အနံ့မရေတာ့ဘူးဆိုတာနဲ႔ မီးကြင္းဂမုန္း၊ပင္စိမ္းႏွစ္မ်ိဳး ဆားနဲ႔ေထာင္း အရည္ညႇစ္ေသာက္ၾကပါ
တစ္ေန႔သုံးႀကိမ္ ႏွစ္ရက္ေသာက္ပီးရင္ ပိုးေ+သပီး ဝမ္းထဲပါသြားပါမယ္။ လက္ေတြ႕အက်ိဴးရွိလို့ပါသဘာဝေဆးကပိုေကာင္းပါတယ္။မီးကြင္းဂမုန္း တိုင္းရင္းေဆးအသုံး မီးကြင္းဂမုန္းက ျမန္မာနိုင္ငံအႏွံအျပားမွာ ေပါက္ေရာက္ပါတယ္။ မီးကြင္းဂမုန္းကို ျမန္မာတိုင္းရင္းေဆးအရ ကုသနိုင္တဲ့ေဆးနည္းမ်ားကေတာ့…….
မီးကြင္းဂမုန္း အရိုးႏွင့္အရြက္ကို ထုေထာင္း၍ သုံးခြက္တစ္ခြက္တင္ က်ိဳခ်က္ၿပီး ရရွိေသာအရည္ကို ဒသၾကားအနည္းငယ္ ခတ္၍ေသာက္ေသာ္ ေသြးအန္ေရာဂါေပ်ာက္၏။ *တစ္ႀကိမ္လၽွင္ ေႂကြဇြန္းတစ္ဇြန္းခန႔္ျဖင့္ တစ္ေန႔သုံးႀကိမ္ ေသာက္ပါ။
#နားျပည္ယိုေရာဂါျဖစ္ပါက အရြက္ကို မီးကင္ၿပီး နားတြင္းသို့ အရည္ညႇစ္ထည့္ေပးပါကေပ်ာက္ကင္း၏။#မီးကြင္းဂမုန္းအရြက္ အနည္းငယ္ကို သုပ္စားျခင္း၊ တို့စားျခင္းတို့ျဖင့္ ဝမ္းကိုက္ေရာဂါေပ်ာက္၏။
#ေသြးဝမ္းသြားလၽွင္ မီးကြင္းဂမုန္းအရြက္ကို အရည္ညႇစ္၍ ေႂကြဇြန္းတစ္ဇြန္းခန႔္ ေသာက္ေပးျခင္းျဖင့္ ေပ်ာက္ကင္း၏။#မီးေလာင္၊ အပူေလာင္ျခင္းျဖစ္ပါက မီးကြင္းဂမုန္းအရြက္ႏုကို သၾကားအနည္းငယ္ႏွင့္ ေရာၿပီး ထုေထာင္းႀကိတ္ေျခ၍ လိမ္းေပးရ၏။
#မီးကြင္းဂမုန္းကို ေထာင္း၍ရေသာအရည္ႏွင့္ သၾကားအနည္းငယ္ေရာၿပီး ဇြန္းေသးတစ္ဇြန္းခန႔္ တစ္ေန႔သုံးႀကိမ္ေသာက္ေသာ္ သလိပ္ကပ္ေခ်ာင္းဆိုးေရာဂါ ေပ်ာက္၏။
(၁ )လိပ္ေခါင္း
အတြင္းလိပ္/အျပင္လိပ္ သမားမ်ားအတြက္ မီးကြင္းဂမုန္းအရြက္(၉)ရြက္ကို၊သၾကားအနည္း ငယ္၊သံပုရာတစ္စိတ္၊ဆားသင့္ ထည့္ၿပီး သုံးခြက္တစ္ ခြက္ျပဳတ္က်ိဳ ေသာက္ျခင္းျဖင့္ လိပ္ေခါင္းေရာဂါ သက္သာေပ်ာက္ကင္း ေၾကာင္း တြဲဖက္ရန္က ခ႐ုဖင္ရွည္ခြံအား ဆန္ေဆးရည္ျဖင့္ ေသြးကာ လိမ္းေပးရပါမည္။
(၂) ေခါင္းေပၚမွေဘာက္ထျခင္းကို မီးကြင္းဂမုန္းကို ေထာင္း၍ သတၱဳ ရည္ျဖင့္ေခါင္းေလ်ာ္ပါက ေဘာက္မထဟုဆို၍ေခါင္းေလ်ာ္သည္လည္းရွိ သည္။ ေဘာက္မထေတာ့ဟုဆိုသည္။
(၃) ႏွာေခါင္းေသြးလ်ံသူအား အရြက္အဆစ္မ်ားထုေထာင္းကာ ႏွာေခါင္းတြင္အုံေပးပါက ႏွာေခါင္းေသြးလ်ံျခင္း သက္သာေပ်ာက္ကင္းသည္ကလက္ေတြ႕ျဖစ္သည္။
