ေဗဒင္

တန်ခူးလမွေးဖွားသူများအတွက် တစ်သက်တာ ဟောကိန်းများ

တန်ခူးလမွေးဖွားသူများအတွက် တစ်သက်တာ ဟောကိန်းများ

တန်ခူးလမွေးဖွားသူများ

တန်ခူးလမွေးဖွားသူအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်အားဖြင့် အလွန်သဘောထားကြီးတတ်ကြပါသည်။ လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။ အမြဲတမ်းကြည်လင်အေးချမ်းစွာနေပြီး ပြုံးပျော်ရွင်မြူးစွာပြောဆိုနေတတ်သည်။ဖြတ်ထိုးဉာဏ်ကောင်းမည်။

ဟာသဉာဏ်ရွှင်သည်။ အပေါ်ယံအားဖြင့်ဘာမှအလေးမထားသလို ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာအသွင်သဏ္ဍာန်နေတတ်ပေမယ့်အရေးကြုံသောအခါတွင် ရဲရင့်ထက်မြက်စွာလုပ်ကိုင်နိုင်စွမ်းရှိကြသည်။ အရေးကြုံသောအခါတွင် ခေါင်းဆောင်နေရာမျိုး တွင်ဝင်ရောက်ကာတာဝန်ယူလုပ်ကိုင်နိုင်စွမ်းရှိကြသည်ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျှက် မထင်မရှားသာနေတတ်သည်။

ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိပညာလက်သည်းဝှက် နေတတ်ကြသည်။သို့သော် တန်ကူးလဖွားများသည် အငြိုးအတေးကြီးသည်ရင်တွင်းမာနကြီးမားသည်။ ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင် ခက်ထန်လာတတ်သည်။အလွန်ခေါင်းမာစွာအရွဲ့တိုက်လိုသည်။လက်စားချေလိုသည်။

လူတစ်ယောက်အပေါ် ရန်သူဟု သတ်မှတ်လိုက်ပါက မူလကသိမ်မွေ့မှု၊ လိုက်လျောမှု၊ သဘောထားကြီးမှုတို့ ပျောက်ပျက်ကာ စိတ်ရောကိုယ်ပါ အငြိုးတကြီးချေမှုန်းလေ့ရှိသည်။ မည်သည့်အခါတွင်မှခွင့်လွှတ်တော့ခြင်းမရှိကာသေတပန်သက်တဆုံးလက်တုံ့ပြန်လေသည်။

တန်ခူးလဖွားတို့သည် အမြဲတမ်း လှုပ်ရှားရုန်းကန် ကြိုးစားနေတတ်ကြသည်။ တစ်ခါတစ်ရံ တွေဝေမိုက်မဲစွာ ပြုမူတတ်ကြပြန်သည်။ ကြောက်လွယ်သော ရဲလွယ်သော သဘောရှိသည်။ တစ်ခါတစ်ရံ ဘာမှ မဟုတ်တာလေးများကို တွန့်ဆုတ်နေတတ်ကြပြီး၊ တစ်ခါတစ်ရံ ရဲဝံ့ပြတ်သားစွာ ပြုမူနေတတ်ကြပြန်သည်။ အကြံအစည်ကြီးသည်အပြောကောင်းသည်။အပေါင်းအသင်းဆန့်သည်။ အသွားအလာလျှင်မြန်ဖြတ်လတ်သည်။ အသီးအရွက်ကိုပိုနှစ်သက်သည်။

တန်ခူးလဖွားတို့သည် ဘဝကို အများအားဖြင့် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရသည်။ အခက်အခဲများစွာကိုလည်း ပခုံးဖြင့်ထမ်းကာ ဖြေရှင်းပေးကြရတတ်သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တို့တွင် သော်လည်းကောင်း အခက်အခဲ၊ အကြပ်အတည်းဖိနှိပ်ချုပ်ချယ်မှုများကိုတစ်ချိန်ချိန်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးမှအောင်မြင်သော ဘဝများကိုရောက်ကြသူများဖြစ်သည်။ ဘဝအစတွင် တိုက်ပွဲကဲ့သို့ ခက်ခဲကျပ်တည်းပြီးမှနောက်ဆုံးမှာ အောင်မြင်တတ်သည်။

