တရားေတာ္

၇ရက်သားသမီးစီးပွားတက်စေမည့် သပြေ၃ခက် ယတြာ

၇ရက်သားသမီးစီးပွားတက်စေမည့် သပြေ၃ခက် ယတြာ

သပြေ (၃)ခက် စီးပွားတက်

သပြေဟု အမည်ရှိသည့် အညွန့်သည် လူသားတို့အားအထူးအကျိုးပေးသည်။အရာရာအောင်စေတက်သော သလောရှိခြင်းကြောင့် အောင်သပြေဟုလည်း ခေါ်ကြသည်။

ကပ္ပလင်္ကာရကျမ်း အရ ဤကမ္ဘာမြေပေါ်တွင် ပထမဆုံး ပေါက်သောအပင်မှာ သပြေဟုဆိုထားပါသည်။မြန်မာ့ရိုးရာ လောကီအလိုအရ သပြေသည် သောမဓါတ် သောကြာနှင့် ကြာသပတေးနံပေါင်းထားခြင်းဖြစ်ပါသည်။ သောကြာ ၆+ ကြာသပတေး ၅ ပေါင်းသော် ၁၁ရ၏။ အပူ၁၁ မီးကို ငြိမ်းစေတက်သော သဘောရှိသည်ဟု အယူအဆလည်းရှိပါသေးသည်။သောကြာဂြိုဟ်သက် ၂၁ + ကြာသပတေးဂြိုဟ်သက် ၁၉ ပေါင်းသော်၄၀ရ၏။

၄၀ ဟူသောဂဏန်းကို လောကီအလိုအရ စကားရပ်အရ လေးနေသော အရာကို ဆယ်သည်။အဆင်ပြေစေသည်။ ကယ်ဆယ်သည်ဟုလည်း နိမိတ်ဆောင်ပါသည်။

တခြား သဘောတွေလည်း အများကြီးရှိပါသေးတယ်။ လိုရင်းမရောက်ပဲနေတော့မယ်။

သပြေ ၃ခက်ပဲ နှင့် သက်ဆိုင်ရာနေ့သားအလိုက် ချည်ပဲလိုတာကြောင့် ဘယ်သူပဲဖြစ်ဖြစ်ဆောင်ရွက်လို့လွယ်တာပေါ့။

အကုန်အကျလည်းနည်းမယ်။ အကျိုးလည်း များမယ်ဆို ဘာပြောကောင်းမလဲ။

တနင်္ဂနွေသားသမီးများ သပြေ ၃ညွန့်ကို အနီရောင် သိုးမွှေးကြိုး သို့ အနီရောင် အပ်ချည်နှင့် ချည်ပြီး စနေနေ့ နံနက် ၁၁း၄၅ အချိန်တွင် အိမ်ဘုရားတွင်လှူပါ။

တနလာင်္သားသမီးများ သပြေ ၃ညွန့်ကို အဖြူရောင် သိုးမွှေးကြိုး သို့ အဖြူရောင် အပ်ချည်နှင့် ချည်ပြီး ကြာသပတေးနေ့ နေ့လယ် ၁၂း၄၅ အချိန်တွင် အိမ် ဘုရားတွင်ကပ်လှူပါ။

အင်္ဂါ သားသမီးများ သပြေ ၃ညွန့်ကို ရွှေရောင်ကြိုးနှင့် ချည်ပြီး ဗုဒ္ဓဟူးနေ့ ညနေ ၃း၄၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။

ဗုဒ္ဓဟူး သားသမီးများ သပြေ ၃ညွန့်ကို အစိမ်းရောင် သိုးမွှေးကြိုး သို့ အစိမ်းရောင် အပ်ချည်နှင့် ချည်ပြီး သောကြာနေ့နံနက် ၉း၄၅အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။

ရာဟုသားသမီးများ သပြေ ၃ညွန့်ကို နက်ပြာရောင် သိုးမွှေး သို့ နက်ပြာရောင် အပ်ချည်နှင့် ချည်ပြီး အင်္ဂါနေ့ နံနက် ၉း၄၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။

