ဂျာမနီ နိုင်ငံ ဘာလင်မြို့ရဲ့ နာမည်ကြီး နံရံပန်းချီများမှာ ကမ္ဘာကျော်များနှင့် တန်းတူဂုဏ်ပြုခြင်းခံရတဲ့ နွေဦးသူရဲကောင်း မကြယ်စင်ရဲ့ ရုပ်ပုံ
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ စတင်ပြီး ပြည်သူ့အာဏာ သိမ်းယူသွားတဲ့နောက် ဒီမိုကရေစီကိုလိုလားကြတဲ့ ပြည်သူတွေဟာ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီလိုလုပ်ဆောင်ရင်းနဲ့လည်း အာဏာရှင်တွေရဲ့ မတရား ပစ်ခတ်မှုတွေကြောင့် နွေဦးသူရဲကောင်းများစွာ အသက်ပေးသွားခဲ့ရပါတယ်။ တချို့မှာလည်း လက်ရှိအချိန်ထိ ထောင်ထဲတွေမှာ မတရားဖမ်းဆီး ချုပ်နှောင်းခံထားရတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတွေအတွက် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံရပ်ခြားတွေမှာ သတိတရဖြစ်အောင် ရုပ်ပုံ ပန်းချီကားတွေနဲ့ ဂုဏ်ပြုအခမ်းအနားတွေ ပြုလုပ်ပေးကြတာ တွေ့ရပါတယ်။
ယခုမှာလည်း နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့ ပုံတူပန်းချီကားလေးကို ဂျာမနီ နိုင်ငံ ဘာလင်မြို့ရဲ့ ကမ္ဘာကျော်နံရံပန်းချီတွေမှာ ထည့်သွင်းရေးဆွဲခံရတယ်လို့ ကြားသိရပါတယ်။
အဆိုပါနေရာဟာ ဒုတိယကမ္ဘာစစ်အတွင်း ကြီးသုံးကြီးဖြစ်တဲ့ အမေရိကန်သမ္မတ ထရူးမင်း၊ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ နဲ့ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်စတာလင် တို့ရဲ့ ပိုစ့်ဒမ်ကွန်ဖရင့်ကျင်းပခဲ့ရာနေရာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ကမ္ဘာကျော် Graffiti တွေက ရေးဆွဲဂုဏ်ပြုထားကြတာ ဖြစ်ပါတယ်။
အဲဒီလို ကမ္ဘာကျော်များရေးဆွဲထားတဲ့ နေရာမှာထည့်သွင်းဂုဏ်ပြု ရေးဆွဲဖော်ပြခြင်းခံရတာကတော့ မတ်လ (၃) ရက်နေ့က မန္တလေးမြို့ (၈၄) လမ်းနဲ့ လမ်း (၃၀) ထောင့်မှာ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း ဦးခေါင်းကျည်ထိမှန်ကျဆုံးတဲ့ အသက်(၁၉) နှစ်အရွယ် မကြယ်စင် (ခ) ကျားရှိပဲ ဖြစ်ပါတယ်။
မကြယ်စင်ရဲ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ခဲ့စဉ်က ပုံရိပ်ကို ထည့်သွင်းဖော်ပြခြင်းခံရတဲ့အတွက် မြန်မာပြည်သူတွေအတွက် လေးစားဂုဏ်ယူမိပါတယ်။ ဒီသတင်းလေးကိုတော့ ပရိသတ်တွေသိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
