အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံသားတွေဘက်က မရပ်တည်ပေးဘူးဆိုတာ သူတို့နိုင်ငံတွေကို ကျော်တက်သွားမှာကို ကြောက်လို့ဆိုတာထက် နွေဦးတော်လှန်ရေးဟာ သူတို့နိင်ငံတွေကို ကူးစက်လာမှာ ကြောက်တာပါ။နောက်တစ်ချက်က တရုတ်လွှမ်းမိုးမှုလည်း ပါတာပေါ့။ အာဆီယံမှာ တရုတ်ဩဇာ မသက်ရောက်တဲ့ နိုင်ငံမရှိသလောက်ပဲ။
ဒါပေမဲ့ ခုနက ပြောသလိုပဲ မြန်မာ့နွေဦးတော်လှန်ရေးသာ အောင်မြင်သွားရင် အာဆီယံထဲက အချို့နိုင်ငံတွေကပြည်သူတွေဟာ သူတို့ရဲ့ အာဏာရှင် (သို့မဟုတ်) Hybrid အာဏာရှင်တွေကို ဖြုတ်ချဖို့ ကြိုးစားလာနိုင်ပါတယ်။
ကျွန်တော်ထင်တာတော့ ASEAN ခေါင်းဆောင်တွေဟာ တရုတ်ကို ကြောက်ရသလို အဲဒီအချက်ကိုလည်း ကြောက်ရပါတယ်။ အခုထက်ထိ “ဆွေးနွေး အဖြေရှာပါ” လမ်းစဉ်ကနေ မတက်ဘူး။ အဲဒီလမ်းစဉ်ဟာ အပိတ်ကြီးဆိုတာလည်း သူတို့သိတယ်။သပ်သပ်ကို တွန်းပို့ပေးနေတာ။ ဟိုလိုဒီလိုနဲ့ နွေဦးတော်လှန်ရေးကြီး ကျရှုံးသွားမှာကို လိုချင်နေကြပုံပဲ။
လူကြားကောင်းအောင်တော့ “မြန်မာပြည်ကြီးကို ငြိမ်းချမ်းစေချင်တာပါ” တို့ ဘာတို့တော့ လျှောက်ပြောမှာပေါ့နော်။မြန်မာပြည်ဟာ နွေဦးတော်လှန်ရေးသာ အောင်မြင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်လာရင် တိုးတက်မဲ့နှုန်းဟာ အင်မတန် ကြောက်စရာ ကောင်းပါလိမ့်မယ်။
အခု အာဆီယံ (၁၀) နိင်ငံထဲမှာ တိုးတက်ပါတယ်ဆိုတဲ့ ထိုင်း၊ မလေး၊ အင်ဒို၊ စင်္ကာပူတွေကို မကျော်ရင်တောင် တော်တော်ကြီး မြန်တဲ့ အရှိန်နဲ့ လိုက်နိုင်ပါလိမ့်မယ်။
ထိုင်းတွေဟာ အခု ကျွန်တော်တို့ မြန်မာတွေရဲ့ စည်းလုံးမှုကို အင်မတန် အားကျနေကြပါတယ်။ အိုလံပစ်ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်တဲ့ မြန်မာရေကူးအားကစားသမားအကြောင်း ရေးထားတဲ့ပို့စ်အောက်မှာဆို
“အားကျလိုက္တာ”
“လေးစားလိုက်တာ”
“မြန်မာတွေက စိတ်ဓာတ်ခိုင်မာ ပြတ်သားလိုက်ကြတာ”