အထူးသဖြင့် စိတ်မြန်သည်။ ခေါင်းမာစွာ ငြင်းခုံလိုသည်။ ကိုယ်ကိုင်စွဲသောဝါဒကို တရာသေ ဆုပ်ကိုင်တတ်သည်။ အစစခေါင်းဆောင်လိုတတ်သည်။ ဘယ်တော့မှ မလိမ်တတ်။ ဗြောင်ပြောတတ် ဗြောင်လုပ်တတ်သည်။ ပင်ကိုယ်စရိုက်အေးဆေးသလောက် မခံချင်စိတ်ကြောင့် တဇွတ်ထိုးလုပ်ကာ ရုတ်တရက် ထိခိုက်နစ်နာတတ်သည်။မိခင် အစ်မ၊ အဖွားကဲ့သို့သော ကိုယ့်ထက်အသက်ကြီးသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှင်သန်ကြရတတ်သည်။

မမြင်အပ်သော နာမ်လောကပိုင်းမှ မယ်တော်ကြီး တစ်ပါးပါး၏ စောင့်ရှောက်ခြင်းကိုလည်း ခံရတတ်သည်။ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပြီး ကောင်းမြတ်အောင် ပြုမူနေထိုင်ပေးပါက သူမတူအောင် အောင်မြင်ကြီးပွားတတ်ကြလေသည်လွတ်လပ်မှုကို အလွန် မြတ်နိုး၏။ စွန့်စားရသော အလုပ်များကို အထူးနှစ်သက်၏။ ခရီးသွားလာနေရသည်ကို သဘောကျ၏။ ဗဟုသုတရှာဖွေလိုက်စားလို၏။ ဗေဒင်လက္ခဏာစသောလောကီပညာများကို ယုံကြည်လက်ခံ၍ လက်တွေ့စမ်းသပ်ကြည့်လို၏။

ယုံကြည်ချက်နှင့် ရည်ရွယ်ချက်ကြီးမားကြသည်။ သူတစ်ပါး၏ သြဇာလွှမ်းမိုးမှုကို အလွန်မုန်းသည်။ စွမ်းဆောင်ချက်နှင့် လုပ်ရည်ကိုင်ရည် ပြည့်ဝသော်လည်း ခေါင်းမာခြင်း၊ ကြာရှည်စွာစောင့်စားရသည်ကို သည်းမခံနိုင်ခြင်းတို့ကြောင့် အောင်မြင်ခါနီးမှလက်လွတ်သွားရသော အခြေအနေမျိုး မကြာခဏကြုံရတတ်သည်ထိုမျှသာမက မိမိအရွယ်ရောက်ချိန်တွင် မိဘများစီးပွားကျဆင်းသွားချိန်နှင့် တိုက်ဆိုင်သွားမှုမျိုး၊ မောင်နှမသားချင်းတို့၏ဒဏ်ကိုခံရခြင်းတို့ပါ ကြုံရတတ်သဖြင့် စီးပွားရေးတွင် စိတ်ရှည်စွာ ကြိုးစားပေးမှ အောင်မြင်တတ်သည်။

အတိုက်အခံများနှင့် ကြုံသောအခါ မိုက်ရူးရဲတဇွတ်ထိုး လုပ်သဖြင့် နစ်နာတတ်သည်။ အလုပ်မကြာခဏပြောင်းလုပ်ခြင်းကို ရှောင်ပြီး တစ်ခုတည်း စွဲမြဲစွာလုပ်သွားပါက အထူးအောင်မြင်သူများဖြစ်၏။ ဘာသာရေးဦးထိပ်ပန်ဆင်ပြီးလုပ်ပါအထူးအောင်မြင်တတ်သည် စစ်ဘက်၊ စက်မှု၊ ဆေးပညာ၊ သတင်းထောက်၊ စိုက်ပျိုးရေး၊ အချက်အပြုတ်တို့တွင် အထူးကောင်းကျိုးပေး၏။

