လွတ်မြောက်နယ်မြေတစ်နေရာတွင် သူတာဝန်ယူ ထားရတဲ့ အပိုင်းကို အားလုံးသိရှိအောင် ပြသလိုက်တဲ့ ကိုပေါက်(ရုပ်သံ)
အောက်ဆုံးတွင်ရုပ်သံဖိုင်ပါရှိပါသည်

ဒါရိုက်တာကိုပေါက်ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေပြီး တော်လှန်ရေးအတွက်တစ်
ထောင့်တစ်နေရာကနေ
ပါဝင်ကူညီဆောင်ရွက်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ လုံခြုံရေးအရ သူ့ရဲ့ Facebook အကောင့်ကို သုံးလကျော် ပိတ်
ထားခဲ့ပြီး လတ်တလော
ပြန်လည် အသုံးပြုနေပြီ ဖြစ်ပါတယ်။ တောထဲမှာ နေထိုင်ရတဲ့ အခြေအနေတွေကိုလည်း ပရိသတ်တွေသိရှိစေဖို့
အခက်အခဲတွေကြားကနေ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က ကိုပေါက်ရဲ့ Facebook Story တွင် ဗီဒီယိုဖိုင်လေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါ
ကတော့ တောထဲ
တွင် ရှိတဲ့ ရိက္ခာလေးနဲ့ ရအောင် ကိုယ်တိုင် ကြော်လှော်ချက်ပြုတ်နေတာကို ဗီဒီယိုလေးရိုက်ကူးထားတာ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း
ဓမ္မဘက်က ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေ တောထဲမှာ ခက်ခက်ခဲခဲနေထိုင်နေရတာတွေကိုကြည့်ပြီး သနား
ကရုဏာသက်နေကြတာ ဖြစ်ပါတယ်။
အနုပညာရှင်ဖြစ်ပေမယ့်လည်း အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ ရပ်တည်ပေးတဲ့ ကိုပေါက်ရဲ့စိတ်ဓာတ်
ဟာ တကယ်ကို လေးစား
ဂုဏ်ယူဖွယ် ကောင်းလှပါတယ်။ အားလုံးမျှော်လင့်နေတဲ့ အရေးတော်ပုံအမြန်ဆုံးအောင်မြင်ပြီး ခွဲခွာနေရတဲ့ မိသားစု
တွေ ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ကိုပေါက်ရဲ့ ဗီဒီယိုဖိုင်ကိုပါ ပရိသတ်တွေ ကြည့်ရှုလို့ရအောင်
တင်ဆက်ပေးလိုက် ရပါတယ်။
klcelenews



