ၾကားသိရသမွ်

၀ိုင်းစုရဲ့ မုန့်ဟင်းငါးအောင်မြင်ချက် လက်ဖျားခါရလောက်ပါပေတယ်

၀ိုင်းစုရဲ့ မုန့်ဟင်းငါးအောင်မြင်ချက် လက်ဖျားခါရလောက်ပါပေတယ်

သရုပ်ဆောင်နဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင် အောင်မြင်မှုရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

လက်ရှိအနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ ဝိုင်းစုခိုင်သိန်းက သူမကိုယ်တိုင်ချက် တဲ့ ယိုးဒယားမုန့်ဟင်းခါးကို ရောင်းချပေးနေလျက်ရှိပြီး

ပထမဆုံးဈေး စရောင်းတဲ့နေ့မှာတင် တစ်ညလုံးမအိပ်ရတဲ့အထိ မုန့်ဟင်းခါးအော်ဒါတွေအများကြီးရရှိခဲ့တယ်

ဆိုတဲ့အကြောင်းကို ဝိုင်းစုခိုင်သိန်းက အခုလိုပဲပြောလာပါတယ်။

“အားပေးကြတဲ့ ချစ်တဲ့သူတွေ စားကောင်းကြပါစေ❤️ ပထမဆုံး စလုပ်တာလဲဖြစ် အားပေးတဲ့သူတွေ အားလုံးကိုလည်း စားစေချင်တဲ့စိတ်နဲ့ Oderတွေလက်ခံလိုက်တာ

မွင်းဂါးပွဲ 130ကျော်နဲ့ ဖက်ထမင်းပွဲ 100ထိ လက်ခံပေးလိုက်ပါတယ်။

မွေးနေ့ညလေး ကနေ တောက်လျှောက် မနားမနေ ညလုံးပေါက် ကြိုးစားပန်းစား လုပ်ထားပါတယ်ရှင့်။

ပထမဆုံး စလုပ်တာမို့ အချိန်မှိမရောက်ခဲ့တာ အမှာယွင်းဖြစ်ခဲ့တာများရှိရင် နားလည်ခွင့်လွှတ်ပေးကြပါနော်လို့🙏

အားပေးကြတဲ့သူတွေတစ်ယောက်ချင် းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်❤️😘

ဝိုင်းစုကို ဝိုင်းကူပေးကြတဲ့ချစ်တဲ့သူတွေကိုလည်း ကျေးဇူးပါလို့🥰” ဆိုပြီး ပြောလာပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ ပထမဦးဆုံးဈေး စရောင်းတဲ့နေ့မှာတင် မုန့်ဟင်းခါးပွဲ (၁၃၀) ကျော်နဲ့ ဖက်ထမင်း ပွဲ (၁၀၀) ကျော်ကို ရောင်းချနိုင်ခဲ့ တာပဲဖြစ်ပါတယ်။

ဝိုင်းစုတစ်ယောက် ဒီထက်မက ရောင်းကောင်းပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။