ကြာသပတေးသားသမီးများ သပြေ ၃ညွန့်ကို အဝါရောင် သိုးမွှေးကြိုး သို့ အဝါရောင် အပ်ချည်နှင့် ချည်ပြီး တနလာင်္နေ့ နံနက် ၈း၁၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။

သောကြာသားသမီးများ သပြေ ၃ညွန့်ကို အပြာရောင် သိုးမွှေးကြိုး သို့ အပြာရောင် အပ်ချည်နှင့် ချည်ပြီး ဗုဒ္ဓဟူးနေ့ နံနက်၁၁း၁၅ အချိန်တွင် ဘုရားကပ်လှူပါ။

စနေသားသမီးများ သပြေ ၃ညွန့်ကို အနက်ရောင် သိုးမွှေး(သို့) အနက် ရောင် အပ်ချည်နှင့် ချည်ပြီး တနင်္ဂနွေနေ့ နံနက် ၉း၄၅ အချိန်တွင် ဘုရားကပ်လှူပါ။

ဗုဒ္ဓဘာသာ ကိုးကွယ်သူမဟုတ်သူ ဘာသာခြားများ အနေနှင့် ရွှေရောင် ငွေရောင် ပန်းအိုးလှလှ ထဲထိုးပြီး သပ်ရပ်သန့်ရှင်းသော အမြင့်တစ်နေရာတွင် တင်ထားနိုင်ပါသည်။

ယခုဖော်ပြသော ယတြာအစီအရင်ကို အချိန်တိတိကျကျဆောင်ရွက်ရပါမည်။ဤယတြာ အစီအရင်ကို အပူပြဿနာ တစ်မျိုးပြီ တစ်မျိးကြုံနေရသူများ အလုပ်ကိစ္စအဝဝ နှှောင့်နှေး အဆင်မပြေဖြစ်နေသူများ၊ စိတ်လေးလံ့ထိုင်းမှိုင်း နေသူများ၊ စိတ်သောကရောက်နေရသူများ အထူးပြုလုပ်သင့်ပါသည်။

ဤအစီအရင်ကို တစ်ပတ်လျှင်တစ်ကြိမ် ၃ပတ်ဆက်တိုက်ပြုလုပ်ရပါမည်။ အပတ်စဉ်ပြုလုပ် ပါက ထူးခြားစွာ ငွေဝင်ခြင်း လာဘ်ရွှင်ခြင်း ၊ပွင့်လန်းခြင်း၊ ဓါတ် စန်းပွင့်ခြင်းအပြင်ပီယ၊ဇေယျ ၊လာဘ၊ ဓန၊ အပွင့်ဓါတ်များအလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းအဆင်ပြေအောင်မြင်စေနိုင်သော ဓါတ်များရရှိစေနိုင်မည်ဖြစ်ပါသည်။

တစ်ပတ်တစ်ကြိမ် ၃ ပတ်ဆက်တိုက်ပြုလုပ်ကြည့်ပါ။ ထူးခြားမှု့များတွေ့ရပါလိမ့်မည်။အခြားသော ယတြာနည်းများဖြင့်လည်း တွဲဖက်ဆောင်ရွက်နိုင်ပါသည်။ သင့်အတွက် အကျိုးဖြစ်ထွန်းလျှင် လက်ဆင့်ကမ်း မျှဝေပေးပါ။

အားလုံးပဲအပူသောကကင်း ကျန်းမာချမ်းသာလိုရာဆန္ဒပြည့်ဝ ကြပါစေ။ခင်ပွန်းကြီး ၁၀ပါးကို ဤ postဖြင့် ရှိခိုးကန်တော့ပါသည်။

ခရစ်ဒစ်

၇ရက္သားသမီးစီးပြားတက္ေစမည့္ သေျပ၃ခက္ ယၾတာ

သေၿပ (၃)ခက္ စီးပြားတက္

သေျပဟု အမည္ရွိသည့္ အညြန႔္သည္ လူသားတို႔အားအထူးအက်ိဳးေပးသည္။အရာရာေအာင္ေစတက္ေသာ သေလာရွိျခင္းေၾကာင့္ ေအာင္သေျပဟုလည္း ေခၚၾကသည္။

