အဆီကြိတ်၊ ပါးချိတ်ရောင် မီးယပ်မမှန်ခြင်း တို့ဖြစ်လျှင်
အဆီကြိတ်ကို နိုင်နင်းတဲ့ သြဇာသီးခြောက်
သြဇာသီးအပင်ခြောက်ကို တွေ့ရင် ခူးသိမ်းထားပါ။ လူ့ခန္တာကိုယ်က အဆီကြိတ်ကို ရေနဲ့ နေ့စဉ်သွေးလိမ်းပေးပါ။
မာနေတဲ့အဆီကြိတ်ဟာ တစ်ရက်တခြားပျော့လာပါလိမ့်မယ်။
သြဇာသီးအခြောက်ကို သွေးလိမ်းနေစဉ် အတွင်းမှာ အဆီတိုးစေတဲ့ အစာတွေကို ရှောင်ပေးဖို့ လိုပါမယ်။
နေ့စဉ်မပျက် လိမ်းခဲ့ရင်အဆီကြိတ်ဟာ သေးပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။ ဘယ်နှစ်ရက် လိမ်းရမယ်ဆိုတာတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။
အဆီကြိတ် အကြီးအသေးအပေါ် ကွာနိုင်ပါတယ်။။ ကျန်းမာချမ်းသာကြပါစေ
ဖြစ်ပွားကူးစက်လွယ်သော ပါးချိတ်ရောင်ရောဂါ အတွက် ဆောင်ထားစေချင်ပါသည်။
လက်တွေ့ူလိမ်းကြည့်ဖူး (သားသားပါးချိတ်ရောင်စဉ်က) ပါသည်။ အမြန်ပျောက်ပါသည်၊
အမျိူးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ် ဖြစ်နေလျှင်
အမျိူးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ်ဖြစ်နေလျှင် မြန်မာ့သြဇာပင်မှ ကြွေမကျပဲ အပင်ပေါ်တွင် ခြောက်နေသော သြဇာသီးခြောက်ကို ဆန်ဆေးရည်နှင့် ကျောက်ပြင်ကြမ်းတွင် အခါးရည် တစ်ပန်းကန်ခန့် သွေး၍ သောက်ပေးပါ။
ပျောက်ကင်းချမ်းသာသော ရောဂါများ –
ရာသီငုတ်နေခြင်း (၂ / ၃ လ)၊
ရာသီသွေးမပေါ်သော အမျိူးသမီးများ၊
ရာသီသွေး အဆင်းလွန်နေသော အမျိူးသမီးများလည်း သောက်ပေးခြင်းဖြင့် သွေးများ ရပ်တန့့်သွားပါလိမ့်မည်။
မှတ်ချက် – သြဇာသီး၏ အပေါ်မှ အသားခြောက်ကိုသာ အသုံးပြုနိုင်တာပါ။ သြဇာစေ့ကို အသုံးမပြုရပါ။
သမားတော်ကြီးဦးဝင်းမောင် Shwe La Thar Win
Zawgyi
အဆီႀကိတ္၊ ပါးခ်ိတ္ေရာင္ မီးယပ္မမွန္ျခင္း တို႔ျဖစ္လွ်င္
အဆီႀကိတ္ကို ႏိုင္နင္းတဲ့ ၾသဇာသီးေျခာက္
ၾသဇာသီးအပင္ေျခာက္ကို ေတြ႕ရင္ ခူးသိမ္းထားပါ။ လူ႔ခႏၲာကိုယ္က အဆီႀကိတ္ကို ေရနဲ႔ ေန႔စဥ္ေသြးလိမ္းေပးပါ။
မာေနတဲ့အဆီႀကိတ္ဟာ တစ္ရက္တျခားေပ်ာ့လာပါလိမ့္မယ္။
ၾသဇာသီးအေျခာက္ကို ေသြးလိမ္းေနစဥ္ အတြင္းမွာ အဆီတိုးေစတဲ့ အစာေတြကို ေရွာင္ေပးဖို႔ လိုပါမယ္။
ေန႔စဥ္မပ်က္ လိမ္းခဲ့ရင္အဆီႀကိတ္ဟာ ေသးၿပီး ေပ်ာက္ကြယ္သြားပါလိမ့္မယ္။ ဘယ္ႏွစ္ရက္ လိမ္းရမယ္ဆိုတာေတာ့ အတိအက် ေျပာဖို႔ ခက္ပါတယ္။
အဆီႀကိတ္ အႀကီးအေသးအေပၚ ကြာႏိုင္ပါတယ္။။ က်န္းမာခ်မ္းသာၾကပါေစ
ျဖစ္ပြားကူးစက္လြယ္ေသာ ပါးခ်ိတ္ေရာင္ေရာဂါ အတြက္ ေဆာင္ထားေစခ်င္ပါသည္။
လက္ေတြ႕ူလိမ္းၾကည့္ဖူး (သားသားပါးခ်ိတ္ေရာင္စဥ္က) ပါသည္။ အျမန္ေပ်ာက္ပါသည္၊
အမ်ိဴးသမီးမ်ား မီးယပ္လြန္၊ မီးယပ္ငုတ္ ျဖစ္ေနလွ်င္
အမ်ိဴးသမီးမ်ား မီးယပ္လြန္၊ မီးယပ္ငုတ္ျဖစ္ေနလွ်င္ ျမန္မာ့ၾသဇာပင္မွ ေႂကြမက်ပဲ အပင္ေပၚတြင္ ေျခာက္ေနေသာ ၾသဇာသီးေျခာက္ကို ဆန္ေဆးရည္ႏွင့္ ေက်ာက္ျပင္ၾကမ္းတြင္ အခါးရည္ တစ္ပန္းကန္ခန႔္ ေသြး၍ ေသာက္ေပးပါ။
ေပ်ာက္ကင္းခ်မ္းသာေသာ ေရာဂါမ်ား –
ရာသီငုတ္ေနျခင္း (၂ / ၃ လ)၊
ရာသီေသြးမေပၚေသာ အမ်ိဴးသမီးမ်ား၊
ရာသီေသြး အဆင္းလြန္ေနေသာ အမ်ိဴးသမီးမ်ားလည္း ေသာက္ေပးျခင္းျဖင့္ ေသြးမ်ား ရပ္တန႔့္သြားပါလိမ့္မည္။
မွတ္ခ်က္ – ၾသဇာသီး၏ အေပၚမွ အသားေျခာက္ကိုသာ အသုံးျပဳႏိုင္တာပါ။ ၾသဇာေစ့ကို အသုံးမျပဳရပါ။
သမားေတာ္ႀကီးဦးဝင္းေမာင္ Shwe La Thar Win