယာက္ခ်င္း reply မျပန္ႏိုင္တာ နားလည္ေပးပါေနာ္မန႔္ထားတဲ့သူေတြအားလုံးရင္ထဲမွာ မွတ္ထားပါတယ္ရွင့္” ဆိုၿပီးေဘဘီေမာင္က ေျပာျပထားၿပီး ပရိသတ္ေတြကလည္း စိတ္ပူစြာ အားေပးထားၾကတာလည္း ေတြ႕ရပါတယ္..။

ေရာဂါျပန႔္ပြားမႈေတြ ဆိုး႐ြားေနၿပီး ေတာ္ေတာ္မ်ားမ်ားကူးစက္ခံေနရတာေၾကာင့္အခုလိုအခ်ိန္ေတြမွာ ျပည္သူေတြအေနနဲ႔ က်န္းမာေရးအထူးဂ႐ုစိုက္ၾကဖို႔ကို တိုက္တြန္းလိုက္ပါတယ္ေနာ္..။

Credit