က်မၼာေရး ဗဟုသုတ

ညအိပ္မေပ်ာ္တဲ့ရက္မ်ားလာရင္ သင့္ခႏၵာကိုယ္ထဲမွာျဖစ္လာမယ့္ ေၾကာက္မက္ဖြယ္ရာဆိုးက်ိဳးေတြ…/

လူတိုင်းလိုလိုဟာ ဘဝမှာ တစ်ခါတော့ ညအိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။ ညအိပ်မပျော်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပါတယ်။ ကမ္ဘာ့လူပေါင်းသန်း၆၀လောက်ဟာ နာတာရှည်ညအိပ်မပျေ်ာခြင်းကို ခံစားနေရတယ်လို့ဆိုပါတယ်။

ညအိပ်မပျော်ခြင်းဟာ ရက်အနည်းငယ်ကနေ နှစ်ရှည်လများအထိ ကြာမြင့်တတ်ပါတယ်။ ရေရှည်ညအိပ်မပျော်တဲ့အခါ ဘာတွေခံစားရမလဲ

(1)အက်ဆီးဒန့်များကို ဖြစ်စေခြင်း

အိပ်ရေးမဝသောကြောင့် စွမ်းအင်နည်းပါးပြီး နုံးခွေလာတတ်ပါတယ်။ထိုအခါ ကားတိုက်မှုများဖြစ်ပေါ်စေတာ သိကြမယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်အိပ်ငိုက်ခြင်းကြောင့် ဖြစိသော ကားတိုက်မှုပေါင်း ၁သိန်းကျော်နဲ့ သေဆုံး မှုပေါင်း ၇ထောင်ကျေ်ာ ရှိပါတယ်။

(2)ဉာဏစွမ်းရည်လျော့ကျခြင်း

တွေးခေါ်ခြင်း၊သင်ယူခြင်းနဲ့ဆောင်ရွက်ခြင်းတို့အတွက် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။အိပိရေးပျက်ပေါင်းများပါက အာရုံမစိုက်နိုင်ခြင်း၊တက်ကြွမှုမရှိခြင်း၊နဲ့ လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့ရတတ်ပါတယ်။

(3)ရောဂါဆိူးများ ဖြစ်ပေါ်စေခြင်း

လေ့လာချက်များအရ ညအိပ်မပျော်သူ ၉၀ရာနှုန်းဟာ အောက်ပါ ရောဂါများကို ခံစားရတယ်လို့ဆိုပါတယ်

ဆီးချိူရောဂါ

နှလုံးတုန်ခြင်း

သွေးတိုးခြင်း

နှလုံးအားနည်းသောရောဂါ

လေဖြတ်ခြင်း

(4)အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း

နေ့စဉ်အိပ်ရေးပျက်ခြင်းကြောင့် မျက်တွင်းကျခြင်း၊အသားအရေလျော့တွဲခြင်းတို့ဖြစ်ပေါ်စေပါတယ်။ကြာရှည် အိပ်ရေးပျက်ပါက အရေးအကြောင်းများကို ဖြစ်ပေါ်စေပါတယ်။အိပ်ရေးမဝပါက ကော်တီဇော်ဟိုမုန်းထုတ်လွတ်မှုများစေပြီး အသားအရေတင်းစေသော ကော်လဂျင်များကို ပျက်စီးစေပါတယ်

(5)မှတ်ဉာဏ်ယိုယွင်းခြင်း

အိပ်ရေးမဝသောအခါ ကျွန်ပ်တို့ ဦးနှောက်က မှတ်ဉာဏ်များကို ယာယီသာသိမ်းဆည်းပေးနိုင်ပြီး အလွယ်တကူမေ့လျော့စေပါတယ်။အိပ်ရေးဝသောအခါမှသာ ရေတိုမှတ်ဉာဏ်နဲ့ရေရှည်မှတ်ဉာဏ်ကို ဆက်စပ်ပေးသော ကွန်ယက်များကိူ အားကောင်းစေတာဖြစ်ပါတယ်။

(6)ကိုယ်အလေးချိန်တိုးခြင်း

အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုးတစ်ခုကတော့ မကြာခဏ ဗိုက်ဆာခြင်းဖြစ်ပါတယ်။အိပ်ချိန်၇နာရီထက်နည်းသူများဟာ အခြားလူများထက် ၂ဆ ဆာလောင်တယ်လို့ တွေ့ရှိပါတယ်။ဗိုက်ဆာစေသော ဟော်မုန်းများကို ပိုမိုထွက်စေလို့ ဖြစ်ပါတယ်။

(7)စိတ်ပိုင်းဆိုင်ရာရောဂါများ

အိပိရေးပျက်ခြင်းကြောင့် စိတ်ကျရောဂါရရှိစေပါတယ်။တစ်ရက်ကို အိပ်ချိန်၆နာရီထက် နည်းပါးပါက စိတ်ကျရောဂါကိုရနိုင်ပါတယ်။စိတ်ကျရောဂါကြောင့်လဲ ညအိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။

Writer- Dr Jue( XZY News)

Zawgyi

လူတိုင္းလိုလိုဟာ ဘဝမွာ တစ္ခါေတာ့ ညအိပ္မေပ်ာ္ျခင္းကို ခံစားရတတ္ပါတယ္။ ညအိပ္မေပ်ာ္ျခင္းကို ျဖစ္ေစေသာ အေၾကာင္းရင္းမ်ားစြာရွိပါတယ္။ ကမာၻ႔လူေပါင္းသန္း၆၀ေလာက္ဟာ နာတာရွည္ညအိပ္မေပ်္ာျခင္းကို ခံစားေနရတယ္လို႔ဆိုပါတယ္။

