အရေပြားပေါ်ကမည့်သည့်အမာရွတ်မျိုးကိုမဆိုတစ်ပတ်အတွင်းပျောက်ကင်းစေတဲ့နည်းလမ်း
အရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုအမာရွတ်မျိုးကိုမဆို တစ်ပတ်အတွင်း
သိသိသာသာ သက်သာပျောက်ကင်းစေနိုင် တဲ့
သဘာ၀နည်းလမ်းလေးတစ်ခုကိုဝေမျှပေးချင်ပါတယ်။
ဝက်ခြံအမာရွတ်၊ အမဲစက်များ၊ ထိခိုက်ရှနာများကြောင့်ကျန်ခဲ့တဲ့ အမာရွတ်များနဲ့
အသားအရောင် မညီညာမှုများကို သက်သာပျောက်ကင်း
စေနိုင်ပါတယ်။
ပါဝင်တဲ့ပစ္စည်းအားလုံးဟာ သဘာဝပစ္စည်းတွေသာ ဖြစ်ပြီး
ဘေးထွက်ဆိုးကျိုး မရှိဘဲ စျေးနှုန်းသက်သာစွာ မိမိအိမ်မှာတင် ပြုလုပ်နိုင်တဲ့နည်းလေး ဖြစ်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ သံပုရာရည်
လက်ဖက်ရည်ဇွန်းတစ်ဇွန်း
လတ်လတ်ဆတ်ဆတ် အမှုန့်ကြိတ်ထားတဲ့
ဇာတိပ္ဖိုလ်သီးအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ပြုလုပ်ပုံ
၁။ ခပ်ရွယ်ရွယ် ပန်းကန်လုံးတစ်လုံးထဲမှာ ပါ၀င်တဲ့ပစ္စည်းအားလုံးကို
ရောထည့်ပြီးအနှစ်ဖြစ်လာတဲ့အထိ သမအောင် မွှေပေးပါ။
၂။ အနှစ်ရဲ့ အပျစ်အကျဲ အခြေအနေကို ကြည့်ပြီး ပျစ်လွန်းနေရင် သံပုရာရည်
နည်းနည်း ထပ်ထည့်ပေးပြီး အနည်းငယ် ကျဲနေသေးတယ်ဆိုရင်တော့
အမှုန့်လေးတွေကို နည်းနည်းစီ ထပ်ထည့်ပေးရပါမယ်။
၃။ အမာရွတ်ပေါ်ကို သုတ်လိမ်းပေးပြီး မိနစ်(၂၀)ခန့် ထားပါ။
၄။ မျက်နှာပေါ်မှာ လိမ်းထားတယ်ဆိုရင် သက်သောင့်သက်သာ လှဲလျောင်းပြီးဆေးအာနိသင် စိမ့်၀င်အောင် စောင့်ပါ။
၅။ အချိန်ပြည့်သွားရင် ရေနဲ့ဆေးချပြီး တဘက်နဲ့ သုတ်ပေးပါ။
၆။ အစိုဓာတ်ထိန်းခရင်မ် (moisturizer) အပျော့စားတစ်ခုကို လိမ်းပေးပါ။
အသုံးပြုပုံ
၁။ အရင်ဦးဆုံး မျက်နှာသစ်ဆပ်ပြာ အပျော့စားတစ်ခုနဲ့ မျက်နှာကိုဆေးကြောသန့်စင်ပေးပါ။
ပြီးနောက် တဘက်နဲ့ သုတ်ပေးပါ။
၂။ အမာရွတ်ပေါ်ကို အသင့်ပြုလုပ်ထားတဲ့ အနှစ်လိမ်းကျံပေးပါ။သိပ်အထူကြီး မလိမ်းပါနဲ့။
၃။ မိနစ် (၂၀)ခန့်ထားပြီးနောက် ရေဆေးချပါ။
၄။ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်ပေးပါ။
တဖြည်းဖြည်း အမာရွတ်က မှေးမှိန်ပျောက်ကွယ်လာတဲ့အထိ လုပ်ပေးပါ။
တစ်ပတ်ပြည့်ချိန်မှာတင် သိသာတဲ့ ရလာဒ်ကို တွေ့ရပါလိမ့်မယ်။
ကိုယ်ပေါ်က အမာရွတ်အမျိုးအစား အားလုံးအတွက် အသုံးပြုနိုင်တဲ့
အစွမ်းထက်နည်းလေးဖြစ်လို့ ပျိုမေတို့ နှစ်သက်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Zawgyi
