ကြားသိရသမျှ

လမ်းဘေးတစ်နေရာမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ဂိမ်းကစားနေတဲ့ဗီဒီယိုကြောင့် လူများစွာရဲ့နှလုံးသားကို ထိမိသွားစေခဲ့တဲ့ သားအဖနှစ်ဦး

၎င်းဟာ လူတိုင်းလိုလိုအတွက် မဟုတ်ပေမဲ့ သူတို့ရဲ့သားသမီးများနှင့်တရင်းတနှီးဆက်ဆံရေးများမရှိတဲ့ အဖေများစွာ ရှိနေတတ်ပါတယ်။ဒါဟာလည်း မတူညီတဲ့အကြောင်းပြချက်များကြောင့်သာ ဖြစ်ရတာပါ။သို့ပေမဲ့ အဖေတော်တော်များများက ၎င်းတို့ရဲ့ကလေးများနှင့်တရင်းတနှီးရှိဖို့ အချိန်မရတာကြောင့် ၎င်းကို မှန်တယ်လို့ ဆိုကြပါလိမ့်မယ်။အကြောင်းပြချက်များစွာရှိသော်လည်း အဖေများစွာက ၎င်းတို့ဟာ သားသမီးများနှင့် အတူရှိနေပေးပြီး အမှန်တကယ်ရင်းနှီးပေးဖို့ အချိန်မရှိတာကြောင့်ဖြစ်ကြောင်းဟု ဆိုကြပါတယ်။အဖေတို့ဟာ တစ်နေ့တာရဲ့အဆုံးမှာ ၎င်းတို့ရဲ့သားသမီးများအား အချိန်ပေးချင်ပေမဲ့လည်း ပင်ပန်းလွန်းတာကြောင့် အဖေတော်တော်များများဟာ ၎င်းတို့ရဲ့သားသမီးကို မရင်းနှီးကြရပါဘူး။

သို့ပေမဲ့ မကြာသေးခင်က အဖေတစ်ဦးဟာ သူ့ရဲ့သမီးဖြစ်သူနဲ့ “ Rock Paper Scissors ” ဂိမ်းကို ကစားနေခဲ့တဲ့ပုံရိပ်ကြောင့် လူသိများသွားခဲ့ပါတယ်။၎င်းတို့သားအဖဟာ မော်တော်ဆိုင်ကယ်ကို စီးနင်းလာခဲ့ကြပေမဲ့ လမ်းဘေးမှာရပ်ထားပုံရပြီး လမ်းဘေးတစ်နေရာရာမှာ ရှိနေခဲ့ကြပါတယ်။ Sahabat Surga အမည်ရှိ netizen တစ်ဦးဟာ ၎င်းဗီဒီယိုကို Instagram တွင် တင်ပေးခဲ့ပြီး ဂိမ်းကစားနေရင်း ၎င်းတို့သားအဖတို့ရဲ့ချစ်ခြင်းမေတ္တာက ချိုမြိန်ကြောင်းကို ပြသနေခဲ့ပါတယ်။၎င်းအဖေနဲ့သမီးတို့ဟာ တစ်စုံတစ်ယောက်က ၎င်းတို့အား ဗီဒီယိုရိုက်နေခဲ့တာကိုတောင် သတိမပြုမိခဲ့ကြပါဘူး။

မော်တော်ယာဉ်များက ၎င်းတို့ရှေ့မှာ အလုပ်ရှုပ်စွာ ဖြတ်သန်းနေခဲ့ပေမဲ့ ၎င်းသားအဖဟာ သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးမှာပင် ပျော်ရွှင်နေခဲ့ကြပါတယ်။ဗီဒီယို clip ထဲအရ ၎င်းတို့သားအဖဟာ ဂိမ်းကစားရင်း နိုင်တဲ့လူက ရှုံးတဲ့လူကို အနမ်းပေးရမဲ့သတ်မှတ်ချက်ကို သတ်မှတ်ထားပုံရပြီး ပွဲတိုင်းနိုင်နေတဲ့သမီးဖြစ်သူက အဖေဖြစ်သူရဲ့ပါးကို နမ်းရှိုက်နေခဲ့ပါတယ်။ဒါဟာ တကယ့်ကို အချိုမြိန်ဆုံးအရာပါဘဲ။ထို့နောက် netizen များစွာက အဆိုပါသားအဖဟာ ရှေ့ဆက်ပြီးလည်း ၎င်းကဲ့သို့ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးရှိပြီး ၎င်းကဲ့သို့ ဆက်လက်ပြီး ချိုမြိန်တဲ့အရာများကို အတူတူပြုလုပ်နိုင်ပါစေလို့ မျှော်လင့်ကာ ဆုတောင်းပေးခဲ့ကြပါတယ်။

Mia (KB Chimmy One)

Reference : rachfeed

Zawgyi