ၾကားသိရသမွ်

ပုလဲအရန်မီးသတ်တပ်ဖွဲ့ကို သွားရောက်လှူဒါန်းရင်း သီချင်းပါ သီဆိုဖျော်ဖြေပေးခဲ့တဲ့ အဆိုတော် ချယ်ရီသင်းရဲ့ ကြည်နူးစရာ ဗီဒီယို

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။

ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ အသံချိုချိုအေးအေးလေးနဲ့ အဆိုတော် ချယ်ရီသင်းကို အားလုံးသိကြမယ်လို့ ထင်ပါတယ်။

ချယ်ရီသင်းဟာ အနုပညာအလုပ်တွေကိုလည်း ကောင်းမွန်အောင် ကြိုးစားနေတဲ့အပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ စွမ်းစွမ်းတမံ ကူညီလုပ်ကိုင်ပေးနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

ချယ်ရီသင်းရဲ့ လေးစားစရာ ပရဟိတအလုပ်လေးတွေကတော့ လတ်တလော နိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကာလလေးမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေအတွက် စားသောက်စရာလေးတွေကို တတ်နိုင်လောက် မကြားခဏ မျှဝေလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

စိတ်မကောင်းစရာကတော့ ပြီးခဲ့တဲ့လပိုင်းက သူမရဲ့ ဆွေမျိုးမိသားစုဝင်ထဲက အစ်ကိုဝမ်းကွဲ နှစ်ယောက်နဲ့ ဦးလေးတစ်ယောက်ဟာ ရက်ပိုင်းခြားပြီး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရှာပါတယ်။

အလှူအတန်းတွေကို မကြားခဏပြုလုပ်တတ်တဲ့ ချယ်ရီသင်းဟာ ယမန်နေ့က ပုလဲအရန်မီးသတ်တပ်ဖွဲ့ရှိတဲ့ ဌာနကို သွားရောက်ပြီး စားသောက်စရာ ဟင်းသီးဟင်းရွက်များတဲ့ ကျန်းမာရေးအသုံးအဆောင်များကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အလှူပစ္စည်းတွေလှူဒါန်းပေးရင်းနဲ့လည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ကိုလည်း သီချင်းများဖြင့် ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။

ချယ်ရီသင်း လာရောက်လှူဒါန်းမှုနဲ့ သီချင်းဆိုပြခဲ့တာကို ပုလဲအရန်မီးသတ်တပ်ကပဲ Live လွှင့်ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ချယ်ရီသင်းရဲ့ liveဗီဒီယိုလေးကို ကြည့်ပြီး ထပ်တူကြည်နူးစေမယ်လို့လည်း ထင်မိပါတယ်။

သတင်းအရင်းမြစ်: Source – Htin Lin Aung

Zawgyi

ရုပ္သံကို ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္။

ဂီတနယ္ပယ္မွာ ေအာင္ျမင္မႈေတြနဲ႔အတူ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈေတြကို အျပည့္အဝရရွိထားတဲ့ အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ အဆိုေတာ္ ခ်ယ္ရီသင္းကို အားလုံးသိၾကမယ္လို႔ ထင္ပါတယ္။

ခ်ယ္ရီသင္းဟာ အႏုပညာအလုပ္ေတြကိုလည္း ေကာင္းမြန္ေအာင္ ႀကိဳးစားေနတဲ့အျပင္ လူမႈေရးအက်ိဳးျပဳ ပရဟိတအလုပ္ေတြကို တစ္ဖက္တစ္လမ္းကေန စြမ္းစြမ္းတမံ ကူညီလုပ္ကိုင္ေပးေနတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။

ခ်ယ္ရီသင္းရဲ့ ေလးစားစရာ ပရဟိတအလုပ္ေလးေတြကေတာ့ လတ္တေလာ နိုင္ငံေရးအေျခအေနေတြနဲ႔ ကိုဗစ္ကာလေလးမွာ စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနတဲ့ ျပည္သူေတြအတြက္ စားေသာက္စရာေလးေတြကို တတ္နိုင္ေလာက္ မၾကားခဏ မၽွေဝလႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။

စိတ္မေကာင္းစရာကေတာ့ ၿပီးခဲ့တဲ့လပိုင္းက သူမရဲ့ ေဆြမ်ိဳးမိသားစုဝင္ထဲက အစ္ကိုဝမ္းကြဲ ႏွစ္ေယာက္နဲ႔ ဦးေလးတစ္ေယာက္ဟာ ရက္ပိုင္းျခားၿပီး ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ရွာပါတယ္။

အလႉအတန္းေတြကို မၾကားခဏျပဳလုပ္တတ္တဲ့ ခ်ယ္ရီသင္းဟာ ယမန္ေန႔က ပုလဲအရန္မီးသတ္တပ္ဖြဲ႕ရွိတဲ့ ဌာနကို သြားေရာက္ၿပီး စားေသာက္စရာ ဟင္းသီးဟင္းရြက္မ်ားတဲ့ က်န္းမာေရးအသုံးအေဆာင္မ်ားကို လႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ အလႉပစၥည္းေတြလႉဒါန္းေပးရင္းနဲ႔လည္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕ကိုလည္း သီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖေပးခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ရီသင္း လာေရာက္လႉဒါန္းမႈနဲ႔ သီခ်င္းဆိုျပခဲ့တာကို ပုလဲအရန္မီးသတ္တပ္ကပဲ Live လႊင့္ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြလည္း ခ်ယ္ရီသင္းရဲ့ liveဗီဒီယိုေလးကို ၾကည့္ၿပီး ထပ္တူၾကည္ႏူးေစမယ္လို႔လည္း ထင္မိပါတယ္။

သတင္းအရင္းျမစ္: Source – Htin Lin Aung