(၄)ေသြးကင္ဆာေရာဂါ ေငြကုန္ေၾကးက်မခံနိုင္ဘဲအေနာက္တိုင္းေဆးျဖင့္ ကုသရန္အခက္အခဲရွိသူတို့ အရြက္ႏွင့္ပင္စည္ကို ေက်ညက္ေအာင္ ေထာင္းၿပီး ထမင္းစားဇြန္းတစ္ဇြန္းမၽွ အရည္ရယူကာ ယင္းေဆး အရည္ ကိုစတီးဇြန္း၊ ေၾကးဇြန္းေပၚတင္ၿပီးအပူေပးကာ ေခတၱ အေအးခံ ေသာက္ ရသည္ ဆိုပါသည္။
မီးကြင္းဂမုန္းေဆးရည္ကို နံနက္စာထမင္းၿပီးတစ္ႀကိမ္၊ညေနစာထမင္းစားၿပီး တစ္ႀကိမ္ အစာစားၿပီးခ်ိန္ႏွင့္(၁)နာရီျခားကာ တစ္ဇြန္းေသာက္ရသည္ ဆိုပါသည္။ထိုသို့တစ္ပတ္လၽွင္သုံးရက္ တစ္လခန္႔ေသာက္သုံးေပးျခင္းျဖင့္ ေသြးကင္ ဆာ တျဖည္းျဖည္းေပ်ာက္ကင္းသက္သာသြားေစသည္ ဟုညြန္းပါသည္။
(၅)ဆီးခ်ိဳႏွင့္ဆီးေက်ာက္
မီးကြင္းဂမုန္းကိုးရြက္၊သံပုရာသီးတစ္စိတ္၊ဆားအနည္းငယ္ျဖင့္ ေန႔စဥ္သုံးခြက္တစ္ခြက္ ျပဳတ္က်ိဳေသာက္္ေပးပါက ဆီးခ်ိဳႏွင့္ဆီးေက်ာက္ေရာဂါသိသာစြာ သက္သာေပ်ာက္ကင္းခြင့္ရပါသည္။ မီးကြင္းေဆးရည္အေရာင္မွာပန္းေရာင္ခရမ္း ဖက္သို့ သန္းပါသည္။ ကိုယ္တိုင္လည္းလက္ေတြ႕ေသာက္စသုံးပါသည္။
(၆)မၾကာေသးမီကပင္သင္တန္းတက္ေရာက္ေန ေသာမိတ္ေဆြတစ္ဦးနား ကိုက္သည္ဆို၍ အရြက္ကိုေရစင္ေအာင္ေဆးၿပီးနား အတြင္း သို့သတၱဳရည္ စိမ္းညႇစ္ထည့္ေပးရာ အမွန္ပင္ေပ်ာက္ ကင္းသြားပါသည္။နားကိုက္နားရည္ယိုက အရြက္ရည္ကို ညႇစ္၍နာအတြင္း အစက္ခ်ရသည္။
(၇)၀မ္းကိုက္ျခင္း
အစာေၾကာင့္၊ေရေၾကာင့္ အမ်ိဳးမ်ိဳးေသာအေၾကာင္းမ်ား ျဖင့္ ၀မ္းကိုက္ခဲ့ ပါလၽွင္ ထန္းလ်က္(၅)ခဲျဖင့္ အရြက္ကို (၃)ခြက္(၁)ခြက္ျပဳတ္က်ိဳေသာက္ ေပးျခင္းႏွင့္ အရြက္ကို ျပဳတ္၍သုပ္စားပါက အမွန္ပင္ ၀မ္းကိုက္ေပ်ာက္ကင္း ပါသည္။
(၈)ေသြးအန္ျခင္း
႐ုတ္တစ္ရပ္ ေသြးအန္ျခင္းၾကဳံပါက အရိုး/အရြက္ကို (၃)ခြက္(၁)ခြက္၊ ဒိုပါလာ (မွန္ညိဳေရာင္)သၾကားျဖင့္ တစ္ေန႔လၽွင္ ေႂကြဇြန္း (၁)ဇြန္း ေန႔စဥ္ (၃)ႀကိမ္ေသာက္ရပါသည္။
(၉)ေသြး၀မ္းဆင္းျခင္း
အရြက္ကို သတၱဳရည္ညႇစ္ၿပီး ေႂကြဇြန္း(၁)ဇြန္းေသာက္ ေပးျခင္း ျဖင့္ေပ်ာက္ ကင္းေစသည္။
(၁၀)မီးေလာင္၊အပူေလာင္မၾကာခဏျဖစ္ တတ္ၾကပါသည္။ အရြက္ႏုကိုသၾကား အနည္းငယ္ေရာၿပီးထုေထာင္းေခ်မြ၍ လိမ္းေပးပါကသက္သာေပ်ာက္ကင္းေစပါသည္။ ကိုယ္တိုင္ လည္း ထိုနည္းအတိုင္းအသုံးျပဳခဲ့ပါသည္။
Credit – တိုင္းရင္းေဆး
Unicode
