ညဖက်မှာ လူတွေကို ထိတ်လန့်ခြောက်ခြားစေခဲ့တဲ့ တံတားအောက်က ခြေထောက်တစ်စုံ
ဒီအဖြစ်အပျက်ကတော့ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ ။အကြောင်းကတော့ညဖက်တံတားအောက်မှာမလှုပ်မယှက်တမ်းအချိန်အတော်ကြာရပ်နေခဲ့တဲ့ ခြေထောက်တစ်စုံကို တွေ့ရှိပြီး ပြည်သူတွေက တစ်စုံတစ်ယောက် သေဆုံးနေတယ်လို့ တွေးထင်ပြီး ရဲအရာရှိတွေထံတိုင်ကြားခဲ့ပါတယ် ။
သို့ပေမဲ့လည်း ရဲအရာရှိတွေ လာရောက်စစ်ဆေးခဲ့ချိန်မှာတော့ လူတစ်စုံတစ်ယောက်ကိုမျှမတွေ့ရှိဘဲဘောင်းဘီနဲ့ဖိနပ်ကို ကြိုးဖြင့် ဒုတ်တစ်ချောင်းနား တုတ်ချီထားကာ ဒေါင်လျက်အနေအထား ထားရှိခဲ့တာပါ ။ဒါ့အပြင်တံတားအောက်မှာအခြားအသုံးအဆောင်တွေဖြစ်တဲ့ အင်္ကျီ နဲ့ တဘက်တွေကိုပါတွေ့ရှိခဲ့ပေမဲ့လည်း ၊ အဆိုပါ နေရာမှာ နေထိုင်နေခဲ့သူကို လုံးဝမတွေ့ရှိခဲ့ပါဘူး ။ လူအတော်များများကတော့ အိုးမဲ့အိမ်မဲ့လူတစ်ဦးကသူနေထိုင်တဲ့နေရာ အခြားသူတွေမလာရောက်အောင် ကာကွယ်ထားခဲ့ပုံရကြောင်း ခန့်မှန်းခဲ့ကြပါတယ် ။
ညဖက်တွေ့ရှိခဲ့ရတဲ့ အဆိုပါခြေထောက်တစ်စုံကြောင့် အချို့သောသူတွေက သရဲတစ္ဆေလို့ ထင်မှတ်ပြီး ကြောက်လန့်ခဲ့ကြသေးကြောင်း သိရှိရပါတယ် ။
Zawgyi
ညဖက်မှာ လူတွေကို ထိတ်လန့်ခြောက်ခြားစေခဲ့တဲ့ တံတားအောက်က ခြေထောက်တစ်စုံ
ဒီအဖြစ်အပျက်ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ ။ အကြောင်းကတော့ညဖက်တံတားအောက်မှာ မလှုပ်မယှက်တမ်းအချိန်အတော်ကြာရပ်နေခဲ့တဲ့ ခြေထောက်တစ်စုံကို တွေ့ရှိပြီး ပြည်သူတွေက တစ်စုံတစ်ယောက် သေဆုံးနေတယ်လို့ တွေးထင်ပြီး ရဲအရာရှိတွေထံတိုင်ကြားခဲ့ပါတယ် ။
သို့ပေမဲ့လည်း ရဲအရာရှိတွေ လာရောက်စစ်ဆေးခဲ့ချိန်မှာတော့ လူတစ်စုံတစ်ယောက်ကိုမျှမတွေ့ရှိဘဲ ဘောင်းဘီနဲ့ဖိနပ်ကို ကြိုးဖြင့်ဒုတ်တစ်ချောင်းနား တုတ်ချီထားကာ ဒေါင်လျက်အနေအထားထားရှိခဲ့တာပါ ။ဒါ့အပြင်တံတားအောက်မှာအခြားအသုံးအဆောင်တွေဖြစ်တဲ့ အင်္ကျီ နဲ့တဘက်တွေကိုပါ တွေ့ရှိခဲ့ပေမဲ့လည်း ၊ အဆိုပါ နေရာမှာ နေထိုင်နေခဲ့သူကို လုံးဝမတွေ့ရှိခဲ့ပါဘူး ။ လူအတော်များများကတော့ အိုးမဲ့အိမ်မဲ့လူတစ်ဦးက သူနေထိုင်တဲ့နေရာ အခြားသူတွေမလာရောက်အောင် ကာကွယ်ထားခဲ့ပုံရကြောင်း ခန့်မှန်းခဲ့ကြပါတယ် ။
ညဖက်တွေ့ရှိခဲ့ရတဲ့ အဆိုပါခြေထောက်တစ်စုံကြောင့် အချို့သောသူတွေက သရဲတစ္ဆေလို့ ထင်မှတ်ပြီး ကြောက်လန့်ခဲ့ကြသေးကြောင်း သိရှိရပါတယ် ။
crd