ကြားသိရသမျှ

လမ်းပေါ်မှာမုန့်ရောင်းပြီးငွေရှာနေရပေမဲ့ တစ်ဦးနှင့်တစ်ဦးရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဈေးရောင်းထွက်ခဲ့ကြတဲ့ စုံတွဲတစ်တွဲ

အထူးသဖြင့် သင့်မှာ မိသားစုရှိပြီး သင့်ရဲ့ကလေးတွေကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားချင်တာကြောင့် သင်ဟာ ပိုက်ဆံကို အမြဲရှာချင်နေမိမှာတော့ အမှန်ပါဘဲ။သို့ပေမဲ့ အချို့သော လူများက ၎င်းတို့ရဲ့အခြေအနေက ဘယ်လိုဘဲဖြစ်နေပါစေ ၎င်းတို့ရဲ့လက်တွဲဖော်နှင့်အတူ ချစ်ခြင်းမေတ္တာနှင့်ပျော်ရွှင်ခြင်းကို ရှာဖွေဖို့သာ ပိုလိုလားနေတတ်ကြပါတယ်။မကြာသေးမီက လမ်းဘေးဈေးသည်စုံတွဲတစ်တွဲဟာ များစွာသော netizen တို့ရဲ့ ချီးမွမ်းခြင်းကို ခံခဲ့ရပြီး အချို့က လမ်းဘေးမှာ chichiria မုန့်ရောင်းရင်း အချင်းချင်း လက်တွဲနေကြတဲ့၎င်းတို့စုံတွဲရဲ့ဓာတ်ပုံကို ကြည့်ရင်းအားကျနေခဲ့ကြပါတယ်။လူများစွာဟာ တစ်ဦးပေါ်တစ်ဦးမှာထားရှိတဲ့အချစ်ကို အချင်းချင်းပြသခဲ့ကြပြီး လမ်းပေါ်မှာ ချိုမြိန်စွာ မုန့်ရောင်းနေခဲ့ကြတာကြောင့် ၎င်းတို့စုံတွဲအား ချီးကျူးနေခဲ့ကြပါတယ်။

Facebook user တစ်ဦးဖြစ်တဲ့ “ Good Goods ” က “ မင်းကမချမ်းသာပေမဲ့ မင်းဘေးမှာအမြဲရှိပေးမဲ့ ကောင်မလေးက မိုးပေါ်ကနေကျလာသောအခါ” ဟုသော caption ဖြင့် ၎င်းဓာတ်ပုံကို ပြန်လည်မျှဝေပေးခဲ့တာပါ။

ဓာတ်ပုံထဲအရ အမျိုးသမီးဟာ ဘယ်လောက်ဘဲ ဆင်းရဲပြီးလမ်းပေါ်ရောင်းနေရပါစေ သူမဟာ သူမရဲ့လူထံမှ ထွက်ခွါမသွားဘူးဆိုတဲ့ပုံစံမျိုးဖြင့် သူမလူရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်နေခဲ့ပါတယ်။

အဆိုပါအမည်မသိဈေးသည်စုံတွဲဟာ ဇနီးမောင်နှံတွေလား ဒါမှမဟုတ် အမျိုးသားက သူ့ချစ်သူကို အစောပိုင်းကတည်းက ပိုးပန်းပြီး မလက်ထပ်ကြသေးတာလားဆိုတာကိုတော့ သေချာမသိခဲ့ရပေမဲ့ ၎င်းတို့နှစ်ဦးကြား သိသာထင်ရှားတဲ့အရာတစ်ခုမှာ ၎င်းတို့ဟာ တစ်ဦးကိုတစ်ဦးချစ်ကြောင်းဖော်ပြရန် မရှက်ကြောက်နေခဲ့ကြပါဘူး။

၎င်းဓာတ်ပုံအရ ၎င်းတို့ဟာ ပိုက်ဆံအများကြီးမရှိနေဘူးဆိုတာသေချာပေမဲ့ ဘယ်လောက်ဘဲ ဆင်းရဲပြီး ခက်ခဲတဲ့အချိန်ဖြစ်နေပါစေ တစ်ဦးပေါ်တစ်ဦးသစ္စာရှိပြီး ချစ်မြတ်နိုးနေတဲ့၎င်းတို့ရဲ့ချစ်ခြင်းကိုတော့ ဘယ်သူကမှ လာတားဆီးလို့မရကြောင်းကို သက်သေအဖြစ် တွေ့မြင်နေခဲ့ပါတယ်။

ဒါဟာ ၎င်းတို့ရဲ့ အေးအတူပူအမျှနဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းရဲ့အနှစ်သာရပါဘဲဗျာ။အင်တာနက်သုံးစွဲသူများစွာက ၎င်းဓာတ်ပုံကို “ ကောင်းတယ် ကောင်းတယ်” လို့ မှတ်ချက်ပေးကာ နောက်ပြောင်ခဲ့ကြပါတယ်။

အချို့ကလည်း ၎င်းတို့ရဲ့လက်တွဲဖော်ကို ချစ်မြတ်နိုးပြီး ဘယ်လိုအခြေအနေတွေဘဲ ဖြစ်လာပါစေ လက်တွဲမဖြုတ်ဘဲ အတူရင်ဆိုင်သွားမယ်ဟု ၎င်းတို့ရဲ့လက်တွဲဖော်များအား tagတွဲကာ ရိုနေခဲ့ကြပြီး အချို့ကလည်း ငွေအနည်းငယ်နဲ့အတူတူအလုပ်စတင်ခဲ့ပေမဲ့ ၎င်းတို့က တစ်ဦးကိုတစ်ဦးကူညီခဲ့တာကြောင့် ၎င်းတို့ရဲ့ရည်မှန်းချက်များအောင်မြင်သွားခဲ့တဲ့အကြောင်းများကိုလည်း ပြောပြခဲ့ကြပါသေးတယ်။

Mia (KB Chimmy One)

Reference : rachfeed