အချစ်ရေးနှင့် အိမ်ထောင်ရေး နှလုံးသားရေးတွင် စိတ်အပြောင်းအလဲမြန်သည်။ ဆုံးဖြတ်ချက်မပြတ်မသားဖြစ်တတ်သည်။ ကိုယ့်ချစ်သူနှင့် နားလည်မှုလွဲမှား သဖြင့် မကြာခဏချစ်သောက ဝေဒနာတို့ကျိတ်ပြီး ခံစားရတတ်သည်။ အချစ်ရေးတွင် ကိုယ်တိုင်က စိတ်လှုပ်ရှားမှုများစွာဖြင့် အယုအယ အကြင်နာခံလိုတတ်ငြားကိုယ်တိုင်က အေးတိအေးစက်နေတတ်သဖြင့် အဆင်မပြေဖြစ်တတ်သည်။

ထို့အပြင် ကိုယ်ထင်ရာ တဇွတ်ထိုး ဆုံးဖြတ်ပြီး တစ်ယောက်မကောင်းတစ်ယောက်ပြောင်း ဟူသော စိတ်ဓါတ်ကြောင့်မှားယွင်းတတ်သည်။ အချစ်ဦး၏ ပြစ်သွားခြင်းခံရတတ်သည်။ အိမ်ထောင်ဖက်ရွေးချယ်သောအခါ တွင် နှလုံးသားမှ ာဆန္ဒထက် ကိုယ့်အိမ်ထောင်ဖက်သားအပေါ်တွင် သနားစိတ်၊ သနားချစ်ဖြင့် ရွေးချယ်တတ်ကြသည်။ အိမ်ထောင်ရေးတွင် ဦးနှောက်ကို ဦးစားပေးဆုံးဖြတ်ရွေးချယ်ပါက ပို၍စိတ်ချမ်းသာကြရတတ်သည်။

ရုပ်ရည်တင့်တယ်တတ်ရုံသာမက ဆွဲဆောင်အားကောင်းသော မျက်ဝန်း၊ စူးရှတောက်ပသော မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားတတ်ကြသည်။ အသားထက် အသီးအရွက်ကိုပို ကြိုက်၏။ ကျန်းမာရေအတွက် ကြက်သွန်နီ၊ ချင်း၊ ငရုတ်ကောင်းတိုပကို ဓါတ်စာအဖြစ် မကြာခဏ စားသုံးသင့်ပါသည်။ သတိထားရမည့် ဘေးအန္တရယ်များမှာ မီးဘေးသတိထားရမည်။ လျှပ်စစ်မီး ရှောစ့်ဖြစ်တတ်သည်။ စက်ကရိယာတို့ ထိခိုက်တတ်သည်။

လက်နက်ခဲယမ်းမီးကျောက် ပေါက်ကွဲမှုကို သတိပြုရမည်။ သို့သော် ယေဘုယျမျှသာဖြစ်ပြီး သတိထားသွားလာဆောင်ရွက်က ဥပဒ်ကင်းမည်။ ဦးခေါင်းနှင့်ခြေထောက် တို့တွင် ထိခိုက်ဒဏ်ရာရတတ်သည်။ အရက်သေစာသောက်စားသူများမှာ ထိုဥပဒ်အန္တရယ်မျိုးအဖြစ်များပြီး မိန်းမအဖျက်ပါ ကြုံတွေ့ရတတ်သည်။ သူတစ်ပါးက ကိုယ့်ကို အတိုက်အခံလုပ်ချင်လာတတ်သည်။ ထို့ကြောင့် အရက်သေစာကို ပိုဆင်ခြင်သင့်လေသည်။

တန်ခူးလမွေးဖွားသူများသည် ယဉ်ကျေးသိမ်မွေ့မှုကို သဘောကျသော်လည်းကိုယ်တိုင်ကမူ ခြေမြန်လက်မြန်၊ အပြောမြန်သည့် တဇွတ်ထိုးစိတ်တို့ကြောင့် သူများအမြင်တွင် ရိုင်းစိုင်းနေတတ်သည်။ သို့သော် သဘာဝကျသော အပြင်အဆင်ကို နှစ်သက်ပြီး ခေတ်ပေါ်ဒီဇိုင်း အဝတ်အစားတို့ကို နှစ်သက်တတ်သည်။ လူစုလူဝေးတွင် ဟေးလားဝါးလား မနေတတ်။ သွက်လက်သပ်ရပ်စွာ ဝတ်စားတတ်ကြသည်။ အရောင်အားဖြင့် ပန်းရောင်၊ အနီရောင်၊ ကြက်သွေးရောင်တို့ကို သုံးစွဲသင့်သည်။ အနက်ရောင်ကို အထူးရှောင်သင့်ပါသည်။

