ၾကားသိရသမွ်

အလဲထိုးဖို့ပဲရှိတယ် အရေးတော်ပုံ အောင်နေပြီ

မည်သို့ပင် အမျိုးသားပြန်လည် ညီညွှတ်ရေးတို့ ရင်ကြားစေ့ရေးတို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘယ်လောက်ပဲလုပ်ခဲ့သည် ဖြစ်စေဘက် တစ်ဖက်ထဲက ရိုးသားလို့ မရဘူး၊တဖက်က နောက်ကျောကို ဓားနဲ့ထိုးဖို့ ဓားအမြဲတမ်းကိုင်ထားတာ ဖွက်ထားတာပေါ့ဗျာ အဲ့ဒါကြီးက ဖေဖော်ဝါရီလ ၁ ရက်နေ့ကျတော့ ဒါကြီးသိလိုက်ရတာပေါ့။

ဒါကတော့ နောက်ကိုလည်း ထားရမယ့် သတိပဲဗျာ့။ ကျနော်တို့တွေ အကုန်လုံးက ဘဝရဲ့ အခက်ဆုံးအချိန်ကို ကျနော်တို့အားလုံးအတူတူဖြတ်သန်းနေကြရတာနော်၊
ဒီထက် ခက်တယ်ဆိုတာ မရှိတော့ဘူး၊

ရှူရှိုက်ဖို့ လေမှာလဲ ခက်နေတယ်၊ ဆိုးနေတယ်၊ လူမိုက်နဲ့ အတူနေရတဲ့ ဒုက္ခကလည်း ရှိသေးတယ်ဗျာ့။ကျနော်တို့တွေက CDM တွေ၊ ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ အကြမ်းမဖက်တဲ့ နည်းပေါင်းစုံနဲ့ တကယ်တော့ ပြည်သူက နိုင်ပြီးသားဗျာ့။

လက်ဝှေ့ပွဲနဲ့ ပြောရင် ဒီလောက် အင်အားကောင်းတဲ့ CDM နဲ့ ဆန္ဒပြမှုက အစိုးရလို့ ကြေညာတဲ့သူက ဆင်းပေးရတော့မှပေါ့။ လက်ဝှေ့စကားနဲ့ ပြောရင်အချီပြည့်ထိုးပြီးပြီ ၊ အချီတိုင်းမှာ အမှတ်အများကြီးရပြီးတော့ နိုင်ပြီးသား ဒါလူတိုင်းသိတယ်၊ကမ္ဘာကြီးပါ သိတယ်။ ဒါပေမယ့် သူက အဲ့လို အချီပြည့်မှာ အမှတ်နဲ့နိုင်တာဆိုတာ မရဘူးတဲ့ အလဲထိုးမှ ရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားတယ်။

ရတယ်လေ အဲဒါဆိုလို့ရှိရင် ၊ အလဲထိုးဖို့ပဲရှိတယ် အဲဒီကျတော့မှ ဒိုင်လူကြီး လိုလို ၊ ဆရာ့ ဆရာကြီး လိုလိုတော့လာပြီး မချုပ်နဲ့ပေါ့။ငါတို့မှာ ငါတို့ပဲ ရှိတယ် ဆိုပေမယ့်အဲဒီ ငါတို့ကလည်း သန်းငါးဆယ်ကျော်တယ်ဆိုတာ မမေ့နဲ့ပေါ့ဗျာ။

တကယ်တော့ အောင်စိတ်နဲ့ နင်းတဲ့မြေဟာအောင်မြေပါပဲ။အရေးတော်ပုံ အောင်နေပြီ

မင်းကိုနိုင်

ဩဂုတ် ၉ ရက်၊ ၂၀၂၁

——————–

မည္သို႔ပင္ အမ်ိဳးသားျပန္လည္ ညီၫႊတ္ေရးတို႔ ရင္ၾကားေစ့ေရးတို႔ ​ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဘယ္ေလာက္ပဲလုပ္ခဲ့သည္ ျဖစ္ေစဘက္ တစ္ဖက္ထဲက ႐ိုးသားလို႔ မရဘူး၊တဖက္က ေနာက္ေက်ာကို ဓားနဲ႔ထိုးဖို႔ ဓားအၿမဲတမ္းကိုင္ထားတာ ဖြက္ထားတာေပါ့ဗ်ာ အဲ့ဒါႀကီးက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က်ေတာ့ ဒါႀကီးသိလိုက္ရတာေပါ့။

ဒါကေတာ့ ေနာက္ကိုလည္း ထားရမယ့္ သတိပဲဗ်ာ့။ က်ေနာ္တို႔ေတြ အကုန္လုံးက ဘဝရဲ႕ အခက္ဆုံးအခ်ိန္ကို က်ေနာ္တို႔အားလုံးအတူတူျဖတ္သန္းေနၾကရတာေနာ္၊
ဒီထက္ ခက္တယ္ဆိုတာ မရွိေတာ့ဘူး၊

ရႉရႈိက္ဖို႔ ေလမွာလဲ ခက္ေနတယ္၊ ဆိုးေနတယ္၊ လူမိုက္နဲ႔ အတူေနရတဲ့ ဒုကၡကလည္း ရွိေသးတယ္ဗ်ာ့။က်ေနာ္တို႔ေတြက CDM ေတြ၊ ၿငိမ္းခ်မ္းစြာ လႈပ္ရွားမႈေတြ အၾကမ္းမဖက္တဲ့ နည္းေပါင္းစုံနဲ႔ တကယ္ေတာ့ ျပည္သူက ႏိုင္ၿပီးသားဗ်ာ့။

လက္ေဝွ႔ပြဲနဲ႔ ေျပာရင္ ဒီေလာက္ အင္အားေကာင္းတဲ့ CDM နဲ႔ ဆႏၵျပမႈက အစိုးရလို႔ ေၾကညာတဲ့သူက ဆင္းေပးရေတာ့မွေပါ့။ လက္ေဝွ႔စကားနဲ႔ ေျပာရင္အခ်ီျပည့္ထိုးၿပီးၿပီ ၊ အခ်ီတိုင္းမွာ အမွတ္အမ်ားႀကီးရၿပီးေတာ့ ႏိုင္ၿပီးသား ဒါလူတိုင္းသိတယ္၊ကမာၻႀကီးပါ သိတယ္။ ဒါေပမယ့္ သူက အဲ့လို အခ်ီျပည့္မွာ အမွတ္နဲ႔ႏိုင္တာဆိုတာ မရဘူးတဲ့ အလဲထိုးမွ ရမယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္သြားတယ္။

ရတယ္ေလ အဲဒါဆိုလို႔ရွိရင္ ၊ အလဲထိုးဖို႔ပဲရွိတယ္ အဲဒီက်ေတာ့မွ ဒိုင္လူႀကီး လိုလို ၊ ဆရာ့ ဆရာႀကီး လိုလိုေတာ့လာၿပီး မခ်ဳပ္နဲ႔ေပါ့။ငါတို႔မွာ ငါတို႔ပဲ ရွိတယ္ ဆိုေပမယ့္အဲဒီ ငါတို႔ကလည္း သန္းငါးဆယ္ေက်ာ္တယ္ဆိုတာ မေမ့နဲ႔ေပါ့ဗ်ာ။

တကယ္ေတာ့ ေအာင္စိတ္နဲ႔ နင္းတဲ့ေျမဟာေအာင္ေျမပါပဲ။အေရးေတာ္ပုံ ေအာင္ေနၿပီ

မင္းကိုႏိုင္

ဩဂုတ္ ၉ ရက္၊ ၂၀၂၁