ညအိပ္မေပ်ာ္ျခင္းဟာ ရက္အနည္းငယ္ကေန ႏွစ္ရွည္လမ်ားအထိ ၾကာျမင့္တတ္ပါတယ္။ ေရရွည္ညအိပ္မေပ်ာ္တဲ့အခါ ဘာေတြခံစားရမလဲ

(1)အက္ဆီးဒန္႔မ်ားကို ျဖစ္ေစျခင္း

အိပ္ေရးမဝေသာေၾကာင့္ စြမ္းအင္နည္းပါးၿပီး ႏုံးေခြလာတတ္ပါတယ္။ထိုအခါ ကားတိုက္မႈမ်ားျဖစ္ေပၚေစတာ သိၾကမယ္ထင္ပါတယ္။ အေမရိကန္ျပည္ေထာင္စုတြင္အိပ္ငိုက္ျခင္းေၾကာင့္ ျဖစိေသာ ကားတိုက္မႈေပါင္း ၁သိန္းေက်ာ္နဲ႔ ေသဆုံး မႈေပါင္း ၇ေထာင္ေက်္ာ ရွိပါတယ္။

(2)ဉာဏ္စြမ္းရည္ေလ်ာ့က်ျခင္း

ေတြးေခၚျခင္း၊သင္ယူျခင္းနဲ႔ေဆာင္႐ြက္ျခင္းတို႔အတြက္ အိပ္ေရးဝဖို႔ လိုအပ္ပါတယ္။အိပိေရးပ်က္ေပါင္းမ်ားပါက အာ႐ုံမစိုက္ႏိုင္ျခင္း၊တက္ႂကြမႈမရွိျခင္း၊နဲ႔ လုပ္ငန္းခြင္ျပႆနာမ်ား ႀကဳံေတြ႕ရတတ္ပါတယ္။

(3)ရာဂါဆိူးမ်ား ျဖစ္ေပၚေစျခင္း

ေလ့လာခ်က္မ်ားအရ ညအိပ္မေပ်ာ္သူ ၉၀ရာႏႈန္းဟာ ေအာက္ပါ ေရာဂါမ်ားကို ခံစားရတယ္လို႔ဆိုပါတယ္

ဆီးခ်ိဴေရာဂါ

ႏွလုံးတုန္ျခင္း

ေသြးတိုးျခင္း

ႏွလုံးအားနည္းေသာေရာဂါ

ေလျဖတ္ျခင္း

(4)အ႐ြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္း

ေန႔စဥ္အိပ္ေရးပ်က္ျခင္းေၾကာင့္ မ်က္တြင္းက်ျခင္း၊အသားအေရေလ်ာ့တြဲျခင္းတို႔ျဖစ္ေပၚေစပါတယ္။ၾကာရွည္ အိပ္ေရးပ်က္ပါက အေရးအေၾကာင္းမ်ားကို ျဖစ္ေပၚေစပါတယ္။အိပ္ေရးမဝပါက ေကာ္တီေဇာ္ဟိုမုန္းထုတ္လြတ္မႈမ်ားေစၿပီး အသားအေရတင္းေစေသာ ေကာ္လဂ်င္မ်ားကို ပ်က္စီးေစပါတယ္

(5)မွတ္ဉာဏ္ယိုယြင္းျခင္း

အိပ္ေရးမဝေသာအခါ ကြၽန္ပ္တို႔ ဦးေႏွာက္က မွတ္ဉာဏ္မ်ားကို ယာယီသာသိမ္းဆည္းေပးႏိုင္ၿပီး အလြယ္တကူေမ့ေလ်ာ့ေစပါတယ္။အိပ္ေရးဝေသာအခါမွသာ ေရတိုမွတ္ဉာဏ္နဲ႔ေရရွည္မွတ္ဉာဏ္ကို ဆက္စပ္ေပးေသာ ကြန္ယက္မ်ားကိူ အားေကာင္းေစတာျဖစ္ပါတယ္။

(6)ကိုယ္အေလးခ်ိန္တိုးျခင္း

အိပ္ေရးမဝျခင္းရဲ႕ ဆိုးက်ိဳးတစ္ခုကေတာ့ မၾကာခဏ ဗိုက္ဆာျခင္းျဖစ္ပါတယ္။အိပ္ခ်ိန္၇နာရီထက္နည္းသူမ်ားဟာ အျခားလူမ်ားထက္ ၂ဆ ဆာေလာင္တယ္လို႔ ေတြ႕ရွိပါတယ္။ဗိုက္ဆာေစေသာ ေဟာ္မုန္းမ်ားကို ပိုမိုထြက္ေစလို႔ ျဖစ္ပါတယ္။

(7)စိတ္ပိုင္းဆိုင္ရာေရာဂါမ်ား

အိပိေရးပ်က္ျခင္းေၾကာင့္ စိတ္က်ေရာဂါရရွိေစပါတယ္။တစ္ရက္ကို အိပ္ခ်ိန္၆နာရီထက္ နည္းပါးပါက စိတ္က်ေရာဂါကိုရႏိုင္ပါတယ္။စိတ္က်ေရာဂါေၾကာင့္လဲ ညအိပ္မေပ်ာ္ျခင္းကို ျဖစ္ေစပါတယ္။

Writer- Dr Jue( XZY News)