ပတ္တမြားနှင့်စိန်ကို အထူးဝတ်ဆင်သင့်သည်။ အထူးသဖြင့် ပတ္တမြားလက်စွပ်ကို လကျာင်္ဘက်လက်ခလယ် တွင် ဝတ်ဆင်သင့်ပေသည်။

ဆရာဂျာမိုးဦး ဗေဒင်လက္ခဏ

နေပြည်တော်တော် လယ်ဝေးမြို့

တန္ခူးလေမြးဖြားသူမ်ားအတြက္ တစ္သက္တာ ေဟာကိန္းမ်ား

 

တန္ခူးလေမြးဖြားသူမ်ား

တန္ခူးလေမြးဖြားသူအမ်ားစုတို႔သည္ ပင္ကိုယ္စိတ္ဓါတ္အားျဖင့္ အလြန္သေဘာထားႀကီးတတ္ၾကပါသည္။ လြတ္လပ္ေပါ့ပါးစြာေနတတ္သည္။ အျမဲတမ္းၾကည္လင္ေအးခ်မ္းစြာေနၿပီး ျပဳံးေပ်ာ္ရြင္ျမဴးစြာေျပာဆိုေနတတ္သည္။ျဖတ္ထိုးဥာဏ္ေကာင္းမည္။

ဟာသဥာဏ္ရႊင္သည္။ အေပၚယံအားျဖင့္ဘာမွအေလးမထားသလို ေပါ့ေပါ့တန္တန္၊ ဘာသိဘာသာအသြင္သ႑ာန္ေနတတ္ေပမယ့္အေရးၾကဳံေသာအခါတြင္ ရဲရင့္ထက္ျမက္စြာလုပ္ကိုင္နိုင္စြမ္းရွိၾကသည္။ အေရးၾကဳံေသာအခါတြင္ ေခါင္းေဆာင္ေနရာမ်ိဳး တြင္၀င္ေရာက္ကာတာ၀န္ယူလုပ္ကိုင္နိုင္စြမ္းရွိၾကသည္က်န္အခ်ိန္မ်ားတြင္ ႂကြားဝါျခင္းကင္းလၽွက္ မထင္မရွားသာေနတတ္သည္။

ငါသိ၊ ငါတတ္၊ ငါသာျမတ္ဟူေသာ စရိုက္မရွိ။ ကိုယ့္အရည္အခ်င္းကို ထုတ္ေဖာ္ျခင္းမရွိပညာလက္သည္းဝွက္ ေနတတ္ၾကသည္။သို႔ေသာ္ တန္ကူးလဖြားမ်ားသည္ အၿငိဳးအေတးႀကီးသည္ရင္တြင္းမာနႀကီးမားသည္။ ေဒါသထြက္လာလၽွင္ ေၾကာက္စရာေကာင္းလွေအာင္ ခက္ထန္လာတတ္သည္။အလြန္ေခါင္းမာစြာအရြဲ႕တိုက္လိုသည္။လက္စားေခ်လိုသည္။

လူတစ္ေယာက္အေပၚ ရန္သူဟု သတ္မွတ္လိုက္ပါက မူလကသိမ္ေမြ႕မႈ၊ လိုက္ေလ်ာမႈ၊ သေဘာထားႀကီးမႈတို႔ ေပ်ာက္ပ်က္ကာ စိတ္ေရာကိုယ္ပါ အၿငိဳးတႀကီးေခ်မႈန္းေလ့ရွိသည္။ မည္သည့္အခါတြင္မွခြင့္လႊတ္ေတာ့ျခင္းမရွိကာေသတပန္သက္တဆုံးလက္တုံ႔ျပန္ေလသည္။