အနံ့မရတော့ဘူးဆိုတာနဲ့ မီးကွင်းဂမုန်း၊ပင်စိမ်းနှစ်မျိုး ဆားနဲ့ထောင်း အရည်ညှစ်သောက်ကြပါ
တစ်နေ့သုံးကြိမ် နှစ်ရက်သောက်ပီးရင် ပိုးေ+သပီး ဝမ်းထဲပါသွားပါမယ်။ လက်တွေ့အကျိူးရှိလို့ပါသဘာဝဆေးကပိုကောင်းပါတယ်။မီးကွင်းဂမုန်း တိုင်းရင်းဆေးအသုံး မီးကွင်းဂမုန်းက မြန်မာနိုင်ငံအနှံအပြားမှာ ပေါက်ရောက်ပါတယ်။ မီးကွင်းဂမုန်းကို မြန်မာတိုင်းရင်းဆေးအရ ကုသနိုင်တဲ့ဆေးနည်းများကတော့…….
မီးကွင်းဂမုန်း အရိုးနှင့်အရွက်ကို ထုထောင်း၍ သုံးခွက်တစ်ခွက်တင် ကျိုချက်ပြီး ရရှိသောအရည်ကို ဒသကြားအနည်းငယ် ခတ်၍သောက်သော် သွေးအန်ရောဂါပျောက်၏။ *တစ်ကြိမ်လျှင် ကြွေဇွန်းတစ်ဇွန်းခန့်ဖြင့် တစ်နေ့သုံးကြိမ် သောက်ပါ။
#နားပြည်ယိုရောဂါဖြစ်ပါက အရွက်ကို မီးကင်ပြီး နားတွင်းသို့ အရည်ညှစ်ထည့်ပေးပါကပျောက်ကင်း၏။#မီးကွင်းဂမုန်းအရွက် အနည်းငယ်ကို သုပ်စားခြင်း၊ တို့စားခြင်းတို့ဖြင့် ဝမ်းကိုက်ရောဂါပျောက်၏။
#သွေးဝမ်းသွားလျှင် မီးကွင်းဂမုန်းအရွက်ကို အရည်ညှစ်၍ ကြွေဇွန်းတစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။#မီးလောင်၊ အပူလောင်ခြင်းဖြစ်ပါက မီးကွင်းဂမုန်းအရွက်နုကို သကြားအနည်းငယ်နှင့် ရောပြီး ထုထောင်းကြိတ်ခြေ၍ လိမ်းပေးရ၏။
#မီးကွင်းဂမုန်းကို ထောင်း၍ရသောအရည်နှင့် သကြားအနည်းငယ်ရောပြီး ဇွန်းသေးတစ်ဇွန်းခန့် တစ်နေ့သုံးကြိမ်သောက်သော် သလိပ်ကပ်ချောင်းဆိုးရောဂါ ပျောက်၏။
(၁ )လိပ်ခေါင်း
အတွင်းလိပ်/အပြင်လိပ် သမားများအတွက် မီးကွင်းဂမုန်းအရွက်(၉)ရွက်ကို၊သကြားအနည်း ငယ်၊သံပုရာတစ်စိတ်၊ဆားသင့် ထည့်ပြီး သုံးခွက်တစ် ခွက်ပြုတ်ကျို သောက်ခြင်းဖြင့် လိပ်ခေါင်းရောဂါ သက်သာပျောက်ကင်း ကြောင်း တွဲဖက်ရန်က ခရုဖင်ရှည်ခွံအား ဆန်ဆေးရည်ဖြင့် သွေးကာ လိမ်းပေးရပါမည်။
(၂) ခေါင်းပေါ်မှဘောက်ထခြင်းကို မီးကွင်းဂမုန်းကို ထောင်း၍ သတ္တု ရည်ဖြင့်ခေါင်းလျော်ပါက ဘောက်မထဟုဆို၍ခေါင်းလျော်သည်လည်းရှိ သည်။ ဘောက်မထတော့ဟုဆိုသည်။
(၃) နှာခေါင်းသွေးလျံသူအား အရွက်အဆစ်များထုထောင်းကာ နှာခေါင်းတွင်အုံပေးပါက နှာခေါင်းသွေးလျံခြင်း သက်သာပျောက်ကင်းသည်ကလက်တွေ့ဖြစ်သည်။