crd
zawgyi
ဂ်ာမနီ ႏိုင္ငံ ဘာလင္ၿမိဳ႕ရဲ႕ နာမည္ႀကီး နံရံပန္းခ်ီမ်ားမွာ ကမာၻေက်ာ္မ်ားႏွင့္ တန္းတူဂုဏ္ျပဳျခင္းခံရတဲ့ ေႏြဦးသူရဲေကာင္း မၾကယ္စင္ရဲ႕ ႐ုပ္ပုံ
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ကေန စတင္ၿပီး ျပည္သူ႔အာဏာ သိမ္းယူသြားတဲ့ေနာက္ ဒီမိုကေရစီကိုလိုလားၾကတဲ့ ျပည္သူေတြဟာ လူထုလႈပ္ရွားမႈေတြကို တက္တက္ႂကြႂကြ လုပ္ေဆာင္ခဲ့ၾကပါတယ္။
ဒီလိုလုပ္ေဆာင္ရင္းနဲ႔လည္း အာဏာရွင္ေတြရဲ႕ မတရား ပစ္ခတ္မႈေတြေၾကာင့္ ေႏြဦးသူရဲေကာင္းမ်ားစြာ အသက္ေပးသြားခဲ့ရပါတယ္။ တခ်ိဳ႕မွာလည္း လက္ရွိအခ်ိန္ထိ ေထာင္ထဲေတြမွာ မတရားဖမ္းဆီး ခ်ဳပ္ေႏွာင္းခံထားရတာ ျဖစ္ပါတယ္။
ေႏြဦးေတာ္လွန္ေရးမွာ အသက္ေပးသြားခဲ့တဲ့ သူရဲေကာင္းေတြအတြက္ ျပည္တြင္းမွာသာမက ျပည္ပႏိုင္ငံရပ္ျခားေတြမွာ သတိတရျဖစ္ေအာင္ ႐ုပ္ပုံ ပန္းခ်ီကားေတြနဲ႔ ဂုဏ္ျပဳအခမ္းအနားေတြ ျပဳလုပ္ေပးၾကတာ ေတြ႕ရပါတယ္။
ယခုမွာလည္း ေႏြဦးေတာ္လွန္ေရးမွာ အသက္ေပးသြားခဲ့တဲ့ သူရဲေကာင္းတစ္ဦးရဲ႕ ပုံတူပန္းခ်ီကားေလးကို ဂ်ာမနီ ႏိုင္ငံ ဘာလင္ၿမိဳ႕ရဲ႕ ကမာၻေက်ာ္နံရံပန္းခ်ီေတြမွာ ထည့္သြင္းေရးဆြဲခံရတယ္လို႔ ၾကားသိရပါတယ္။
အဆိုပါေနရာဟာ ဒုတိယကမာၻစစ္အတြင္း ႀကီးသုံးႀကီးျဖစ္တဲ့ အေမရိကန္သမၼတ ထ႐ူးမင္း၊ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဝင္စတန္ခ်ာခ်ီ နဲ႔ ဆိုဗီယက္ေခါင္းေဆာင္ ဂ်ိဳးဆက္စတာလင္ တို႔ရဲ႕ ပိုစ့္ဒမ္ကြန္ဖရင့္က်င္းပခဲ့ရာေနရာျဖစ္ၿပီး ႏိုင္ငံေရးနဲ႔ပတ္သက္တာေတြကို ကမာၻေက်ာ္ Graffiti ေတြက ေရးဆြဲဂုဏ္ျပဳထားၾကတာ ျဖစ္ပါတယ္။
အဲဒီလို ကမာၻေက်ာ္မ်ားေရးဆြဲထားတဲ့ ေနရာမွာထည့္သြင္းဂုဏ္ျပဳ ေရးဆြဲေဖာ္ျပျခင္းခံရတာကေတာ့ မတ္လ (၃) ရက္ေန႔က မႏၲေလးၿမိဳ႕ (၈၄) လမ္းနဲ႔ လမ္း (၃၀) ေထာင့္မွာ အာဏာရွင္ကို ဆန႔္က်င္ဆႏၵျပရင္း ဦးေခါင္းက်ည္ထိမွန္က်ဆုံးတဲ့ အသက္(၁၉) ႏွစ္အ႐ြယ္ မၾကယ္စင္ (ခ) က်ားရွိပဲ ျဖစ္ပါတယ္။
မၾကယ္စင္ရဲ႕ ေႏြဦးေတာ္လွန္ေရးမွာ တိုက္ပြဲဝင္ခဲ့စဥ္က ပုံရိပ္ကို ထည့္သြင္းေဖာ္ျပျခင္းခံရတဲ့အတြက္ ျမန္မာျပည္သူေတြအတြက္ ေလးစားဂုဏ္ယူမိပါတယ္။ ဒီသတင္းေလးကိုေတာ့ ပရိသတ္ေတြသိရွိေအာင္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။
crd
zawgyi