အဝစားေဟာ့ေပါ့ဆိုင္မွာ စားေနရင္း မဝံ့မရဲနဲ႔မီႏူးေတာင္းေနလို႔ ေမးၾကည့္ေတာ့မွ အံ့ၾသယူရတဲ့ျဖစ္ရပ္
အဝစားေဟာ့ေပါ့ဆိုင္မွာ စားေနရင္း မဝံ့မရဲနဲ႔မီႏူးေတာင္းေနလို႔ ေမးၾကည့္ေတာ့မွ အံ့ၾသယူရတယ္
က်ေနာ္ ေတာ္ေတာ္ၾကာၾကာစဥ္းစားၿပီးမွ ဒီပိုစ့္ကိုတင္တာပါ…
မေန႔ညက ဂ်ပန္ကလာတဲ့သူငယ္ခ်င္းကိုထမင္းလိုက္ေကြၽးရင္းအဝစား ေဟာ့ေပါ့ဆိုင္မွာစားျဖစ္ၾကတယ္
က်ေနာ္တို႔ရယ္ တျခားအတြဲႏွစ္တြဲရယ္ရွိတဲ့ဆိုင္ထဲကို အဝတ္အစားႏြမ္းႏြမ္းနဲ႔နံနံေစာ္ေစာ္ လင္မယားႏွစ္ေယာက္နဲ႔ခေလးေလးမိသားစုတစု မဝံ့မရဲနဲ႔ဝင္လာၿပီး

က်ေနာ္တို႔နားက စားပြဲမွာဝင္ထိုင္ရင္း မီႏူးစာအုပ္ေပးပါ ဆိုၿပီး ေတာင္းေနေတာ့ စားပြဲထိုးေလးက ယူလာေပးေတာ့ၾကည့္ၿပီးမွာရွာတယ္
ၾကက္ဥတလုံး ဘာညာဘာညာေပါ့ေလ ဒါနဲ႔က်ေနာ္လဲမေနသာပဲ လက္တို႔ၿပီးမင္းတို႔ ဘာလုပ္လို႔လာစားၾကတာလဲ ေမးၾကည့္ေတာ့
က်ေနာ္တို႔လင္မယားေတာင္းရာကျပန္လာတာ ႏွစ္ေသာင္းေလာက္ရလာလို႔ လာစားတာပါတဲ့
ဒါနဲ႔ဘာလို႔ဒီဆိုင္ကို လာစားရတာလဲဆိုေတာ့….
အဝကပုံကိုၾကည့္ၿပီး လူ႔ဘဝမွာမစားဘူးတာ စားဘူးတယ္ရွိေအာင္လာစားတာတဲ့….
ေတာင္းစားေပမဲ့ စိတ္ဓာတ္ကိုႀကိဳက္တာနဲ႔ မင္းတို႔ပိုက္ဆံေနာက္ေန႔မွစား အခုငါေပးမယ္…မမွာနဲ႔
ေဟာဒီမွာအသီးအ႐ြက္ေတြ ေဟာဒါက အသားေတြေဟာဒါ အေအး ေဟာဒါ ထမင္းေၾကာ္ ႀကိဳက္တာကိုႀကိဳက္သေလာက္စားစမ္း အဝစား ကုန္ရင္ထပ္ယူဆိုေတာ့

ေဘးဝိုင္းေတြကလဲ မကန႔္ကြက္တာနဲ႔က်ေနာ္ေကြၽးလိုက္တယ္….
စားလိုက္ၾကတာဗ်ာ ေဟ့ေကာင္ေတြကုန္သေလာက္ပဲယူ က်န္ေအာင္ေတာ့မယူနဲ႔ေနာ္ဆိုေတာ့…
ကုန္တယ္ဆိုၿပီးစားလိုက္ၾကတာဗ်ာ က်ေနာ္မစားႏိုင္ေပမဲ့ ထိုင္ၾကည့္ၿပီးဝမ္းသာလိုက္တာဗ်ာ…
အရပ္စကားနဲ႔ေျပာရရင္ ေတာင္းစားသူနဲ႔အတူစားျခင္းေပါ့ဗ်ာ…ဆုေပးေသးတယ္ အကိုႀကီး က်မ္းမာပါေစတဲ့ ေပးတဲ့ဆုနဲ႔ျပည့္ပါေစဗ်…။
Credit
အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတဲ့ဖြစ်ရပ်
အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတယ်
ကျနော် တော်တော်ကြာကြာစဉ်းစားပြီးမှ ဒီပိုစ့်ကိုတင်တာပါ…
မနေ့ညက ဂျပန်ကလာတဲ့သူငယ်ချင်းကိုထမင်းလိုက်ကျွေးရင်းအဝစား ဟော့ပေါ့ဆိုင်မှာစားဖြစ်ကြတယ်
ကျနော်တို့ရယ် တခြားအတွဲနှစ်တွဲရယ်ရှိတဲ့ဆိုင်ထဲကို အဝတ်အစားနွမ်းနွမ်းနဲ့နံနံစော်စော် လင်မယားနှစ်ယောက်နဲ့ခလေးလေးမိသားစုတစု မဝံ့မရဲနဲ့ဝင်လာပြီး
ကျနော်တို့နားက စားပွဲမှာဝင်ထိုင်ရင်း မီနူးစာအုပ်ပေးပါ ဆိုပြီး တောင်းနေတော့ စားပွဲထိုးလေးက ယူလာပေးတော့ကြည့်ပြီးမှာရှာတယ်
ကြက်ဥတလုံး ဘာညာဘာညာပေါ့လေ ဒါနဲ့ကျနော်လဲမနေသာပဲ လက်တို့ပြီးမင်းတို့ ဘာလုပ်လို့လာစားကြတာလဲ မေးကြည့်တော့
ကျနော်တို့လင်မယားတောင်းရာကပြန်လာတာ နှစ်သောင်းလောက်ရလာလို့ လာစားတာပါတဲ့
ဒါနဲ့ဘာလို့ဒီဆိုင်ကို လာစားရတာလဲဆိုတော့….
အဝကပုံကိုကြည့်ပြီး လူ့ဘဝမှာမစားဘူးတာ စားဘူးတယ်ရှိအောင်လာစားတာတဲ့….
တောင်းစားပေမဲ့ စိတ်ဓာတ်ကိုကြိုက်တာနဲ့ မင်းတို့ပိုက်ဆံနောက်နေ့မှစား အခုငါပေးမယ်…မမှာနဲ့
ဟောဒီမှာအသီးအရွက်တွေ ဟောဒါက အသားတွေဟောဒါ အအေး ဟောဒါ ထမင်းကြော် ကြိုက်တာကိုကြိုက်သလောက်စားစမ်း အဝစား ကုန်ရင်ထပ်ယူဆိုတော့
ဘေးဝိုင်းတွေကလဲ မကန့်ကွက်တာနဲ့ကျနော်ကျွေးလိုက်တယ်….
စားလိုက်ကြတာဗျာ ဟေ့ကောင်တွေကုန်သလောက်ပဲယူ ကျန်အောင်တော့မယူနဲ့နော်ဆိုတော့…
ကုန်တယ်ဆိုပြီးစားလိုက်ကြတာဗျာ ကျနော်မစားနိုင်ပေမဲ့ ထိုင်ကြည့်ပြီးဝမ်းသာလိုက်တာဗျာ…
အရပ်စကားနဲ့ပြောရရင် တောင်းစားသူနဲ့အတူစားခြင်းပေါ့ဗျာ…ဆုပေးသေးတယ် အကိုကြီး ကျမ်းမာပါစေတဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျ…။
Credit



