ၾကားသိရသမွ်

သရုပ်ဆောင် လူမင်း ပြန်လည်လွတ်မြောက်လာတော့မယ်လို့ ပြောလာတဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦး

သရုပ်ဆောင် လူမင်း ပြန်လည်လွတ်မြောက်လာတော့မယ်လို့ ပြောလာတဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦး

ပရိသတ်ကြီးရေ လအတော်ကြာအောင် ကြာမြင့်ခဲ့ပြီဖြစ် တဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာခုဆိုရင် ပြည်သူလူထုပါမက အနုပညာရှင်တွေအားလုံးလည်းအန္တရာယ်တွေ၊ခက်ခဲမှုတွေ၊ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း နောက်မဆုတ်ဘဲ ရှေ့ဆက်လှမ်းကာ အားတတ်သရော ရရာနေရာကနေတတ်နိုင်သလောက် ပါဝင်နေကြတာပါ။

အနုပညာရှင်တွေထဲမှာမှ အန်ကယ်လေးလို့ အားလုံးက ချစ်စနိုးခေါ်နေကြတဲ့ အကယ်ဒမီ သရုပ်ဆောင်လူမင်းလည်း ပါဝင်ခဲ့ပါတယ်။

ဒီလိုပါဝင်ခဲ့တဲ့ အတွက်ကြောင့်လဲ ပုဒ်မ(၅၀၅-က)ဖြင့် မတရားအမှုဖွင့်ထားခြင်း ခဲခဲ့ရပြီး နေအိမ်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။သရုပ်ဆောင် လူမင်း အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့် မိသားစုဝင်များ၊ပရိတ်သတ်နဲ့ ပြည်သူများကပါ စိုးရိမ်ပူပန်နေကြပါတယ်။

အမြန်ဆုံးပြန်လည် လွှတ်မြောက်ပါစေလို့လည်း ဆုတောင်းပေးနေကြပါတယ်။အခုတစ်ခါမှာဆိုရင်တော့ လူမင်းရဲ့ဇနီးဖြစ်သူ ခင်စံပယ်ဦးက

မကြာမီ သရုပ်ဆောင် လူမင်း ပြန်လည် လွှတ်မြောက်တော့မယ် ဆိုတဲ့အကြောင်းကို အခုလို ပြောကြားလာခဲ့ပါတယ်နော်။ခင်စံပယ်ဦးက မနေ့က

ညပိုင်းကလည်း ဦးလူမင်းကို အိပ်မက်တွေ မက်နေတာဖြစ်ပြီး (၂ရ)ရက်နေ့မှာ လွှတ်မလိုလို ဆိုပြီးတော့ သူမနဲ့ အရမ်းခင်ရတဲ့ သူငယ်ချင်းနဲ့ စာတွေပို့ပြီး

ပြောဆိုနေကြတာကို သူငယ်ချင်းဖြစ်သူက ဝမ်းသာစွာနဲ့ ပြန်လည်ဝေမျှပေးထားပါတယ်။လူမင်းကို အားပေးချစ်ခင်ကြတဲ့ ပရိတ်သတ်ကြီးများအတွက်

ပြန်လည်ကူးယူပြီး ဝေမျှဖော်ပြ ပေးလိုက်ရပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။

C r d

Zawgyi

သ႐ုပ္ေဆာင္ လူမင္း ျပန္လည္လြတ္ေျမာက္လာေတာ့မယ္လို႔ ေျပာလာတဲ့ ဇနီးျဖစ္သူ ခင္စံပယ္ဦး

ပရိသတ္ႀကီးေရ လအေတာ္ၾကာေအာင္ ၾကာျမင့္ခဲ့ၿပီျဖစ္ တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးဟာခုဆိုရင္ ျပည္သူလူထုပါမက အႏုပညာရွင္ေတြအားလုံးလည္းအႏၲရာယ္ေတြ၊ခက္ခဲမႈေတြ၊ၿခိမ္းေျခာက္မႈေတြနဲ႔ ႀကဳံေတြ႕ေနရေပမယ့္လည္း ေနာက္မဆုတ္ဘဲ ေရွ႕ဆက္လွမ္းကာ အားတတ္သေရာ ရရာေနရာကေနတတ္ႏိုင္သေလာက္ ပါဝင္ေနၾကတာပါ။

အႏုပညာရွင္ေတြထဲမွာမွ အန္ကယ္ေလးလို႔ အားလုံးက ခ်စ္စႏိုးေခၚေနၾကတဲ့ အကယ္ဒမီ သ႐ုပ္ေဆာင္လူမင္းလည္း ပါဝင္ခဲ့ပါတယ္။

ဒီလိုပါဝင္ခဲ့တဲ့ အတြက္ေၾကာင့္လဲ ပုဒ္မ(၅၀၅-က)ျဖင့္ မတရားအမႈဖြင့္ထားျခင္း ခဲခဲ့ရၿပီး ေနအိမ္မွာပဲ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတာပါ။သ႐ုပ္ေဆာင္ လူမင္း အဖမ္းခံလိုက္ရတဲ့အတြက္ေၾကာင့္ မိသားစုဝင္မ်ား၊ပရိတ္သတ္နဲ႔ ျပည္သူမ်ားကပါ စိုးရိမ္ပူပန္ေနၾကပါတယ္။

အျမန္ဆုံးျပန္လည္ လႊတ္ေျမာက္ပါေစလို႔လည္း ဆုေတာင္းေပးေနၾကပါတယ္။အခုတစ္ခါမွာဆိုရင္ေတာ့ လူမင္းရဲ႕ဇနီးျဖစ္သူ ခင္စံပယ္ဦးက

မၾကာမီ သ႐ုပ္ေဆာင္ လူမင္း ျပန္လည္ လႊတ္ေျမာက္ေတာ့မယ္ ဆိုတဲ့အေၾကာင္းကို အခုလို ေျပာၾကားလာခဲ့ပါတယ္ေနာ္။ခင္စံပယ္ဦးက မေန႔က

ညပိုင္းကလည္း ဦးလူမင္းကို အိပ္မက္ေတြ မက္ေနတာျဖစ္ၿပီး (၂ရ)ရက္ေန႔မွာ လႊတ္မလိုလို ဆိုၿပီးေတာ့ သူမနဲ႔ အရမ္းခင္ရတဲ့ သူငယ္ခ်င္းနဲ႔ စာေတြပို႔ၿပီး

ေျပာဆိုေနၾကတာကို သူငယ္ခ်င္းျဖစ္သူက ဝမ္းသာစြာနဲ႔ ျပန္လည္ေဝမွ်ေပးထားပါတယ္။လူမင္းကို အားေပးခ်စ္ခင္ၾကတဲ့ ပရိတ္သတ္ႀကီးမ်ားအတြက္

ျပန္လည္ကူးယူၿပီး ေဝမွ်ေဖာ္ျပ ေပးလိုက္ရပါတယ္ေနာ္။ျမန္မာျပည္ႀကီး အျမန္ဆုံးေအးခ်မ္းပါေစလို႔ ဆုေတာင္းရင္း ပရိသတ္ႀကီးတို႔လည္း ေဘးအႏၲရာယ္ကင္းၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ေနာ္။

C r d