ၾကားသိရသမွ်

မ်က္ႏွာေပၚရွိ မွဲ႔မ်ားကိုၾကည့္၍ ေဗဒင္တြက္ရေအာင္

သင့္မ်က္ႏွာေပၚရွိမွဲ႔ကို အရင္ ဆန္းစစ္ပါ။ ၿပီးရင္ သင့္မ်က္ႏွာေပၚရွိ မွဲ႔ေနရာကို ပံုပါအတိုင္း အနီးစပ္ဆံုးနံပါတ္ကိုၾကည့္ၿပီး အမ်ိဳးအစားပိုင္းျခားသတ္မွတ္ပါ။ ထင္ရွားျပတ္သားၿပီး တခုတည္းရွိေသာမွဲ႔ကိုသာ အဓိပၸာယ္ေကာက္ယူရပါမယ္။ မ်က္ႏွာေပၚမွ အစက္အေျပာက္မ်ား၊ ဝက္ၿခံ (သို႔) မွဲ႔ေသးေသးကေလးမ်ားကို ထည္႔မတြက္ရပါဘူး။ ကဲ- မွဲ႔ေနရာက သက္ဆိုင္…

ရာအေနအထားမွာရွိတာေသခ်ာရင္ ဘယ္နံပါတ္ထဲ ပါဝင္ေနမလဲဆိုတာ ဆန္းစစ္ၾကည့္ရေအာင္။

နံပါတ္ ၁မွ၃

ကေလးတေယာက္လိုပဲ သင္႔ရဲ႔စိတ္ဟာ တခါတရံမထိန္းခ်ဳပ္ႏိုင္ပဲ ေပါက္ကြဲလြယ္တယ္။ ေမြးရာပါ တီထြင္ၾကံဆဥာဏ္ရွိၿပီး လြတ္လပ္ခြင့္ျပဳထားပါက အေကာင္းဆံုးျဖစ္ေအာင္လုပ္ႏိုင္စြမ္းရွိေသာေၾကာင့္ သင့္ရဲ႔အထက္အရာရွိက သင့္ရဲ႔ေတြးေခၚဆန္းသစ္လုပ္ေဆာင္ရည္ကို ႏွစ္သက္သေဘာက်မွာျဖစ္ပါတယ္။ အဲဒီေနရာမွာရွိတဲ့မွဲ႔ပိုင္ရွင္ဟာ သူမ်ားအလုပ္ကို လုပ္ရတာထက္ ကိုယ္ပိုင္စီးပြားေရးလုပ္ဖို႔ ကံပါၿပီး စီးပြားေရးမွာလည္း ေအာင္ျမင္ထြန္းေပါက္မွာ ျဖစ္ပါတယ္။

နံပါတ္ ၄

သင္ဟာ စိတ္ကူးရသလို လုပ္တတ္တဲ့သူျဖစ္ပါတယ္။ မၾကာခဏဆိုသလို သူတပါးအေပၚကို လႊမ္းမိုးသြားေအာင္ ဆြဲေဆာင္ႏိုင္ၿပီး ထူးျခားဆန္းျပားတဲ့ ပင္ကိုယ္အရည္အေသြးမ်ိဳး ပိုင္ဆိုင္သူျဖစ္ပါတယ္။ ထင္ျမင္ယူဆေဝဖန္မႈမ်ားအေပၚ အျငင္းအခံုသန္သူျဖစ္ၿပီး မေက်နပ္

ခ်က္နဲ႔ အလိုမက်မႈမ်ားကို စိတ္ထဲရွိတဲ့အတိုင္း ေျပာတတ္သူျဖစ္လို႕ အမ်ားႏွင့္ဆက္ဆံရာမွာ အခက္အခဲေတြ႕တတ္ပါတယ္။ အဆိုပါမွဲ႕ပိုင္ရွင္မွာ အၿငိဳးေဒါသ ေပါက္ကြဲလြယ္သူျဖစ္လို႕ အဲဒီအက်င့္ေလးသာ ေဖ်ာက္ေအာင္ လုပ္ႏိုင္မယ္ဆိုရင္ လူ႕ေလာကမွာ တည္ၿငိမ္ေအးခ်မ္းစြာ ေနထိုင္သြားႏိုင္မွာ ျဖစ္ပါတယ္။

