မြန်မာနိုင်ငံ၏ ကာလကြာ ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် MPT သည် တရုတ် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Huawei နှင့် ပူးပေါင်းကာ အင်တာနက်အသုံးပြုသူများအား စောင့်ကြည့်ရန် ပြင်ဆင်နေကြောင်းသတင်းရရှိသည်။
“CDM လုပ်နေတဲ့ MPT ဝန်ထမ်းတွေကို ဖိအားပေးရုံးတက်ခိုင်းပြီးတော့ ဟံသာဝတီ National Gateway မှာ အင်တာနက် အသုံးပြုသူတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ စက်တွေ ဆင်နေပါတယ်” ဟု MPT မှ အမည်မဖော်လိုသူ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်သည့် Huawei သည် MPT အား နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးနေသည့် တယ်လီကွန်း ကုမ္ပဏီတစ်ခုဖြစ်သည်။
ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိနေသည့် MPT သည် ၂၀၁၄ ခုနှစ်တွင် ဂျပန် ကုမ္ပဏီများဖြစ်သည့် KDDI, Sumitomo တို့ဖြင့် အကျိုးတူပူးပေါင်းကာ ဝန်ဆောင်မှုများပေးလျှက်ရှိသည်။
စာရင်းများအရ မြန်မာနိုင်ငံတွင် Sim Card သုံးစွဲသူ ၅၈ သန်းကျော် ရှိနေသည်။သက်ဆိုင်ရာ ဖုန်းအော်ပရေတာများ၏ ထုတ်ပြန်ချက်များအရ MPT ကဒ်သုံးစွဲသူ ၂၅ သန်း ကျော် ၊ တယ်လီနောကဒ်သုံးသူ ၁၈ သန်းကျော်၊ အော်ရီးဒူး သုံးစွဲသူ ၁၀ သန်းခန့်နှင့် Mytel သုံးသူ ၅ သန်းကျော် ရှိနေကြောင်း သတင်းရရှိသည်။
MPT and Hwawei merge to watch internet users
MPT, the state-owned incumbent operator teams up with Chinese tech giant Huawei to watch internet users.
“MPT staff joining CDM are forced to get back to work. Devices designed to watch and control internet users are being installed at Hantharwady National Gateway,” an engineer at MPT told. He doesn’t want to be identified.
China-based telecom company Huawei provides technology assistance to MPT.
MPT under Ministry of Telecomunication has cooperated with KDDI and Sumitomo companies since 2014, offering service.
According to statistics, over 58 millions use sim cards and 25 million people are MPT users. There are over 18 million Telenor sim card users, 10 million Oredoo users and 5million Mytel users.
Burma Associated Press
ျမန္မာႏိုင္ငံ၏ ကာလၾကာ ဆက္သြယ္ေရးလုပ္ငန္းျဖစ္သည့္ MPT သည္ တ႐ုတ္ နည္းပညာ ကုမၸဏီႀကီးတစ္ခုျဖစ္သည့္ Huawei ႏွင့္ ပူးေပါင္းကာ အင္တာနက္အသုံးျပဳသူမ်ားအား ေစာင့္ၾကည့္ရန္ ျပင္ဆင္ေနေၾကာင္းသတင္းရရွိသည္။
“CDM လုပ္ေနတဲ့ MPT ဝန္ထမ္းေတြကို ဖိအားေပး႐ုံးတက္ခိုင္းၿပီးေတာ့ ဟံသာဝတီ National Gateway မွာ အင္တာနက္ အသုံးျပဳသူေတြကို ေစာင့္ၾကည့္ထိန္းခ်ဳပ္ႏိုင္တဲ့ စက္ေတြ ဆင္ေနပါတယ္” ဟု MPT မွ အမည္မေဖာ္လိုသူ အင္ဂ်င္နီယာတစ္ဦးက ေျပာသည္။
တ႐ုတ္အေျခစိုက္ ကုမၸဏီျဖစ္သည့္ Huawei သည္ MPT အား နည္းပညာပိုင္းဆိုင္ရာ ပံ့ပိုးမႈမ်ားေပးေနသည့္ တယ္လီကြန္း ကုမၸဏီတစ္ခုျဖစ္သည္။
ဆက္သြယ္ေရးဝန္ႀကီးဌာန လက္ေအာက္တြင္ရွိေနသည့္ MPT သည္ ၂၀၁၄ ခုႏွစ္တြင္ ဂ်ပန္ ကုမၸဏီမ်ားျဖစ္သည့္ KDDI, Sumitomo တို႔ျဖင့္ အက်ိဳးတူပူးေပါင္းကာ ဝန္ေဆာင္မႈမ်ားေပးလွ်က္ရွိသည္။
စာရင္းမ်ားအရ ျမန္မာႏိုင္ငံတြင္ Sim Card သုံးစြဲသူ ၅၈ သန္းေက်ာ္ ရွိေနသည္။သက္ဆိုင္ရာ ဖုန္းေအာ္ပေရတာမ်ား၏ ထုတ္ျပန္ခ်က္မ်ားအရ MPT ကဒ္သုံးစြဲသူ ၂၅ သန္း ေက်ာ္ ၊ တယ္လီေနာကဒ္သုံးသူ ၁၈ သန္းေက်ာ္၊ ေအာ္ရီးဒူး သုံးစြဲသူ ၁၀ သန္းခန႔္ႏွင့္ Mytel သုံးသူ ၅ သန္းေက်ာ္ ရွိေနေၾကာင္း သတင္းရရွိသည္။