ၾကားသိရသမွ်

ပရိသတ်တွေကဂရုတစိုက်ပို့ပေးလိုက်တဲ့လက်ဆောင်လေးတွေကို ပိုင်တံခွန်မှ လက်ခံရရှိကြောင်း အသိပေးလိုက်တဲ့ အစ်မ ဖြစ်သူမေချစ်သွေး

ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရတဲ့ ပြည်သူချစ်မင်းသားလေး ပိုင်တံခွန်ဟာဆိုရင် ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ ၊ တောင်သူလယ်သမားနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူ့မင်းသားလေး ပိုင်တံခွန်လွတ်မြောက်လာတဲ့သတင်းကြောင့် ပရိသတ်တွေကလည်း အတိုင်း မသိ ဝမ်းသာခဲ့ကြပါတယ်။ တချို့ပရိတ်သတ်တွေဆိုရင် ဝမ်းသာကြလွန်းလို့ လက်ဆောင်တွေပါ အပြိုင်အဆိုင် ပေးပို့နေကြပြီပဲဖြစ်ပါတယ်။

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်အနေနဲ့ လက်ရှိမှာ မိုလ်ဘိုင်းဖုန်း အသုံးမပြုသေးတာကြောင့် ပရိသတ်တွေပေးတဲ့ လက်ဆောင်လေးတွေလက်ခံရရှိကြောင်းကို သူ့အစ်မဖြစ်သူ မေချစ်သွေးမှ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး တင်ပေးထားပါတယ်။

“မေတ္တာလက်ဆောင်များပို့ပေးပါသော တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ🙏

ပြည်သူချစ်မင်းသားလေးကတော့ တကယ့်ကို ပရိသတ်တွေကို ဂရုစိုက်ပေးရှာတာပဲနော်။ သူကိုယ်တိုင် ဖုန်း အသုံးမပြုနေရတာကြောင့် ပရိသတ်တွေကို အစ်မ ဖြစ်သူကနေတစ်ဆင့် ရအောင် အသိပေးပေးရှာတာ။

ပြည်သူ့မင်းသားလေး ပိုင်တံခွန်တစ်ယောက် အရင်ကထက်ပိုအောင်မြင်ပြီး အလုပ်အကိုင်တွေပိုပြီးအဆင်ပြေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။