နံပါတ္ ၅

မ်က္ခံုးအေပၚထက္ရွိ မွဲ႕ပိုင္ရွင္ဟာ ဘဝမွာခ်မ္းခ်မ္းသာသာနဲ႔ ေနရမယ့္ကံပါတယ္။ ဒါေပမယ့္ သူမ်ားထက္ေတာ့ ပိုရွာၿပီး ပိုႀကိဳးစားလုပ္ကိုင္ရပါတယ္။ သင္ရွာသမွ်ေငြေတြကို ေသခ်ာထိန္းသိမ္းရပါလိမ့္မယ္။ ဘာလို႕လဲဆိုေတာ့ သင့္ကိုမနာလိုသူေတြက စကားခ်ိဳခ်ိဳနဲ႔ သင့္

ရဲ႔ဥစၥာဓနကို ခြဲေဝယူဖို႔ ႀကံစည္ၾကပါလိမ့္မယ္။ သင့္ရဲ႔ အလ်င္အျမန္ႀကီးပြားခ်မ္းသာတဲ့စီမံကိန္းႀကီးထဲကို ရင္းႏွီးျမွဳပ္ႏွံဖို႔ႀကိဳးစားလာသူမ်ားကို အထူးသတိရွိပါ၊ သူတပါးအား အယံုမလြယ္မိဖို႔ သတိေပးပါရေစ။ သင့္ရဲ႔ပင္ကိုဥာဏ္ကိုသံုးၿပီး သတိဝိရိယနဲ႕ေနပါ။ ဘယ္ေသာအခါမွ သင့္ရဲ႔ေငြေၾကးကိစၥရပ္မ်ားကို တပါးသူအား မခ်ဳပ္ကိုင္ပါေစနဲ႕။

နံပါတ္ ၆

ဒီေနရာမွာရွိတဲ့မွဲ႔ပိုင္ရွင္ဟာ ဥာဏ္ေကာင္းတယ္၊ တီထြင္ဖန္တီးဥာဏ္ရွိတယ္၊ အႏုပညာစြမ္းရည္ရွိတယ္။ အဆိုပါစြမ္းရည္က သင့္ကို ခ်မ္းသာေက်ာ္ၾကားၿပီး ေအာင္ျမင္ေစတယ္။ ခ်မ္းသာမဲ့ ကံပါလာၿပီးသား။ ဒါေပမဲ့ သမားရိုးက်စီးပြားရွာဖို႔လမ္းစဥ္ထက္ ကိုယ္စိတ္ႏွလံုးသြင္းၿပီး ရဲရင့္သတၱိရွိမွ ေအာင္ျမင္မႈကို အေကာင္အထည္ေဖာ္ေဆာင္ႏိုင္မွာ ျဖစ္တယ္။

နံပါတ္ ၇

မ်က္ခံုးေအာက္မွာရွိတဲ့ မွဲ႔ပိုင္ရွင္ဟာ ပူေဆြးေသာက စိတ္မခ်မ္းေျမ့ဖြယ္ေကာင္းတဲ့ ေဆြမ်ိဳး၊ မိသားစုအသိုင္းအဝိုင္းၾကားမွာ ကေတာက္ကဆ စကားမ်ားတတ္တယ္။ အဲဒါက သင့္အလုပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းကို ထိခိုက္ေစပါတယ္။ တည္ၿငိမ္ေအးခ်မ္းတဲ့ဘဝကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြနဲ႕ အဆင္ေျပေအာင္ ညွိယူပါ။

နံပါတ္ ၈

ဒီေနရာမွာမွဲ့ရွိရင္ေတာ့ မေကာင္းပါဘူး။ အသံုးအျဖဳန္းမ်ားတတ္တဲ့အတြက္ေၾကာင့္ အၿမဲအလိုလို ေငြၾကပ္ေနတတ္တယ္။ ေလာင္းကစားကို ခံုမင္သူလည္း ျဖစ္တယ္။ ဘယ္အခ်ိန္မွာ ရပ္တန္းက ရပ္ရမလဲဆိုတာ မိမိကိုယ္ကိုသိပါ။ အလားတူ အဲဒီမွာမွဲ႔ရွိတဲ့သူဟာ ဆန္႔က်င္ဘက္လိင္ကိုသာမက လိင္တူကိုပါ ဆြဲေဆာင္ကလူတတ္ပါတယ္။ သင့္ရဲ႔ဆြဲေဆာင္မႈကို အသံုးခ်ရာမွာ အနည္းငယ္ ေျမာ္ျမင္ဆင္ျခင္ႏိုင္မွ ေတာ္ခါၾကပါမယ္။ မဟုတ္ရင္ ဒုကၡေရာက္သြားႏိုင္တယ္။