ကပၸလကၤာရက်မ္း အရ ဤကမၻာေျမေပၚတြင္ ပထမဆုံး ေပါက္ေသာအပင္မွာ သေျပဟုဆိုထားပါသည္။ျမန္မာ့ရိုးရာ ေလာကီအလိုအရ သေျပသည္ ေသာမဓါတ္ ေသာၾကာႏွင့္ ၾကာသပေတးနံေပါင္းထားျခင္းျဖစ္ပါသည္။ ေသာၾကာ ၆+ ၾကာသပေတး ၅ ေပါင္းေသာ္ ၁၁ရ၏။ အပူ၁၁ မီးကို ၿငိမ္းေစတက္ေသာ သေဘာရွိသည္ဟု အယူအဆလည္းရွိပါေသးသည္။ေသာၾကာၿဂိဳဟ္သက္ ၂၁ + ၾကာသပေတးၿဂိဳဟ္သက္ ၁၉ ေပါင္းေသာ္၄၀ရ၏။

၄၀ ဟူေသာဂဏန္းကို ေလာကီအလိုအရ စကားရပ္အရ ေလးေနေသာ အရာကို ဆယ္သည္။အဆင္ေျပေစသည္။ ကယ္ဆယ္သည္ဟုလည္း နိမိတ္ေဆာင္ပါသည္။

တျခား သေဘာေတြလည္း အမ်ားႀကီးရွိပါေသးတယ္။ လိုရင္းမေရာက္ပဲေနေတာ့မယ္။

သေၿပ ၃ခက္ပဲ ႏွင့္ သက္ဆိုင္ရာေန႔သားအလိုက္ ခ်ည္ပဲလိုတာေၾကာင့္ ဘယ္သူပဲျဖစ္ျဖစ္ေဆာင္ရြက္လို႔လြယ္တာေပါ့။

အကုန္အက်လည္းနည္းမယ္။ အက်ိဳးလည္း မ်ားမယ္ဆို ဘာေျပာေကာင္းမလဲ။

တနဂၤေႏြသားသမီးမ်ား သေၿပ ၃ညြန႔္ကို အနီေရာင္ သိုးေမႊးႀကိဳး သို႔ အနီေရာင္ အပ္ခ်ည္ႏွင့္ ခ်ည္ၿပီး စေနေန႔ နံနက္ ၁၁း၄၅ အခ်ိန္တြင္ အိမ္ဘုရားတြင္လႉပါ။

တနလာသၤားသမီးမ်ား သေၿပ ၃ညြန႔္ကို အျဖဴေရာင္ သိုးေမႊးႀကိဳး သို႔ အျဖဴေရာင္ အပ္ခ်ည္ႏွင့္ ခ်ည္ၿပီး ၾကာသပေတးေန႔ ေန႔လယ္ ၁၂း၄၅ အခ်ိန္တြင္ အိမ္ ဘုရားတြင္ကပ္လႉပါ။

အဂၤါ သားသမီးမ်ား သေၿပ ၃ညြန႔္ကို ေရႊေရာင္ႀကိဳးႏွင့္ ခ်ည္ၿပီး ဗုဒၶဟူးေန႔ ညေန ၃း၄၅ အခ်ိန္တြင္ အိမ္ဘုရားတြင္ ကပ္လႉပါ။

ဗုဒၶဟူး သားသမီးမ်ား သေၿပ ၃ညြန႔္ကို အစိမ္းေရာင္ သိုးေမႊးႀကိဳး သို႔ အစိမ္းေရာင္ အပ္ခ်ည္ႏွင့္ ခ်ည္ၿပီး ေသာၾကာေန႔နံနက္ ၉း၄၅အခ်ိန္တြင္ အိမ္ဘုရားတြင္ ကပ္လႉပါ။

ရာဟုသားသမီးမ်ား သေၿပ ၃ညြန႔္ကို နက္ျပာေရာင္ သိုးေမႊး သို႔ နက္ျပာေရာင္ အပ္ခ်ည္ႏွင့္ ခ်ည္ၿပီး အဂၤါေန႔ နံနက္ ၉း၄၅ အခ်ိန္တြင္ အိမ္ဘုရားတြင္ ကပ္လႉပါ။