“ငါတို့နိုင်ငံက နာမည်ကြီးတွေနဲ့များ ကွာလိုက်တာ” စသဖြင့် ချီးကျူးသံတွေကို ညံနေတာပဲ။
ကျွန်တော်တို့က တစ်ခါတစ်လေ စိတ်ဓာတ်ကျလာပြီး ကျွန်တော်တို့ ရှုံးနိမ့်နေတယ်ထင်တတ်ကြတယ်။စိတ်ဓာတ်ကျလာတတ်ကြတယ်။ဒါပေမဲ့ Reality မှာ ကျွန်တော်တို့ကို အာဆီယံမှာ အားကျနေတဲ့သူတွေ အများကြီးပဲ။
ဒီလောက်စည်းလုံးတဲ့ Civil Disobedience Movement ရှိတဲ့နိုင်ငံမျိုး၊ အသတ်ခံရနိုင်မှန်းသိပေမဲ့ စွန့်စားပြီး ဆန္ဒပြကြတဲ့ ပြည်သူတွေရှိတဲ့ နိုင်ငံမျိုး၊ အဖမ်းခံရနိုင်မှန်း သိပေမဲ့ အခုထက်ထိ Speak out လုပ်တာ မပြတ်တဲ့ အနုပညာရှင်တွေ အများကြီးရှိတဲ့ နိုင်ငံမျိုး၊
Twitter မှာ Fighter တွေ ဒီလောက်များတဲ့ နိုင်ငံမျိုး၊ အသက်စွန့်ပြီး တိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့နိုင်ငံမျိုး၊ ထွက်ပြေးတိမ်းရှောင်ရင်း ပြည်သူတွေ အတွက် ရသလောက် တိုက်ပွဲဝင်နေတဲ့ Politician တွေ ရှိတဲ့ နိုင်ငံမျိုး၊ NUG ဆိုတဲ့ အဆင့်ထိ ၃ လအတွင်း ရောက်အောင် ခရီးဆက်ခဲ့ကြတဲ့နိုင်ငံမျိုး၊ ရှိတဲ့သူတွေက မရှိတဲ့သူတွေကို အစားအသောက်လှူဒါန်းပြီး ဖေးမကြတဲ့ နိုင်ငံမျိုး၊ သူတို့ ဘယ်လိုလုပ် အားမကျဘဲ နေနိုင်မလဲဗျ။
ဒီလောက် စည်းလုံးတဲ့နိုင်ငံကြီး ဖက်ဒရယ်ဒီမိုကရေစီစစ်စစ်သာ ရသွားကြည့်ပါလား။ ဘယ်လောက် တိုးတက်လိုက်မလဲ။ ကျွန်တော်ကတော့ စိတ်ဓာတ်ကျလာရင် “ငါတို့သာ ဖက်ဒရယ်ဒီမိုကရေစီ စစ်စစ်ရရင် ဘယ်လောက်တောင် တိုးတက်လိုက်မလဲ” လို့ တွေးပြီး စိတ်အားပြန်တင်တယ်။
ဒီခရီး ဘယ်လောက်ကြာမလဲ မမေးဘဲ ငါ ဘာလုပ်ပေးနိုင်မလဲလို့ ကိုယ့်ကိုယ်ကိုမေးပြီး နေ့တိုင်း တတ်နိုင်တာ တစ်ခုတစ်လေ ရသလောက် လုပ်ပေးကြပြီး ခရီးဆက်ကြမယ်ဗျာ။
စိတ်ဓာတ်ကျရင်”ငါတို့သာ ဖက်ဒရယ်ဒီမိုကရေစီ စစ်စစ်ရရင်…”ဆိုပြီးတွေးဗျာ။
ကမ္ဘာမှာ မြန်မာရယ်လို့ ရင်ကော့ ခေါင်းမော့ပြီး ပြောနိုင်တဲ့ဘဝကို ရောက်သွားလိမ့်မယ်💪💪💪