နံပါတ္ ၉

ဒီေနရာရွိ မွဲ႔ပိုင္ရွင္ဟာ လိင္ပိုင္းဆိုင္ရာနဲ႔ အျခားျပႆနာမ်ား ရွိႏုိင္ပါတယ္။ ကံမေကာင္းတဲ့မွဲ႔ျဖစ္လို႔ ျဖတ္ပစ္ဖို႔ အၾကံျပဳပါရေစ။ ပူေဆြးေသာကမ်ားစြာနဲ႔ ျပႆနာေပါင္းမ်ားစြာကို ယူေဆာင္လာမဲ့ မွဲ႔မ်ိဳးပါ။

နံပါတ္ ၁၀

ႏွာေခါင္းေအာက္တည့္တည့္မွာမွဲ႔ပါရင္ သားေျမးစဥ္ဆက္ထိ ကံေကာင္းတယ္။ အခ်ိန္ျပည့္ မိသားစုဝင္မ်ားနဲ႕ သားသမီးမ်ား၊ ေျမးမ်ားနဲ႕ သိုက္သိုက္ဝန္းဝန္းေနရမယ္။ သင္နဲ႔အနီးဆံုးလူရဲ႕ အေထာက္အပံ့ကို ရရွိႏိုင္မွာျဖစ္ၿပီး သင့္အား ဥစၥာပစၥည္းေရာ၊ စိတ္ခံစားမႈေရာ အျပည့္အဝျဖည့္ဆည္းေပးႏိုင္ပါလိမ့္မယ္။

နံပါတ္ ၁၁

ဒီေနရာမွဲ႕ရွိတဲ့သူဟာ နာဖ်ားျခင္းကို မလြန္ဆန္ႏိုင္ပါ။ အထူးသျဖင့္ အဲဒီမွဲ႕ႀကီးၿပီး မည္းလာရင္ ဖ်က္ပစ္လိုက္တာ အေကာင္းဆံုးပဲ။ ဒါမွမဟုတ္ ေအာက္ခံမိတ္ကပ္ေဖာင္ေဒးရွင္းမ်ားမ်ားသံုးၿပီး ဖံုးထားပါ။

နံပါတ္ ၁၂

ဒီေနရာမွဲ႕ရွိတဲ့သူဟာ ေအာင္ျမင္ရံုသာမက တည္ၿငိမ္မွ်တတဲ့ဘဝကို ရရွိခံစားႏိုင္မွာျဖစ္ပါတယ္။ သိပ္မခ်မ္းသာရင္ေတာင္မွ ေက်ာ္ၾကားမယ္။ သင့္ကို ျမင့္မားတဲ့ဘဝမွာ ေနထိုင္ပိုင္ဆိုင္ဖို႕ အခြင့္အေရးေပးေသာ္လည္းပဲ သင္ဟာ သင့္အိမ္နဲ႔မိသားစုဘဝမွာပဲ ေက်နပ္တင္းတိမ္ေနမယ္။ အဲဒီေနရာမွာမွဲ႔ရွိတဲ့ အမ်ိဳးသမီးမ်ားဟာ အထူးသျဖင့္ ကံေကာင္းမယ္၊ လွပမက္ေမာစြဲမက္ဖြယ္ေကာင္းပါလိမ့္မယ္။

နံပါတ္ ၁၃

သင့္ကေလးေတြက သင့္ဘဝမွာ ႀကီးမားတဲ့ပူပန္ေသာက စိုးရိမ္မႈ တခုပါပဲ။ သူတို႔ေလးေတြနဲ႔ ဆက္ဆံရတာ အဆင္မေျပႏိုင္ပါဘူး။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သည္းခံႏိုင္ေအာင္ က်င့္ႀကံဖို႔ ႀကိဳးစားရံုမွတပါး ဘာမွမတတ္ႏိုင္ပါ။

နံပါတ္ ၁၄

ဒီေနရာမွာမွဲ႔ရွိတဲ့သူဟာ အစားအေသာက္နဲ႔ ပတ္သက္ၿပီး သင့္ဘဝမွာ ႀကီးမားတဲ့ျပႆနာတခုပါပဲ။ ဘာလို႔လဲဆိုေတာ့ သင္ဟာ တခ်ိဳ႕အစားအစာနဲ႔ ဓါတ္မတည့္မႈ ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွွမဟုတ္ရင္ အစားႀကီးလြန္းရင္ေတာင္ ျဖစ္တတ္ပါတယ္။

