ၾကားသိရသမွ်

ကျိုက်နဲရေလယ်ဘုရားရှိနတ်လမ်းကဲ့သို့ တောင်ကိုရီးယားနိုင်ငံရှိ ဂျင်ဒိုကျွန်းလမ်း

ကျိုက်နဲရေလယ်ဘုရားရှိနတ်လမ်းကဲ့သို့ တောင်ကိုရီးယားနိုင်ငံရှိ ဂျင်ဒိုကျွန်းလမ်း

ကျိုက်နဲရေလယ်ဘုရားကိုဖြတ်ပြီးသွားရတဲ့ ဒေသအခေါ် နတ်လမ်းမှာ လူအများရေနစ်သေဆုံးခဲ့ရတဲ့ ကိစ္စနှင့် ပတ်သတ်ပြီး အခုတလော လူပြောအရမ်းများနေခဲ့ပါတယ်။ ဘူမိဗေဒသဘောအရ သဘာဝအလျောက်ဖြစ်နေတဲ့ နတ်လမ်းကဲ့သို့

သဲခုံစွယ်များကလည်း ကမ္ဘာပေါ်မှာ အများကြီးပါပဲ ။ကျိုက်နဲဘုရားက နတ်လမ်းပုံစံမျိုး တောင်ကိုရီးယား ဂျင်ဒိုကျွန်းမှာလည်း ရှိပါတယ်။ တောင်ကိုရီးယားလူမျိုးတွေကလည်း အဲဒီနေရာကို ပင်လယ်နတ်မင်းကြီးဖောက်ပေးခဲ့တဲ့လမ်း ၊ အံ့သြဖွယ်ရာ ပင်လယ်ပေါ်ကလမ်း ဆိုပြီး ယုံကြည်ကြပါတယ်။

ဂျင်ဒိုကျွန်းဟာတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့တတိယမြောက်အကြီးဆုံးကျွန်းတွေထဲကတစ်ခုဖြစ်ပြီးနှစ်စဉ်နှစ်တိုင်းခရီးသွားများဖြင့်စည်ကားနေတဲ့ နေရာလေးဖြစ်ပါတယ်။ဂျင်ဒိုကျွန်းမှာ နှစ်စဉ် နွေဦးရာသီ (သို့မဟုတ်) နွေရာသီလထဲကတစ်ရက်ရက်မှာ (တစ်နှစ်မှာနှစ်ကြိမ် အချိန်နာရီပိုင်းလောက်ခန့်)ပင်မဂျင်ဒိုကျွန်းနှင့်မိုဒိုကျွန်းငယ်အလယ်မှာလမ်းလေးတစ်လမ်းပေါ်လာပါတယ်။အဲဒီလမ်းလေးပေါ်လာတဲ့နေ့ဆိုရင် ဒေသခံတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေအရ ပွဲတော်တစ်ခု စည်ကားသိုက်မြိုက်စွာပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

မြန်မာတွေလူမျိုးတွေကနတ်လမ်းလို့ခေါ်ဆိုကြသလိုတောင်ကိုရီးယားလူမျိုးတွေကလည်းသူတို့ရဲ့ယုံကြည်ကိုးကွယ်မှုတွေအရပင်လယ်နတ်မင်းကြီးဖောက်ပေးတဲ့လမ်းလို့ ခေါ်ဝေါ်ကြပါတယ်။ လမ်းရဲ့ အရှည်က ၁ မိုင်နှင့် ၇ ဖာလုံရှိတယ်လို့ သိရပါတယ်။

နှစ်စဉ်နှစ်တိုင်းရေကျပြီးလမ်းပေါ်လာချိန်အချိန်တစ်နာရီခန့်အတွင်းမှာဖြတ်သန်းသွားလာကြသူတွေအများကြီးပါပဲ။မြန်မာနိုင်ငံကကျိုက်နဲဘုရားကိုသွားတဲ့နတ်လမ်းကိုတော့လူတွေအများကြီးမသိရှိသေးပေမယ့်တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ဂျင်ဒိုကျွန်းလမ်းလေးကတော့ကမ္ဘာလှည့်ခရီးသွားတွေအများအပြားကိုပါ ဖမ်းစားနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်လို့နေပါပြီ။