(၄)သွေးကင်ဆာရောဂါ ငွေကုန်ကြေးကျမခံနိုင်ဘဲအနောက်တိုင်းဆေးဖြင့် ကုသရန်အခက်အခဲရှိသူတို့ အရွက်နှင့်ပင်စည်ကို ကျေညက်အောင် ထောင်းပြီး ထမင်းစားဇွန်းတစ်ဇွန်းမျှ အရည်ရယူကာ ယင်းဆေး အရည် ကိုစတီးဇွန်း၊ ကြေးဇွန်းပေါ်တင်ပြီးအပူပေးကာ ခေတ္တ အအေးခံ သောက် ရသည် ဆိုပါသည်။
မီးကွင်းဂမုန်းဆေးရည်ကို နံနက်စာထမင်းပြီးတစ်ကြိမ်၊ညနေစာထမင်းစားပြီး တစ်ကြိမ် အစာစားပြီးချိန်နှင့်(၁)နာရီခြားကာ တစ်ဇွန်းသောက်ရသည် ဆိုပါသည်။ထိုသို့တစ်ပတ်လျှင်သုံးရက် တစ်လခန့်သောက်သုံးပေးခြင်းဖြင့် သွေးကင် ဆာ တဖြည်းဖြည်းပျောက်ကင်းသက်သာသွားစေသည် ဟုညွန်းပါသည်။
(၅)ဆီးချိုနှင့်ဆီးကျောက်
မီးကွင်းဂမုန်းကိုးရွက်၊သံပုရာသီးတစ်စိတ်၊ဆားအနည်းငယ်ဖြင့် နေ့စဉ်သုံးခွက်တစ်ခွက် ပြုတ်ကျိုသောက်ပေးပါက ဆီးချိုနှင့်ဆီးကျောက်ရောဂါသိသာစွာ သက်သာပျောက်ကင်းခွင့်ရပါသည်။ မီးကွင်းဆေးရည်အရောင်မှာပန်းရောင်ခရမ်း ဖက်သို့ သန်းပါသည်။ ကိုယ်တိုင်လည်းလက်တွေ့သောက်စသုံးပါသည်။
(၆)မကြာသေးမီကပင်သင်တန်းတက်ရောက်နေ သောမိတ်ဆွေတစ်ဦးနား ကိုက်သည်ဆို၍ အရွက်ကိုရေစင်အောင်ဆေးပြီးနား အတွင်း သို့သတ္တုရည် စိမ်းညှစ်ထည့်ပေးရာ အမှန်ပင်ပျောက် ကင်းသွားပါသည်။နားကိုက်နားရည်ယိုက အရွက်ရည်ကို ညှစ်၍နာအတွင်း အစက်ချရသည်။
(၇)ဝမ်းကိုက်ခြင်း
အစာကြောင့်၊ရေကြောင့် အမျိုးမျိုးသောအကြောင်းများ ဖြင့် ဝမ်းကိုက်ခဲ့ ပါလျှင် ထန်းလျက်(၅)ခဲဖြင့် အရွက်ကို (၃)ခွက်(၁)ခွက်ပြုတ်ကျိုသောက် ပေးခြင်းနှင့် အရွက်ကို ပြုတ်၍သုပ်စားပါက အမှန်ပင် ဝမ်းကိုက်ပျောက်ကင်း ပါသည်။
(၈)သွေးအန်ခြင်း
ရုတ်တစ်ရပ် သွေးအန်ခြင်းကြုံပါက အရိုး/အရွက်ကို (၃)ခွက်(၁)ခွက်၊ ဒိုပါလာ (မှန်ညိုရောင်)သကြားဖြင့် တစ်နေ့လျှင် ကြွေဇွန်း (၁)ဇွန်း နေ့စဉ် (၃)ကြိမ်သောက်ရပါသည်။
(၉)သွေးဝမ်းဆင်းခြင်း
အရွက်ကို သတ္တုရည်ညှစ်ပြီး ကြွေဇွန်း(၁)ဇွန်းသောက် ပေးခြင်း ဖြင့်ပျောက် ကင်းစေသည်။
(၁၀)မီးလောင်၊အပူလောင်မကြာခဏဖြစ် တတ်ကြပါသည်။ အရွက်နုကိုသကြား အနည်းငယ်ရောပြီးထုထောင်းချေမွ၍ လိမ်းပေးပါကသက်သာပျောက်ကင်းစေပါသည်။ ကိုယ်တိုင် လည်း ထိုနည်းအတိုင်းအသုံးပြုခဲ့ပါသည်။
Credit – တိုင်းရင်းဆေး