နံပါတ္ ၁၅

သင္ဟာ သြက္လက္တက္ၾကြတယ္၊ သင့္အိမ္ကို အၿမဲလိုလို ျပဳျပင္မြမ္းမံၿပီး အလွဆင္ရတာကို ႏွစ္သက္သူျဖစ္တယ္။ ပစၥည္းသစ္ကို သံုးရတာ၊ ေနရာအသစ္အဆန္းကို သြားရတာ သေဘာက်တယ္။ တေနရာထဲမွာ ၾကာၾကာေနရတာကို မႏွစ္ၿမိဳ႕ေပ။ ခရီးသြားျခင္း၊ စြန္႕စားျခင္းကို ႏွစ္သက္ၿပီး ဂရုတစိုက္စူးစမ္းသိျမင္ေသာ အျမင္ရွိပါတယ္။

နံပါတ္ ၁၆

သင္အစားစားေတာ့မယ္၊ လိင္ဆက္ဆံေတာ့မယ္ဆိုရင္ သတိထားဖို႔ လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီ၂ခုဟာ သင့္ရဲ႕ႀကီးမားတဲ့ျပႆနာျဖစ္ေပတယ္။ သင့္ကိုစိတ္ဓါတ္က်ေစမဲ့ ပူပန္ေသာကေတြ ရွိလာတတ္ပါတယ္။ သင္ဟာ ခ်စ္ေရးခ်စ္ရာမွာ စိတ္ပါဝင္စားၿပီး ခ်စ္သူကို တေယာက္မက ထားတတ္ၾကပါတယ္။ ဒါေပမယ့္ သင္ဟာ ကိုယ္က်င့္သိကၡာေစာင့္ထိန္းသူျဖစ္တဲ့အတြက္ေၾကာင့္ ဒါကို အျပစ္က်ဴးလြန္္မိတယ္လို႕ ယူဆကာ စိတ္ဖိစီးမႈမ်ား ျဖစ္ေပၚေစႏိုင္ပါတယ္။

နံပါတ္ ၁၇

သင္ဟာ လူမႈေရးရာမွာ ထင္ေပၚေက်ာ္ၾကားမယ္။ သင္ဟာ ေပါင္းသင္းဆက္ဆံေရးေကာင္းသလို စကားေျပာေကာင္းသူတေယာက္လဲ ျဖစ္တယ္။ သင့္ရဲ့ေအာင္ျမင္မႈနဲ႔ ပတ္သက္ၿပီး စိတ္ႀကီးဝင္ေနတတ္ပါတယ္။ ဒါဟာ သင့္ရဲ႕ဂုဏ္သတင္းေက်ာ္ေစာမႈကို ဆံုးရႈံးေစႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သင့္ရဲ႕မိမိကိုယ္ကိုယံုၾကည္မႈနဲ႕ ကိုယ့္ကိုယ္ကိုတန္ဖိုးထားေလးစားမႈဟာ သင့္ကို အလြန္အမင္းထိခိုက္ေစလိမ့္မယ္။

နံပါတ္ ၁၈

သင္ဟာ အၿမဲတမ္းခရီးထြက္ေနရမဲ့သူ ျဖစ္တယ္။ သင့္ဘဝမွာ ႏိုင္ငံရပ္ျခားခရီးေဝး အမ်ားႀကီးသြားရမယ္။ ဒါေပမဲ့ ေရလမ္းခရီးသြားရမဲ့အခါတိုင္း အထူးသတိရွိပါ။ ဘာလို႔လဲဆိုေတာ့ အဆိုပါ မွဲ႔မ်ိဳးဟာ အိမ္မွာေနရတာက သင့္အတြက္ ပိုၿပီးေကာင္းပါလိမ့္မယ္။

နံပါတ္ ၁၉

သင့္မွာ ေငြရမဲ့ကံရွိၿပီး မိတ္ေဆြေကာင္းလည္း ေပါမ်ားပါတယ္။ ဒါေၾကာင့္ ဒီမွဲ႔မ်ိဳးရွိတာ ေကာင္းပါတယ္။ အားနည္းခ်က္က ဆန္႔က်င္ဘက္လိင္ရဲ႕ ဆြဲေဆာင္မႈေနာက္သို႕ အလြယ္တကူပါသြားတတ္ၾကတယ္။ သင့္ဘဝမွာ အဲဒါက သင့္ကို ဒုကၡေရာက္ေစပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕စိတ္ကို တည္ၿငိမ္ေအာင္ႀကိဳးစားပါ။