တန္ခူးလဖြားတို႔သည္ အျမဲတမ္း လႈပ္ရွား႐ုန္းကန္ ႀကိဳးစားေနတတ္ၾကသည္။ တစ္ခါတစ္ရံ ေတြေဝမိုက္မဲစြာ ျပဳမူတတ္ၾကျပန္သည္။ ေၾကာက္လြယ္ေသာ ရဲလြယ္ေသာ သေဘာရွိသည္။ တစ္ခါတစ္ရံ ဘာမွ မဟုတ္တာေလးမ်ားကို တြန္႔ဆုတ္ေနတတ္ၾကၿပီး၊ တစ္ခါတစ္ရံ ရဲဝံ့ျပတ္သားစြာ ျပဳမူေနတတ္ၾကျပန္သည္။ အႀကံအစည္ႀကီးသည္အေျပာေကာင္းသည္။အေပါင္းအသင္းဆန္႔သည္။ အသြားအလာလၽွင္ျမန္ျဖတ္လတ္သည္။ အသီးအရြက္ကိုပိုႏွစ္သက္သည္။

တန္ခူးလဖြားတို႔သည္ ဘ၀ကို အမ်ားအားျဖင့္ ခက္ခဲၾကမ္းတမ္းစြာ ျဖတ္သန္းၾကရသည္။ အခက္အခဲမ်ားစြာကိုလည္း ပခုံးျဖင့္ထမ္းကာ ေျဖရွင္းေပးၾကရတတ္သည္။ ကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိသားစု၀င္တို႔တြင္ ေသာ္လည္းေကာင္း အခက္အခဲ၊ အၾကပ္အတည္းဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ားကိုတစ္ခ်ိန္ခ်ိန္တြင္ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရၿပီးမွေအာင္ျမင္ေသာ ဘ၀မ်ားကိုေရာက္ၾကသူမ်ားျဖစ္သည္။ ဘ၀အစတြင္ တိုက္ပြဲကဲ့သို႔ ခက္ခဲက်ပ္တည္းၿပီးမွေနာက္ဆုံးမွာ ေအာင္ျမင္တတ္သည္။

အထူးသျဖင့္ စိတ္ျမန္သည္။ ေခါင္းမာစြာ ျငင္းခုံလိုသည္။ ကိုယ္ကိုင္စြဲေသာဝါဒကို တရာေသ ဆုပ္ကိုင္တတ္သည္။ အစစေခါင္းေဆာင္လိုတတ္သည္။ ဘယ္ေတာ့မွ မလိမ္တတ္။ ေျဗာင္ေျပာတတ္ ေျဗာင္လုပ္တတ္သည္။ ပင္ကိုယ္စရိုက္ေအးေဆးသေလာက္ မခံခ်င္စိတ္ေၾကာင့္ တဇြတ္ထိုးလုပ္ကာ ႐ုတ္တရက္ ထိခိုက္နစ္နာတတ္သည္။မိခင္ အစ္မ၊ အဖြားကဲ့သို႔ေသာ ကိုယ့္ထက္အသက္ႀကီးေသာ အမ်ိဳးသမီးႀကီးတို႔၏ ၾသဇာလႊမ္းမိုးမႈေအာက္တြင္ ရွင္သန္ၾကရတတ္သည္။

မျမင္အပ္ေသာ နာမ္ေလာကပိုင္းမွ မယ္ေတာ္ႀကီး တစ္ပါးပါး၏ ေစာင့္ေရွာက္ျခင္းကိုလည္း ခံရတတ္သည္။ ကိုယ္က်င့္သိကၡာကို ထိန္းသိမ္းၿပီး ေကာင္းျမတ္ေအာင္ ျပဳမူေနထိုင္ေပးပါက သူမတူေအာင္ ေအာင္ျမင္ႀကီးပြားတတ္ၾကေလသည္လြတ္လပ္မႈကို အလြန္ ျမတ္နိုး၏။ စြန္႔စားရေသာ အလုပ္မ်ားကို အထူးႏွစ္သက္၏။ ခရီးသြားလာေနရသည္ကို သေဘာက်၏။ ဗဟုသုတရွာေဖြလိုက္စားလို၏။ ေဗဒင္လကၡဏာစေသာေလာကီပညာမ်ားကို ယုံၾကည္လက္ခံ၍ လက္ေတြ႕စမ္းသပ္ၾကည့္လို၏။