အေရျပားေပၚမွာ ျဖစ္ေလ့ရွိတဲ့ ဘယ္လိုအမာ႐ြတ္မ်ိဳးကိုမဆို တစ္ပတ္အတြင္း
သိသိသာသာ သက္သာေပ်ာက္ကင္းေစနိုင္ တဲ့
သဘာ၀နည္းလမ္းေလးတစ္ခုကိုေဝမွ်ေပးခ်င္ပါတယ္။
ဝက္ၿခံအမာ႐ြတ္၊ အမဲစက္မ်ား၊ ထိခိုက္ရွနာမ်ားေၾကာင့္က်န္ခဲ့တဲ့ အမာ႐ြတ္မ်ားနဲ႕
အသားအေရာင္ မညီညာမႈမ်ားကို သက္သာေပ်ာက္ကင္း
ေစနိုင္ပါတယ္။
ပါဝင္တဲ့ပစၥည္းအားလုံးဟာ သဘာဝပစၥည္းေတြသာ ျဖစ္ၿပီး
ေဘးထြက္ဆိုးက်ိဳး မရွိဘဲ ေစ်းႏႈန္းသက္သာစြာ မိမိအိမ္မွာတင္ ျပဳလုပ္နိုင္တဲ့နည္းေလး ျဖစ္ပါတယ္။
လိုအပ္တဲ့ပစၥည္းမ်ား
ပ်ားရည္စစ္စစ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း
လတ္လတ္ဆတ္ဆတ္ ညွစ္ယူထားတဲ့ သံပုရာရည္
လက္ဖက္ရည္ဇြန္းတစ္ဇြန္း
လတ္လတ္ဆတ္ဆတ္ အမႈန့္ႀကိတ္ထားတဲ့
ဇာတိပၹိုလ္သီးအမႈန့္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း
သစ္ႀကံပိုးေခါက္အမႈန့္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း
ျပဳလုပ္ပုံ
၁။ ခပ္႐ြယ္႐ြယ္ ပန္းကန္လုံးတစ္လုံးထဲမွာ ပါ၀င္တဲ့ပစၥည္းအားလုံးကို
ေရာထည့္ၿပီးအႏွစ္ျဖစ္လာတဲ့အထိ သမေအာင္ ေမႊေပးပါ။
၂။ အႏွစ္ရဲ႕ အပ်စ္အက်ဲ အေျခအေနကို ၾကည့္ၿပီး ပ်စ္လြန္းေနရင္ သံပုရာရည္
နည္းနည္း ထပ္ထည့္ေပးၿပီး အနည္းငယ္ က်ဲေနေသးတယ္ဆိုရင္ေတာ့
အမႈန့္ေလးေတြကို နည္းနည္းစီ ထပ္ထည့္ေပးရပါမယ္။
၃။ အမာ႐ြတ္ေပၚကို သုတ္လိမ္းေပးၿပီး မိနစ္(၂၀)ခန့္ ထားပါ။
၄။ မ်က္ႏွာေပၚမွာ လိမ္းထားတယ္ဆိုရင္ သက္ေသာင့္သက္သာ လွဲေလ်ာင္းၿပီးေဆးအာနိသင္ စိမ့္၀င္ေအာင္ ေစာင့္ပါ။
၅။ အခ်ိန္ျပည့္သြားရင္ ေရနဲ႕ေဆးခ်ၿပီး တဘက္နဲ႕ သုတ္ေပးပါ။
၆။ အစိုဓာတ္ထိန္းခရင္မ္ (moisturizer) အေပ်ာ့စားတစ္ခုကို လိမ္းေပးပါ။
အသုံးျပဳပုံ
၁။ အရင္ဦးဆုံး မ်က္ႏွာသစ္ဆပ္ျပာ အေပ်ာ့စားတစ္ခုနဲ႕ မ်က္ႏွာကိုေဆးေၾကာသန့္စင္ေပးပါ။
ၿပီးေနာက္ တဘက္နဲ႕ သုတ္ေပးပါ။
၂။ အမာ႐ြတ္ေပၚကို အသင့္ျပဳလုပ္ထားတဲ့ အႏွစ္လိမ္းက်ံေပးပါ။သိပ္အထူႀကီး မလိမ္းပါနဲ႕။
၃။ မိနစ္ (၂၀)ခန့္ထားၿပီးေနာက္ ေရေဆးခ်ပါ။
၄။ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္မွ သုံးႀကိမ္အထိ ျပဳလုပ္ေပးပါ။
တျဖည္းျဖည္း အမာ႐ြတ္က ေမွးမွိန္ေပ်ာက္ကြယ္လာတဲ့အထိ လုပ္ေပးပါ။
တစ္ပတ္ျပည့္ခ်ိန္မွာတင္ သိသာတဲ့ ရလာဒ္ကို ေတြ႕ရပါလိမ့္မယ္။
ကိုယ္ေပၚက အမာ႐ြတ္အမ်ိဳးအစား အားလုံးအတြက္ အသုံးျပဳနိုင္တဲ့
အစြမ္းထက္နည္းေလးျဖစ္လို႔ ပ်ိဳေမတို႔ ႏွစ္သက္ၾက လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။