နံပါတ္ ၂၀

ဒီေနရာရွိ မွဲ႕ပိုင္ရွင္ဟာ ကံအရမ္းေကာင္းခ်င္ေကာင္းမယ္။ ကံအရမ္းဆိုးရင္ဆိုးမယ္။ ကံတရားက သင့္ကို အလြန္အမင္းေက်ာ္ၾကားမယ္ ဒါမွမဟုတ္ရင္ မေကာင္းသတင္းျဖင့္ ေက်ာ္ၾကားမယ္လို႔ ႀကိဳတင္စီရင္ထားၿပီး ျဖစ္တယ္။ သင့္မွာ တီထြင္ဖန္တီးတတ္တဲ့ ပါရမီရွိသလို ဥာဏ္ရည္ထက္ျမက္သူလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ သင့္ရဲ႕ပင္ကိုအရည္အေသြးကို ေကာင္းတဲ့ေနရာေရာ ဆိုးတဲ့ေနရာမွာပါ အသံုးျပဳလို႕ ရပါတယ္။ သင္ဟာ လူေတြကို မထီမဲ့ျမင္၊ မေလးမစားဆက္ဆံတတ္တဲ့ လူစားမ်ိဳးမဟုတ္ပါဘူး။ သင္ဟာ သေဘာလြယ္သူမဟုတ္တဲ့အတြက္ အလြယ္တကူ ခြင့္မလႊတ္တတ္သလို ေမ့လဲမေမ့တတ္ပါ။ ဒီမွဲ႔ဟာ ထူးခြ်န္ေျပာင္ေျမာက္သူ (သို႔မဟုတ္) ႏိုင္လိုမင္းထက္ျပဳမူသူအျဖစ္ မွတ္ယူရမဲ့ အမွတ္အသားတခုပါပဲ။

နံပါတ္ ၂၁

ဒီမွဲ႔မ်ိဳးက ေကာင္းပါတယ္။ ဘဝတေလွ်ာက္ မ်ားမ်ားစားရ ၊ေသာက္ရမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး ေက်ာ္ၾကားမႈနဲ႕ အသိအမွတ္ျပဳခံရမႈမ်ားကို ယူေဆာင္လာမဲ့ မွဲ႔မ်ိဳးျဖစ္ပါတယ္။

နံပါတ္ ၂၂

သင့္ဘဝဟာ အၿမဲ ေပ်ာ္ရႊင္ေနၿပီး အစစအရာရာ အဆင္ေျပေခ်ာေမြ႕ပါတယ္။ သင္ဟာ အားကစားကို ဝါသနာထံုသူျဖစ္ပါက စူပါစတားအားကစားသမားေကာင္းတေယာက္ ျဖစ္လာႏိုင္ပါတယ္။ မ်က္ခံုးေမြးအဆံုးမွာရွိတဲ့ မွဲ႔ပိုင္ရွင္မ်ားဟာ ၾသဇာတိကၠမရွိတဲ့ ပုဂၢိဳလ္မ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္သာ ကုမၸဏီရဲ႕ အလုပ္အမႈေဆာင္အရာရွိတေယာက္ဆိုပါက ေကာင္းစြာလုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

နံပါတ္ ၂၃

သင့္မွာ ဥာဏ္ရည္ (IQ) အရမ္းပဲျမင့္မားပါတယ္။ ဥာဏ္ရည္ပါးနပ္သလို ၿမိဳ႕ရည္လည္ၿပီး လူအမ်ိဳးမ်ိဳးနဲ႕ ေပါင္းသင္းဆက္ဆံတတ္ပါတယ္။ လူ႕ဘဝမွာ ဘယ္လို ရွင္သန္ရပ္တည္ရမလဲဆိုတဲ့ ရင့္က်က္တဲ့ ပင္ကိုဥာဏ္ရွိတဲ့အတြက္ေၾကာင့္ အဓိပၸာယ္ရွိရွိ၊ သက္တမ္းရွည္တဲ့ ဘဝကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။ အသက္အိုမင္းလာသည့္တိုင္ေအာင္ တက္ၾကြဖ်တ္လတ္ေနတုန္းပါပဲ။ ဘဝဆံုးတဲ့အထိ မိတ္ေဆြမ်ား၊ မိသားစုမ်ားနဲ႔ သိုက္သိုက္ဝန္းဝန္းေနသြားရမွာပါ။

