တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရဲ့ ဆယ်စုနှစ်တခုကြာ အဆိုးဆုံး သဲမုန်တိုင်းအခြေအနေ

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဆယ်စုနှစ် တခုနီးပါးကြာ အဆိုးဆုံး သဲမုန်တိုင်းဒဏ်ကို ခံစားနေရပါတယ်။
သဲမှုန်တွေနဲ့ ဖုန်မှုန့်တွေကြောင့် ကောင်းကင်တခုလုံး လိမ္မော်ရောင်ဖြစ်နေပြီး လေထုအရည်အသွေး အဆိုးဆုံးကို ကျဆင်းနေတာပါ။
လူဦးရေ ၂၁ ဒသမ ၇ သန်း နေထိုင်တဲ့ ဘေဂျင်းမြို့က မိုးမျှော်တိုက်ကြီးတွေနဲ့ လမ်းမထက်က ကားတွေဟာ ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ မီးခိုးမြူတွေကြား ပျောက်ကွယ်နေသလိ

လေထုအရည်အသွေးစစ် စံညွှန်းတွေအရ အန္တရာယ်အရှိဆုံး အဆင့်ကို ရောက်နေတာကြောင့် မြို့ခံတွေကို အိမ်ထဲမှာပဲ နေကြဖို့ တာဝန်ရှိသူတွေက လိုက်လံ နှိုးဆော်ထားပါတယ်။
မြို့တွင်း သယ်ယူပို့ဆောင်ရေးယာဉ် အများစုကတော့ အခက်အခဲကြားထဲက ဆက်လက် သွားလာနေသလို၊ မြို့ခံတချို့ကလည်း ပြင်းထန်တဲ့ သဲမုန်တိုင်းကြား စက်ဘီးတွေနဲ့ သွားလာနေကြဆဲပါ။

လမ်းပေါ်သွားလာနေတဲ့ ယာဉ်တွေကလည်း နေ့ခင်းဘက်မှာတောင် ကားရှေ့ မီးဖွင့်မောင်းနေရတဲ့ အခြေအနေပါ။
“တချို့နေရာတွေမှာ သဲမုန်းတိုင်းကြောင့် ရှေ့ မီတာ ၅၀၀ လောက်တောင် မမြင်ရတဲ့ထိ ဖြစ်နေတယ်” လို့ တရုတ်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ စီမံရေးဌာနက မတ်လ ၁၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဘေဂျင်းမြို့တော်မှာလည်း ဆယ်စုနှစ်နီးပါး ဆိုးရွားတဲ့ သဲမုန်တိုင်းဒဏ် ခံစားနေရသလို တရုတ်နိုင်ငံမြောက်ပိုင်းဒေသတွေနဲ့ မွန်ဂိုလီးယားနိုင်ငံကတော့ အဆိုးဆုံး ခံစားနေရပါတယ်။