ၾကာသပေတးသားသမီးမ်ား သေၿပ ၃ညြန႔္ကို အဝါေရာင္ သိုးေမႊးႀကိဳး သို႔ အဝါေရာင္ အပ္ခ်ည္ႏွင့္ ခ်ည္ၿပီး တနလာေနၤ့ နံနက္ ၈း၁၅ အခ်ိန္တြင္ အိမ္ဘုရားတြင္ ကပ္လႉပါ။

ေသာၾကာသားသမီးမ်ား သေၿပ ၃ညြန႔္ကို အျပာေရာင္ သိုးေမႊးႀကိဳး သို႔ အျပာေရာင္ အပ္ခ်ည္ႏွင့္ ခ်ည္ၿပီး ဗုဒၶဟူးေန႔ နံနက္၁၁း၁၅ အခ်ိန္တြင္ ဘုရားကပ္လႉပါ။

စေနသားသမီးမ်ား သေၿပ ၃ညြန႔္ကို အနက္ေရာင္ သိုးေမႊး(သို႔) အနက္ ေရာင္ အပ္ခ်ည္ႏွင့္ ခ်ည္ၿပီး တနဂၤေႏြေန႔ နံနက္ ၉း၄၅ အခ်ိန္တြင္ ဘုရားကပ္လႉပါ။

ဗုဒၶဘာသာ ကိုးကြယ္သူမဟုတ္သူ ဘာသာျခားမ်ား အေနႏွင့္ ေရႊေရာင္ ေငြေရာင္ ပန္းအိုးလွလွ ထဲထိုးၿပီး သပ္ရပ္သန႔္ရွင္းေသာ အျမင့္တစ္ေနရာတြင္ တင္ထားနိုင္ပါသည္။

ယခုေဖာ္ျပေသာ ယၾတာအစီအရင္ကို အခ်ိန္တိတိက်က်ေဆာင္ရြက္ရပါမည္။ဤယၾတာ အစီအရင္ကို အပူျပႆနာ တစ္မ်ိဳးၿပီ တစ္မ်ိးၾကဳံေနရသူမ်ား အလုပ္ကိစၥအဝဝ ေႏွွာင့္ေႏွး အဆင္မေျပျဖစ္ေနသူမ်ား၊ စိတ္ေလးလံ့ထိုင္းမွိုင္း ေနသူမ်ား၊ စိတ္ေသာကေရာက္ေနရသူမ်ား အထူးျပဳလုပ္သင့္ပါသည္။

ဤအစီအရင္ကို တစ္ပတ္လၽွင္တစ္ႀကိမ္ ၃ပတ္ဆက္တိုက္ျပဳလုပ္ရပါမည္။ အပတ္စဥ္ျပဳလုပ္ ပါက ထူးျခားစြာ ေငြဝင္ျခင္း လာဘ္ရႊင္ျခင္း ၊ပြင့္လန္းျခင္း၊ ဓါတ္ စန္းပြင့္ျခင္းအျပင္ပီယ၊ေဇယ် ၊လာဘ၊ ဓန၊ အပြင့္ဓါတ္မ်ားအလုပ္အကိုင္အခြင့္အလမ္းမ်ား ပြင့္လန္းအဆင္ေျပေအာင္ျမင္ေစနိုင္ေသာ ဓါတ္မ်ားရရွိေစနိုင္မည္ျဖစ္ပါသည္။

တစ္ပတ္တစ္ႀကိမ္ ၃ ပတ္ဆက္တိုက္ျပဳလုပ္ၾကည့္ပါ။ ထူးျခားမႈ႔မ်ားေတြ႕ရပါလိမ့္မည္။အျခားေသာ ယၾတာနည္းမ်ားျဖင့္လည္း တြဲဖက္ေဆာင္ရြက္နိုင္ပါသည္။ သင့္အတြက္ အက်ိဳးျဖစ္ထြန္းလၽွင္ လက္ဆင့္ကမ္း မၽွေဝေပးပါ။

အားလုံးပဲအပူေသာကကင္း က်န္းမာခ်မ္းသာလိုရာဆႏၵျပည့္ဝ ၾကပါေစ။ခင္ပြန္းႀကီး ၁၀ပါးကို ဤ postျဖင့္ ရွိခိုးကန္ေတာ့ပါသည္။

ခရစ္ဒစ္