————————
အာဆီယံေခါင္းေဆာင္ေတြက ျမန္မာနိုင္ငံသားေတြဘက္က မရပ္တည္ေပးဘူးဆိုတာ သူတို့နိုင္ငံေတြကို ေက်ာ္တက္သြားမွာကို ေၾကာက္လို့ဆိုတာထက္ ေႏြဦးေတာ္လွန္ေရးဟာ သူတို့နိင္ငံေတြကို ကူးစက္လာမွာ ေၾကာက္တာပါ။ေနာက္တစ္ခ်က္က တ႐ုတ္လႊမ္းမိုးမွုလည္း ပါတာေပါ့။ အာဆီယံမွာ တ႐ုတ္ဩဇာ မသက္ေရာက္တဲ့ နိုင္ငံမရွိသေလာက္ပဲ။
ဒါေပမဲ့ ခုနက ေျပာသလိုပဲ ျမန္မာ့ေႏြဦးေတာ္လွန္ေရးသာ ေအာင္ျမင္သြားရင္ အာဆီယံထဲက အခ်ိဳ့နိုင္ငံေတြကျပည္သူေတြဟာ သူတို့ရဲ့ အာဏာရွင္ (သို့မဟုတ္) Hybrid အာဏာရွင္ေတြကို ျဖဳတ္ခ်ဖို့ ႀကိဳးစားလာနိုင္ပါတယ္။
ကၽြန္ေတာ္ထင္တာေတာ့ ASEAN ေခါင္းေဆာင္ေတြဟာ တ႐ုတ္ကို ေၾကာက္ရသလို အဲဒီအခ်က္ကိုလည္း ေၾကာက္ရပါတယ္။ အခုထက္ထိ “ေဆြးေႏြး အေျဖရွာပါ” လမ္းစဥ္ကေန မတက္ဘူး။ အဲဒီလမ္းစဥ္ဟာ အပိတ္ႀကီးဆိုတာလည္း သူတို့သိတယ္။သပ္သပ္ကို တြန္းပို့ေပးေနတာ။ ဟိုလိုဒီလိုနဲ႔ ေႏြဦးေတာ္လွန္ေရးႀကီး က်ရွုံးသြားမွာကို လိုခ်င္ေနၾကပုံပဲ။
လူၾကားေကာင္းေအာင္ေတာ့ “ျမန္မာျပည္ႀကီးကို ၿငိမ္းခ်မ္းေစခ်င္တာပါ” တို့ ဘာတို့ေတာ့ ေလၽွာက္ေျပာမွာေပါ့ေနာ္။ျမန္မာျပည္ဟာ ေႏြဦးေတာ္လွန္ေရးသာ ေအာင္ျမင္ၿပီး ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံစစ္စစ္ ျဖစ္လာရင္ တိုးတက္မဲ့ႏွုန္းဟာ အင္မတန္ ေၾကာက္စရာ ေကာင္းပါလိမ့္မယ္။
အခု အာဆီယံ (၁၀) နိင္ငံထဲမွာ တိုးတက္ပါတယ္ဆိုတဲ့ ထိုင္း၊ မေလး၊ အင္ဒို၊ စကၤာပူေတြကို မေက်ာ္ရင္ေတာင္ ေတာ္ေတာ္ႀကီး ျမန္တဲ့ အရွိန္နဲ႔ လိုက္နိုင္ပါလိမ့္မယ္။
ထိုင္းေတြဟာ အခု ကၽြန္ေတာ္တို့ ျမန္မာေတြရဲ့ စည္းလုံးမွုကို အင္မတန္ အားက်ေနၾကပါတယ္။ အိုလံပစ္ၿပိဳင္ပြဲကေန ႏွုတ္ထြက္လိုက္တဲ့ ျမန္မာေရကူးအားကစားသမားအေၾကာင္း ေရးထားတဲ့ပို့စ္ေအာက္မွာဆို
“အားက်လိုကၱာ”
“ေလးစားလိုက္တာ”
“ျမန္မာေတြက စိတ္ဓာတ္ခိုင္မာ ျပတ္သားလိုက္ၾကတာ”