သဲမုန်တိုင်း စတင်ရာ မွန်ဂိုလီးယားမှာ လူ ၆ ဦးသေဆုံးပြီး ၈၁ ဦး ပျောက်ဆုံးနေပါတယ်။
မြို့ခံလူထုကို အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြဖို့ အပြင်ထွက်မယ်ဆိုရင် အကာအကွယ် အဝတ်တွေ ဝတ်ဆင်ကြဖို့နဲ့ Billboards၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ တခြား အန္တရာယ်များတဲ့ နေရာတွေကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။
တရုတ် မိုးလေဝသ ဗျူရိုကတော့ သဲမုန်တိုင်းဟာ ရာသီဥတု ပူပြင်းခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာတာလို့ ထုတ်ပြန်ထားပါတယ်။
သဲမုန်တိုင်းတွေဟာ တရုတ်နိုင်ငံမှာတော့ နွေဦးမှာ ပုံမှန်ဖြစ်ပေါ်လေ့ရှိပြီး ယခင် ဆယ်စုနှစ်တွေတုန်းက မေလပိုင်းမှာ ၂ ကြိမ် တွေ့ကြုံလေ့ရှိတယ်လို့ တရုတ် သတင်းအေဂျင်စီ Xinhua မှာ ဖော်ပြထားပါတယ်။
၂၀၀၀ ခုနှစ်ကတည်းက တရုတ်အစိုးရဟာ ဒေါ်လာ ဘီလီယံချီပြီး သဲမုန်တိုင်း ကာကွယ်ရေးအစီအမံတွေကို လုပ်ဆောင်လာခဲ့တာပါ။
သဲမုန်တိုင်း စောင့်ကြည့်ရေး ဂြိုဟ်တုတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းတွေကိုပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သဲမုန်တိုင်းဟာ မြောက်ပိုင်း Hebei ပြည်နယ်အပါအဝင် Gansu အနောက်ပိုင်း၊ အလယ်ပိုင်းနဲ့ မွန်ဂိုလီးယား အတွင်းပိုင်းဒေသတွေအထိ တိုက်ခတ်နေတာ ဖြစ်ပါတယ်။

