(Unicode ဖြင့်ဖတ်ရန်)
အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ Rock သီချင်းတွေရဲ့ ဘုရင်လို့တင်စားရလောက်အောင်ကို ပရိသတ်တွေအပေါ် နှစ်ပေါင်းများစွာ လွှမ်းမိုးမှုရှိခဲ့တာပဲဖြစ်ပါတယ်။
ဇော်ဝင်းထွဋ်ဟာ သူ့ရဲ့မိခင်အဆိုတော်ထားဆီကနေ ဂီတအနုပညာအမွေကို ဆက်ခံရရှိခဲ့သလို သူ့ရဲ့သားဖြစ်သူ အီတိုးကိုလည်း အနုပညာအမွေလက်ဆင့်ကမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အီတိုးက နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကျဉ်းကျခံနေရတာပဲဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၇)ရက်နေ့ကတော့ ဇော်ဝင်းထွဋ်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၃၆) နှစ်ပြည့်နေ့ပဲဖြစ်ပါတယ်။
တစ်မိသားစုလုံးအတွက် ပျော်ရွှင်ရမယ့်နေ့မှာ သားဖြစ်သူအီတိုးမရှိတာကြောင့် မပျော်ရွှင်ရကြောင်းကို ဇော်ဝင်းထွဋ်ရဲ့ဇနီးဖြစ်သူ အန်တီမေခိုင်အုန်းက “သားကလေယာဉ်ပျံကြီးကိုသံတိုင်ကြားကငေးမောရင်း
ငှက်ကလေးတွေရဲ့လွတ်လပ်စွာပျံသန်းခြင်းကို အားကျနေရတဲ့အချိန်မှာ ဒီအမေအတွက်ပျော်ရွှင်ခြင်းတွေဝေးတဲ့၃၆နှစ်မြောက်နှစ်ပါတ်လည်ပေါ့” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဇော်ဝင်းထွဋ်တို့ မိသားစုတွေကတော့ မိသားစုရဲ့အရေးပါတဲ့နေ့တစ်နေ့မှာ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ အီတိုးမရှိတာကြောင့် ပျော်ရွှင်မှုတွေကင်းဝေးနေရတယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။
(Zawgyi ဖြင့်ဖတ်ရန်)
အဆိုေတာ္ႀကီး ေဇာ္ဝင္းထြဋ္ကေတာ့ Rock သီခ်င္းေတြရဲ႕ ဘုရင္လို႔တင္စားရေလာက္ေအာင္ကို ပရိသတ္ေတြအေပၚ ႏွစ္ေပါင္းမ်ားစြာ လႊမ္းမိုးမႈရွိခဲ့တာပဲျဖစ္ပါတယ္။
ေဇာ္ဝင္းထြဋ္ဟာ သူ႕ရဲ႕မိခင္အဆိုေတာ္ထားဆီကေန ဂီတအႏုပညာအေမြကို ဆက္ခံရရွိခဲ့သလို သူ႕ရဲ႕သားျဖစ္သူ အီတိုးကိုလည္း အႏုပညာအေမြလက္ဆင့္ကမ္းနိုင္ခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ အီတိုးက နိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ အက်ဥ္းက်ခံေနရတာပဲျဖစ္ပါတယ္။
ဒီကေန႕ ဒီဇင္ဘာလ (၇)ရက္ေန႕ကေတာ့ ေဇာ္ဝင္းထြဋ္တို႔ဇနီးေမာင္ႏွံရဲ႕ မဂၤလာသက္တမ္း (၃၆) ႏွစ္ျပည့္ေန႕ပဲျဖစ္ပါတယ္။
တစ္မိသားစုလုံးအတြက္ ေပ်ာ္႐ႊင္ရမယ့္ေန႕မွာ သားျဖစ္သူအီတိုးမရွိတာေၾကာင့္ မေပ်ာ္႐ႊင္ရေၾကာင္းကို ေဇာ္ဝင္းထြဋ္ရဲ႕ဇနီးျဖစ္သူ အန္တီေမခိုင္အုန္းက “သားကေလယာဥ္ပ်ံႀကီးကိုသံတိုင္ၾကားကေငးေမာရင္း
ငွက္ကေလးေတြရဲ႕လြတ္လပ္စြာပ်ံသန္းျခင္းကို အားက်ေနရတဲ့အခ်ိန္မွာ ဒီအေမအတြက္ေပ်ာ္႐ႊင္ျခင္းေတြေဝးတဲ့၃၆ႏွစ္ေျမာက္ႏွစ္ပါတ္လည္ေပါ့” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။
ေဇာ္ဝင္းထြဋ္တို႔ မိသားစုေတြကေတာ့ မိသားစုရဲ႕အေရးပါတဲ့ေန႕တစ္ေန႕မွာ မိသားစုဝင္တစ္ေယာက္ျဖစ္တဲ့ အီတိုးမရွိတာေၾကာင့္ ေပ်ာ္႐ႊင္မႈေတြကင္းေဝးေနရတယ္လို႔ ဆိုလာတာပဲျဖစ္ပါတယ္။