က်ိဳက္နဲေရလယ္ဘုရားကိုျဖတ္ၿပီးသြားရတဲ့ ေဒသအေခၚ နတ္လမ္းမွာ လူအမ်ားေရနစ္ေသဆုံးခဲ့ရတဲ့ ကိစၥႏွင့္ ပတ္သတ္ၿပီး အခုတေလာ လူေျပာအရမ္းမ်ားေနခဲ့ပါတယ္။ဘူမိေဗဒသေဘာအရသဘာဝအေလ်ာက္ျဖစ္ေနတဲ့နတ္လမ္းကဲ့သို႔သဲခုံစြယ္မ်ားကလည္းကမာၻေပၚမွာအမ်ားႀကီးပါပဲ။က်ိဳက္နဲဘုရားကနတ္လမ္းပုံစံမ်ိဳးေတာင္ကိုရီးယားဂ်င္ဒိုကြၽန္းမွာလည္းရွိပါတယ္။ေတာင္ကိုရီးယားလူမ်ိဳးေတြကလည္း အဲဒီေနရာကို ပင္လယ္နတ္မင္းႀကီးေဖာက္ေပးခဲ့တဲ့လမ္း ၊အံ့ၾသဖြယ္ရာပင္လယ္ေပၚကလမ္းဆိုၿပီးယုံၾကည္ၾကပါတယ္။

ဂ်င္ဒိုကြၽန္းဟာေတာင္ကိုရီးယားႏိုင္ငံမွာရွိတဲ့တတိယေျမာက္အႀကီးဆုံးကြၽန္းေတြထဲကတစ္ခုျဖစ္ၿပီးႏွစ္စဥ္ႏွစ္တိုင္းခရီးသြားမ်ားျဖင့္စည္ကားေနတဲ့ ေနရာေလးျဖစ္ပါတယ္။ဂ်င္ဒိုကြၽန္းမွာ ႏွစ္စဥ္ ေႏြဦးရာသီ (သို႔မဟုတ္) ေႏြရာသီလထဲကတစ္ရက္ရက္မွာ (တစ္ႏွစ္မွာႏွစ္ႀကိမ္အခ်ိန္နာရီပိုင္းေလာက္ခန႔္)ပင္မဂ်င္ဒိုကြၽန္းႏွင့္မိုဒိုကြၽန္းငယ္အလယ္မွာလမ္းေလးတစ္လမ္းေပၚလာပါတယ္။အဲဒီလမ္းေလးေပၚလာတဲ့ေန႔ဆိုရင္ေဒသခံေတြရဲ႕ကိုးကြယ္ယုံၾကည္မႈေတြအရပြဲေတာ္တစ္ခုစည္ကားသိုက္ၿမိဳက္စြာျပဳလုပ္ေလ့ရွိတယ္လို႔ သိရပါတယ္။

ျမန္မာေတြလူမ်ိဳးေတြကနတ္လမ္းလို႔ေခၚဆိုၾကသလိုေတာင္ကိုရီးယားလူမ်ိဳးေတြကလည္းသူတို႔ရဲ႕ယုံၾကည္ကိုးကြယ္မႈေတြအရ ပင္လယ္နတ္မင္းႀကီးေဖာက္ေပးတဲ့လမ္းလို႔ ေခၚေဝၚၾကပါတယ္။ လမ္းရဲ႕ အရွည္က ၁ မိုင္ႏွင့္ ၇ ဖာလုံရွိတယ္လို႔ သိရပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ေရက်ၿပီး လမ္းေပၚလာခ်ိန္အခ်ိန္တစ္နာရီခန႔္အတြင္းမွာျဖတ္သန္းသြားလာၾကသူေတြအမ်ားႀကီးပါပဲ။ျမန္မာႏိုင္ငံက က်ိဳက္နဲဘုရားကိုသြားတဲ့နတ္လမ္းကိုေတာ့လူေတြအမ်ားႀကီးမသိရွိေသးေပမယ့္ေတာင္ကိုရီးယားႏိုင္ငံမွာရွိတဲ့ဂ်င္ဒိုကြၽန္းလမ္းေလးကေတာ့ ကမာၻလွည့္ခရီးသြားေတြအမ်ားအျပားကိုပါ ဖမ္းစားႏိုင္တဲ့ ေနရာေလးတစ္ခု ျဖစ္လို႔ေနပါၿပီ။

Credit