မကြာသေးမီက အမည်မသိ တရုတ်မင်္ဂလာပွဲတစ်ခုမှာ မင်္ဂလာပွဲ အခမ်းအနား ပြီးလုနီးပါး ဖြစ်တဲ့အတွက်ကြောင့် သတို့သမီးအား ခင်ပွန်းဖြစ်သူ၏နေအိမ်သို့ ခေါ်ဆောင်ကာ မင်္ဂလာစုံတွဲအခန်းမှာ ထိုင်စေခဲ့ပါတယ်။ နောက်ဆုံးအဆင့်မှာ သတို့သားဟာ သတို့သမီးရဲ့ဦးခေါင်းပဝါကိုဖယ်ရှားပေးကာ ဇနီးသည်ကို မိသားစုသစ်သို့ ကြိုဆိုရမှာဘဲဖြစ်ပါတယ်။ ထို့ကြောင့် သတို့သားက ဇနီးချောရဲ့ ခေါင်းစွပ်ပဝါကို ဖယ်ရှားရုတ်သိမ်းတဲ့အခိုက်အတန့်ကို စောင့်ဆိုင်းဖို့ သတို့သမီးနဲ့ ဆွေမျိုးမိတ်ဆွေတွေက စုဝေးနေခဲ့ကြပါတယ်။ သို့သော် မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ပျက်သွားခဲ့ပါတယ်။ သတို့သားရဲ့ညီမ သို့မဟုတ် သတို့သမီးရဲ့ခယ်မဖြစ်သူက သတို့သမီးအား နားမလည်နိုင်အောင် ရယ်မောပြရင်း လက်ဆွဲနှုတ်ဆက်ပြီး သတို့သမီးရဲ့ခေါင်းစွပ်ပုဝါကိုဆွဲချွတ်ကာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပါတယ်။
.
သတို့သမီးကလည်း မူလက မင်္ဂလာခုတင်ပေါ်မှာ ထိုင်ပြီး ခင်ပွန်းဖြစ်သူက သူမရဲ့ခေါင်းစွပ်ပုဝါကို ဖယ်ရှားပေးဖို့မျှော်လင့်ထားခဲ့ပေမဲ့ မထင်မှတ်ပဲ ထူးဆန်းစွာ ပြုံးနေတဲ့ခယ်မဖြစ်သူရဲ့လုပ်ရပ်ကြောင့် အသိစိတ်လွတ်သွားတဲ့ တစ်မိနစ်အတွင်းမှာ၊ သူမဟာ ခယ်မဖြစ်သူကို ပါးချပစ်လိုက်ပါတယ်။ ထို့နောက် သတို့သမီးရဲ့ အပြုအမူကြောင့် ကြည်နူးစရာကောင်းတဲ့ အငွေ့အသက်များ တင်းမာသွားခဲ့ပြီး မျက်နှာကိုပါးချလိုက်တဲ့အသံကြောင့် ဘေးလူတွေကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။ သို့သော် သမီးဖြစ်သူရဲ့အနိုင်ကျင့်ခံရခြင်းကို မြင်လိုက်ရသဖြင့် သတို့သမီးရဲ့ယောက္ခမဖြစ်သူက လက်စားချေရန် သတို့သမီးကို ပါးပြန်ရိုက်လိုက်ပြန်ပါတယ်။
ဘဝရဲ့ကြီးကျယ်ခမ်းနားတဲ့နေ့မှာ၊ သတို့သမီးဟာ ခယ်မထံမှ ခေါင်းစွပ်ပုဝါဆွဲချွတ်ခံခဲ့ရသလို ယောက္ခမရဲ့ပါးရိုက်ခြင်းကိုပါ ခံခဲ့ရတာကြောင့် ၎င်းက သူမအား အလွန်ဝမ်းနည်း စိတ်ပျက်သွားစေခဲ့ပါတယ်။ ထို့နောက် သူမဟာ သူ့ရဲ့ပုဝါကို ပစ်ချကာ အပြင်သို့ ပြေးထွက်သွားခဲ့ပြီး သတို့သားနှင့် အခြားလူအချို့ကလည်း အိမ်ထောင်ရေးပြိုကွဲမည့်အန္တရာယ်ကို ထိန်းထားဖို့ သူမနောက် လိုက်ပြေးခဲ့ကြပါတယ်။ ဗီဒီယိုဟာ ဒီနေရာမှာဘဲ အဆုံးသတ်ခဲ့ပေမဲ့ ဘယ်လိုဘဲဖြစ်နေပါစေ သတို့သမီးနှင့်ယောက္ခမနှင့်ခယ်မတို့ကြားဆက်ဆံရေးကတော့ အနာဂတ်မှာ အလွန်ခက်ထန်နေတော့မှာ သေချာနေပါပြီ။
.
၎င်းကိစ္စနှင့်ပတ်သက်ပြီး အင်တာနက်သုံးစွဲသူများစွာက စိတ်အားထက်သန်စွာ ဆွေးနွေးခဲ့ကြပြီး ဝေဖန်မှုအများစုက ခယ်မနှင့် ယောက္ခမဖြစ်သူတို့ဘက်ကိုသာ မြှားဦးလှည့်နေခဲ့ပါတယ်။ သတို့သမီးရဲ့ခေါင်းစွပ်ပုဝါကို ရုတ်သိမ်းသည့်အခိုက်အတန့်မှာ ရိုးရာအရ ကြင်စဦးစ ဇနီးမောင်နှံများရဲ့ မြင့်မြတ်တဲ့ အဓိပ္ပါယ်ပါရှိတဲ့အတွက်ကြောင့် ၎င်းကို သတို့သားဘဲ လုပ်ဆောင်ရမှာပါ။
ထို့ကြောင့်၊ ခယ်မဖြစ်သူရဲ့ ခေါင်းစွပ်ဆွဲချွတ်တဲ့လုပ်ရပ်ဟာ မသိတတ်တဲ့အပြုအမူတစ်ခုဟု ဆိုကြတဲ့အပြင် ယောက္ခမဖြစ်သူရဲ့အပြုအမူက သူမဟာ EQ အလွန်နိမ့်ပါးသူဖြစ်ကြောင်းပြသနေသလို ထိုအချိန်မှာ သူမသာ သူ့ချွေးမရဲ့ဒေါသကိုဖြေလျှော့ပြီး သမီးဖြစ်သူရဲ့စိတ်လိုက်မာန်ပါလုပ်ရပ်ကိုဝေဖန်ခြင်းဖြင့် ဝင်ပါခဲ့မယ်ဆိုရင် ၎င်းကိစ္စအားလုံးဟာ လုံးဝကွဲပြားသွားနိုင်တယ်လို့လည်း ပြောကြားခဲ့ကြပါတယ်။
Mia (KB Chimmy one)
Reference : everytruenews24