ဒီလို ဆိုးရွားတဲ့ သဲမုန်တိုင်းဒဏ်ကို ၂ ရက် ၃ ရက်လောက် ဆက်တိုက် ခံစားနေရဦးမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
Zawgyi
တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕ရဲ႕ ဆယ္စုႏွစ္တခုၾကာ အဆိုးဆုံး သဲမုန္တိုင္းအေျခအေန
(႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္ရႈပါရန္)
တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕ေတာ္မွာ ဆယ္စုႏွစ္ တခုနီးပါးၾကာ အဆိုးဆုံး သဲမုန္တိုင္းဒဏ္ကို ခံစားေနရပါတယ္။
သဲမႈန္ေတြနဲ႔ ဖုန္မႈန႔္ေတြေၾကာင့္ ေကာင္းကင္တခုလုံး လိေမၼာ္ေရာင္ျဖစ္ေနၿပီး ေလထုအရည္အေသြး အဆိုးဆုံးကို က်ဆင္းေနတာပါ။
လူဦးေရ ၂၁ ဒသမ ၇ သန္း ေနထိုင္တဲ့ ေဘဂ်င္းၿမိဳ႕က မိုးေမွ်ာ္တိုက္ႀကီးေတြနဲ႔ လမ္းမထက္က ကားေတြဟာ ပိန္းပိတ္ေအာင္ ေမွာင္မည္းေနတဲ့ မီးခိုးျမဴေတြၾကား ေပ်ာက္ကြယ္ေနသလို
ေလထုအရည္အေသြးစစ္ စံၫႊန္းေတြအရ အႏၲရာယ္အရွိဆုံး အဆင့္ကို ေရာက္ေနတာေၾကာင့္ ၿမိဳ႕ခံေတြကို အိမ္ထဲမွာပဲ ေနၾကဖို႔ တာဝန္ရွိသူေတြက လိုက္လံ ႏႈိးေဆာ္ထားပါတယ္။
ၿမိဳ႕တြင္း သယ္ယူပို႔ေဆာင္ေရးယာဥ္ အမ်ားစုကေတာ့ အခက္အခဲၾကားထဲက ဆက္လက္ သြားလာေနသလို၊ ၿမိဳ႕ခံတခ်ိဳ႕ကလည္း ျပင္းထန္တဲ့ သဲမုန္တိုင္းၾကား စက္ဘီးေတြနဲ႔ သြားလာေနၾကဆဲပါ။
လမ္းေပၚသြားလာေနတဲ့ ယာဥ္ေတြကလည္း ေန႔ခင္းဘက္မွာေတာင္ ကားေရွ႕ မီးဖြင့္ေမာင္းေနရတဲ့ အေျခအေနပါ။
“တခ်ိဳ႕ေနရာေတြမွာ သဲမုန္းတိုင္းေၾကာင့္ ေရွ႕ မီတာ ၅၀၀ ေလာက္ေတာင္ မျမင္ရတဲ့ထိ ျဖစ္ေနတယ္” လို႔ တ႐ုတ္ႏိုင္ငံ မိုးေလဝသႏွင့္ ဇလေဗဒ စီမံေရးဌာနက မတ္လ ၁၅ ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။
ေဘဂ်င္းၿမိဳ႕ေတာ္မွာလည္း ဆယ္စုႏွစ္နီးပါး ဆိုး႐ြားတဲ့ သဲမုန္တိုင္းဒဏ္ ခံစားေနရသလို တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းေဒသေတြနဲ႔ မြန္ဂိုလီးယားႏိုင္ငံကေတာ့ အဆိုးဆုံး ခံစားေနရပါတယ္။
သဲမုန္တိုင္း စတင္ရာ မြန္ဂိုလီးယားမွာ လူ ၆ ဦးေသဆုံးၿပီး ၈၁ ဦး ေပ်ာက္ဆုံးေနပါတယ္။
ၿမိဳ႕ခံလူထုကို အတတ္ႏိုင္ဆုံး အိမ္မွာပဲ ေနၾကဖို႔ အျပင္ထြက္မယ္ဆိုရင္ အကာအကြယ္ အဝတ္ေတြ ဝတ္ဆင္ၾကဖို႔နဲ႔ Billboards၊ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြနဲ႔ တျခား အႏၲရာယ္မ်ားတဲ့ ေနရာေတြကို ေရွာင္ရွားဖို႔ သတိေပးထားပါတယ္။
တ႐ုတ္ မိုးေလဝသ ဗ်ဴ႐ိုကေတာ့ သဲမုန္တိုင္းဟာ ရာသီဥတု ပူျပင္းေျခာက္ေသြ႕တဲ့ အေျခအေနေတြေၾကာင့္ ျဖစ္လာတာလို႔ ထုတ္ျပန္ထားပါတယ္။
သဲမုန္တိုင္းေတြဟာ တ႐ုတ္ႏိုင္ငံမွာေတာ့ ေႏြဦးမွာ ပုံမွန္ျဖစ္ေပၚေလ့ရွိၿပီး ယခင္ ဆယ္စုႏွစ္ေတြတုန္းက ေမလပိုင္းမွာ ၂ ႀကိမ္ ေတြ႕ႀကဳံေလ့ရွိတယ္လို႔ တ႐ုတ္ သတင္းေအဂ်င္စီ Xinhua မွာ ေဖာ္ျပထားပါတယ္။
၂၀၀၀ ခုႏွစ္ကတည္းက တ႐ုတ္အစိုးရဟာ ေဒၚလာ ဘီလီယံခ်ီၿပီး သဲမုန္တိုင္း ကာကြယ္ေရးအစီအမံေတြကို လုပ္ေဆာင္လာခဲ့တာပါ။
သဲမုန္တိုင္း ေစာင့္ၾကည့္ေရး ၿဂိဳဟ္တုေတြ အပါအဝင္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စီမံကိန္းေတြကိုပါ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။
သဲမုန္တိုင္းဟာ ေျမာက္ပိုင္း Hebei ျပည္နယ္အပါအဝင္ Gansu အေနာက္ပိုင္း၊ အလယ္ပိုင္းနဲ႔ မြန္ဂိုလီးယား အတြင္းပိုင္းေဒသေတြအထိ တိုက္ခတ္ေနတာ ျဖစ္ပါတယ္။
ဒီလို ဆိုး႐ြားတဲ့ သဲမုန္တိုင္းဒဏ္ကို ၂ ရက္ ၃ ရက္ေလာက္ ဆက္တိုက္ ခံစားေနရဦးမွာျဖစ္တယ္လို႔ ခန႔္မွန္းထားပါတယ္။