နံပါတ္ ၂၄

သင္ဟာ ငယ္ရြယ္စဥ္မွာ ေက်ာ္ၾကားမႈနဲ႕ အခြင့္အလမ္းမ်ား ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ အိုမင္းတဲ့အခါ အေထာက္အပံ့ျပဳဖို႕ ငယ္စဥ္ခါ ရလာမဲ့အခြင့္အေရးကို အသံုးခ်တတ္ဖို႕ အႀကံျပဳပါရေစ။ ဘာလို႕လဲဆိုေတာ့ အဆိုပါမွဲ႔ပိုင္ရွင္မ်ားဟာ အသက္ႀကီးလာတဲ့အခါ သူတို႔ရဲ႕ဘဝဟာ ခက္ခဲၾကမ္းတမ္းတတ္ပါတယ္။

နံပါတ္ ၂၅

သင္ရဲ႕ ႀကိဳးစားအားထုတ္မႈက ႀကီးပြားခ်မ္းသာျခင္းနဲ႕ အသိအမွတ္ျပဳျခင္းကို ရရွိၿပီး အခြင့္အလမ္းမ်ားစြာခံစားရရွိႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ လြန္ကဲမႈကို အထူးသတိျပဳပါ။

သမရိုးက်အတိုင္း ျပဳမူေနထိုင္ပါ။ အသက္ရွည္ၿပီး အက်ိဳးစီးပြားျဖစ္ထြန္းမဲ့ဘဝမ်ိဳးကို ပိုင္ဆိုင္ရရွိမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)

Credit:ဖူးစာရွင္ေလး မွကူးယူထားပါသည္။

#Unicode

ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်…

ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

နံပါတ် ၁မှ၃

ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဉာဏ်ရှိပြီး လွတ်လပ်ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိက သင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။

နံပါတ် ၄

သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့်ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့ အဲဒီအကျင့်လေးသာ ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅

မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ ဒါပေမယ့် သူများထက်တော့ ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ ကြံစည်ကြပါလိမ့်မယ်။ သင့်ရဲ့ အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့ သတိပေးပါရစေ။ သင့်ရဲ့ပင်ကိုဉာဏ်ကိုသုံးပြီး သတိဝိရိယနဲ့နေပါ။ ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအား မချုပ်ကိုင်ပါစေနဲ့။

နံပါတ် ၆

ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဉာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဉာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကို ချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ ကံပါလာပြီးသား။ ဒါပေမဲ့ သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီး ရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။

နံပါတ် ၇

မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများတတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။

နံပါတ် ၈

ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့အတွက်ကြောင့် အမြဲအလိုလို ငွေကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။ အလားတူ အဲဒီမှာမှဲ့ရှိတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉

ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့ အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀

နှာခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့ သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁

ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂

ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ်မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်းမယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃

သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄

ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ တချို့အစားအစာနဲ့ ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင် ဖြစ်တတ်ပါတယ်။

နံပါတ် ၁၅

သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင်မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ်ကို သုံးရတာ၊ နေရာအသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာထဲမှာ ကြာကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။

နံပါတ် ၁၆

သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ ချစ်ရေးချစ်ရာမှာ စိတ်ပါဝင်စားပြီး ချစ်သူကို တယောက်မက ထားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ်လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

နံပါတ် ၁၇

သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈

သင်ဟာ အမြဲတမ်းခရီးထွက်နေရမဲ့သူ ဖြစ်တယ်။ သင့်ဘဝမှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉

သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်မှုနောက်သို့ အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာ အဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀

ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဉာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေးကို ကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစားဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူအဖြစ် မှတ်ယူရမဲ့ အမှတ်အသားတခုပါပဲ။

နံပါတ် ၂၁

ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျော်ကြားမှုနဲ့ အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂

သင့်ဘဝဟာ အမြဲ ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ သင်ဟာ အားကစားကို ဝါသနာထုံသူဖြစ်ပါက စူပါစတားအားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ မျက်ခုံးမွေးအဆုံးမှာရှိတဲ့ မှဲ့ပိုင်ရှင်များဟာ သြဇာတိက္ကမရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိတယောက်ဆိုပါက ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃

သင့်မှာ ဉာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဉာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတဲ့ ရင့်ကျက်တဲ့ ပင်ကိုဉာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိရှိ၊ သက်တမ်းရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အိုမင်းလာသည့်တိုင်အောင် တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄

သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့် အိုမင်းတဲ့အခါ အထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ အဆိုပါမှဲ့ပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ် ၂၅

သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။

သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုးစီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်

ဖိုးသူတော် (www.phothutaw.com)

Credit:ဖူးစာရှင်လေး မှကူးယူထားပါသည်