ယုံၾကည္ခ်က္ႏွင့္ ရည္ရြယ္ခ်က္ႀကီးမားၾကသည္။ သူတစ္ပါး၏ ၾသဇာလႊမ္းမိုးမႈကို အလြန္မုန္းသည္။ စြမ္းေဆာင္ခ်က္ႏွင့္ လုပ္ရည္ကိုင္ရည္ ျပည့္ဝေသာ္လည္း ေခါင္းမာျခင္း၊ ၾကာရွည္စြာေစာင့္စားရသည္ကို သည္းမခံနိုင္ျခင္းတို႔ေၾကာင့္ ေအာင္ျမင္ခါနီးမွလက္လြတ္သြားရေသာ အေျခအေနမ်ိဳး မၾကာခဏၾကဳံရတတ္သည္ထိုမၽွသာမက မိမိအရြယ္ေရာက္ခ်ိန္တြင္ မိဘမ်ားစီးပြားက်ဆင္းသြားခ်ိန္ႏွင့္ တိုက္ဆိုင္သြားမႈမ်ိဳး၊ ေမာင္ႏွမသားခ်င္းတို႔၏ဒဏ္ကိုခံရျခင္းတို႔ပါ ၾကဳံရတတ္သျဖင့္ စီးပြားေရးတြင္ စိတ္ရွည္စြာ ႀကိဳးစားေပးမွ ေအာင္ျမင္တတ္သည္။

အတိုက္အခံမ်ားႏွင့္ ၾကဳံေသာအခါ မိုက္႐ူးရဲတဇြတ္ထိုး လုပ္သျဖင့္ နစ္နာတတ္သည္။ အလုပ္မၾကာခဏေျပာင္းလုပ္ျခင္းကို ေရွာင္ၿပီး တစ္ခုတည္း စြဲျမဲစြာလုပ္သြားပါက အထူးေအာင္ျမင္သူမ်ားျဖစ္၏။ ဘာသာေရးဦးထိပ္ပန္ဆင္ၿပီးလုပ္ပါအထူးေအာင္ျမင္တတ္သည္ စစ္ဘက္၊ စက္မႈ၊ ေဆးပညာ၊ သတင္းေထာက္၊ စိုက္ပ်ိဳးေရး၊ အခ်က္အျပဳတ္တို႔တြင္ အထူးေကာင္းက်ိဳးေပး၏။

အခ်စ္ေရးႏွင့္ အိမ္ေထာင္ေရး ႏွလုံးသားေရးတြင္ စိတ္အေျပာင္းအလဲျမန္သည္။ ဆုံးျဖတ္ခ်က္မျပတ္မသားျဖစ္တတ္သည္။ ကိုယ့္ခ်စ္သူႏွင့္ နားလည္မႈလြဲမွား သျဖင့္ မၾကာခဏခ်စ္ေသာက ေဝဒနာတို႔က်ိတ္ၿပီး ခံစားရတတ္သည္။ အခ်စ္ေရးတြင္ ကိုယ္တိုင္က စိတ္လႈပ္ရွားမႈမ်ားစြာျဖင့္ အယုအယ အၾကင္နာခံလိုတတ္ျငားကိုယ္တိုင္က ေအးတိေအးစက္ေနတတ္သျဖင့္ အဆင္မေျပျဖစ္တတ္သည္။

ထို႔အျပင္ ကိုယ္ထင္ရာ တဇြတ္ထိုး ဆုံးျဖတ္ၿပီး တစ္ေယာက္မေကာင္းတစ္ေယာက္ေျပာင္း ဟူေသာ စိတ္ဓါတ္ေၾကာင့္မွားယြင္းတတ္သည္။ အခ်စ္ဦး၏ ျပစ္သြားျခင္းခံရတတ္သည္။ အိမ္ေထာင္ဖက္ေရြးခ်ယ္ေသာအခါ တြင္ ႏွလုံးသားမွ ာဆႏၵထက္ ကိုယ့္အိမ္ေထာင္ဖက္သားအေပၚတြင္ သနားစိတ္၊ သနားခ်စ္ျဖင့္ ေရြးခ်ယ္တတ္ၾကသည္။ အိမ္ေထာင္ေရးတြင္ ဦးေႏွာက္ကို ဦးစားေပးဆုံးျဖတ္ေရြးခ်ယ္ပါက ပို၍စိတ္ခ်မ္းသာၾကရတတ္သည္။

