ၾကားသိရသမွ်

YBS 20 ယာဥ္ ဗံုးကြဲၿပီး မီးေလာင္

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေနဝင္းေျမး လုပ္ကိုင္ေနေသာ Omni Focus YBS 20 ယာဥ္ ဗုံးကြဲၿပီး မီးေလာင္ဟုဆို

ရန္ကုန္၊ ေအာက္တိုဘာ ၃၁

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေနဝင္းေျမး လုပ္ကိုင္ေနေသာ Omni Focus ကုမၸဏီ၏ YBS 20 ယာဥ္သည္

ရန္ကုန္ဆင္မလိုက္တြင္ ယေန႔နံနက္ ဗုံးကြဲၿပီး မီးေလာင္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ဆင္မလိုက္မွတ္တိုင္တြင္ ယေန႔ ၁၀ နာရီ ၁၆ မိနစ္အခ်ိန္ YBS 20 ကားမီးေလာင္ၿပီး ၁၀ နာရီ၂၀ မိနစ္ တြင္ မီးၿငိမ္းသြားေၾကာင္း ၊

လူနာတင္ကားတစ္စီးလာေရာက္သည္ကိုေတြ႕ရေၾကာင္း ေဒသခံတစ္ဦးကဆိုသည္။

“အခုေျပာတာေတာ့ ကားေပၚမယ္ ဗုံးေပါက္ၿပီး မီးေလာင္တယ္ေျပာတယ္။

အေသးစိတ္ေတာ့မသိရေသးဘူး။

ရဲေတြနဲ႔ စစ္သားေတြေတာ့ ေရာက္လာေတြ႕တယ္။ဒဏ္ရာရတာ ရွိ၊ မရွိလည္း မသိရေသးဘူး” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

Omni Focus General Services Public Co., ltd သည္ ၎ပိုင္ ယာဥ္အစီးေရ ၅၀၀ ခန႔္ျဖင့္

YBS (Yangon Bus Service) ယာဥ္လိုင္း ၉ လိုင္း ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲလ်က္ရွိၿပီး

ယင္းကုမၸဏီသည္ စစ္တပ္ေထာက္ခံသူ ၊ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းေနဝင္း၏ေျမး ေက်ာ္ေနဝင္း(ေအးေနဝင္း၏ အကိုျဖစ္သူ) က

ဦးေဆာင္လုပ္ကိုင္ေနျခင္းျဖစ္သည္။

unicode

ဗိုလ်ချုပ်ကြီးဟောင်း နေဝင်းမြေး လုပ်ကိုင်နေသော Omni Focus YBS 20 ယာဉ် ဗုံးကွဲပြီး မီးလောင်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

ဗိုလ်ချုပ်ကြီးဟောင်း နေဝင်းမြေး လုပ်ကိုင်နေသော Omni Focus ကုမ္ပဏီ၏ YBS 20 ယာဉ်သည်

ရန်ကုန်ဆင်မလိုက်တွင် ယနေ့နံနက် ဗုံးကွဲပြီး မီးလောင်ကြောင်း ဒေသခံများက ဆိုသည်။

ဆင်မလိုက်မှတ်တိုင်တွင် ယနေ့ ၁၀ နာရီ ၁၆ မိနစ်အချိန် YBS 20 ကားမီးလောင်ပြီး ၁၀ နာရီ၂၀ မိနစ် တွင် မီးငြိမ်းသွားကြောင်း ၊

လူနာတင်ကားတစ်စီးလာရောက်သည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“အခုပြောတာတော့ ကားပေါ်မယ် ဗုံးပေါက်ပြီး မီးလောင်တယ်ပြောတယ်။

အသေးစိတ်တော့မသိရသေးဘူး။

ရဲတွေနဲ့ စစ်သားတွေတော့ ရောက်လာတွေ့တယ်။ဒဏ်ရာရတာ ရှိ၊ မရှိလည်း မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

Omni Focus General Services Public Co., ltd သည် ၎င်းပိုင် ယာဉ်အစီးရေ ၅၀၀ ခန့်ဖြင့်

YBS (Yangon Bus Service) ယာဉ်လိုင်း ၉ လိုင်း ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိပြီး

ယင်းကုမ္ပဏီသည် စစ်တပ်ထောက်ခံသူ ၊ ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏မြေး ကျော်နေဝင်း(အေးနေဝင်း၏ အကိုဖြစ်သူ) က

ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်သည်။