“ရမ်ချို”
အပတ်စဥ် ၃မရှိတော့ဘူးလို့ ကြားပြီး ၃သင်တန်းပေါ်လာတော့ ရဲဘော်နာမည်တွေ ကို တစ်ချက် ဖတ်မိတယ် ရမ်ချိုတဲ့ ကျတော့်မျက်လုံးထဲပြေးမြင်မိတာတော့ Rum
ကိုအချိုမြင်မိတာပေါ့ နာမည်လေးက အဆန်း မို့ သဘောကျမိတယ်။
မနေ့တစ်ရက် ကတောင် တပ်စုစာရင်းနာမည်တွေ ဖတ်မိတော့ ရမ်ချိုပြန်လာရင် စကားပြောဦးမယ် မင်းနာမည်ကို ဘာလို့ အဲ့လို ပေးထားလဲ မေးဦးမယ်ဆိုပြီးတွေးမိ
ခဲ့သေးတယ် ။ အခုတော့ မင်းပြန်မလာနိုင်တော့ဘူး မင်းနေရာမှာ ငါဆိုလဲ တော်တော်ဝမ်းနည်းမိမှာပါ ငါတို့ အားလုံး အိမ်ကိုလွမ်းနေကြတာပဲ မဟုတ်လား။
တစ်အိုးတည်း စားခဲ့တာ လတွေ ကြာခဲ့ပြီ အပင်ပန်းခံ ခဲ့ရတာလဲ အတူတူပဲ မကြာခင် အိမ်ပြန်ကြမဲ့ ခရီးမှာ ကျ မင်းမပါတော့ဘူးတဲ့လား ရမ်ချို။ မင်းနာမည်ကို
လမ်းကြုံ တိုင်း ငါသတိရနေမှာပါ နောင်ဘဝကျရင် ဒီမိုကရေစီ ရှင်သန်တဲ့ နိုင်ငံမှာ ပြန်တွေ့ချင်သေးတယ်
ပေးဆပ်ခဲ့ရတာတွေအတွက် စကစ ကိုပဲ အပြစ်ပုံချပြီး ရှေ့ဆက်လျောက်လှမ်းမယ် ။ ဘာပဲဖြစ်ဖြစ် ဖိနပ်ပျောက်တာက အစ စစ်ကောင်စီကို ပဲ အပြစ်တင်ပြီး အမြစ်
ပြတ်ချေမှုန်းကြမယ် ။
ဝမ်းနည်းပါတယ်ရမ်ချို။
အထူးဝမ်းနည်းကြေကွဲခြင်း
ပြည်သူ့ရဲဘော်ရမ်ချို ဒီမိုကရေစီ နွေဦးတော်လှန်ရေးအတွင်း ရှေ့တန်းတနေရာတွင် ကျဆုံးခဲ့ကြောင်းသိရပါတယ်
ရေးခဲ့တဲ့ ကဗျာလေးတွေဖတ်ပြီး ငိုရပြန်ပြီ😥
ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာအနားယူပါ
ပြည်သူ့အာဇာနည် …..
ကျဆုံး သွားတဲ့ သူရဲကောင်းနဲ့ သူရဲ့ ရင်တွင်းဖြစ် ကဗျာလေးတွေ💔 ရင်ထဲစို့ နင့်နေအောင်ခံစား ရပါတယ်ရဲဘော်ရယ်။ဒို့ပြည်သူတွေ အားလုံးညီစေချင်ပီ။ထပ်ပီး မ
ဆုံးရှုံးချင်တော့ဘူး
Rest in power ပါ ရဲဘော် ရမ်ချို
ငါတို့ဟာ ဘာသာမတူဘူး
ဓမ္မဘက်ကို လျှောက်လှမ်းတာချင်းတူတယ်။
ရဲဘော်မကျဆုံးခင်ကလည်း ဂုဏ်ယူပေးခဲ့တယ်
ယနေ့ ရဲဘော်ကျဆုံးတော့လည်း အလေးနီပြုပါတယ်
ထို့ကြောင့်ရဲဘော်ရေးသည့်ကဗျာလေးကိုပြန်လည်ဖော်ညွှန်းပေးမိတယ်
အရှင်မြတ်ထံမှာကောင်းခြင်းနဲ့အတူနားခိုနိုင်ပါစေ
ရဲဘော် ရမ်ချို
“ အလွမ်းအိမ်´´
မိသားစုကိုလည်း လွမ်း
သူငယ်ချင်းများကိုလည်း လွမ်း
မရှိတဲ့ချစ်သူကိုလည်း လွမ်း
နေ့ရက်တွေကို ရေတွက်
မေ၀းတော့တဲ့ ဒီခရီး
ရောက်တော့မယ့် ပန်းတိုင်
အဆုံးသတ်ဖို့ ရှေ့လျှောက်
အလွမ်းကို ခွန်အားပြု
မျှော်လင့်နေဆဲ ပြည်သူရှေ့ရောက်
အလွမ်းနဲ့ အိမ်မှာအပြည့်အ၀နားချင်မိတယ်….အမိ ။ ။
ရဲဘော် ရမ်ချို၂၃၊၉၊၂၁။
အမည် – ကောင်းထက်စိုး(ခ) ရဲဘော်ရမ်ချို
သျှီအာ / အစ္စလာမ်
” မီးခိုးတန်း”
လွတ်လပ်ခြင်းကို ကြိုက်တဲ့
ဌက်တွေက ပျံသန်းတယ်
လွတ်လပ်မူကို ကြိုက်တဲ့
လူငယ်တွေက
တော်လှန်ရေးမှာ ပါဝင်တယ်
အားလုံးရဲ့တူညီတဲ့ ပန်းတိုင်ဟာ
လွတ်လပ်ခြင်းကို ဖော်ဆောင်တဲ့ဒီမိုကရေစီ၊၊
သဘာဝတောတောင်တွေ အလယ်
မီးခိုးရောင် တိမ်တိုက်အောက်မှာ
စစ်ပညာကို သင်ရင်း
တိုက်ပွဲဝင်မယ့် ရဲဘော်တွေ
စစ်ချီလာပြီ ဟေ့…..
အရေးတော်ပုံမုချအောင်ရမည်၊၊
ရဲဘော်ရမ်ချိုသည် နွေဦးတော်လှန်ရေးကာလအတွင်း ရှေ့တန်းတနေရာတွင် ကျဆုံးခဲ့ပါသည်။