႐ုပ္ရည္တင့္တယ္တတ္႐ုံသာမက ဆြဲေဆာင္အားေကာင္းေသာ မ်က္၀န္း၊ စူးရွေတာက္ပေသာ မ်က္၀န္းတို႔ကို ပိုင္ဆိုင္ထားတတ္ၾကသည္။ အသားထက္ အသီးအရြက္ကိုပို ႀကိဳက္၏။ က်န္းမာေရအတြက္ ၾကက္သြန္နီ၊ ခ်င္း၊ င႐ုတ္ေကာင္းတိုပကို ဓါတ္စာအျဖစ္ မၾကာခဏ စားသုံးသင့္ပါသည္။ သတိထားရမည့္ ေဘးအႏၲရယ္မ်ားမွာ မီးေဘးသတိထားရမည္။ လၽွပ္စစ္မီး ေရွာစ့္ျဖစ္တတ္သည္။ စက္ကရိယာတို႔ ထိခိုက္တတ္သည္။

လက္နက္ခဲယမ္းမီးေက်ာက္ ေပါက္ကြဲမႈကို သတိျပဳရမည္။ သို႔ေသာ္ ေယဘုယ်မၽွသာျဖစ္ၿပီး သတိထားသြားလာေဆာင္ရြက္က ဥပဒ္ကင္းမည္။ ဦးေခါင္းႏွင့္ေျခေထာက္ တို႔တြင္ ထိခိုက္ဒဏ္ရာရတတ္သည္။ အရက္ေသစာေသာက္စားသူမ်ားမွာ ထိုဥပဒ္အႏၲရယ္မ်ိဳးအျဖစ္မ်ားၿပီး မိန္းမအဖ်က္ပါ ၾကဳံေတြ႕ရတတ္သည္။ သူတစ္ပါးက ကိုယ့္ကို အတိုက္အခံလုပ္ခ်င္လာတတ္သည္။ ထို႔ေၾကာင့္ အရက္ေသစာကို ပိုဆင္ျခင္သင့္ေလသည္။

တန္ခူးလေမြးဖြားသူမ်ားသည္ ယဥ္ေက်းသိမ္ေမြ႕မႈကို သေဘာက်ေသာ္လည္းကိုယ္တိုင္ကမူ ေျချမန္လက္ျမန္၊ အေျပာျမန္သည့္ တဇြတ္ထိုးစိတ္တို႔ေၾကာင့္ သူမ်ားအျမင္တြင္ ရိုင္းစိုင္းေနတတ္သည္။ သို႔ေသာ္ သဘာ၀က်ေသာ အျပင္အဆင္ကို ႏွစ္သက္ၿပီး ေခတ္ေပၚဒီဇိုင္း အ၀တ္အစားတို႔ကို ႏွစ္သက္တတ္သည္။ လူစုလူေဝးတြင္ ေဟးလားဝါးလား မေနတတ္။ သြက္လက္သပ္ရပ္စြာ ၀တ္စားတတ္ၾကသည္။ အေရာင္အားျဖင့္ ပန္းေရာင္၊ အနီေရာင္၊ ၾကက္ေသြးေရာင္တို႔ကို သုံးစြဲသင့္သည္။ အနက္ေရာင္ကို အထူးေရွာင္သင့္ပါသည္။

ပတၱျမားႏွင့္စိန္ကို အထူး၀တ္ဆင္သင့္သည္။ အထူးသျဖင့္ ပတၱျမားလက္စြပ္ကို လက်ာဘၤက္လက္ခလယ္ တြင္ ၀တ္ဆင္သင့္ေပသည္။

ဆရာဂ်ာမိုးဦး ေဗဒင္လကၡဏ

ေနျပည္ေတာ္ေတာ္ လယ္ေဝးၿမိဳ႕