“ငါတို့နိုင္ငံက နာမည္ႀကီးေတြနဲ႔မ်ား ကြာလိုက္တာ” စသျဖင့္ ခ်ီးက်ဴးသံေတြကို ညံေနတာပဲ။
ကၽြန္ေတာ္တို့က တစ္ခါတစ္ေလ စိတ္ဓာတ္က်လာၿပီး ကၽြန္ေတာ္တို့ ရွုံးနိမ့္ေနတယ္ထင္တတ္ၾကတယ္။စိတ္ဓာတ္က်လာတတ္ၾကတယ္။ဒါေပမဲ့ Reality မွာ ကၽြန္ေတာ္တို့ကို အာဆီယံမွာ အားက်ေနတဲ့သူေတြ အမ်ားႀကီးပဲ။
ဒီေလာက္စည္းလုံးတဲ့ Civil Disobedience Movement ရွိတဲ့နိုင္ငံမ်ိဳး၊ အသတ္ခံရနိုင္မွန္းသိေပမဲ့ စြန႔္စားၿပီး ဆႏၵျပၾကတဲ့ ျပည္သူေတြရွိတဲ့ နိုင္ငံမ်ိဳး၊ အဖမ္းခံရနိုင္မွန္း သိေပမဲ့ အခုထက္ထိ Speak out လုပ္တာ မျပတ္တဲ့ အႏုပညာရွင္ေတြ အမ်ားႀကီးရွိတဲ့ နိုင္ငံမ်ိဳး၊
Twitter မွာ Fighter ေတြ ဒီေလာက္မ်ားတဲ့ နိုင္ငံမ်ိဳး၊ အသက္စြန႔္ၿပီး တိုက္ေနၾကတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေတြ ရွိတဲ့နိုင္ငံမ်ိဳး၊ ထြက္ေျပးတိမ္းေရွာင္ရင္း ျပည္သူေတြ အတြက္ ရသေလာက္ တိုက္ပြဲဝင္ေနတဲ့ Politician ေတြ ရွိတဲ့ နိုင္ငံမ်ိဳး၊ NUG ဆိုတဲ့ အဆင့္ထိ ၃ လအတြင္း ေရာက္ေအာင္ ခရီးဆက္ခဲ့ၾကတဲ့နိုင္ငံမ်ိဳး၊ ရွိတဲ့သူေတြက မရွိတဲ့သူေတြကို အစားအေသာက္လွူဒါန္းၿပီး ေဖးမၾကတဲ့ နိုင္ငံမ်ိဳး၊ သူတို့ ဘယ္လိုလုပ္ အားမက်ဘဲ ေနနိုင္မလဲဗ်။
ဒီေလာက္ စည္းလုံးတဲ့နိုင္ငံႀကီး ဖက္ဒရယ္ဒီမိုကေရစီစစ္စစ္သာ ရသြားၾကည့္ပါလား။ ဘယ္ေလာက္ တိုးတက္လိုက္မလဲ။ ကၽြန္ေတာ္ကေတာ့ စိတ္ဓာတ္က်လာရင္ “ငါတို့သာ ဖက္ဒရယ္ဒီမိုကေရစီ စစ္စစ္ရရင္ ဘယ္ေလာက္ေတာင္ တိုးတက္လိုက္မလဲ” လို့ ေတြးၿပီး စိတ္အားျပန္တင္တယ္။
ဒီခရီး ဘယ္ေလာက္ၾကာမလဲ မေမးဘဲ ငါ ဘာလုပ္ေပးနိုင္မလဲလို့ ကိုယ့္ကိုယ္ကိုေမးၿပီး ေန႔တိုင္း တတ္နိုင္တာ တစ္ခုတစ္ေလ ရသေလာက္ လုပ္ေပးၾကၿပီး ခရီးဆက္ၾကမယ္ဗ်ာ။
စိတ္ဓာတ္က်ရင္”ငါတို့သာ ဖက္ဒရယ္ဒီမိုကေရစီ စစ္စစ္ရရင္…”ဆိုၿပီးေတြးဗ်ာ။
ကမၻာမွာ ျမန္မာရယ္လို့ ရင္ေကာ့ ေခါင္းေမာ့ၿပီး ေျပာနိုင္တဲ့ဘဝကို ေရာက္သြားလိမ့္မယ္💪💪💪



